ဒို့တိုင်းပြည် ကံကြမ္မာ

ခင္ခOctober 10, 20151min05

ဆရာဦးဆန်းထွန်းက ဒီရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစု ကြည်တို့ အနိုင်မရနိုင်ကြောင်း နက္ခတ်ဗေဒင်အရ ဟောထားတယ်။ ဆရာစံဇာဏီဘို ကလည်း နက္ခတ်ဗေဒင်အရ ဒေါ်အောင်ဆန်းစုကြည်တို့ ဒီရွေးကောက်ပွဲမှာ အနိုင်ရမယ် လို့ဟောထားတယ်။

 

သူတို့တွေအဲလိုဟောကြလို့ ကျုပ်ခင်ခ လည်းတတ်သိပညာ မနေသာလို့ တိုင်းပြည်ကံကြမ္မာကို တွက်ချက်ကာဒီလိုဟောလိုက်မယ် မြန်မာပြည် ဆင်းရဲဇာတာ ပါရင် လက်ရှိအာဏာရ ကြံဖွတ်ပါတီက ဒီရွေးကောက်ပွဲ မှာ ညစ်နည်းပေါင်းစုံနှင့် အနိုင်ရမည်။ အဲ မြန်မာပြည် ကြီးပွားချမ်းသာဖို့ ဇာတာပါရင် ဒေါ်အောင်ဆန်းစု ကြည်ရဲ့ NLD ပါတီ အနိုင်ရမည် ဟုဖြစ်လေ သတည်း။
အဘယ်ကြောင့်ဆိုသော် ကြံ့ဟူသည် လယ်လည်းထွန်းခိုင်း လို့မရ လှည်းလဲ ဆွဲဖို့အသုံးမကျ သူဖာသာဇိမ်ရစ် အချိန်တန် သူ့အတွက် ဝါးမယ်စားမယ်ဆိုတဲ့ ဟာမျိုး ဖွတ်ကတော့ သိကြတဲ့ အတိုင်း စကားဆိုတောင်ရှိသေး တယ်လေ ဖွတ်တက်မှတော့ မွဲပြီပေါ့ သတဲ့လေ။ ဒါကြောင့် ဒီနှစ်ခုရော ယှက်နေတဲ့ ကြံဖွတ် ဆက်တက်မှ တော့ သူတို့အတွက် သာဝါးမယ် စားမယ် တိုင်းပြည်ကတော့ ဖွတ်ဆက်တက်မှတော့ မွဲပြီဆိုတော့ ဆင်းရဲဇာတာ ပါတယ်ပေါ့ဗျာ။
အဲလို တိုင်းပြည်ဆင်းရဲဇာတာ မဖြစ်အောင် ယတြာပေးရမယ် ဟုတ်လား ကဲ ဒါဆိုယတြာပေး လိုက်ပါ့မယ် ဒါပေမယ့် တစ်ခုတော့မှာလိုက်မယ် ဒီယတြာက တစ်ယောက်တလေ ဘဲလုပ်လို့မရဘူးနော် အဲဒါဆို ယတြာမစွမ်းဘူး ဘာလို့လဲဆိုတော့ တိုင်းပြည်ကြီးပွားချမ်းသာဖို့ ဆင်းရဲတွင်းကလွတ်ဖို့ တိုင်းပြည်ကံကြမ္မာမဟုတ်လားဒါကြောင့် တစ်တိုင်းတစ်ပြည်လုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တစ်ညီတစ်ညာထဲလုပ်ကို လုပ်မှယတြာစွမ်းမှာပါ။ ယတြာကတော့ အမျိုးသားဒီမိုကရေစီ NLD ပါတီကို လူထုအားလုံး တစ်ညီတစ်ညာတည်း ထောက်ခံဆန္ဒမဲ ပေးလိုက် ကြဗျာ။
ခင်ခ

5 comments

  • မြစပဲရိုး

    October 11, 2015 at 2:44 am

    တကယ်တော့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ကံကြမ္မာ နဲ့ လဲ ဆိုင်လိမ့်ဦးမယ် ကိုခ ရဲ့။
    သူ့အတွက် ပိုပြီးပင်ပန်း ဖို့ ကံ ဆက်ပါရင် အစိုးရဖွဲ့နိုင်လိမ့်မယ်။
    ဒီလောက် အဘက်ဘက်က စိတ်ဓာတ်ရေးရာ စုတ်ချာနေတဲ့ တိုင်းပြည် ကို ပြန်ပြီး တည့်မဖို့ က သိပ်တော့ မလွယ်ဘူး။

    ဒီအမျိုးသမီးကြီး ကို ဆက်ပြီး မပင်ပန်း စေချင်ပါဘူး။
    ဒါပေမဲ့ ဥယျာဉ်လေး လှပ သာယာ အောင် ရှုပ်နေတဲ့ ပေါင်းပင်တွေ ကို စရှင်း ဖို့ ကို သူ ဘဲ တတ်နိုင်တာ မို့ပါ။
    .ပေါင်းပင်တွေ ရှင်းပြီး ချိန်တော့ ဆိုင်ရာ အပိုင်းလိုက် ဥယျာဉ်မှူး တွေ ပေါ်လာမှာလို့ ကျွန်မ အကြွင်းမဲ့ ယုံပါတယ်။

    Reply

  • ခင်ခ

    October 11, 2015 at 9:36 am

    အရီးပြောတာ ဟုတ်တယ်ဗျ
    ခုချိန်မှာ လုပ်နိုင်စွမ်းရှိသူက သူ ဘဲရှိတာလေ

    Reply

  • uncle gyi

    October 12, 2015 at 10:29 pm

    မှတပါးအခြားမရှိ

    Reply

  • Mike

    October 15, 2015 at 11:03 am

    .အခုချိန်ထိ ဘယ်သူနိုင်မယ်လို့ပြောရခက်နေတုန်း…ဘာလို့လည်းဆိုတော့ တစ်ဖက်ကနည်းမျိုးစုံနဲ့
    .ညစ်ဖို့ကြံစည်နေတာသိသာနေလို့ပဲ…မဲစါရင်းလို အလွယ်ဆုံးဟာတောင် မှန်အောင်မလုပ်ပေးဘူး
    .တွေးရင်း ရင်လေးနေတယ်ဗျာ

    Reply

  • Alinsett @ Maung Thura

    October 15, 2015 at 12:54 pm

    .မေမေနိုင်မှ ဖြစ်မှာပါ။

    ဒီရထားကြီး ထွက်ချိန် မမီဘူးဆို
    .နောင်အနာဂတ်က သိပ်မသေချာ
    အရာရာ အောက်ကျနောက်ကျ မနေရအောင်
    .မေမေနိုင်မှ ဖြစ်မယ်
    .မေမေနိုင်မှ ဖြစ်မှာပါ

    Reply

Leave a Reply

Your email address will not be published.