manawphyulayJanuary 11, 20111min011
မာသာထွီစာဟာ အိန္ဒိယနိုင်ငံရဲ့ ကြီးမားတဲ့ မိဘမဲ့ကျောင်းကြီးကို တည်ဆောက်ပြုလုပ်ခဲ့တဲ့သူ ဖြစ်ပါတယ်။ သူဟာ လူအများ ပြုလုပ်နိုင်စွမ်း မရှိတဲ့အရာကို ပြုလုပ်နိုင်စွမ်းရှိတဲ့သူဖြစ်တဲ့အတွက် လေးစားအားကျ အတုယူသင်ပါတယ်။ ကျွန်မတို့ဝန်းကျင်မှာလည်း ဒီလိုလူမျိုးတွေ ရှိနေမှာပါ။   ကျွန်မလည်း မိဘမဲ့တွေ၊ အသက်ကြီးတဲ့ ဘိုးဘွားတွေ ပြီးတော့ အနာကြီးရောဂါသည်တွေ အားလုံးကို တစ်ဖက်တစ်လမ်းကနေ ကူညီချင်ပါတယ်။ အင်း ခုပြောချင်တာကတော့ မာသာကြီး မရှိတော့တဲ့နောက်မှာ နောက်ဆုံး သူ့မှာ ကျန်ရှိခဲ့တဲ့ စည်းစိမ်ဥစ္စာဟာ ပန်းခြင်းတစ်ခုရယ်၊ သူ့ရဲ့ဝတ်စုံရယ်၊ ခုဖော်ပြမယ့် စကားသာလျှင် သူ့ဘဝအတွက် ကျန်ခဲ့ပါတယ်။ ကျန်ခဲ့တဲ့စာသားတွေကို လူငယ်တွေ ဖတ်ရှုမှတ်သားပြီး လိုက်နာနိုင်ဖို့ ကျွန်မ တင်ပြလိုက်ပါတယ်။ ခုစာသားကို မြန်မာလို့ ဘာသာပြန်သူကတော့ သိက္ခာတော်ရ ဦးလှမြင့်ဖြစ်ပါတယ်။ စာသားတွေကတော့… ဘယ်လိုပဲဖြစ်ဖြစ် အကျိုးအကြောင်းမရှိ၊ ယုတ္တိမဆန် မိမိကိုယ်ကို […]

draft-service.jpg

မြန်မာနိုင်ငံမှာ စစ်အစိုးရက စစ်မှုမထမ်းမနေရ ဥပဒေ ပြဌာန်းလိုက်ပြီလို့ သတင်းဌာနများက ဆိုပါတယ်။ ထုံးစံအတိုင်း တရားဝင်တော့ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ ကောင်းကင်က ကြယ်တာရာ နက္ခတ်များမစုံသေးလို့ ဖြစ်ပုံရပါတယ်။ ကနဦးတုံ့ပြန်ချက်တွေအရ ၂၀၀၈ နာဂစ် အခြေခံဥပဒေမှာ ပြဌာန်းထားလို့ ခေါ်ယူတော့မဲ့ မဲခိုးလွှတ်တော်ကသာလျင် ပြဌာန်းပေးရမှာလို့ ပြောတာဖတ်ရပါတယ်။ အားလုံးလိုလိုက လက်ညိုးထောင်ခေါင်းညိမ့် လုပ်မဲ့အတူတူ လွှတ်တော်အမတ်များ လက်ညောင်း ဇက်ညောင်း သက်သာအောင် အချုပ်မှူးးကြီးက စေတနာနဲ့ ကြိုတင်ဆောင်ရွက်ပေးလိုက်ပုံ ရပါတယ်။ ယောက်ျားလေးဆိုအသက်၁၈နှစ် ကနေ ၄၅နှစ်အထိ၊ မိန်းခလေးဆို အသက်၁၈နှစ်ကနေ ၃၅နှစ်အထိ ၂နှစ်မှ၃နှစ်အကြာ စစ်မှုထမ်းရမဲ့စနစ်ဖြစ်ပါတယ်။ ပျက်ကွက်မယ်ဆိုရင်တော့ ထောင်ဒဏ်၅နှစ်အထိ ကျခံရပါလိမ့်မယ်။ တချို့ကတော့ တိုင်းပြည်ကာကွယ်ဖို့ နိုင်ငံသားတိုင်း စစ်ပညာတတ်ရန် နိုင်ငံတကာ ကျင့်သုံးနေတဲ့ စံညွှန်းဖြစ်တယ်။ ဒါပေမဲ့ နယ်စပ်ဒေသက […]


manawphyulayJanuary 9, 20111min015
ရန်ကုန်မြို့အတွင်းတွင် ၂၀၁၁ ခုနှစ်အတွင်းသို့ ချည်းနင်းဝင်ရောက်လာသည်နှင့်အမျှ တိုးတက်လာသည့် အခြေအနေများကို တင်ပြပါမယ်။ ရန်ကုန်မြို့အတွင်း အထူးယာဉ် ၂၀ဝ ကျပ် ကားများ အစီးရေ နည်းလာပြီး လူများ အဆမတန် တိုးတက်များပြား ကြပ်ညပ်လာသည်ကို လည်းကောင်း…………. ပန်းဆိုးတန်းလမ်းမကြီးသည် ခေတ်မီတိုးတက်လာသောကြောင့် ဂျေဒိုးနပ်ဆိုင်များ ပိတ်သွားခြင်း ၁၉ ရုံးရှေ့တွင်  လူအများ စည်းကားစွာ လမ်းမပေါ်အပြည့် တန်းစီးနေကြခြင်းသည်လည်းကောင်း………….. မြို့လယ်ကောင် လမ်းမများပေါ်တွင် လမ်းဘေးဈေးသည်များ တိုးတက်များပြားလာခြင်း………………….. လိုင်းကားများကို မော်တော်ပီကယ်များ ကားဂိတ်တိုင်းမှာ မုန့်ဖိုးတောင်းနေသည်မှာ ကားမှတ်တိုင်များတွင် တိုးတက်နေခြင်း……………… အင်တာနက်ကွန်နက်ရှင်များသည်လည်း ခေတ်မီလာသည့်အတိုင်း အလွန်တရာမှ လေးလံ နှေးကွေး မလှုပ်ခြင်း…………… သီရိမင်္ဂလာဈေးကြီးသည်လည်း နှစ်သစ်တွင် ၂၀၁၁ ခုနှစ်တွင် အဆောက်အအုံအခိုင်အခန့်မှ ပိတောက်ချောင်းရဲစခန်းနားသို့ ပြောင်းရွှေ့လာခြင်း………….. လမ်းဘေးဈေးသည်များသည်လည်း ဈေးမရောင်းရ နယ်မြေ […]


ၾကယ္ေလးJanuary 9, 20111min03
အာဏာရှင်တို့၏ စီးပွားရေးတလွဲတချော်စီမံခန့်ခွဲမှု နှင့် နိုင်ငံအချို့၏ ချော့မြှူရေးပေါ်လစီကို လျစ်လျူရှုကာ၊ အာဟာရ ချို့တဲ့နေသည့် ကလေးသူငယ်များ၊ သန်းနှင့်ချီသည့် တရားမဝင်ရွှေ့ပြောင်းအလုပ်သမားများနှင့် ဒုက္ခသည်များကို လက်ညှိုးထိုးပြီး မြန်မာနိုင်ငံအပေါ်ချမှတ်ထားသည့် စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုကို အပြစ်ဆိုချင်သူများ ရှိနေပါသည်။ သို့ရာတွင် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုနှင့် မြန်မာနိုင်ငံအကြောင်းပြောရာတွင် ပညာရှင်အမြင်၊ စစ်အစိုးရဘက်မှ ရှေ့နေလိုက်သူများအမြင်နှင့် စီးပွားရေးသမားများဘက်မှ ရှေ့နေလိုက်သူများအမြင်တို့မှာ နိုင်ငံရေးအမြင်နှင့် အကြီးအကျယ် ကွဲလွဲနေပါသည်။ နှစ်ပတ်ဗီဇာဖြင့် မြန်မာနိုင်ငံသို့ နှစ်ကြိမ်-သုံးကြိမ်သွားရောက်၊ အင်္ဂလိပ်စကားပြောတတ်သည့် မြန်မာလူမျိုးအနည်းငယ်ကို အင်တာဗျူးပြီး ရေးထုတ်လိုက်သည့်စာတမ်းများမှာ မည်သို့အဆင့်ရှိမည်ကို နားလည်ယူနိုင်သည်။ တချိန်တည်းတွင် နိုင်ငံရေးနောက်ခံရှိသူ သို့မဟုတ် မရှိသူ အဆင့်မြင့်ပညာတတ် မြန်မာပြည်သားများကလည်း စစ်အုပ်စုအတွက် လျှောက်လဲချက်ပေးနေကြသည်။ မည်သို့ပင်ရှိစေ ဗိုလ်ချုပ်ကြီးနေဝင်း ပြုတ်ကျသွားချိန်နှင့် စစ်ထောက်လှမ်း ရေးမှူးချုပ် ခင်ညွန့် ပြုတ်ကျသွားချိန်များတွင် အလားတူ မြန်မာလူမျိုးအများအပြား မြောင်းထဲရောက်သွားခဲ့သည်။ […]


The RedsDecember 31, 20101min01
ရန် ကုန် မြို. လမ်း မ များ ကို နာ မည် ယူ ပြီး လမ်း ခမ်း ပေး နေ ပါ တယ် ဆို တဲ. ကြံ့ ဖွတ် ရဲ. လမ်း ခင်း တဲ. စီ မံ ကိန်း က ပြီး တော. မှာ ပါ .. ( လမ်း ခင်း တာ က နာ မည် ခံ ပါ လမ်း ခင်း ဘို. အ လှူ ငွေ က တော. ပြည် သူ ရှိ က […]


စေနDecember 7, 20101min03
မြန်မာပြည် ဘာတွေလိုလို့ မဲမှောင်တယ်။ မီး မလာလို့ မဲမှောင်တယ်။ ရေမီး မလာ ပြည်ကြီးမှာ။ လာပါရဲ့သား ရောင်းလို့ စား။ လျှပ်စစ်ဓာတ်အား ရှားလှတယ်။ မီးစက် မောင်းပြီးလင်းပါ့မယ်။ လောင်စာ ကုန်ကြမ်း ရောင်းလို့ ခမ်း။ ဖယောင်းတိုင် မီးနဲ့ လင်းပါမယ်။ ရေနံ ကုန်ကြမ်း ရောင်းလို့ ခမ်း။ ငွေ လရောင်နဲ့ လင်းပါမယ်။ လ ရောင်ကုန်ကြမ်း ရောင်းလို့ ခမ်း။ ငွေ လရောင် ဘယ် မခမ်း။ သုံး ကြ တို့ ခွဲ တမ်း ။ ။ ရှင်ရဲထွဋ် ခုခေတ် ကလေးတွေ ရွှေစွန်ညို ဖမ်းတမ်း ကစားရင် အခုကဗျာထဲကအတိုင်း ရွတ်ကြတော့မယ်ထင်ပါရဲ့။ ပရိသတ်တယောက်ပေးပို့တဲ့ သရော်စာ […]


ထမင်းစားပြီးလေသော အခါ သောက်ခြင်စရာဖက် စိမ်းလေးတွေနှင့်ရွှေပြည်စိုး ဆေးပေါ့လိပ်တွေအား ငေးကာ ယမ်းမီးခြစ် ကိုင်ကောင်းဘွိုင်မင်းသားတယောက် ဟန်ပန်မျိုးနှင့် တောက်ခြစ်ပြီး ဆေးလိပ်တခါမျှမသောက်ခဲ့သော အဆုတ် များသည် စတင် အလုပ်ကြရတော့ မောမောနှင့်အိပ်ပျော်သွားလေတော့၏..။ဟေ့ထစမ်းထစမ်း ငေါ့ငေါက်ကာ ကျွန်နော်ကိုယ်အား လှုပ်နှိုးလိုက်ရာတွင် ကျွန်တော်မဟုတ်ဘဲ တခြားတယောက်ဖြစ်နေသည် ကိုတွေ လိုက်ရတော့ စိတ်ညစ် စွာ ပြေးထွက်လာခဲ့သည် သစ်စေ့လေးများက ပြုံးကာနှုတ်ဆက်ကြသည်..ထန်းမြစ်လိုလို အာတာလွတ်ဥလိုလို တွေ ကလည်း တန်းစီနေကြလေသည်..ရုတ်တရက် ဘာကောင်မှန်း မသိသော အကောင် တကောင်မှ မြန်မာလိုပြောကာ ဟဲလို..ဟောင်းအာယူဒူးရင်း တူဒေးတဲ့? သေသေခြာကြည့်လေ စာပေစိစစ်ရေးက လူလိုလိုဂျာနယ် တခုခုက အယ်ဒီတာလိုလို သေသေချာချာပြူးကြည့်ကာမှ ကျွန်တော် နဲ့သိသောလူတယောက်ဖြစ်မှန်း သိရသောကြောင့် ကြောက် စိတ်နည်းနည်း လျှော့သွားခဲ့၏..။ တွံတေးမြစ်ဝမှရသော မြစ်ရေညှီစို့စို့ အနံ့ လေးနှင့် […]


kaiDecember 6, 20102min00
ရုပ်ရှင်သမိုင်းမှာ အငြင်းပွားစရာဖြစ်အောင် ရှုပ်ထွေးရုပ်ရှင်များပါတဲ့..။ ရုပ်ရှင်ပညာလေ့လာလိုက်စားနေသူတွေ ဝါသနာပါသူတွေကြည့်သင့်တဲ့ကားတွေပေါ့..။ အဲဒီထဲပါတဲ့ကားတွေ … ကြည့်ဖူးသူတွေဆွေးနွေးပေးကြပါဦး..။ ကျုပ်တော့ အဲဒီထဲက ..’Fahrenheit 9/11 နံါThe Passion of the Christမှတ်မှတ်ရရ ၂ကားကြည့်ဖူးတယ်..။ ‘Fahrenheit 9/11 ရိုက်တဲ့ မိုက်ကယ်မိုးကိုလည်း ခုသလော စီအန်အန်နဲ့ သတင်းတွေမှာ ပြန်တွေ့နေရတာမိ ု့ .. ဘုရှ်နဲ့အတူ သတိတရဖြစ်ပါတယ်..။ သူက ..ဘုရှ်အစိုးရကို ..ဆော်တာလေ..။ အစိုးရကို ရှုံ့ချသမတဲ့ကားပေါ့..။ The Passion of the Christ ကတော့ ဘာသာရေးကားပါပဲ.။ ခရစ်ယန်တွေကိုယ်တိုင်.. မကြိုက်တာတွေရှိလို့ဆန္ဒပြကြရတဲ့ကားပါ..။ Most Controversial Movies of All Time: 10 Films That Truly Shocked […]


Good IdeaNovember 30, 20101min00
ဒီနေ့ဟာ ကျွန်တော်တို့အတွက် ပုံမှန် မဟုတ်တဲ့ အင်္ဂါနေ့ပါပဲ။ စိတ်မကောင်းစရာ နေ့တစ်နေ့ဖြစ်သလို၊ ကျွန်တော်တို့ CEO လည်း တော်တော် စိတ်မကောင်း ဖြစ်နေရှာပါတယ်။ ဒီမနက် ကျွန်တော့်ကို စကားခေါ်ပြောတဲ့အခါမှာ CEO တော်တော်စိတ်မကောင်း ဖြစ်နေတာကို သိခဲ့ရပါတယ်။ ဟုတ်ပါတယ်။ အင်္ဂါနေ့မနက်တိုင်း ပုံမှန်ဖတ်နေကျ First Eleven Sports Journal ကို ဒီမနက် ဖတ်ခွင့်မရပါဘူး။ နောက်တစ်ပတ်မှာလည်း ဖတ်ခွင့်ရဦးမှာ မဟုတ်ပါဘူး။ ဂျာနယ်တစ်စောင် ထုတ်ခွင့်မရလို့ ဆိုတာထက် ပရိသတ်ကို ပုံမှန်ကျေပွန်ရမယ့် တာဝန်တစ်ခု ပျက်ကွက်ရတာ တော်တော်ဝမ်းနည်းစရာ ကောင်းပါတယ်။ First Eleven Sports Journal ဟာ ကျွန်တော်တို့ရဲ့ဘဝပါ။ Eleven Media Group ရဲ့အစဟာ First Eleven Sports […]


whiteNovember 30, 20101min07
ကဲ ……. ဆေးလိပ်၊ စီးကရက်သောက်ခြင်းဟာ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်တယ်လို့ အပြောခံနေရသူတွေအတွက် …….. ဆေးလိပ်နဲ့ စီးကရက်ကို ဗူးလိုက်အားပေးရလောက်အောင် အရမ်းကြိုက်တဲ့ လူကြီး၊ လူငယ်တွေအတွက် …….. ဆေးလိပ်သောက်ခြင်းရဲ့ အကျိုးကျေးဇူးများကို သိရှိအောင် ဖော်ပြပေးလိုက်ပါတယ်။ (နောင်အခါ သူများမေးရင် ဖြေနိုင်အောင်လို့ပါ။) (၁) ဆေးလိပ်၊ စီးကရက်ကို စွဲမြဲစွာ သောက်ခြင်းဖြင့် သင်ဟာ အိုခြင်း၊ နာခြင်း ကင်းပါတယ်။ (၂) လူ့အသိုင်းအဝိုင်းကြားထဲမှာ သင့်ကို လူရှိန်စေပါတယ်။ (၃) ဆေးလိပ်၊ စီးကရက်ကို စွဲမြဲစွာ သောက်သူရဲ့အိမ်ဟာ သူခိုး ခိုးခံရတဲ့ဘေးမှ လွတ်ကင်းစေပါတယ်။ ဘာကြောင့်လဲဆိုတာ သိခဲ့ရင် comments များနဲ့ ဖြေပေးကြပါလို့ …………. ။

triangle1.jpg

မြန်မာလူမျိုးတွေဟာ ဗုဒ္ဓဘာသာအပေါ်မှာ ယုံကြည်သက်ဝင်ကြပေမဲ့ ရှုမြင်သုံးသပ်တဲ့အခါ မှာတော့ မတူညီကြပါဘူး။ ဘာကြောင့်လဲလို့ ညဏ်မှီသလောက် စဉ်းစားမိတော့ ဗုဒ္ဓဘုရားဟောခဲ့တဲ့ တရားတွေကို ချဉ်းကပ်ပုံခြင်း ကွဲပြားနေလို့ဆိုတာ သတိပြုမိပါတယ်။ ကွဲပြားမှုတွေကို ကြည့်လိုက်ရင် အခြေခံပင်မတရားဖြစ်တဲ့ သစ္စာလေးပါး၊ မဂ္ဂင်ရှစ်ပါး၊ သတိပဌာန်လေးပါး စတာတွေကို များသောဖြင့် လက်ခံကြပြီး အခြားသောဆက်နွယ်ရာ ရှေ့ဘဝ နောက်ဘဝ၊ ၃၁ဘုံ ငရဲ နတ်ပြည်၊ အဘိညဉ်တန်ခိုး၊ ပိဋကတ်သုံးပုံ စတာတွေ အပေါ်မှာသာ ဝိဝါဒ ကွဲပြားနေတာ များပါတယ်။ ဘုရားဟောခဲ့တာ သီလ သမာဓိ ပညာ သုံးပါးနဲ့ သစ္စာတရားကိုရှာဖို့ပါ။ အကျယ်ကတော့ မဂ္ဂင်ရှစ်ပါး တရားကျင့်စဉ်ပေါ့လေ။ သူကလွဲလို့ နိဗ္ဗာန်ရောက်ကြောင်း တခြားနည်းလမ်းမရှိ။ ရှိရမဲ့ အရာသုံးပါးမှာ တပါးပါးက ချို့ယွင်းအားနည်းနေရင် လိုရာကို မရောက်နိုင်လို့ ပြောထားပါတယ်။ […]


kaiNovember 25, 20101min032
ရန်ကုန်ကနေ ပို ့လာတော့ တင်ပေးလိုက်တာပါ..။ ခေါင်းစဉ်ကို ဒေါ်စုကြည်လို့မဟုတ်ပဲ ဒေါ်အောင်ဆန်းစုကြည်လို့ ပြင်ပါတယ်လို့ … ငါးမင်းဆွေက ပြောထားပါတယ်..။ စာတင်တာဟာ ပွဲဆူအောင်တော့ မဟုတ်..။ သမိုင်းမှတ်တမ်းလေးကျန်ရစ်စေချင်လို့ဖြစ်ပါကြောင်းနဲ့… မကျေနပ်သူများက ကောမန့်ရေးရင် ..မဆဲကြစေလိုပါကြောင်း… ယူအက်စ်ရဲ ့ လွတ်လပ်စွာပြောဆိုခွင့်ဆိုတဲ့ စာအဓိပါယ်မှာတော့ နိုင်ငံရေးသမားကို လူထုထဲကတယောက်က(အတိုင်းအတာတခုအထိ)ဆဲဆိုလို့ရပါတယ်..။ အပြန်အလှန် တောင်ပန်ကြေအေးတာလည်း လုပ်ရပါတယ်..။ ဒါပေမဲ့ မြန်မာပြည်ဓလေ့ထုံးစံနဲ ့က အမြင်ရိုင်းစေတာမို ့ ..စာပေါ်တင်ပြီး မဆဲကြစေလိုတာပါ။


weiweiNovember 21, 20101min09
ဒီနေ့ည တရုတ်ကျောင်းသားတွေရဲ့ အင်္ဂလိပ်စာပြိုင်ပွဲကို သွားကြည့်ဖြစ်တယ် … သူတို့တွေ အရမ်းတက်ကြွပြီး ကြိုးကြိုးစားစား ပြိုင်ပွဲဝင်ကြတာကို တွေ့မိတော့ သူတို့နိုင်ငံရဲ့ ပညာရေးစနစ်ကို သိသလောက် ပြန်ပြောပြချင်စိတ်ပေါ်လာတာနဲ့ ဒီပို့စ်ကို ရေးလိုက်ရခြင်းဖြစ်ပါတယ်။ သူတို့တွေရဲ့ အထက်တန်းပညာရေးစနစ်က ကျောင်းသားတွေကို ပင်ပန်းစေပါတယ်။ မဖြစ်မနေဆိုတဲ့ အမိန့်တစ်ခုနဲ့လုပ်နေရသလို သူတို့ကိုယ်တိုင်ကလဲ အပြိုင်အဆိုင်စိတ်ဓါတ်နဲ့ အလွန်ကြိုးစားကြပါတယ်။ မိဘတွေကလဲ တစ်ဦးတည်းသော သားသမီးတွေမို့လို့ အရမ်းပံ့ပိုးကြပါတယ်။ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမှာ အမှတ်ကောင်းကောင်းနဲ့ မေဂျာကောင်းကောင်း ကျောင်းကောင်းကောင်းမရရင် သူတို့နောင်ရေးက ရင်လေးစရာဖြစ်မှာဆိုတော့ အစွမ်းကုန်ကြိုးစားကြရပါတယ်။ အဲဒီလိုနဲ့ တက္ကသိုလ်ရောက်လာရော … နေတဲ့မြို့နဲ့နီးသည်ဖြစ်စေ ဝေးသည်ဖြစ်စေ ကျောင်းသားအားလုံး ကျောင်းဆောင်မှာနေကြရပါတယ်။ တစ်ခန်းကို ၆ ယောက်နေရပြီး ၂ ထပ်ကုတင်တွေနဲ့အိပ်ရပါတယ်။ ပထမနှစ်မှာ စစ်ဝတ်စုံနဲ့စစ်သင်တန်းလိုမျိုး ၃ ပတ်ခန့် လေ့ကျင့်ပေးပါတယ်။ ဘာကြောင့်လဲလို့မေးကြည့်တော့ ကလေးတွေက […]