“ညီစေနော်”

” ညီစေနော် ”

ပူပူနွေးနွေး
သိက်မကြာသေးခင်ကာလကပေါ့

မတိမ်းချင်လဲ တိမ်း
မယိမ်းချင်လဲ ယိမ်း
အရာရာ မလိုကျ
စိမ်းဆိုမှ စိမ်းခဲ့ရသပေါ့။
မနောမှာ အာရုံ
ကျ ကျ
မကျ ကျ
သဘောပါခဲ့ကြရတာ
အမှန်ပါဘဲ။
လွန်မှ မလွန်ဆန်နိုင်ကြတာကိုးဗျ။

အခုတလောမတော့
အပြုသဘောပါတဲ့သူကလည်း
ရှေ့မှာရပ်။

မကောင်းသော
အဟောင်းကို
စောင်းမှောက်ကာ
တခေတ်ပြောင်းချင်သူများကလဲ
အဆင်သင့်။

မရမခြင်း တွန်းလှန်
ဝန်းရံသူများကလည်း
တစ်တပ်တစ်အား။

မရပ်မနား အားစိုက်မှ
တော်ခါကျမှာမို့
တွေဝေခါ
ဗျာများမနေပါနဲ့တော့
အထွဋ်ကောင်းစီ
ခွပ်ဒေါင်းနီ
အလံတော်အောက်မှာလ
ပြည်သူများရယ်က
မြဲမြဲညီ
ရဲရဲနီဘို့လိုပြီနော်။

ကိုပေါက်လက်ဆောင် အတွေးစဉ်
၁ ၁ဝ ၂၀၁၄

4 comments

  • မြစပဲရိုး

    October 11, 2015 at 2:56 am

    ကျွန်မ လဲ နီဖို့ ညီ ပါတယ် ကပေါက်ကြီး ရယ်။
    ဒါပေမဲ့ ၉ဝ ကလောက်တော့ ညီကြမယ် မထင်တော့ဘူး။
    အခွင့်ထူးခံလူတန်း စား နဲ့ သူတို့ လက်ပါးစေများ ရှိနေပြီ။
    . မောင်စိန်ဝင်း ရဲ့ ကဗျာ တစ်ပုဒ် မှာ အမြင့်ရောက် လေ သွေးက ဖြူလာလေ တဲ့။
    အခုတော့ အောက်ခြေ တွေထဲ လဲ ဝမ်းမဝ ခြင်းရဲ့ အကျိုးဆက် သွေးတွေ ရဲရဲမနီ နိုင်တော့ဘူး။
    ဗိုက်ပြည့်ဖို့ အတွက် ယာယီဖြူပြနေကြတာဖြစ်ပါစေ။

    Reply

  • Ma Ei

    October 12, 2015 at 12:57 pm

    ခွပ်ဒေါင်းနီ အလံတော်အောက်မှာလ
    ညီစေနော် ဆိုမှဖြင့် ပြည်သူအများရယ်
    တူတူနီ ညီကြစို့လား…..

    Reply

  • ဖဲစကားနဲ့ပြောရင် အပေါ်ဖဲအမြင်နဲ့တော့
    အတော်လှနေပြီ။

    အောက်ဖဲလှန်ပြချိန်မှာ

    ကိုယ်လိုချင်တဲ့ဖဲဖြစ်ဘို့လိုပါတယ်

    Reply

Leave a Reply

Your email address will not be published.