တနင်္လာ ဘာဖြစ်သွားလဲ

SawAungAugust 24, 20171min09

သက္ကရာဇ် 2070 ကျော်လာတဲ့အခါ ကမ္ဘာမှာ လူသားဦးရေ အဆမတန်တိုးပွားလာတဲ့အခါ စားနပ်ရိက္ခအတွက် မလုံမလောက်ဖြစ်လာပါတော့တယ်။ အဲ့သည် တစ်အိမ်ထောင်မှာ ကလေးတစ်ဦးသာမွေးဖို့ တားမြစ်လိုက်တဲ့အပြင် အမွှာမွေးလာရင်လည်း အဲ့သည်အမွှာကို အေးခဲထားကာ အိပ်ပျော်အောင် လုပ်ထားမယ်လို့ သတင်းထွက်လာပါတော့တယ်။

အဲ့သည်မှာမှ အိမ်ထောင်တစ်ခုမှာ မိန်းကလေးအမွှာပူ (၇)ယောက်မွေးလာပြီး အမေကတော့ ဆုံးပါးသွားပါတော့တယ်။ အဖေဖြစ်သူဟာ သမီးခုနှစ်ယောက်ကို တနင်္လာ ၊ အင်္ဂါ ၊ ဗုဒ္ဒဟူး ၊ ကြာသပတေး ၊ သောကြာ ၊ စနေ ၊ တနင်္ဂနွေ ဆိုပြီး နာမည်ပေးခဲ့ပါတယ်။

One Child ဆိုတဲ့ ဥပဒေသကြောင့် သမီး (၇)ယောက်ကိုဖွက်ကာ ID တစ်မျိုးတည်းနဲ့ အသက်ရှင်စေခဲ့ပါတယ်။ သမီး (၇)ယောက်ဟာ တစ်ပတ်မှာ တစ်ယောက်တစ်လှည့်စီ အပြင်ကိုထွက်ရလေ့ရှိပြီး။ စစ်ဆေးရေးလာရင်တော့ လှို့ဝှက်ခန်းထဲမှာ (၆)ယောက်က ပုန်းနေကာ တစ်ယောက်သာ အလီဘိုင်ပြပြီးနေလာခဲ့ကြတာ။ နှစ်ပေါင်းများစွာကြာလာတဲ့အခါမှာတော့ လုပ်ငန်းခွင်ကို ဝင်ရောက်လုပ်ကိုင်တဲ့အထိဖြစ်လာပါတော့တယ်။

ဒါပေမယ့် နေထိုင်ခွင့် ID ဟာ တစ်ခုသာရှိသာကြောင့် တစ်ရက်ကို တစ်ယောက်စီ အပြင်လောကမှာ ကျင်လည်ရပါတော့တယ်။ တစ်ရက်မှာတော့ တနင်္လာ ဖြစ်သူဟာ အိမ်ကိုမပြန်လာတာကနေစပြီး ကျန်တဲ့ အမွှာ(၆)ယောက်ဆီကို ကြံမ္မာဆိုးဝင်လာပါတော့တယ်။ တနင်္လာကို ကျန်တဲ့ခြောက်ယောက်က ဘယ်လိုရှာဖွေမလဲဆိုတာကို ကြည့်ရှုရမှာပါ။ ဇာတ်ကားနာမည်ကတော့

What Happened To Monday ပါ။

Neflix က ထုတ်လုပ်တဲ့ ဇာတ်ကားဖြစ်ပြီး လတ်လတ်ဆတ်ဆတ်ထွက်ရှိထားတဲ့ အသစ်စက်စက်ပါ။
အရမ်းကောင်းတာမို့ ကြည့်ဖြစ်အောင် ကြည့်ပါလို့။

9 comments

  • ဦးကျောက်ခဲ

    August 24, 2017 at 2:10 pm

    ဖတ်လာတာ အဟုတ် … အောက်ကပုံကိုတွေ့မှ ဘာကြီးလဲ…လို့ :k:

    Reply

  • သင့်အေးရိပ်

    August 24, 2017 at 2:38 pm

    မင်းသမီးတစ်ယောက်ထဲက ရကိုယ်ခွဲပြီး သရုပ်ဆောင်ထားတယ်ဆိုတော့
    အရင်ခေတ်က ဗမာ့ ရုပ်ရှင် ဝင်းဦး ဇာတ်ကားကိုတောင် သတိရမိသေး။

    ဒီကားကိုလည်း ကြည့်နေပြီလေ….

    Reply

    • ဦးကျောက်ခဲ

      August 24, 2017 at 4:18 pm

      မင်းသား တစ်ယောက်ထဲ … ဝင်းဦး ၈-ကိုယ်ခွဲ…
      “ချစ်သူရွေးမယ် ချစ်ဝဲလည်” … :k:

      Reply

      • သင့်အေးရိပ်

        August 25, 2017 at 9:23 pm

        ဟုတ်ပါ့ ဟုတ်ပါ့။ ငယ်ငယ်က ကြည့်ဖူးတာ။
        ဝင်းဦးရဲ့ မိန်းမလှအမုန်း ဆိုလား။ စာအုပ်ကြီး ဖတ်ပြီးကာစ….အဲ့ ဇာတ်ကားနဲ့ စာရေးတဲ့ ဝင်းဦးနဲ့
        တစ်ယောက်ထဲ လို့တောင် ဆက်စပ်ကြည့်ရ ခက်ဖူးတာလေး သတိရမိတယ်။
        :k:

        အခု အောင်မိုးသူလေး ညွှန်းတဲ့ဇာတ်ကား မနေ့ ကြည့်ပြီးသွားပြီ။
        တလျှောက်လုံး ကြည့်လို့ ကောင်းလာသမျှ…..
        ဇာတ်သိမ်းမှာ ချာသွားတယ်လို့ ခံစားမိတယ်။
        မင်းသမီးကတော့ သရုပ်ဆောင် ကောင်းပါ့။
        ငိုတဲ့အခန်းတွေမှာ….သူ ငိုတာ ကြည့်ပြီး ကိုယ်က ရယ်ချင်လာတာက လွဲရင် သရုပ်ဆောင် အတော်ကောင်း
        :k:

        Reply

      • သင့်အေးရိပ်

        August 25, 2017 at 9:26 pm

        ဝင်းဦးရဲ့ မိန်းမလှအမုန်း ဆိုလား။ စာအုပ်ကြီး ဖတ်ပြီးကာစ….
        အဲ့ ဇာတ်ကားထဲ သရုပ်ဆောင်နေတဲ့ ဝင်းဦးနဲ့
        မိန်းမလှအမုန်း စာအုပ်ကို ရေးတဲ့ ဝင်းဦး
        တစ်ယောက်ထဲ လို့တောင် ဆက်စပ်ကြည့်ရ ခက်ဖူးတာလေး သတိရမိတယ်။
        :k:

        အဲ့လို ရေးမလို့။ စာရေးတာ မပြည့်စုံ ဖြစ်သွားလို့။ commentကို edit လည်း လုပ်မရလေတော့… နောက်တစ်ခါ ထပ် လာပြောရတယ်။
        ဖြစ်ပုံ

        Reply

  • weiwei

    August 25, 2017 at 10:59 am

    စီးရီးလား .. ရုပ်ရှင်လား ..
    ဇာတ်လမ်းလေးက စိတ်ဝင်စားဖို့ကောင်းသား ..

    Reply

  • Shar Thet Man

    August 25, 2017 at 1:20 pm

    ဟုတ်ကြည့်လိုက်ပါမယ်.. ခုတော့ခရီးသွားဖို့ပြင်နေလို့ နောက်များအားမယ်ဆိုရင်ကြည့်လိုက်ပါမယ်

    Reply

Leave a Reply

Your email address will not be published.