နေဝန်းနီ ဆွဲတဲ့ ဘာသာရေးကောက်ကြောင်း ၁ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြောချင်နေတာလည်းကြာပြီ ။ သေချာပြန်စဉ်းစားကြည့်တော့လည်း ပြောရမဲ့ အကြောင်းအရာတွေက ပြောချင်နေတဲ့ အကြောင်းအရာတွေက ကိုယ့်ဘာသာဝင်တွေကြားမှာ ရေးကြီးခွင့်ကျယ် လုပ်ပြီး ပြောနေရလောက်အောင်မလိုတဲ့ ဘာသာရေးအခြေခံ အချက်တွေဖြစ်နေတာကြောင့် ပြောဖို့ရာ အဲ့ ရေးဖို့ရာ လက်က တွန့်ဆုတ်နေတာဗျ ။ ခုတော့ ဘာသာရေး လက်တစ်လုံးခြားတွေ များလာပြီး ဘာသာရေး ရှေ့တန်းတင်ပြီး မတော်တရော် လုပ်နေတာတွေက ကြည့်မကောင်းမလို ထောက်ခံ သူဆိုတာတွေကလည်း ညစာဆန်မရှ်ိတာ အရေးမကြီး နက်ဖန်ခါ ဘာသာမကွယ်ဖို့လိုတယ် ဆိုပြီး အုတ်အုတ်ကျက်ကျက် ကမ္ဘာပျက်မတတ်ဖြစ်နေကြတာကြောင့် ဗုဒ္ဓ ဘာသာရဲ့ အခြေခံ ဓမ္မဌိဓာန် ကျကျ ဆင်ခြင်ကြပါ စေချင်လို့ ရေးမိတယ် ဆိုပါတော့ ။ ကောက်ကြောင်း လို့ […]
