အမှောင်ထဲက ခေါ်သံတွေ

SawAungAugust 22, 20171min04


အခုတလော Annabelle ဇာတ်ကားလည်း နာမည်ကြီးတော့ အရှိန်လေးမပျက်ရအောင် သည်းထိတ်ရင်ဖို ပရိတ်သတ်တွေအတွက် 2010က ထွက်ရှိခဲ့တဲ့ သည်းထိတ်ရင်ဖို ဇာတ်ကားတစ်ကားအကြောင်းပြောပြချင်ပါတယ်။

ဒီဇာတ်ကားက 1970က ဇာတ်ကားကို ပြန်လည်ဆန်းသစ်ထားတာ။ ဒါကလည်း အခုဇာတ်ကားကြည့်ပြီးမှ အဟောင်းရှိမှန်းသိတာ။

ဆယ်လီဆိုတဲ့ကလေးမလေးရဲ့ အဖေ နဲ့ အမေက ကွာရှင်းထားတာကြောင့် ဆယ်လီက အဖေဖြစ်သူဆီမှာ နေထိုင်ဖို့ဖြစ်လာတယ်။ အဖေကလည်း နောက်မိန်းမယူထားတယ်။ သူနေရမယ့်အိမ်ကလည်း သူ့အဖေဖြစ်သူ ဝယ်တာတဲ့ ရှေးဟောင်းအိမ်အကြီးကြီးမှာပါ။

မိထွေးဖြစ်သူကိုမကြည်သလို အဖေဖြစ်သူဆီမှာ ဆယ်လီက မနေချင်ပြန်ဘူး။ တစ်ရက် ခြံထဲကို လျှောက်ကြည့် မြေအောက်ခန်းရဲ့ အမိုးတစ်ခုကို သူတွေ့လိုက်တယ်။ ဒီလိုနဲ့ သူတို့သုံးယောက်အိမ်ထဲကို ရှာဖွေကြည့်တော့ မြေအောက်ခန်းတံခါးကို တွေ့လိုက်ရတယ်။

အိမ်က တော်တော့်ကို သက်တမ်းကြာနေတဲ့ တန်ဖိုးရှိတဲ့ အိမ်ဖြစ်လို့ သူ့အဖေကလည်း ဝယ်ထားတာဖြစ်တယ်။ မြေအောက်ခန်းကို တွေ့တဲ့ အချိန်မှာတော့ မြေအောက်ခန်းနဲ့ မီးလင်းဖိုလို အပေါက်တစ်ခုကနေ အသံတွေကို ဆယ်လီက ကြားကြားနေရတယ်။

အမေနဲ့နေလာတာ နှစ်တွေကြာနေတဲ့ ဆယ်လီက အဖော်လိုချင်တော့ အဲ့သည်အထဲက အသံတွေကို သူစပ်စုချင်လာတယ်။ ဒီလိုနဲ့ အဲ့သည်အပေါက်ထဲက အသံတွေက ဘာတွေဖြစ်မလဲဆိုတာတော့ စိတ်ဝင်စားစရာပါပဲ။

Rating အများကြီးမရထားပေမယ့် အခြားပေါပေါပဲပဲသရဲကားတွေထက်စာရင် ဒီဇာတ်ကားက ကြည့်ပျော်တဲ့ ဇာတ်ကားပါ။ သည်းထိတ်ရင်ဖို ပရိတ်သတ်တွေအတွက်တော့ ကျေနပ်စေမယ့်ဇာတ်ကားတစ်ကားပါပဲ။

အောင်မိုးသူ

4 comments

  • သင့်အေးရိပ်

    August 22, 2017 at 12:42 pm

    ဒေါင်းထားပြီးပြီ။ စက်ထဲ ရယ်ဒီ ရှိနေပေမယ့် အချိန် မရလို့ မကြည့်ဖြစ်သေးတဲ့ ကား။
    အခုလို အညွှန်းလေး ဖတ်လိုက်ရတော့မှ ကြည့်ဖြစ်အောင် ကြည့်အုန်းမှလို့ အားတက်သရော…ဖြစ်သွားတယ်

    Reply

  • Shar Thet Man

    August 22, 2017 at 2:50 pm

    အားရင်ကြည့်လိုက်ပါမယ်

    Reply

  • ဦးကျောက်ခဲ

    August 22, 2017 at 5:25 pm

    “အမှောင်ထဲက နှလုံးသား” ဆိုတာ …
    ဦးလေးတို့ခေတ်က နာမည်ကျော် ဂုမ႓ာန်ဓာတ်ရှင်…
    ကြောက်ဖို့ကောင်းသလားမမေးနဲ့ ဇာတ်လမ်းတောင် ပြန်မစဉ်းစားချင်… :k:

    Reply

Leave a Reply

Your email address will not be published.