အရာရာအတွက် အရာအားလုံးပဲ

SawAungAugust 18, 20171min08

အခုတလော အချစ်ဇာတ်ကားလေး မကြည့်ဖြစ်ဘူး။ ရုပ်ရှင်ကားတွေက ထောင်ပေါင်းများစွာရှိပေမယ့်လည်း တစ်ရက်တစ်ကားလောက်ကို မကြည့်ဖြစ်ပြန်ဘူး။ ရုံးမှာလည်း ဟိုလုပ်ဒီလုပ်နဲ့ တစ်ကားပြည့်အောင် မကြည့်ဖြစ်သလို။ အိမ်ရောက်ပြန်တော့လည်း ပင်ပန်းတာနဲ့ မကြည့်ဖြစ်ပြန်ဘူး။ ဟာ့ဒစ်နဲ့ တွဲကြည့်ဖို့ တီဗွီမရှိတာလည်း ပါတာပေါ့။

အခုတော့ ဒီအချစ်ဇာတ်ကားလေးကို အချိန်ပေးပြီး ရုံးမှာပဲ ကြည့်လိုက်တယ်။ စလာကတည်းက စိတ်ဝင်စားဖွယ်ဇာတ်လမ်းလေးမို့ မင်းသမီးလေးကလည်း လူမည်းမင်းသမီးပေမယ့် ငယ်ငယ်ရွယ်ရွယ်နဲ့ အရမ်းချစ်စရာကောင်းတာမို့ရယ်ပါ။

အချစ်ဇာတ်ကားတွေထုံးစံအတိုင်းလိုလို ကောင်မလေးက skip ဆိုတဲ့ ရှားပါးရောဂါဖြစ်နေသူ။ ငယ်ငယ်ကတည်းက အပြင်လောကကို မထွက်ရပဲ မှန်လုံအိမ်လို အိမ်မျိုးမှာ ပိုးသတ်ထားတဲ့ အရာတွေနဲ့ပဲ နေခဲ့ရသူ။ သူရောဂါဟာ ရောဂါကို တိုက်ခိုက်နိုင်တဲ့ သွေးဖြူဥနည်းတဲ့ ရောဂါဖြစ်လို့ အပြင်လောကကကို ထွက်ရင် ပိုးမွှားအသေးအမွှားလေးတွေက အစ သူ့ကို ဒုက္ခပေးတတ်လို့ ပိုးသတ်ထားတဲ့ အိမ်ထဲမှာပဲ အသက်ရှင်ခဲ့ရသူ။

အသက် ၁၈နှစ်ပြည့်တဲ့အထိ ဘဝတစ်ခုလုံး အင်တာနက်နဲ့သာ အသက်ရှင်ပြီး။ သူ့အိမ်ထဲကို သူ့အမေ ၊ သူကိုစောင့်ရှောက်ပေးမယ် ဝန်းထမ်းအဒေါ်နဲ့ အဲ့အဒေါ်ရဲ့သမီးဖြစ်သူသာ ဝင်ခွင့်ရလို့ အဲ့သည်သူတွေနဲ့ပဲ ရင်းနှီးကျွမ်းဝင်ခဲ့ရသူ။

တစ်ရက်မှာတော့ သူဘေးအိမ်ကို မိသားစု တစ်စုပြောင်းလာတဲ့အထဲမှာ သူနဲ့ရွယ်တူ ဆယ်ကျော်သက်ကောင်လေး ပါလာခဲ့တာက ဇာတ်လမ်းက စခဲ့တယ်။ ကောင်လေးရဲ့ အခန်းနဲ့ သူ့ရဲ့အခန်းက မျက်နှာချင်းဆိုင်။ ဖုန်းနံပါတ်ပေးရင်း အင်တာနက်ကနေဆက်သွယ်ရင် ရင်းနှီးချစ်ကျွမ်းဝင်တာက စလို့။ ဇာတ်ကားထဲမှာ သူတို့နှစ်ယောက်ပြောတဲ့ စကားလေးတွေဟာ အရမ်းကိုချစ်ဖို့ကောင်းသလို သူတို့နှစ်ယောက်ရဲ့အချစ်ကလည်း တကယ်ကို ကြည်နူးဖို့ကောင်းခဲ့တယ်။

ထူးခြားတာ အရင်ဒရာမာကားတွေကို ကိုယ်စိတ်ကူးခဲ့သမျှ လွှဲခဲ့တာပါပဲ။
ပြောရရင် ထိန်းချုပ်ထားတဲ့ စိတ်တွေ လွင့်ထွက်သွားသလို ခံစားရမယ့် အချစ်တွေကို တွေ့ရမယ့်အပြင် အရမ်းချစ်ဖို့ကောင်းတဲ့ အချစ်တစ်ခုကို ဒီဇာတ်ကားမှာ တွေ့မြင်ရမှာပါ။

အဲ့သည်ဇာတ်ကားကတော့ မေလ 19 ရက်နေ့က ထွက်ရှိထားတဲ့ လတ်လတ်ဆတ်ဆတ် အချစ်ဇာတ်ကားလေး Everything Everything ပါတဲ့။
မင်းသမီးလေး ချစ်ဖို့ကောင်းချက်ကတော့ ပြောမနေပါနဲ့တော့။

#MovieCrazy
#JustSayMovie

8 comments

  • •*¨နန်းတော်ရာသူ •*¨

    August 18, 2017 at 10:32 am

    Noted

    Reply

  • သင့်အေးရိပ်

    August 18, 2017 at 4:21 pm

    ကိုယ်ကပဲ အချစ်နဲ့ မတွေ့သေးလို့လား မသိ။ အချစ်ဇာတ်လမ်းတွေ စိတ်ဝင်စားမှု နည်းနေခဲ့
    သည်းထိတ်ရင်ဖိုဇာတ်လမ်းတွေ ထူးဆန်းထွေလာ သိပ္ပံဇာတ်လမ်းတွေပဲ အကြည့်များခဲ့တာ။

    အခု အညွှန်းလေးကို ဖတ်ရတာ မျက်စိထဲ မြင်ကွင်းတွေ ကွင်းခနဲ ပေါ်လာလိုက် ကွက်ခနဲ ပေါ်လာလိုက်နဲ့
    ကြည့်ချင်စိတ်ကို နှိုးဆွပေးလိုက်သလိုပဲမို့. . .
    ရှာပြီလေ. . .

    Reply

  • ဦးကျောက်ခဲ

    August 18, 2017 at 6:16 pm

    အခြစ်ကားဆို နုနုရွရွ ခံစားလို့မရတော့ဘူး … ဟု ဟု :k:

    Reply

  • ဘယ်မှာဒေါင်းလို့ရလဲဟင်..
    အဲဒီလို အချစ်ကားလေးတွေက ကြည့်မှာ..
    အနည်းဆုံးတော့ ကိုယ့်ဘာသာကိုယ် စိတ်ကူးယဉ်လို့ရတာပေါ့လေ :k:

    Reply

  • weiwei

    August 21, 2017 at 2:27 pm

    ကြည့်ပြီးသွားပါပြီ .. ကြည့်လို့လဲကောင်းတယ် .. ဇာတ်လမ်းလဲကောင်းတယ် ..
    ပေါ့ပေါ့ပါးပါးနဲ့ မျက်စိပဒါသဖြစ်တဲ့ဇာတ်လမ်းလေးမို့ ကြည့်ပျော်ပါတယ် ..

    Reply

  • Shar Thet Man

    August 21, 2017 at 6:06 pm

    ဟုတ်စိတ်ဝင်စားတယ် ကြည့်လိုက်မယ်

    Reply

Leave a Reply

Your email address will not be published.