စစ်တိုက်ထွက်ကြတယ်

Mr. PocketOctober 7, 20151min05

နံနက်ခင်း အလင်းတို့ စတင်ဦးမော့လာချိန်…

ငှက်တွေလိုအစာရှာထွက်လာတဲ့ လူတွေလူတွေ…

ကိုယ်မှန်တယ်ထင်ရာ ယုံကြည်ချက်လက်နက်ကိုဆွဲ..

ကိုယ်နှစ်သက်ရာ မျက်နှာထား ချပ်ဝတ်တန်ဆာတွေကိုဆင်ယင်လို ့

လောကထဲ တစ်ဝမ်းတစ်ခါးစာ စစ်တိုက်ထွက်ကြတယ်..

 

ရစရာရှိတာ ရဖို့ အတွက် မဖြစ်စလောက်ပေးဆပ်ကြသလို..

အစွမ်းကုန်ပေးဆပ်ကြလည်း မဖြစ်စလောက်လေးနဲ့ တင်းတိမ်ရတဲ့သူတွေ အများပေါ့…

 

အတ္တတွေအနည်ထိုင် ငါ ငါ ငါ နဲ့ တစ်ကိုယ်ကောင်းဆန်

ရွံစရာကောင်းသူတွေက အောင်အလံနဲ့ ပွဲတော်ခံကြတယ်…

 

အနစ်နာခံ ကိုယ်ကျိုးမငဲ့ကွက် သူတွေက

တစ်ခါထပ်ပြီး ရင်ပါနာ ခပ်ဝေးဝေးမှာ ငြိမ်ကုပ်နေရတယ်….၊

 

အများသိတဲ့အတိုင်း အမှောင်ကအားကြီးလွန်းတယ် မဟုတ်လား…

ဘာပဲဖြစ်ဖြစ်လေ… နောက်တစ်နေ့မနက်မှာတော့…

နံနက်ခင်း အလင်းတို့ စတင်ဦးမော့လာချိန်…

ငှက်တွေလိုအစာရှာထွက်လာတဲ့ လူတွေလူတွေ…

ကိုယ်မှန်တယ်ထင်ရာ ယုံကြည်ချက်လက်နက်ကိုဆွဲ..

ကိုယ်နှစ်သက်ရာ မျက်နှာထား ချပ်ဝတ်တန်ဆာတွေကိုဆင်ယင်လို ့

လောကထဲ တစ်ဝမ်းတစ်ခါးစာ စစ်တိုက်ထွက်ကြတယ်…….။    ။

 

5 comments

  • ဇီဇီခင်ဇော်

    October 8, 2015 at 7:56 am

    နိုင်ရာ စားစတမ်း လောကစစ်ပွဲကြီးထဲ
    ကိုယ့်မယ် အစွမ်းထက်ဆုံးဆိုလို့
    မျက်ရည်လက်နက်ပဲ ရှိပါတယ်။

    😥

    Reply

    • Mr. Pocket

      October 8, 2015 at 8:50 am

      ဟုတ်ဗျ.. ဒါပေမဲ့မျက်ရည်ဆိုတာကလည်းဓားထက် ပို ထက်တယ်မဟုတ်လားဗျ….

      Reply

  • Mike

    October 8, 2015 at 9:27 am

    .ခင်ဗျားကဗျာဝင်ဖတ်နေတာနဲ့ စစ်တိုက်ထွက်ဖို့တောင်နောက်ကျနေပြီ
    .တစ်နေ့တာအတွက် စစ်တိုက်ဖို့ သွားလိုက်အုံးမယ်ဗျို့ :))

    Reply

    • Mr. Pocket

      October 8, 2015 at 10:03 am

      ဟားဟားဟား(အလွန်သဘောကျ၍ရယ်သောအသံ) ဟုတ်ပြီဗျ မြန်မြန်ပြေးဗျို့ နောက်ကျနေတော့မယ်… ခ်ခ်

      Reply

  • Alinsett @ Maung Thura

    December 9, 2015 at 4:01 pm

    -ဗျာ/ပြေ တိုက်ပွဲ ပြန်စကြမလားးး

    :k:

    Reply

Leave a Reply

Your email address will not be published.