manawphyulayJanuary 19, 20111min017
ဘဝရဲ့ ခါးသီးမှုပမာ မနောတို့ ဝေးခဲ့ကြပြီဆိုပါတော့ အားလုံးကို နှုတ်ဆက်ဖို့ရာ စကားလုံးတစ်လုံးတောင် ရှာမရခဲ့ဘူးဆိုပါတော့ ဝဋ်ရှိရင်လည်း ပြေပါစေ လူခြေတိတ်တဲ့ ထောင့်လေး တစ်နေရာမှာ တစ်ယောက်ထဲ ကြေကွဲနေပါ့မယ်….. လောကမာယာ အားလုံး ဖြတ်သန်း လရောင်ဆန်းတဲ့အချိန်မှာ မနော့ကို မေ့ထားလိုက်ပါလေ… အဆင်မပြေမှုတွေ များနေတဲ့အချိန် မနော့နာမည်ကို သတိရပါလေ….

catincage.jpg

အခုတလော ရွာထဲမှာ၊ မြန်မာမီဒီယာ သတင်းဝက်ဘ်ဆိုက်တွေမှာ ဘုန်းကြီးတပါးဦးစီးတဲ့ စိတ်ဓါတ်မြှင့်တင်ရေးသင်တန်းနဲ့ ပတ်သက်လို့ လူပြောအတော်များပါတယ်။ ထေရဝါဒ ဗုဒ္ဓဘာသာ နိုင်ငံလည်းဖြစ်၊ ဘုရားဟောနဲ့ မအပ်ဘူးလို့ယူဆတဲ့ သင်ကြားမှု ပုံစံကြောင့်လည်း အတော်များများက အလွယ်မှတ်ချက်ပြုတာတွေ ဖတ်ရပါတယ်။ အများစု မှတ်ချက်တွေမှာ သာသနာကို ဖျက်စီးတယ်၊ ဘုန်းကြီးမပီသဘူး၊ စစ်တပ်နဲ့နီးစပ်တယ် (ဒါတော့ ကျနော်လည်းပါတယ်)။ အဲသည်လိုကြေးဆို ဗေဒင် အကြားအမြင်၊ ဆေး အင်းအိုင်လက်ဖွဲ့၊ ဝိဇ္ဇာဂန္ဓာရီ ဘုန်းကြီးများလည်း မလွတ်ပါဘူး။ သူတို့ကြတော့ အင်တာနက်မီဒီယာ ပရိတ်သတ်ရဲ့ ပြင်းပြင်းထန်ထန် တုံ့ပြန်တာ သိပ်မတွေ့ရပါဘူး။ နှစ်ပေါင်းများစွာ မြန်မာ့ယဉ်ကျေးမှုနဲ့ အသားကျနေလို့လည်း ဖြစ်နိုင်ပါတယ်။ အခုသင်တန်းကတော့ အသစ်ဖြစ်နေလို့ ပွက်လောရိုက်သွားသလား မသိပါဘူး။ ကျနော်ပြောချင်တာ ဂဃဏနမသိသေးဘဲ ဘုန်းကြီးတပါးကို လက်လွတ်စပယ် ဝေဖန်မှုကိုပါ။ ဘုရားဟော ဝစီဗေဒထိတိုင်းရှဆိုတာ […]


manawphyulayJanuary 16, 20111min03
သင့်ရဲ့ကိုယ်ရေး အကျဉ်းချုပ်သည် သင့်အလုပ်ရည်မှန်းချက်ထက်ပို၍ အကျိုးသက်ရောက်စေသည်။ “အလုပ်အကိုင် ရည်မှန်းချက်သည် အလုပ်ကိုဗဟိုပြု၍၊ အကျဉ်းချုပ် ဖော်ပြချက်သည် အလုပ်ရှာသူအတွက် ဗဟိုချက်ဖြစ်သည်”။ အကျဉ်းချုပ်ဖော်ပြချက်သည် သင့်အတွေ့အကြုံ၊ ကျွမ်းကျင်မှုများကို ခြုံငုံဖော်ပြသော ဝါကျအားဖြင့် (၁) ကြောင်း၊ (၂) ကြောင်းမျှသာ ဖြစ်သည်။ သင်သည် အရည်အသွေးပြည့်ဝပြီး အခြားအလုပ် လျှောက်သူများနှင့် ကွဲပြားပြီး (ပိုတော်တဲ့) လျှောက်ထားသူဖြစ်ကြောင်း ဒီအကျဉ်းချုပ်ဖော်ပြချက်က သိသာထင်ရှားစေမှာ ဖြစ်ပါတယ်။ Highlighting Your Achievements (သင့်အောင်မြင်မှု အရည်အသွေးများကို သိသာထင်ရှားပါစေ) – တစ်ခါတစ်ရံမှာ အလုပ်ရည်မှန်းချက် တစ်ခုတည်းဟာ ရွေးချယ်စရာ မရှိဘဲကန့်သတ်ထားသလို ဖြစ်တတ် ပါတယ်။ – ကိုယ်ရေးအကျဉ်းဟာလည်း သင့်ရဲ့ပြီးမြောက်ခဲ့သော အလုပ်တွေကို ဖော်ပြနိုင်ဖို့ရန် သိပ်ကို တို


manawphyulayJanuary 16, 20111min00
သင့်ရဲ့ကိုယ်ရေး အကျဉ်းချုပ်သည် သင့်အလုပ်ရည်မှန်းချက်ထက်ပို၍ အကျိုးသက်ရောက်စေသည်။ “အလုပ်အကိုင် ရည်မှန်းချက်သည် အလုပ်ကိုဗဟိုပြု၍၊ အကျဉ်းချုပ် ဖော်ပြချက်သည် အလုပ်ရှာသူအတွက် ဗဟိုချက်ဖြစ်သည်”။ အကျ


manawphyulayJanuary 15, 20111min00
ဆောင်းဦးအဝင် မြူတွေဆိုင်းစ ကာလမှာ ပွင့်ကာစ ဆောင်တော်ကူးတွေရဲ့ ပန်းချီကားချပ်နှင့်အတူ မြက်ပင်ရှည်ရှည်တွေ လေယူရာယိမ်း ဖွေးလှုပ်နေတာ ငေးကြည့်ရင်း ကျွန်မ ပျော်မိတယ်… မမြင်နိုင်တဲ့ တစ်နေရာဆီက သခင့်ရဲ့သတင်းကို ဆောင်ယူလာခဲ့ လေပြည်တွေဟာ ကျွန်မကို နှုတ်ဆက်ပြီး ကျောခိုင်းသွားကြတယ်လေ… ကျွန်မရင်ထဲက လှုပ်ရှားပျော်မွေ့ရင်း ငှက်ကလေးတွေရဲ့ တေးဆိုသံဟာလည်း နားထဲမှာ ချိုမြနေတယ်… အရုဏ်ဦးကနေ ကြယ်ကလေးတွေ မြင်ရသည်အထိ သဘာဝရဲ့ အလှတရားတွေကို ကျွန်မ ခံစားနေမိတယ်…. ကျွန်မ သိခွင့်မရှိတဲ့ တစ်ချိန်ချိန်မှာ ကျွန်မအတွက် တောက်ပတဲ့နေ့ရက်တွေ ရောက်လာတော့မယ်ဆိုတာ ကျွန်မ သိနေခဲ့ပါတယ်… သည်အခါမှာ ကျွန်မတစ်ယောက်ထဲပဲ ကျေနပ်စွာ ပြုံးနေလိုက်တယ်… သည်အချိန်မှာ နှင်းငွေ့တွေဟာ ချစ်ခြင်းရနံ့တွေနှင့် သင်းပျံ့စွာ လှလို့ နေပါတော့တယ် သခင်ရယ်…


manawphyulayJanuary 15, 20111min01
ကန်တော်မင်းကျောင်းဆရာတော်ရဲ့ ကဗျာလေးဖြစ်ပါတယ်။ ပညာမျက်စိ မြင်မရှိဘဲ မသိတရား အယူမှားလျက် စီးပွားမမြော် ကျိုးမပေါ်သား သူတော်မဟုတ် ယုတ်သည့်စရိုက် လူသူမိုက်ကို မကြိုက်မချစ် ရန်သူစစ်သို့ မနှစ်သက်ဘဲ ဝေးစွာရှဲ၍ အမြဲခွာရှင်း ဖဲ့ကြဉ်မင်း တဲ့။ ” လောကမှာ ဖတ်ဖို့အလိုအပ်ဆုံး ဖတ်ဖို့အရေးကြီးဆုံး ဖတ်စာအုပ်နှစ်အုပ် ရှိတယ် ၊ တစ်အုပ်က ‘မိမိကိုယ်’ ဆိုတဲ့စာအုပ် ၊ နောက်တစ်အုပ်က ‘မိမိပတ်ဝန်းကျင်’ ဆိုတဲ့စာအုပ် ၊ အဲဒီစာအုပ်နှစ်အုပ်ကို သေသေချာချာဖတ်ပြီး အကြောင်းအကျိုး ဆက်စပ်တွေးမယ်ဆိုရင် လောကမှာ အောင်မြင်နိုင်တယ် ၊ မြတ်စွာဘုရားဆိုရင် မိမိကိုယ်ကို အဖတ်ကောင်းလို့ ဘုရားအဖြစ်ကိုရခဲ့တာပဲ” လို့ ဘုရားဟောထဲမှာ ဖတ်ဖူးပါတယ်။ ကိုယ့်အတွက်လည်း အကျိုးမရှိ၊ သူများအတွက်လည်း အကျိုးယုတ်စေမဲ့ အလုပ်မျိုးကို လုပ်သောသူသည် လူဖြစ်သော်လည်း လူမမြည်တဲ့။ […]


manawphyulayJanuary 14, 20111min06
ဘဝဆိုတာ အပြောလွယ်သလောက် နေရခက်တဲ့ဘဝကြီးပါ အမှားအမှန် ဒွန်တွဲ အကောင်းအဆိုး ယှဉ်တွဲ ချစ်ခြင်း မုန်းခြင်း မခိုင်မြဲ မတည်မြဲတဲ့လောက ဖြစ်တည်ပျက် ကာလသုံးပါး မမြဲခြင်းတရား လက်ကိုင်ထား အတ္တထောင်လွှား မာန်မာန ဖောက်ပြား ကိုယ်ထင် ကုတင်ရွှေနန်း မောဟ ဖုံးလွှမ်းနေတဲ့ ဒီလူ့ဘောင်လောကကြီးမှာ တရားသဘောနဲ့ ဆင်ခြင် အရာအားလုံးဟာ အနစ္စတွေပါတကား…..


manawphyulayJanuary 14, 20111min00
မနက်လင်းလို့ အိပ်ရာထ အလုပ်သွားဖို့ ပြင်ဆင်ရ စီးမယ့်ရထား မှီဖို့အရေး ပြေးလွှား လှုပ်ရှားရင်း ရထားကြီးက တဂျုန်းဂျုန်း လိုက်ပါရစေဦး ခရီးသည်များ များပြားလာ တိုးကာဝှေ့ကာပါ အလုပ်ရောက်ဖို့ တို့အရေး ပြေးကာ တက်ကာ မနှေး လိုရာရောက်ရင် ဆင်းကြတာ ခရီးသည်များပါ ရထားကြီးက ပို့ဆောင်မြဲ ခရီးဆုံးထိပဲ….


manawphyulayJanuary 14, 20111min08
တစ်ဖက်သားကို နွေးနွေးထွေးထွေး ချစ်ခင်တတ်ရင် ကိုယ့်ကို နွေးနွေးထွေးထွေး ချစ်ခင်မဲ့သူ ပေါ်လာမှာပါ…………….. တစ်ဖက်သားကို မြတ်မြတ်နိုးနိုး ကြင်နာတတ်ရင် ကိုယ့်ကို မြတ်မြတ်နိုးနိုး ကြင်နာမဲ့သူ ရောက်လာမှာပါ……….. တစ်ဖက်သားကို ထွေးထွေးပိုက်ပိုက် ယုယတတ်ရင် ကိုယ့်ကို ထွေးထွေးပိုက်ပိုက် ယုယမဲ့သူ ရှိလာမှာပါ……………… တူသော အကျိုးပေးတတ်တဲ့ ကံတရားကို ဘယ်သူများ ဟန့်တားနိုင်တာ မှတ်လို့ …………..နော် ဟိဟိ မနော ပြောတာ မဟုတ်ဘူးနော်………. အရှင်ဆန္ဒာဓိက ပြောတာပါ။


manawphyulayJanuary 14, 20111min09
ကိုယ့်ကိုယ်ကိုယ် လေးစားတဲ့သူ လူအများကိုလည်း လေးစားတဲ့သူရဲ့မျက်နှာဟာ အင်မတန် ကျက်သရေရှိတယ်။ ခင်မင်စရာ လေးစားစရာကောင်းတယ်။ ဒီလိုလူဟာ စိတ်လည်း ပိုအေးချမ်းတယ်။ နူးညံ့တယ်။ ဒီလိုလူဟာ လူ့အသိုင်းအဝိုင်းရဲ့ ကျက်သရေဆောင်လည်းဖြစ်တယ်။ သူများကို ထိခိုက်သွားအောင် ပြောနိုင် ဆိုနိုင် လုပ်နိုင်မှ ကိုယ့်ကိုယ်ကိုယ် တော်တဲ့သူ စွမ်းတဲ့ ထက်တဲ့သူလို့ ခံစားရသလား။ သူများကိုယ်ကို ကြောက်နေမှ ကိုယ့်ကိုယ်ကိုယ် စွမ်းအားကြီးတဲ့သူလို့ ခံစားရသလား။ သူများ ဂုဏ်သိက္ခာကျသွားမှ ကိုယ့်ဂုဏ်သိက္ခာတက်မှာလား။ ဒီမေးခွန်းတွေကို သေသေချာချာ စဉ်းစားသင့်တယ်နော်။ တကယ် လွတ်လပ်တဲ့သူ၊ စိတ်အေးချမ်းတဲ့သူ ဖြစ်ချင်ရင် ဒီမေးခွန်းတွေကို မှန်မှန်ကန်ကန် ဖြေကြည့်စေချင်ပါတယ်။


manawphyulayJanuary 13, 20111min05
လူတွေသင့်ကို သဘောကျစေချင်ရင် နားထောင်ကောင်းသူတစ်ယောက်ဖြစ်ပါစေ။ တဖက်လူပြောချင်တာ ပြောအောင် အားပေးပါ။ နေမင်းကြီးဟာ မကွယ်ခင်မှာ ကိုယ်တိုင်လည်းတောက်ပ ၊ လောကကြီးလည်း အလှဆင်သလို လူဟာလည်း မသေခင်မှာ ကိုယ့်အကျိုး လည်း ဆောင်ရွက်၊ သူတပါးအကျိုးလည်း သယ်ပိုးကြရပါတယ်။ စိတ်ညစ်ခြင်းဟူသည် လူတွေအတွက် အလွယ်ကူဆုံး စိတ်ခံစားချက်ဖြစ်၍ ပျော်ရွှင်ခြင်းဟူသည်ကား အခက်ခဲဆုံး စိတ်ခံစားချက် ဖြစ်သည်။ လိုအင်ဆန္ဒ အနည်းဆုံးသူဟာ စိတ်အချမ်းသာဆုံးသူပဲ ..တဲ့။ဘယ်လောက်ပဲချမ်းသာ ချမ်းသာ လိုချင်တာတွေ များနေသရွေ့တော့ လိုအင်ဆန္ဒမပြည့်လို့ စိတ်ဆင်းရဲနေမှာပဲ…. အပြိုင်အဆိုင် လောကကြီးမှာရောက်နေတော့ ကိုယ်လည်းပြိုင်ပွဲဝင်နေရမှာပဲ ။ ပြိုင်တဲ့အခါ ပြိုင်တတ်ဖို့လိုတယ်။ မနေ့ကငါ၊ ဒီနေ့ငါ ၊ မနှစ်က ငါ၊ ဒီနှစ်ငါ။ ပိုတော်လာအောင်ပြိုင်ရမယ်။ သူများနဲ့ မပြိုင်နဲ့ ကိုယ်နဲ့ကိုယ်သာပြိုင်။ မပြုံးချင်ဘူးလား။ ပြုံးလို့မရဘူးလား။ဒါဆိုရင် မရရအောင်ပြုံးကြည့်ပါ။တယောက်တည်းနေတဲ့အခါ […]


manawphyulayJanuary 13, 20111min05
ချစ်သူရေ… ကို့ကို့ ….ကို ချစ်လားဟင် ချစ်တာပေါ့ ကိုကိုရယ် ။ ဘယ်လောက်ကြီး ချစ်သလဲ မိုးလောက်ကြီးချစ်ပါတယ် ။ ဘယ်ထဲက ချစ်တာလဲ နှလုံးသားထဲက ချစ်ပါတယ် ။ ဘယ်လောက်ကြာကြာချစ်မှာလဲ ကမာ္ဘတည်သ၍ ချစ်ပါ့မယ် ။ ကိုကို …ဘယ်သွားသွားလိုက်မှာလား လိုက်မှာပေါ့ ။ နတ်ပြည်သွားရင်ကော . . . လိုက်မှာပေါ့ ။ ငရဲပြည်သွားရင် ကော . . . လိုက်မှာပဲ ။ မြို့ ထဲက အနှိပ်ခန်းတွေ သွားရင်ကော သွားရဲသွားကြည့်. . . . အကြောင်းသိရမယ် ။


ၾကယ္ေလးJanuary 12, 20111min01
ရှိဖူးပြီးသားဖြစ်တဲ့တောင်ကိုးရီးယားမှာကျွန်းဆွယ်စစ်ပွဲဖြစ်ပြီးနောက်မှာပြဌာန်းခဲ့တယ်..အခြားနိုင်ငံမြောက်ကိုရီးယားကကျူးကျော်လာရင်မိမိနိုင်ငံအသက် အိုးအိမ်စည်းစိမ်ကိုကာကွယ်ရန်ဖြစ်တယ်။၃နှစ်သင်တန်းအပြင်ကျောင်း(သို့)အလုပ်ကနေမွန်းမံသင်တန်းဆိုတာပြန်သွားရသေးတယ်။အဲဒီအတွက်စက်ရုံကပိုက်ဆံဖြတ်လို့မရဖူး။အချို့ရုပ်ရှင်မင်းသားတွေဆိုသူတို့သင်တန်းသွားတာကိုမှတ်တမ်းတင်ရုပ်ရှင်လေးတောင်လုပ်လိုက်သေးတယ်။ဒါပေမဲ့ဒီလိုသင်တန်းသားတွေကိုသာမန်အချိန်မှာရှေ့တန်းခေါ်ခွင့်မရှိဖူး၁၉၉၆လောက်မှာမြောက်ကိုရီးယားရေငုပ်သင်္ဘောတောင်ကိုရီးယားထဲကတောင်ကုန်းပေါ်မှာစပိုင်လုပ်မဲ့ကွန်မန်ဒိုတွေကိုကမ်းကပ်ပြီးလာချတုန်းကျောက်ဆောင်နဲ့တိုက်ပြီးပြန်မရလို့အကုန်တောင်ပေါ်တင်သွားတာကိုတောနင်းရှာတော့စစ်မှုမထမ်းမနေရအပျော်တမ်းစစ်သားတယောက်ပါသွားတယ်..တောင်ပေါ်ရောက်တော့စစ်ဆင်ရေးအတွက်ပြောကြားနေတုန်းမြောက်ကိုရီးယားကွန်မန်ဒိုတယောက်ကအနောက်ကနေမွှေ့ ထည့်လိုက်တာ၉ယောက်လောက်သေပါရောလား။အဲ့ထဲမှာခုနကအပျော်တမ်းစစ်သားပါပါသွားပါရော။တနိုင်ငံလုံးပွက်လောကိုရိုက်သွားခဲ့တယ်..မြောက် တွေကိုရှာဖွေဖို့တောင်မှာစစ်သားအလုံအလောက်ရှိတဲ့အတွက်စစ်မှုမထမ်းမနေရကိုထုတ်သုံးခွင့်မရှိပါဖူး။ခေါ်သွားတဲ့ဗိုလ်မှုးအရေးယူမခံလိုက်ရပါဖူး။မြောက်ကွန်မန်ဒိုပစ်လိုက်တဲ့အထဲမှာသူပါပါသွားတဲ့အတွက်ပါ။သူတို့နိုင်ငံမှာကတိုင်းတပါးရန်တွန်းလှန်ကာကွယ်ရန်ဆိုတဲ့မျိုးချစ်စိတ်ကြောင့်စစ်မှုထမ်းရတာတရားတယ်..တောင်နဲ့မြောက်စစ်ကလည်းအချိန်မရွေးထဖြစ်နိုင်တာကိုး။အခြားနိုင်ငံတွေအတွက်တော့မလိုသလိုမြန်မာနိုင်ငံအတွက်လည်းမလိုပါဖူး။မြန်မာနိုင်ငံ ဟာလတ်တလောမှာတိုင်းတပါးအိမ်နီးချင်းနိုင်ငံတွေနဲ့အချိန်မရွေးစစ်ထဖြစ်စရာမလိုတဲ့အတွက်ပါ။ဒါဆိုဘာလို့စစ်မှုမထမ်းမနေရဆိုတာကိုဘာလို့ပြဌာန်း ချင်ရတာလဲကိုယ့်လူမျိုးအချင်းချင်းဆွေးနွေးအဖြေမရှာပဲအာဏာရှင်ဝါဒခိုင်မြဲဖို့စစ်သားကိုမီးရထားဘူတာရုံတွေမှာရှာဖွေစုဆောင်းရတာလူပြောများလွန်းလို့တရားဝင်စစ်သားလုပ်နည်းထွင်လိုက်တာပါ.အထက်မှာပြောခဲ့သလိုတောင်နဲ့မြောက်အခြေအနေမျိုးပြည်ပရန်မရှိတဲ့အတွက်ဒီစနစ်မလိုပါဖူး။အခုသူတို့ပြ ဌာန်းချင်တာကအချင်းချင်းသတ်ဖို့ပါ။နိုင်ငံခြားနဲ့တိုက်တာမဟုတ်တဲ့အတွက်မျိုးချစ်စိတ်ဓါတ်လည်းမလိုပါဖူး။ဒီစစ်သားတွေစစ်အာဏာရှင်တည်မြဲဖို့ပြည် တွင်းမှာပဲသုံးမှာပါတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲတိုက်ပွဲဖြစ်ရင်ပေါ်တာနဲ့လူဘန်ကာအဖြစ်လောက်ပဲစည်းကမ်းစနစ်မရှိသုံးကြမှာပါ။လူဘန်ကာ တွေအဖြစ်မခံချင်ရင်ဒီဥပဒေမထွက်ခင်ထဲကကြိုကန်ကြဖို့အားလုံးမှာတာဝန်ရှိပါတယ်။။ ရဲရင့်ငယ် စစ်သားနှစ်သိန်းကျော်ထွက်ပြေးတယ်။ နအဖ စစ်တပ်ဖွဲ ့စည် းပုံအရ တပ်ရင် းတရင် းဟာ စစ်သာ ၇၇ရ ယောက်ရှိရမှာဖြစ်ပါတယ်။ တပ်ရင် းပေါင် း က ၅၀ဝ ခန် ့ရှိတယ်။ ဒါကြောင့် ၇၇ရ အမြောက် ၅၀ဝ ဟာ တပ်သာ း ၃၈၈၅၀ဝ ( လေ းသိန် းနီ းပါ းရှိရမှာဖြစ်ပါတယ်။ ) ကျနော်တို ့မနပုလောစစ်ဆင်ရေ းကာလမှာ တပ်ရင် းတရင် းဟာ ၆၀ဝ ကနေ ၇၇ရ ယောက်ကြာ းမှာရှိပါတယ်။ ခုတော့ […]