မော်ဒန် ရွှေစွန်ညို

စေနDecember 7, 20101min03

မြန်မာပြည် ဘာတွေလိုလို့ မဲမှောင်တယ်။

မီး မလာလို့ မဲမှောင်တယ်။

ရေမီး မလာ ပြည်ကြီးမှာ။

လာပါရဲ့သား ရောင်းလို့ စား။

လျှပ်စစ်ဓာတ်အား ရှားလှတယ်။

မီးစက် မောင်းပြီးလင်းပါ့မယ်။

လောင်စာ ကုန်ကြမ်း ရောင်းလို့ ခမ်း။

ဖယောင်းတိုင် မီးနဲ့ လင်းပါမယ်။

ရေနံ ကုန်ကြမ်း ရောင်းလို့ ခမ်း။

ငွေ လရောင်နဲ့ လင်းပါမယ်။

လ ရောင်ကုန်ကြမ်း ရောင်းလို့ ခမ်း။

ငွေ လရောင် ဘယ် မခမ်း။

သုံး ကြ တို့ ခွဲ တမ်း ။ ။

ရှင်ရဲထွဋ်
ခုခေတ် ကလေးတွေ ရွှေစွန်ညို ဖမ်းတမ်း ကစားရင် အခုကဗျာထဲကအတိုင်း ရွတ်ကြတော့မယ်ထင်ပါရဲ့။ ပရိသတ်တယောက်ပေးပို့တဲ့ သရော်စာ ကဗျာလေးကို ဖော်ပြလိုက်ပါတယ်။

from http://www.irrawaddyblog.com/

3 comments

  • koyinmaung

    December 7, 2010 at 11:11 am

    တော်တော်စိတ်ကူးကောင်းတဲ့လူပါဘဲလါး…

    Reply

  • MaMa

    December 8, 2010 at 12:58 am

    ကောင်းလိုက်တဲ့ကဗျာ။ ဒါပေမဲ့ မခံစားနိုင်ဘူး။

    Reply

  • အာဖျံ ကွီး

    December 8, 2010 at 5:16 am

    မီးလေးရယ်
    မီးလေးရဲ. မော်ဒန် ရွှေစွန်ညိုက မော်ဒန် သံလှောင်အိမ်ထဲ ရောက်မရ်နော …

    Reply

Leave a Reply

Your email address will not be published.