Mon LayAugust 25, 20171min02
ကျွန်မ ကလေးဆန်..တဲ့ အတွေးတွေ..ရှိချင်ရှိနေမိမယ်☺☺ ကျွန်မ ကလိမ်ကကျစ်..ဆန်တဲ့ ယုတ်မာတဲ့..အတွေးမျိုးတော့ မရှိဘူး😣😣 ကျွန်မ စပ်စုတတ်တဲ့ စကားမျိုးတော့..ဆိုချင်ဆို မေးချင်မေး…နေမိမယ်😉😉 ကျွန်မ လှည့်ဖျားတတ်တဲ့ မာယာများတဲ့…စကားမျိုးတော့ မဆိုတတ်ဘူး😃😃 ကျွန်မ သံသယကြီး…တတ်တဲ့ စိတ်ထားမျိုးတော့ ရှိချင်ရှိ…နေမိမယ်😒😒 ကျွန်မ သစ္စာမဲ့တဲ့ လုပ်ရပ်မျိုး…တော့ မလုပ်နေ..တတ်ဘူး😄😄 ကျွန်မ စိတ်ကောက်နေ..မိတတ်တဲ့ အချိန်အခါမျိုးတော့..ရှိချင်ရှိမယ်😌😌 ကျွန်မ မရိုးသားတဲ့ စိတ်သဘောထား..မျိုးတော့ မပိုင်ဆိုင်..ထားဘူး😀😀 ကျွန်မ မျက်ရည်ကျ..တတ်တဲ့ အချိန်အခါ…မျိုးတော့ ရှိနေတတ်..တယ်😔😔 ကျွန်မ ကလဲ့စားချေတဲ့ အပြုအမူမျိုး…တော့ မလုပ်ဆောင်…တတ်ဘူး😊😊 Credit ဒီစာလေးကိုဖတ်ကြည့်တော့မှ.. ကိုယ်နဲ့တိုက်ဆိုင်မှုတွေရှိပါလားလို့တွေးမိတယ်..ကိုယ့်အပေါ်မကောင်းမြင်တာရှိမယ် အကောင်းမြင်တာရှိတယ် ကိုယ့်ဘက်ကစေတနာသန့်သန့်နဲ့ လိပ်ပြာသန့်နေရင် နေရမှာကော သေရမှာပါအေးဆေးပဲ ဘယ်သူမှဂရုစိုက်စရာမလိုဘူး ငါသာသည် ငါ့ရဲ့အရှင်ပဲ


SawAungAugust 24, 20171min09
သက္ကရာဇ် 2070 ကျော်လာတဲ့အခါ ကမ္ဘာမှာ လူသားဦးရေ အဆမတန်တိုးပွားလာတဲ့အခါ စားနပ်ရိက္ခအတွက် မလုံမလောက်ဖြစ်လာပါတော့တယ်။ အဲ့သည် တစ်အိမ်ထောင်မှာ ကလေးတစ်ဦးသာမွေးဖို့ တားမြစ်လိုက်တဲ့အပြင် အမွှာမွေးလာရင်လည်း အဲ့သည်အမွှာကို အေးခဲထားကာ အိပ်ပျော်အောင် လုပ်ထားမယ်လို့ သတင်းထွက်လာပါတော့တယ်။ အဲ့သည်မှာမှ အိမ်ထောင်တစ်ခုမှာ မိန်းကလေးအမွှာပူ (၇)ယောက်မွေးလာပြီး အမေကတော့ ဆုံးပါးသွားပါတော့တယ်။ အဖေဖြစ်သူဟာ သမီးခုနှစ်ယောက်ကို တနင်္လာ ၊ အင်္ဂါ ၊ ဗုဒ္ဒဟူး ၊ ကြာသပတေး ၊ သောကြာ ၊ စနေ ၊ တနင်္ဂနွေ ဆိုပြီး နာမည်ပေးခဲ့ပါတယ်။ One Child ဆိုတဲ့ ဥပဒေသကြောင့် သမီး (၇)ယောက်ကိုဖွက်ကာ ID တစ်မျိုးတည်းနဲ့ အသက်ရှင်စေခဲ့ပါတယ်။ သမီး (၇)ယောက်ဟာ တစ်ပတ်မှာ တစ်ယောက်တစ်လှည့်စီ အပြင်ကိုထွက်ရလေ့ရှိပြီး။ […]


ko sixAugust 23, 20171min07
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ သစ်ပင်တောင် အခါခါအပိုင်းခံရသော်လည်း မျှော်လင့်ချက်ကတော့ ထွက်လာဆဲ။ မြစ်ပြင်တောင် အခါခါပိတ်ဆို့ခံရသော်လည်း မျှော်လင့်ချက်ကတော့ စိမ့်လာမြဲ။ ငါ သစ်ပင်ကို နမူနာယူ မြစ်ပြင်ကို အတုခိုး ငါ့စိတ်ကို ကင်းပေါက်အောင် ထိုးကျွေးတော့မည် မျှော်လင့်ချက်တစ်စုံတစ်ရာမှာ ရေးရတာနဲ့ဖတ်ရတာ မတန်ပါဘူး တကယ်ဆို နာရီ မလိုဘူး ပေါင်မုန့်မလိုဘူး သွေးမတော်သားမစပ်တဲ့ မျှော်လင့်ခြင်းဆိုတာ အားလူးခင်းထဲ အမြစ်ရှည်ရာဇဝင်ပါ အခိုက်အတန့်ပေါ့ မျက်ရည်တော့ စို့ခဲ့ဖူးတယ် ခု တခမ်းတနား သုတ်နိုင်ခဲ့ပါပြီ ။။။။။။။ ကိုစစ်


SawAungAugust 22, 20171min04
အခုတလော Annabelle ဇာတ်ကားလည်း နာမည်ကြီးတော့ အရှိန်လေးမပျက်ရအောင် သည်းထိတ်ရင်ဖို ပရိတ်သတ်တွေအတွက် 2010က ထွက်ရှိခဲ့တဲ့ သည်းထိတ်ရင်ဖို ဇာတ်ကားတစ်ကားအကြောင်းပြောပြချင်ပါတယ်။ ဒီဇာတ်ကားက 1970က ဇာတ်ကားကို ပြန်လည်ဆန်းသစ်ထားတာ။ ဒါကလည်း အခုဇာတ်ကားကြည့်ပြီးမှ အဟောင်းရှိမှန်းသိတာ။ ဆယ်လီဆိုတဲ့ကလေးမလေးရဲ့ အဖေ နဲ့ အမေက ကွာရှင်းထားတာကြောင့် ဆယ်လီက အဖေဖြစ်သူဆီမှာ နေထိုင်ဖို့ဖြစ်လာတယ်။ အဖေကလည်း နောက်မိန်းမယူထားတယ်။ သူနေရမယ့်အိမ်ကလည်း သူ့အဖေဖြစ်သူ ဝယ်တာတဲ့ ရှေးဟောင်းအိမ်အကြီးကြီးမှာပါ။ မိထွေးဖြစ်သူကိုမကြည်သလို အဖေဖြစ်သူဆီမှာ ဆယ်လီက မနေချင်ပြန်ဘူး။ တစ်ရက် ခြံထဲကို လျှောက်ကြည့် မြေအောက်ခန်းရဲ့ အမိုးတစ်ခုကို သူတွေ့လိုက်တယ်။ ဒီလိုနဲ့ သူတို့သုံးယောက်အိမ်ထဲကို ရှာဖွေကြည့်တော့ မြေအောက်ခန်းတံခါးကို တွေ့လိုက်ရတယ်။ အိမ်က တော်တော့်ကို သက်တမ်းကြာနေတဲ့ တန်ဖိုးရှိတဲ့ အိမ်ဖြစ်လို့ သူ့အဖေကလည်း ဝယ်ထားတာဖြစ်တယ်။ မြေအောက်ခန်းကို […]


Mon LayAugust 21, 20171min06
တကယ်တမ်းကျတော့လေ..လူတစ်ယောက်ကိုဘယ်လောက်ချစ်ချစ်..ကိုယ့်ကိုချစ်တဲ့သူကကိုယ့်အလုပ်ကိုလည်းနားလည်ပေးနိုင်မှ.. သည်းခံပေးနိုင်မှရေရှည်လက်တွဲလို့ဖြစ်မှာလေနော်..ဥပမာ မွန်လေးဆို၁နှစ်ကိုခရီးက၄ ၅  ခုလောက်မသွားရရင်မနေနိုင်တာ… အဲလိုတွေအနေဝေးတာကိုသည်းခံနိုင်ပေးရမယ်.. မိတ်ဆွေအပေါင်းအသင်းယောကျာ်းလေးတွေနဲ့အလုပ်ကိစ္စနဲ့တွေ့ရင်လည်းနားလည်ပေးရနိုင်မယ်.. အဲလိုမျိုးတွေသည်းမခံပေးနိုင်ရင်တော့.. ၂ယောက်ထဲက၁ယောက်ကအလုပ်က်ုစွန့်လွှတ်ရင်လွှတ်၊မလွှတ်ရင်ကိုယ်ချစ်ရတဲ့သူကိုစွန့်လွှတ်ရမှာပဲလေနော်


ko sixAugust 21, 20171min05
========== သစ်ပင်ဟာ ရေငတ်ဖန်များလာတဲ့အခါ ဆူးတွေနဲ့ရပ်တည် ငါ ဘာလို့များ မကိုးကားခဲ့မိပါလိမ့်။ တိမ်တွေ အပူနဲ့တွေ့တိုင်း အမြင့်တက်လှမ်းနိုင်ခဲ့ပုံကို ငါ ဘာလို့များ သတိမထားခဲ့မိပါလိမ့်။ သင်ဆရာထက်မြင်ဆရာက နေ့စဉ်ဆုံးမ ငါ ဘာလို့များ မမှတ်သားခဲ့ပါလိမ့်။ အာဒံလို ပညာသားမပါတဲ့စားသုံးမှုမျိုး ငါ ဘာလို့များ မျိုဆို့မိခဲ့ပါလိမ့်။ ဘာလို့များ ဘာလို့များ ဘာလို့များ ….. သတင်းအတင်း အလင်းအမှောင် အချစ်အမုန်း ယောက်ျားမိန်းမ ဆန့်ကျင်ဘက်တွေကို စိတ်မှာသိုဝှက် ဘာလို့များ ခက်ခက်ခဲခဲရှေ့ဆက်နေမိပါလိမ့်။ အလုပ်မဖြစ်တာတွေများလာတော့ အလစ်ဖြုတ်ခံရကြောင်း ဘာလို့များ ငါ ဒီလောက်ကြီး အ နေခဲ့ပါလိမ့်။ ကိုစစ်(ရူပဗေဒ) 21.8.2017 Sunday 8:12AM


မကြာခဏ ဆိုသလို မကွေးတိုင်း ၊ မကွေးမြို့ပေါ် ရောက်ဖြစ်နေတော့ ရောက်တိုင်း တွေးမိ မြင်မိတာလေးတွေ ရှိတာပေါ့။ အဲ့ဒီထဲက ပြောချင်တာ တချိ ု့နဲ့ ပြချင်တာလေးတချိ ု့ကို အခု ရတတ်သလောက် ပြလိုက်ပါတယ်။       ၁။ စေတီအမွန် မြသလွန်ဆီသို့ အဝင်လမ်း။     ၂။ ဘာသာရေး အဆောက်အဦတွေထဲက တိုင်လုံးကြီးတွေလိုသာ… ဖြောင့်မတ် တည်ငြိမ်စွာ ထို့အပြင် ငြိမ်းချမ်းစွာ… အတူတကွ ရပ်တည်နိုင်စွမ်း ရှိကြလျှင် …..ကိုယ်စီ သွားရာလမ်းဟာ ဘာသာရေးနယ်ပယ်ပြင်ပက နိဗ္ဗာန်ဆီကို ရောက်လိမ့်မယ်လို့ ဆိုချင်တာ…   ၃။ သူတို့လေးတွေဟာ ဘီလူးရုပ်တုကို နှိပ်နယ် ပေးရင် ကိုယ့်ခန္ဓာရဲ့ ရောဂါ ဝေဒနာတွေကို ကာကွယ် […]


ကျွန်မနှင့် ဉာဏ်ကောင်းခြင်း   (ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော်ဟု ဆိုလျှင် ဤစာကိုရေးသော ကျွန်မသည် မသူတော်တစ်ဦးဖြစ်ကြောင်း ဦးစွာဝန်ခံလိုပါသည်။)   ကျွန်မကို ငယ်စဉ်ကတည်းကပင် ဉာဏ်ကောင်းသည် ဟု ဆိုကြသည်။ အထူးသဖြင့် ဆရာ၊ ဆရာမများနှင့် ဆွေမျိုးများက ပြောကြခြင်းဖြစ်သည်။ စာကျက်လျှင် ခဏလေးနှင့် စာရခြင်း နှင့် ဉာဏ်စမ်းမေးခွန်းများကို အများအားဖြင့် မှန်အောင်ဖြေဆိုနိုင်ခြင်းတို့ကြောင့် ဖြစ်မည်ထင်၏။ ထို့ကြောင့် စာမြန်မြန်ရအောင် ဘယ်လိုကျက်သလဲ၊ စာကျက်နည်း ပြောပြပါဟုလည်း မကြာခဏ အမေးခံခဲ့ရဖူးသည်။   ကျွန်မကတော့ ကိုယ့်ကိုယ်ကို သူများထက် ဉာဏ်ပိုကောင်းသည်ဟု မထင်မိချေ။ ကျောင်းသားအားလုံးသည် ဉာဏ်ရည်အတူတူပင် ဖြစ်သည်။ သို့သော် စာကို နားလည်သည့်အပေါ်မူတည်၍ စာမြန်မြန်ရခြင်း၊ မရခြင်း ကွဲပြားသွားသည်ဟုသာ ယူဆမိပါသည်။ ထို့ကြောင့် ကျွန်မ ပြန်ဖြေလေ့ရှိသည်မှာ […]


SawAungAugust 18, 20171min08
အခုတလော အချစ်ဇာတ်ကားလေး မကြည့်ဖြစ်ဘူး။ ရုပ်ရှင်ကားတွေက ထောင်ပေါင်းများစွာရှိပေမယ့်လည်း တစ်ရက်တစ်ကားလောက်ကို မကြည့်ဖြစ်ပြန်ဘူး။ ရုံးမှာလည်း ဟိုလုပ်ဒီလုပ်နဲ့ တစ်ကားပြည့်အောင် မကြည့်ဖြစ်သလို။ အိမ်ရောက်ပြန်တော့လည်း ပင်ပန်းတာနဲ့ မကြည့်ဖြစ်ပြန်ဘူး။ ဟာ့ဒစ်နဲ့ တွဲကြည့်ဖို့ တီဗွီမရှိတာလည်း ပါတာပေါ့။ အခုတော့ ဒီအချစ်ဇာတ်ကားလေးကို အချိန်ပေးပြီး ရုံးမှာပဲ ကြည့်လိုက်တယ်။ စလာကတည်းက စိတ်ဝင်စားဖွယ်ဇာတ်လမ်းလေးမို့ မင်းသမီးလေးကလည်း လူမည်းမင်းသမီးပေမယ့် ငယ်ငယ်ရွယ်ရွယ်နဲ့ အရမ်းချစ်စရာကောင်းတာမို့ရယ်ပါ။ အချစ်ဇာတ်ကားတွေထုံးစံအတိုင်းလိုလို ကောင်မလေးက skip ဆိုတဲ့ ရှားပါးရောဂါဖြစ်နေသူ။ ငယ်ငယ်ကတည်းက အပြင်လောကကို မထွက်ရပဲ မှန်လုံအိမ်လို အိမ်မျိုးမှာ ပိုးသတ်ထားတဲ့ အရာတွေနဲ့ပဲ နေခဲ့ရသူ။ သူရောဂါဟာ ရောဂါကို တိုက်ခိုက်နိုင်တဲ့ သွေးဖြူဥနည်းတဲ့ ရောဂါဖြစ်လို့ အပြင်လောကကကို ထွက်ရင် ပိုးမွှားအသေးအမွှားလေးတွေက အစ သူ့ကို ဒုက္ခပေးတတ်လို့ ပိုးသတ်ထားတဲ့ အိမ်ထဲမှာပဲ […]


SawAungAugust 17, 20171min010
တစ်နေ့တစ်လံ ပုဂံဘယ်ပြေးမလဲဆိုတဲ့စကားအတိုင်း ကျွန်တော်အောင်မိုးသူဟာ မြန်မာဂဇက်ဆိုတဲ့ ရွာကြီးဆီကို လျှောက်လာခဲ့တာ နှစ်များစွာကြာခဲ့ပါပြီ။ ဒါပေမယ့်လည်း မြန်မာဂဇက်ကြီးရဲ့ ပန်းတိုင်ကိုတော့ မရောက်ရှိခဲ့သေးပါဘူး။ ပန်းတိုင်ဆိုတာ ငွေကျပ်တစ်သိန်းဆိုတဲ့ ပန်းတိုင်ပါ။ ကျွန်တော့်နောက်ကလူတွေသာ ကျွန်တော့်ကို ကျော်တက်သွားမယ် ကျွန်တော်ကတော့ တလှုပ်လှုပ်ပါပဲ။ အခုတော့ ငွေကျပ်တစ်သိန်းသို့ဆိုတဲ့ ဆယ်ယောက်ထဲတော့ ဝင်လာခဲ့ပါပြီ။ အဲ့သည်ဆယ်ယောက်ကနေ ထိပ်ဆုံးရောက်ဖို့ တွေးမျှော်ရင်း တစ်နေ့တစ်လံ တစ်သိန်းဘယ်ပြေးမလဲဟဲ့ ခင်မင်စွာဖြင့် အောင်မိုးသူ


ဟိုရက်ပိုင်းက Facebookbတစ်ခွင် လှုပ်လှုပ်ရှားရှားဖြစ်သွားတဲ့ ဂျပန်ရောက် ရွှေမြန်မာတွေထဲက အနုပညာလောကမှာ နေရာတစ်ခုရနေတဲ့ မိုရီဆာကီဝင်း(သူများတွေအပြော ကျော်သူဝင်း) ဆိုတဲ့ J popper လေးပါဝင်တဲ့ PrizmaX J pop Band လေးကို မြည်းစမ်းမိတယ်။ အဝင်းတို့အဖွဲ့အကြောင်းမပြောခင် ကိုယ့်အကြောင်းကိုယ်ပြောချင်တာက.. ကိုယ်က ဂီတအမျိုးအစားတွေ၊ဂီတဆိုင်ရာပညာရပ်တွေကို လုံးဝနားမလည်သူပါ။ ပညာရပ်ပိုင်းကိုနားမလည်ပေမယ့် သီချင်းတွေကိုနက်နက်နဲနဲခံစားနှစ်ခြိုက်တတ်သူလားဆိုတော့လည်းမဟုတ်ပြန်။ တစ်ချို့တွေလို ရော့ခ်တွေ၊ဟဲဗီးမက်တယ် ဆိုတာမျိုးတွေကို ရူးရူးမူးမူး ခိုက်တယ်ဆိုတဲ့မျိုးလည်းမရှိ။ ပေါ့ပ်သီချင်းကောင်းလေးတွေ ၊MV ကြည့်လို့ကောင်းတာလေးတွေဆို MV ကြည့်ပါများရင်းနဲ့ကြိုက်သွားတာမျိုးပဲရှိပါတယ်။ ဂီတသံစဉ်တွေထဲမှာတော့ တရုတ်သံစဉ်လေးတွေကိုအထူးနှစ်ခြိုက်တယ်။ တရုတ်သီချင်းလေးတွေနားထောင်ရင်း တရုတ်သိုင်းကားတွေထဲမှာမြင်နေကျ ရေမြေတောတောင်သဘာဝအလှတွေကို မြင်ယောင်လာစေပြီး သာယာငြိမ့်ညောင်းအိပ်ပျော်မြန်စေတဲ့အတွက် အိပ်ခါနီးရင်နားထောင်လေ့ရှိပါတယ်။ လမ်းကြောင်းလေးပြန်တည့်ရရင် အဝင်းတို့ရဲ့ PrizmaX band လေးက Jpop ဆိုတဲ့အတိုင်း Kpop လိုမျိုး ပေါ့ပ်သီချင်းမြူးမြူးလေးတွေထဲမှာ Rap […]


KyaemonAugust 14, 201725min03
  ဦးထွန်းလွင်ကဧရာဝတီပေါ်ရေကာတာစီမံကိန်းတွေအားလုံးရပ်ဘို့ဖေ့ဘုက်မှာစည်းရုံးပြီးသက်ဆိုင်ရာ အဖွဲ့ကော်မရှင်လူကြီးသို့တင်ခဲ့တယ်၊ သတင်းမီဒီယာကမေးမြန်းတာကိုရေကာတာအားလုံးကိုမဆိုလိုပါ။အငယ်စားရေကာတာကိုတော့လုပ်နိုင် တယ်လို့လဲဖြေခဲ့တယ်၊   အားလုံးရပ်ခိုင်းတာနဲ့အငယ်စားလေးရနိုင်တယ်ဆိုတာမတူပါ၊ အငယ်စားလေးရတယ်ဆိုရင်ဒီလိုဘဲအစကထဲကပြောဘို့ကောင်းပါတယ်၊သိမ်းကြုံးပြီးမပြောသင့်ပါ၊ မတိကျတော့လူတွေကဟိုလိုလိုနဲ့ဖြစ်ကုန်မှာပါ၊   အများပြည်သူကဈေးကြီးတာကိုမတတ်နိုင်ပါ၊ သက်သာတဲ့လျှပ်စစ်အားကိုလိုလားတယ်၊   ဒီအကြားမှာ၊ လျှပ်စစ်ထုတ်လုပ်ရာမှာရေအားလျှပ်စစ်နည်းကအသက်သာဆုံး၊သဘာဝဝန်းကျင်အတွက်အသန့်ရှင်းဆုံး လို့ကမ႓ာကအသိအမှတ်ပြုကြတယ်၊   ရေကာတာအကြီးနဲ့အသေးဝေခွဲတဲ့နေရာမှာစဉ်းစားနိုင်ရန်အောက်ပါတွေကိုတင်ပြပါတယ်၊ ၁၊အမေရိကန်အိုရီဂန်ပြည်နယ်တက္ကသိုလ်Oregon State University & American Geophysical Union ၊တို့မကြာမီ(၂၀၁၃)ထုတ်ပြန်ချက် ၂၊ပါကစ္စတန်ရေအားဖွံ့ဖြိုးရေးဥက္ကဌဟောင်းအင်ဂျင်နီယာရဲ့၂၀၀၉ ကရေးသားထုတ်ဖော်ချက် ၃၊အိန္ဒိယဝန်ကြီးနဲ့အတွင်းဝန်တို့ရဲ့ဗီဒီယိုထုတ်ဖော်ရာမှတ်ချက်၊      လိုရင်းက။ အသေးစားကပိုဆိုးပိုကုန်ကျ၊ အကြီးစားလဲလို၊အငယ်စားလဲလို၊   (လုပ်လက်စကုန်ခံပြီးလက်စအကျိုးရှိစွာသုံးလို့ရသေးတာကိုအလဟသအလေအလွင့် မစွန့်ပယ်သင့်၊ကိုယ့်ပိုက်ဆံကိုယ့်ပစ္စည်းလိုသဘောထားသင့်)   အငယ်စားရေကာတာကတွေကအနုက်ပြတာများနေ Study suggests small dams have more negative effects than large dams By Austen Verrilli on May […]


aye.kkAugust 14, 20171min011
မိမိ၏ ယုံကြည်မှု ချစ်သောဇနီး ချစ်သောသားသ္မီးများ ချစ်သောဆွေမျိုးများ ချစ်သောမိတ်ဆွေများအပေါ်၌ ယုံကြည်သည့် ယုံကြည်မှုတရားများ ပျက်စီးခြင်းကြုံရသောအခါ ယုံကြည်မှုတရားအမှားများသည်၎င်း မနာချင်သော်လည်း နာမှုခံစားရသောအခါ မအိုချင်သော်လည်း အိုမှုခံစားရသောအခါ မိမိ၏ ဆန္ဒရှိမှုအပေါ် ဖြစ်ချင်တာကို ဖြစ်အောင်လုပ်သော်လည်း မဖြစ်လာသောအခါ သံဝေဂ ကြီးစွာရရှိလေသည်။။