kneeling-down.jpg

ကျနော်တို့မြန်မာတွေဟာ သတ္တိရှိတယ် ခေါင်းမာတယ်လို့ သတင်းမွှေးပါတယ်၊ ကြည့်ပါလား လူမျိုးအမည်ကိုက မြန်လည်းမြန် မာလည်းမာတဲ့ မြန်မာတဲ့၊ လက်ရုံးရည် ကျန်းမာသန်စွမ်းမှုကို လွန်စွာ အားကိုးခဲ့ပုံရပါတယ်။ ရေမြေတောတောင် သဘာဝခြင်းလည်း နီးစပ်၊ ကိုးကွယ်ရာ ဘာသာတရားခြင်း လည်းတူတဲ့ ထိုင်းလူမျိုးတွေလို မဟုတ်ဘဲ၊ ကိုယ့်ရန်သူက ဘာကောင်ဖြစ်ဖြစ် ပြန်ချတာ သမိုင်းမှာ အထင်အရှားပါ။ ရလဒ်အနေနဲ့ စုတ်ပြတ်သတ်အောင် ခံရတာတော့ တပိုင်းပေါ့လေ။ ပြောချင်တာက မဟုတ်မခံ ငါသာမှန်၏ဆိုတဲ့ ဖိုက်တာမိုက်တီးများပါ။ နေမဝင်အင်ပါယာသခင် ဗြိတိသျှတွေကိုလည်း အညံ့မခံတွန်းလှန်၊ လွတ်လပ်ရေး ရပြန်တော့လည်း အိမ်နီးချင်းနိုင်ငံတွေလို ဓနသဟာယအဖွဲ့ ထဲမှာတောင် မဝင်ခဲ့ဘဲ ကိုယ့်မင်းကိုယ့်ချင်းဘဝကို တည်ထောင်ခဲ့ကြတာပါ။ ဒီနေ့ဧရာဝတီဘလော့ စာမျက်နှာမှာ ကြက်ဖွတ်ခေါင်းဆောင် စစ်အစိုးရအဖွဲ့ ဝန်ကြီးချုုပ် ဆိုသူ ဗိုလ်သန်းစိန် ကမ္ဘောဒီးယားကို သွားလည်တော့ မြန်မာသံရုံး […]

socalled-demo.jpg

လောကကြီးမှာ တူမယောင်နဲ့ကွဲ နီးသလိုလဲ ဝေးကွာလွန်းတဲ့ ကိစ္စတွေ အများကြီးရှိတာကို တချို့က အခွင့်ကောင်းယူပြီး ရှင်းနေတာကို ရှုပ်အောင်လုပ်၊ အတုကို အစစ်နဲ့ ရောင်တော်ပြန် ရောချ ကြလေ့ ရှိပါတယ်။ ထင်ရှားတဲ့ သာဓကတွေ ပြပါဆိုရင် ဥပက္ခာနဲ့ လစ်လျူရှုတာ၊ မေတ္တာနဲ့ အချစ်၊ သတ္တိနဲ့ မိုက်ရူးရဲခြင်း၊ ဆုံးမတာနဲ့ ဖိနှိပ်မှု စတဲ့သဘောတရားတွေပါ။ လုပ်ပုံကတော့ ဘယ်ဟာက လူကြိုက်များနေသလဲကို လိုက်ကြည့်ပြီးတော့ ကိုယ့်အယူအဆကို မိတ်ကပ်ဖို့ပြီး အစစ်အမှန်တွေနဲ့ ရောထဲ့တာပါ။ ဗုဒ္ဓဘာသာ အိန္ဒိယမှာ ဒီလိုကွယ်ခဲ့တယ်လို့ အဆိုရှိပါတယ်။ မြတ်စွာဘုရားသာသနာ ပေါ်ထွန်းလာတော့ တခြား အယူဝါဒတွေက လာဘ်မရွှင်တော့လို့ သင်္ကန်းအရေခြုံပြီး အနတ္တဝါဒ အယောင်ဆောင်၊ သိနားမလည် သူများကို သိမ်းသွင်းပြီး အင်အားရှိပြီ ဆိုတော့ ကိုယ်ပိုင်အယူအဆကို စွဲကိုင်ပါတယ်။ […]

etiquette.jpg

ယနေ့ခေတ် ကမာ္ဘကြီးမှာ နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ တနိုင်ငံနဲ့ တနိုင်ငံ တနေရာနဲ့ တနေရာ ကူးလူးဆက်ဆံမှုတွေဟာလည်း တိုးလို့သာ ဖြစ်ပေါ်နေပါတယ်။ အရင်ကလို ကိုယ့်အိမ်မှာ ကြက်ဖလုပ်နေလို့ မရတော့ပဲ သူများဆီရောက်တဲ့အခါ ကိုယ်နှုတ်အမူအယာ ယဉ်ကျေး ရမှာမို့ အက်တိကတ်လို့ခေါ်တဲ့ လူမှုကျင့်ဝတ်သိက္ခာရှိဖို့ လိုအပ်လာပါတယ်။ အဆင့်အတန်းရှိတယ် မရှိဘူးဆိုတာကလည်း လူအားလုံးအတွက် တပြေးညီသတ်မှတ်ဖို့ မဖြစ်နိုင်လို့ လူအများလက်ခံတဲ့ ဓလေ့ထုံးစံကို စံပြုရမှာပါ။ အများစုဆိုပြန်တော့လည်း ရောက်ရှိရာနေရာဒေသ ကွဲပြန်လို့ သက်ဆိုင်ရာ ထုံးတမ်းစဉ်လာနဲ့ လိုက်လျောညီထွေ၊ ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းက လက်ခံနိုင်၊ ပြီးတော့ ကိုယ်ပိုင် တန်ဖိုးထားတဲ့ ရိုးရာစရိုက်တွေနဲ့လည်း မဆန့်ကျင်တဲ့ အပြုအမူမျိုး ဖြစ်သင့်ပါတယ်။ စဉ်းစားသင့်တာ လိုက်လျောညီထွေဖြစ်အောင် ကိုယ့်ဖက်က ဘာတွေကို ဘယ်၍ဘယ်မျှ အလျော့အတင်း လုပ်သင့်လဲ ဆိုတာပါ။ မြန်မာတွေလို ရေကြည်မြက်နုရာရွှေ့ပြောင်း […]


The RedsNovember 14, 20101min03
ရွေးကောက်ပွဲ ပြီး တာ တစ်ပတ်ပြည်.ခဲ.ပါပြီ။ ဘာ တွေထူး ခဲ.ပါလည်း … ထူး ခဲ.ပါသည်။ အဘယ်ကြောင်.ဆိုသော် ရွေးကောက်ပွဲ တွင် မသမာ မှုများ ရှိခဲ. သည် ။ ဒါက လည်း အားလုးံ အသိ ဖြစ်သည်။ ထူး ခဲ. သည် က ရွေးကောက် ပွဲ တွင် မဲ ပေး သူ သည် ၅၀% မျှသာ ရှိ ခဲ. သည် … ထို သို. ဖြစ်ရခြင်း  မှာ အမေ စု ၏ စကား ကြောင်. ဟု ထင် သည် ။ ရွေးကောက်ပွဲ မတိုင် […]

dreamer1.jpg

လွတ်ပြီတဲ့ဟေ့ ဒေါ်စုကိုပြောတာလား မဟုတ်ဘူး လှောင်အိမ်ထဲကကျား၊ လွှတ်တော့မယ်ဆိုပဲ နိုင်ငံရေးအကျဉ်းသားတွေလား ဘယ်ကလာ ကန်ထဲကိုလွှတ်မှာငါး၊ လွှဲပေးမယ်ဆို အာဏာပေါ့နော် စောင့်နေလေ ပြီးတော့အော်ပေါ့ အဘားအဘား၊ သဘောတူလိုက်ပြီတဲ့ကွ ဆွေးနွေးတော့မယ်ပေါ့ သွားသေလိုက် သွင်းခွင့်ပေးမဲ့ခိုးကား၊ ဖွင့်ပေးတော့မယ်တဲ့ ဈေးကွက်ထင်ပါရဲ့ သိရဲ့သားနဲ့ သူတို့သွားဖို့ကလပ်ဘား၊ ဆက်မလုပ်တော့ဘူးတဲ့ နားတော့မယ်ဆိုပါတော့ ဖြစ်နိုင်ပါ့မလား ရွေးကောက်ပွဲဟဲ့ တယ်..ဒီနွား။


manawphyulayNovember 12, 20101min00
လွမ်းစိတ်နဲ့ အိပ်၍မပျော် သူခေါ်နေသံ နံရံချပ်များ ပဲ့တင်ထပ်နေ လွမ်းချင်းတစ်စ ရေးမရအောင် ကျသည့်မျက်ရည် ဝေ့ဝဲနေခဲ့ ခွဲခွာနေတာ ရက်များကြာလည်း အသည်းရဲ့တစ်နေရာ သူရှိမြဲကွယ် လွမ်းလိုက်ရတာ ပြောမပြတတ်လည်း ကိုယ့်ရဲ့စိတ်က လွမ်းနေဦးမယ် လွမ်းရင်းနဲ့ချစ် ချစ်ရင်းနဲ့လွမ်း ကိုယ့်ရဲ့အလွမ်းက မောင့်ရဲ့အချစ်နဲ့ ကျေပျက်နိုင်မယ် ပြန်လာမယ့်ရက် လက်ချိုးရေရင်း အလွမ်းများနဲ့ စောင့်နေမယ်……


whiteNovember 11, 20101min00
မနေ့ညက ကျွန်တော်အလုပ်ကပြန်ရောက်ပြီး သိပ်မကြာခင်အချိန်မှာဘဲ မောင်ပုံရောက်လာပါတယ်။ “ဟေ့ ……. မောင်ပုံ…….. ဘာဖြစ်လာတာလဲကွ။ မင်း ကြည့်ရတာ မလန်းလိုက်တာကွာ” ကျွန်တော်က လှမ်းမေးလိုက်တဲ့အခါမှာ “ကိုုဖြူလေးရေ …… ကျွန်တော်ဒီနေ့မနက်ပိုင်းက အချိန်အားတာနဲ့ အင်တာနက်ဆိုင်ရောက်သွားတော့ ဖွင့်ကြည့်မိတဲ့ websites တွေနဲ့ ကြားရတဲ့ သတင်းတွေနဲ့ ပေါင်းစပ်ပြီး တွေးကြည့်တော့ တော်တော်လေးကို စိတ်ပျက်ဖို့ကောင်းနေတယ်ဗျ။” “ဆိုစမ်းပါဦးကွ …….. ဘာတွေဖြစ်လို့လဲ ဆိုတာကို” “ကိုဖြူလေးလဲ သိမှာပါဗျာ ……… ကြိုတင်မဲကိစ္စနဲ့ အခုကြံ့ဖွံ့ နိုင်သွားပြီလေဗျာ။ ရာခိုင်နှုန်းက 80 တဲ့ဗျ။” “ဟုတ်လား ……. ဒါဆို လူတွေတော့ ကြံ့ဖွံ့တွေ မတရား ဗိုလ်ကျစိုးမိုးတာ ခံရတော့မှာပေါ့။ “နေပါဦးကွ……ကြိုတင်မဲတွေနဲ့ ဘယ်လိုနိုင်သွားတာလဲဆိုတာ ပြောပြစမ်းပါဦး။” “ကျွန်တော်ဖတ်ရတဲ့ websites တွေမှာ သူတို့တွေရဲ့ […]


whiteNovember 9, 20101min012
ဒီနေ့က ကုမ္ပဏီဝန်ထမ်းတစ်ယောက်ဖြစ်သော ကျွန်တော့်အတွက် အားလပ်ရက်တစ်ရက်ပါ။ တနင်္ဂနွေ ရုံးပိတ်ရက်ဆိုတော့ အိမ်မှာပဲ အေးဆေးနေဖို့ စိတ်ကူးထားတယ်လေ။ ရာသီဥတုကလည်း ပူပြင်းလွန်းတာကြောင့် အပြင်လည်း မထွက်ချင်တော့ပါ။ ဒါကြောင့် ကိုယ်စိတ်ဝင်စားတဲ့စာအုပ်တစ်အုပ်ကို ယူပြီး အိမ်ရှေ့က သစ်ပင်အရိပ်အောက် ပက်လက်ကုလားထိုင်လေးဆီမှာ စာဖတ်ရင်း အနားယူနေမိတယ်။ အဲဒီအချိန်မှာပဲ တစ်လမ်းတည်းမှာနေတဲ့ မောင်ပုံ ကျွန်တော့်ဆီကို ရောက်လာခဲ့ပါတယ်။ သူက အသက် (၂၃) နှစ်ကျာ်လောက်ရှိတဲ့ ဘွဲ့ရ လူငယ်လေးတစ်ဦးပါ။ သူ့မိဘတွေက ငွေကြေး အနည်းငယ်ပြည့်စုံတဲ့အတွက် သူ့အတွက်တော့ ဘဝက အပူအပင်ကင်းလှပါတယ်။ “ကိုဖြူလေး ……. ဒီနေ့တော့ အေးဆေးဇိမ်ကျနေတယ်ပေါ့၊” “ဟားဟား ……မောင်ပုံ၊ မင်းကတော့ ပြောလိုက်မှဖြင့် ကောင်းရောကွာ။ ဒီနေ့တစ်ရက်က ငါတို့လိုဝန်ထမ်းတွေ အနားရတဲ့ နေ့လေကွာ။ ဇိမ်ကျတယ်လို့တော့ မပြောနိုင်လောက်ဘူး ထင်တယ်နော်။” “အေးဗျာ […]


kaiNovember 8, 20107min00
ရွေးကောက်ပွဲ ရလဒ်များအား သပိတ်မှောက် ကန့်ကွက်ခြင်း နိဒါန်း နှစ်ဆယ်ရာစုနှောင်းပိုင်း ကာလက အစပြုပြီး အာဏာရှင်စနစ်ကျင့်သုံးတဲ့ နိုင်ငံတော်တော်များများမှာ ရွေးကောက်ပွဲတွေ ထွက်ပေါ်လာခဲ့ပါတယ်။ တချို့ ရွေးကောက်ပွဲတွေကျတော့ စစ်မှန်တဲ့ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို ဦးတည်ပြီး ပေါ်ထွက်လာခဲ့တာပါ။ တချို့ရွေးကောက်ပွဲတွေကျတော့ မတရားမှု၊ မဲခိုးမဲလိမ်မှုတွေကို အခြေခံပြီး အာဏာရှင်စနစ်ကို ရွေးကောက်ပွဲနဲ့ အကာအကွယ်ယူထားတဲ့ ရွေးကောက်ခံ အာဏာရှင်စနစ် (electoral authoritarianism) ကို အကောင်အထည်ဖော်ဖို့အတွက် ပေါ်ထွက်လာတဲ့ ရွေးကောက်ပွဲတွေ ဖြစ်ပါတယ်။ ရွေးကောက်ပွဲတခုဟာ စစ်မှန်တဲ့ ဒီမိုကရေစီကို ဆောင်ကျဉ်းပေးနိုင်ခြင်း မရှိပဲ၊ ရွေးကောက်ခံအာဏာရှင်စနစ်ကို ဦးတည်နေခဲ့တယ်ဆိုရင် ရွေးကောက်ပွဲ မတိုင်ခင်မှာ သပိတ်မှောက်လေ့ ရှိကြသလို၊ ရွေးကောက်ပွဲကြီး ပြီးဆုံးသွားတဲ့ အချိန်မှာလဲ ရွေးကောက်ခံ အာဏာရှင်စနစ်ကို ကျင့်သုံးနေတဲ့ ရွေးကောက်ခံ အာဏာရှင်အစိုးရကို ဆက်လက် ဆန့်ကျင်လေ့ […]


manawphyulayNovember 6, 20101min07
ဘဝတစ်ကွေ့မှာ ခဏတာ တွှေုခဲ့ကြပေမဲ့ ကံကြမ္မာက တစ်ချိန်မှာ ခွဲခွာခဲ့တာကို အပြစ်လို့ ဆိုကြမှာလား မင်းတို့ကို ခွဲခွာခဲ့ပေမဲ့ ရင်နဲ့အမျှ ခံစားရပါတယ်။ သုံးနှစ်ကျော် လေးနှစ်အတွင်းမှာ ငါ့ရဲ့ သံယောဇဉ်ကို မင်းတို့သိဖို့ကောင်းပါတယ် ငါ့ဘဝမှာ စိတ်ညစ်ရင်လည်း မင်းတို့နဲ့အတူ ပျော်ရွှင်ရင်လည်း မင်းတို့နဲ့အတူ ငါအမြဲရှိနေချင်တာ ငါ့ရဲ့ရင်ထဲက အမှန်တရားပါ ဒီလိုနေ့ကို ငါ့အတွက် ဘယ်တော့မှ မမျှော်လင့်ခဲ့မိပါဘူး မင်းတို့ကို ငါလေ… ဖြေသိမ့်စကားပြောချင်ပေမဲ့ ငါ့ရဲ့စိတ်ဟာ မင်းတို့ထက် ပိုနုတယ်ဆိုရင် မင်းတို့ယုံကြည်မှာလား ငါဟာ မင်းတို့ရှေ့မှာ ကြံ့ကြံ့ခိုင်ရပ်တည်ပြချင်ခဲ့မိတာပါ ဒါပေမဲ့ ငါလေ ဘယ်လိုမှ ဟန်ဆောင်လို့မရခဲ့ပါဘူး။ ငါ့ဘဝမှာ သံယောဇဉ်ရှိတဲ့သူတွေကို ဘယ်တော့မှ မခွဲခွာချင်ဘူး။ ခုတော့ ကံကြမ္မာကြောင့် ငါတို့ ခွဲခွာခဲ့ကြရပြီနော်… ငါလေ မင်းတို့ရဲ့ ချစ်ခြင်းထက် ငါ့ကို […]

Zen1.jpg

ဒီနေ့ ကိုဇင်မျိုးထွန်းရဲ့ ဇင်ပုံပြင်များဆိုပြီး အပိုင်းသုံးပိုင်း ခွဲဖတ်ရပါတယ်။ သိမိသလောက် ဇင်ဗုဒ္ဓဘာသာဟာ တရုတ်ပြည်မှာမြစ်ဖျားခံပြီး ဂျပန်မှာထွန်းကားပါတယ်။ ဇင်ဗုဒ္ဓဘာသာနဲ့ဆိုင်တဲ့ သွန်သင်ဆုံးမချက်တွေဟာ အရမ်းကို မှတ်သားဖို့ကောင်းလို့ အဲဒီလိုသင်ခန်းစာမျိုး ထေရဝါဒဗုဒ္ဓ ဘာသာစာပေမှာ (အထူးသဖြင့် ပြည်ပရောက် မျိုးဆက်သစ် မြန်မာများအတွက်) ရှိသင့်တယ်လို့ ထင်ပါတယ်။ ဘာသာတရား ဆုံးမချက်တွေကို လေ့လာနာယူသူဟာ အနဲဆုံး အောက်ထစ်တော့ အတွေးအခေါ် ဒဿနတခုခုကို ရယူနိုင် ဒါမှမဟုတ် ရှိပါလားလို့ ခံစားနိုင်မှသာလျင် အလေးထားရ ကောင်းမှန်းသိလာကြမှာပါ။ အဲဒီအတွက် ပြောင်းသင့်တာတွေကို ရဲရဲပြောင်းရပါမယ်။ ကိုလိုနီခေတ်ထိ မြန်မာစာပေဟာ ကဗျာရတု လေးချိုးတွေအပေါ်မှာ ကြီးပြင်းလာတာပါ။ ကဗျာဆိုရင် ကာရန်လိုက်မှ၊ စကားပြေ အရေးအသားဆိုတာ လူပြိန်းတွေအတွက်လို့ ရှေးစံနှုန်းတွေကြောင့် လောကီစာတွေတောင် သိုင်းဝိုင်းဖွဲ့နွဲ့မှတော့ ဘာသာရေးစာတွေဟာ ရှေးရိုးဆန်လွန်းခဲ့တာ နားမလည်နိုင်စရာမရှိ။ ခေတ်စမ်း […]


manawphyulayNovember 2, 20101min03
ကျွန်မ နားလည်သလောက် သိမှတ်သလောက် ဆွေးနွေးချင်ပါတယ်။ ဒါဟာ ဘာလဲဆိ်ုတော့ ယူနီကုတ်လို့ ခေါ် တဲ့ Unicode Standard အကြောင်းပါပဲ။ ကျွန်မလည်း တတ်လို့ နားလည်လို့တော့ မဟုတ်ပါဘူး။ နည်းနည်းလည်း သိတာလေးတစ်ခုပါ။အင်း ပြောရရင် ပြဿနာက ကျွန်မတို့ရဲ့ ဘာသာစကားကို ကွန်ပျူတာက မပြောဘူး။ အလုံးစုံအားဖြင့် သူတို့က ဒစ်ဂျစ်တယ်ချည်းပဲလေ။ စာသားတွေကို သိုလှောင်ဖို့ ဒါမှမဟုတ် ကိုင်တွယ်တည်းဖြတ်ဖို့ရာ မပြုလုပ်ခင် စာလုံးတိုင်း၊ သင်္ကေတတိုင်း၊ ပုဒ်ဖြတ်ပုုဒ်ရပ် အမှတ်အသားတိုင်းကို ပထမဆုံး ကိုယ်စားပြု ဂဏန်းများသို့ ပြောင်းပစ်ရမယ်။ ဒါဆို ကွန်ပျူတာ သုံးသူတွေ ဘယ် code ဂဏန်းတွေ သုံးကြသလဲ။ ကျွန်မတို့ ကွန်ပျူတာ မကိုင်ဖူးခင်ကတော့ ကွန်ပျူတာဆိုတာ တော်တော်ကြီးကျယ်ခမ်းနားမှာပဲ။ ဘယ်လိုလူမျိုးတွေ သုံးတာလဲ။ ကျွန်မ […]


fattyOctober 31, 20101min07
အပြစ်တင်ချင်လို့လဲ မဟုတ်ရပါ ….။ အပြစ်ထင်လို့လဲမဟုတ်ရပါ ….။ ကလောင်တချောင်းပိုင်ပြီဆိုရင်ဖြင့် …. ရေးချင်ရာရေးလို့ရကြပြီပေါ့ …..။ တလောက ကျနော်ဖတ်ခဲ့ရတဲ့ အင်တာဗျူး တခုမှာတော့ …..။ ဒီလိုတွေ့ခဲ့ရသဗျား …။ ကျနော်တို့ ဘူဒါးကြီးတွေဘဲဉာဏ် မပြေးတော့တာလား … အခုခေတ်လူငယ်တွေကဘဲ … သိပ်ပြေးနိုင်လွန်းနေတာလား ….။ ကျနော် အင်တာဗျူးကဏ္ဍကို ၃ နှစ် ်လောက်ရေးခဲ့ဘူးပါတယ် ….။ ဒီလိုမေးခွန်းမျိုး မစဉ်းစားမိခဲ့ဘူး ….။ မေးသူ ….. မိန်းကလေးတယောက်ကိုမြင်တဲ့အခါ သူ့ရဲ့ဘယ်ခန္ဓာကိုယ်အစိတ်အပိုင်းကိုကြိုက်လဲ …တဲ့။ ( ကျနော်များဖြေခွင့်ရမယ်ဆိုရင် … နော် … အသည်းယားလိုက်တာ … ) မေးသူ …… တချို့မိန်းကလေးတွေက ချိုင်းမွှေးရိတ်ကြတယ် … တချို့ကမရိတ်ဘူး .. တချို့ကခြေသလုံးမွှေးရိတ်ကြတယ် … […]