၁၃ ရက်နေ့ မနက် အိပ်ယာနိူးနိူးခြင်း ယောက်ဖတော် ( အစ်မ ယောင်္ကျား ) ဆိုင်ကယ်နဲ့ ရွှေကူရဲ့ လူအစည်ဆုံးဆိုတဲ့ လဘက်ရည်ဆိုင်ကို ထွက်ခဲ့ကြတယ် ၊ မစားရတာ ကြာလှပြီဖြစ်တဲ့ မိုးတားစတိုင်လ် မုန့်တီကို ၂ ပွဲဆက် စားပြီးသကာလ မြစ်ကမ်းပါးကိုရောက်ဖြစ်ခဲ့တယ် ၊ ဪ ဧရာဝတီဟာ ကော်ဖီရောင်ပေါက်နေရှာပြီပဲ ၊ ထိန်းသိမ်းမှု ညံ့ဖျင်းလှလို့ အရင်က ကမ်းပါးနဲ့လည်း တခြားစီ ဖြစ်ခဲ့ပြီပဲလေ ၊ အရင်က ကျနော်တို့ နေခဲ့တဲ့အိမ်နဲ့ မြစ်ကမ်းပါးဟာ ပေ ၅ဝ ကျော် ကွာပေမယ့် ပြိုပျက်မှုတွေကြောင့် အခုဆို ၁၅ ပေလောက်ပဲ ဝေးပါတော့တယ် ၊ ကွန်ကရစ်ကျောက်စီ နံရံတွေနဲ့ ရေအားကိုထိန်းဖို့ ပြင်ဆင်ထားပေမယ့် ရေကြမ်းမယ့် မိုးတွင်းမှာ […]


သူကေလးApril 26, 20131min03
    နေသာသောနေ့တစ်နေ့ ဖြစ်လိုက်ချင်သည် အပိုင်း (၇)     —————- အခန်း (၁၁)     ကျွန်မထိုင်နေတုန်း ၁၅မိနစ်လောက်ကြာတော့ ကားသံလေးကြားမိတာနဲ့ အိမ်တံခါးပြန်ပိတ်ကာ အပြင်ကို   အားမပါတဲ့ခြေလှမ်းတွေနဲ့ထွက်လာခဲ့သည်။   ကားပေါ်မှာ အမောတကောပြေးဆင်းလာတာ ကျွန်မကိုသိပ်သံယောဇဉ်ရှိပါတဲ့ဆိုတဲ့ ဗိုလ်ပေါ့။   “ဟန်နီဘာဖြစ်တာလဲဟင်….ဗိုလ်ဘာလုပ်ပေးရမလဲ .. ဘာကြောင့်ငိုနေရတာလဲကွာ .. ဒီမျက်ရည်တွေအခုသုတ်ပစ်”   “ဗိုလ် ဟန်နီမကျရှုံးချင်ဘူး  ဟန်နီ့ကိုကူညီပါနော် ဟန်နီကိုကို့ကိုအရမ်းချစ်တယ်”   “ဘာဖြစ်တာလဲဟန်နီရာ မငိုနဲ့ဖြေးဖြေးချင်းဗိုလ့်ကိုပြောပြလေ နော် … ကဲခုဘယ်သွားမလဲ ဒီမှာထိုင်နေလို့မကောင်းဘူး”   “မသိဘူးဗိုလ် ဟန်နီအသက်တောင်မရှူချင်တော့ဘူး”   “ကဲ ဒါဆိုလည်းထ .. ဗိုလ်တို့တနေရာသားရအောင် လာလာ မျက်ရည်တွေမကျနဲ့တော့ဆိုမှ”   ဗိုလ်ကကျွန်မကိုဆွဲခေါ်ရင်း […]


ဒီအပိုင်းမှာတော့ ကြုံခဲ့ရတဲ့ လူတွေအကြောင်းကို ပြောပြပါမယ်။ သူများအကြောင်းတွေပြောမယ်ဆိုတော့ အတင်းလိုမျိုးများ ဖြစ်မလားလို့ တွေးမိပါသေးတယ်။ ကိုယ့်ကိုကိုယ်ပြန်ကြည့်ပြန်ရင်လည်း ပြီးပြည့်စုံနေတဲ့လူတစ်ယောက်တော့ မဟုတ်ပါဘူး။ အထူးသဖြင့် သီလစောင့်ထိန်းတဲ့အချိန်တစ်လျှောက်လုံး ကျွန်မတို့သူငယ်ချင်းတွေစုပြီး စကားပြောကြတဲ့အတွက် သီလတစ်ပါးကျိုးတယ်လို့များ ပြောလို့ရမလားတော့ မသိပါဘူး။ မျက်စိရှေ့မြင်နေတာတွေကိုတော့ ကြည့်ပြီး ပြောဖြစ်ခဲ့ကြတာ အမှန်ပါပဲ။ ဒီတော့ ဒါလေးတွေကိုပဲ ပြန်ပြီး ဖောက်သည်ချပါရစေ။   ပထမဆုံးကတော့ လူငယ်တွေများတဲ့အလျောက် စကားတွေအသားကုန်ပြောကြတာပါ။ လူများတဲ့အတွက် အသံတွေက ဆူနေပါတော့တယ်။ ကျွန်မတို့လည်း စကားပြောတဲ့အထဲမှာ ပါပါတယ်။ နာရီဝက်နားချိန်ပေးရင် စင်္ကြံမလျှောက်ဖြစ်ပါဘူး။ အစကတော့ လျှောက်မလို့ ကြိုးစားကြည့်ပါသေးတယ်။ ပတ်ဝန်းကျင်က လှုပ်လှုပ်ရွရွ၊ စကားသံတွေကကြားနေရဆိုတော့ အမှတ်မကပ်နိုင်တာနဲ့ပဲ မလျှောက်ဖြစ်တော့ပါဘူး။ လူငယ်များတယ်ဆိုတဲ့နေရာမှာ ယောက်ျားလေးက (၁၀၀)ကျော်လောက်ရှိပါတယ်။ အက်ဆစ်သံကြားလို့ အိမ်ကအတင်းပို့တာကြောင့် ရောက်လာကြပုံပါပဲ။ ဘာလို့လဲဆိုတော့ တစ်ရက်နှစ်ရက်အတွင်းမှာ တဖွဲဖွဲပြန်သွားကြလို့ပါ။ […]


ကာရံApril 25, 20131min010
အတုလည်းမသင်ပါနဲ့ မြင်သမျှတွေက မင်းအတွက်တော့ အဆိပ်တွေဆိုတာ သိထားသင့်တယ်လေ သူများရိုင်းတိုင်း ကိုယ်ရိုင်းနေရင် အလှဆင်ထားတဲ့ လောကကြီးက သောကတွေကိုယ်စီ ရနေလောက်ပြီ တစ်မိုးအောက်မှာ အသက်ရှူတာချင်းတူပေမယ့် လူတွေက တစ်ခါတစ်လေမှာ ခက်တော့ခက်သား ငါဆိုတဲ့ မာနကို ခဝါမချသေးသရွှေ့တော့ တန်ဖိုးဆိုတာ အဘယ်တန်ခိုးနဲ့ ဖန်ဆင်းရှင်လဲလေ မျက်ရည်တွေ မကျချင်စမ်းပါနဲ့ကွာ ခြွေကျလာတဲ့ မိုးစက်တွေအောက်မှာ မင်းလေးတစ်ယောက် အပြုံးဖက်နိုင်မယ်ဆိုရင်လေ လေပြေလေးတွေက အဖော်အဖြစ် ရပ်တည်နေတက်ပါတယ် မုန်းတိုင်းဘယ်လောက်ထန်ထန် ကြံ့ကြံ့ခံနိုင်သေးတဲ့ ဇွဲကို သုံးပြီး လုံ့လစိုက်ထုတ်တက်ဖို့ မင်းကြိုးစားသင့်ပါပြီ ခေတ်မကောင်းတဲ့ လောကကြီးမှာ မင်းလေးတစ်ယောက် သောကကြီးစွာ မရောက်ရအောင် ရိုးသားတဲ့ စိတ်ထားနဲ့ မေတ္တာ စေသနာတွေကို တိုးပွားရင်း နိုးကြားနိုင်ပါစေ သူငယ်ချင်း                                  ပိတောက်မိုး


ကာရံApril 25, 20131min014
ဒီမြေမှာကြီး ဒီမြေမှာမွေး ဒီရေကိုသောက် ကြီးပြင်ခဲ့တဲ့ ချစ်သမီးငယ်ရေ ရိုးရာမပြက်စေဖို့ ဒို့ဗမာ ဆင်ယဉ်ခဲ့ပုံလေးတွေက တစ်မျိုးချစ်စရာ့ အမွေတွေပါ တိုင်းတစ်ပါးကိုတုယှဉ်ကာပြိုင်ရင် မင်းလေးတစ်မျိုးဖြစ်စရာ ရိုင်းပန်းငယ်လေးပါ အပြုသဘောဆောင်ရရင် မင်းဝတ်ခဲ့တဲ့ တန်ဆာဆင်ယင်ပုံလေးက ဒေါင်းယောင်ဆောင်သော ကျီးပမာ အကျည်းတန်စွာ လှနေရော့ပေါ့ မြန်မာဆိုရင်လေ ငပိနဲ့ အတို့အမြှုပ်လေးတွေးလေ တို့တစ်တွေအတွက်တော့ ချစ်စရာ့ အမွေလေးပါကွယ် သနပ်ခါးကို ဘယ်ညာလူးလို့ ဆင်ရင်တက်ရင်လေ မြင်သူတစ်ကာငေးလောက်ဖွယ် အမျိုးဂုဏ်တက့်စေမယ် ဆိုတာ မေ့များနေရော့သလား သမီးငယ် ဆင်ခြင်လှည့်ပါလေ အမြင်တစ်မျိုးမရိုးရအောင် ချိတ်ထမှီ နဲ့ ယဉ်ဖုံးလို့ ဆံကေသာ လေမှာဝဲ ပွဲတစ်ကာတည့်တယ်သူမို့ အမျိုးလည်းမပျောက် တိုးတက်အောင် ကြံဆောင်ကာ သားကောင်းမိခင် အမှန်ဖြစ်ထိုက်အောင် ရိုးရာငပိနဲ့ တို့စရာ လေးတွေကို မင်းအမှတ်ရတက်ပါစေ ချစ်သမီးရေ                        ပိတောက်မိုး


ကာရံApril 24, 20131min07
ပေးဆပ်ခြင်းလား ရယူခြင်းလား အများနဲ့အတူတဲ့ မင်းရဲ့စိတ်က လောကကို အလှဆင်ခြင်းလား ဒေါသကို မွန်းမံနေခြင်းလား ကြည့်စမ်းပါဦး လောကအလည်မှာ သောကတွေ ဗလာပွနဲ့ တည်ရာမရသေးတဲ့ သူတွေအတွက်ရော မင်းစဉ်းစားမိရဲ့လား………. ဒေါသကိုအမှောင်ဖုုံးနေတဲ့ မင်းတို့ရဲ့လက်သုံးစကားက သုံးမရအောင် ပျက်သုံးနေပြီဆိုတာ ဆင်ခြင်စမ်းပါကွာ အေးချမ်းနေတဲ့ လူသားလောကကြီးကို ဘာကြောင့်များ မုသားတွေသုံးပြီး ဖုံးနေရတာလဲ အမှန်ကို အမြင်တာလား အမြင်တွေက မမှန်ကန်သေးတာလားလေ တရားသံတွေရဲ့လမ်းလေးမှာ မင်းလျှောက်လှမ်းနိုင်ခဲ့မယ်ဆိုရင် သူငယ်ချင်းရေ ပန်းတွေအစဉ်တွေတော့မယ် မြို့သစ်လေးကို ခွန်အားတွေပေးသနားရင် ကြင်နာတက်ပါစေလို့                                            ပိတောက်မိုး


ကာရံApril 24, 20131min06
အိမ်လေးလဲဟောင်းအိုခြေပြီ နှောင်းအတိတ် ခြေရာကောက်လို့ ခြောက်သွေ့တဲ့ ရွှက်ကြွေတွေကြားမှာ ငါမရောက်တာ အတော်ကြာပေါ့ ဥဩဌက်တေးသီသံကြား ခြားနားတဲ့ အတိတ်ပန်းချီကားတစ်ချပ်က အော် အခုတော့ စိတ်စေရာကိုဖန်တီးနေသလားလေ နှစ်မျောနေတဲ့ သံဇဉ်တွေကြားမှာ ငါ့နှလုံးသားလဲ အမေ့အိမ်ကိုတမ်းတနေဆဲလေ ငယ်ကာမှစလို့ ယခုထိတိုင် ကျွေးမွေးနေဆဲ အမေ့မေတ္တာတွေအောက်မှာ သားမရောက်တာ နှစ်ပေါင်းဘယ်လောက်များ ကြာနေပြီလဲ မေမေရေ တမ်းတတိုင်း လွမ်းမဝလို့ သားကျတဲ့မျက်ရည်စက်တွေက ပြုစုခွင့်မရလို့ မုန်းများနေပြီလားလေ သားသိပါတယ်မေမေ ဘယ်လောက်ဆိုးဆိုး ပြစ်မထားရစ်တဲ့ မေမေ့မေတ္တာတွေကတော့ အနန္တကမ္ဘာအိမ်ငယ်လေးပါ အခြေအနေမပေးလို့ ဝေးကွာနေဆဲ ကာလတွေမှာ သားလေးဘေးကင်းပါစေကြောင်း ဆုတောင်းနေတဲ့ မေမေ့ တေးသီသံလေးအောက်မှာ သားနိုးမထချင်သေးဘူးမေမေ အိပ်ရာဝင်ပုံပြင်လေးမဆုံးခင် အပြေးလာချင်တဲ့ ခြေလှမ်းတိုင်း မေမေပေးတဲ့ခွန်အားတွေနဲ့ သားလေ လောကကို အလှဆင်နိုင်တဲ့တစ်နေ့ ရင်ခွင်ဟောင်းရဲ့ တစ်နေရာကို သားလေးအပြေးသာ လှမ်းလာချင်ပါတော့မယ်  မေမေရယ် […]


သူကေလးApril 24, 20131min09
နေသာသောနေ့တစ်နေ့ ဖြစ်လိုက်ချင်သည် အပိုင်း (၆) အခန်း (၉)   အိမ်ပြန်ရောက်တော့ ဘာမှရေရေရာရာလုပ်စရာမရှိတာမို့ အိပ်ခန်းထဲဝင်ကာကိုကို့အကြောင်းတွေစဉ်းစားနေမိသည်။ တကယ်တော့ ကိုကိုဟာထူးခြားဆိုတဲ့ နာမည်နဲ့မှမလိုက်မဖက် ဘာမှမထူးခြားပါဘဲ ကျွန်မစိတ်ဝင်စားနေခဲ့မိတာ။ အဲဒီမှာမှ စပြီးထူးခြားသွားတော့တာပဲ။ တွေးရင်းနဲ့ ကျွန်မပြုံးလိုက်မိသေးသည်။ ဘာကိုမှန်းမသိအသည်းယားသလိုဖြစ်လာတာမို့ နံဘေးမှာရှိတဲ့ ဗိုလ်ပေးတဲ့ popeyeအရုပ်လေးကိုတစ်ချက်ညှစ်လိုက်မိသည်။ အရုပ်ကတကယ့်ကိုသေးသေးလေးရယ်ပါ။ မနက်ကပြန်ကာခါနီးမှ ဗိုလ်ကကားထဲကအဲဒီအရုပ်လေးကိုထုတ်လာခဲ့ပြီး ကျွန်မကိုလက်ဆောင်ပေးခဲ့တာ။ သူပြောတဲ့စကားလေးကတကယ့်ကိုချစ်စရာလေးပါ “ဗိုလ်ကဟန်နီ့ကိုကိုထက်စာရင် ဟန်နီ့ရင်ထဲမှာနေရာပိစိလေးပဲရထားတာဆိုတော့ ဒီအရုပ်ပိစိလေးကဗိုလ့်ကိုကိုယ်စားပြုမှာပါ” တတ်လည်းတတ်တဲ့ ဗိုလ်။ ဒါနဲ့များတောင် သူကကျွန်မကိုလည်လိုက်တာတဲ့။ သူကမှ ငလည်ကြီးဆိုတာသူသိရဲ့လားမသိ။ ဟုတ်တယ်။ ကိုကိုနဲ့ယှဉ်ရင်တော့ နင်ကငလည်လေးပါ ဗိုလ်ရယ်။ အခြေအနေနဲ့အချိန်အခါကိုလိုက်ပြီးလှုပ်ရှားတတ်တယ်။ ပြောတတ်ဆိုတတ်တယ်။ အဲဒီအပြင် ငါ့ရင်ထဲပါ ဝင်ပြီးနင်ကသိတတ်နေလိုက်တာ။ ငါချစ်တဲ့ကိုကိုနဲ့တော့ကွာပါ့။ ကိုကိုဆိုဘယ်တော့မှမိန်းကလေးတွေရဲ့အကြိုက်ကိုမပြောတတ်။ သူနေတတ်သလိုသာနေပြီးစိတ်ထဲရှိတာကို ရိုး၂သား၂နဲ့ပြောတတ်တဲ့အကျင့်လေ။ တကယ်ဆိုကိုကိုသာသိတတ်နားလည်မယ်ဆိုဟန်နီဘယ်လောက်ထိပင်ပန်းနေပြီဆိုတာသိသင့်ပါတယ်။ ဘယ်လိုတန်ခိုးတွေနဲ့ ဟန်နီ့ကိုဖမ်းစားထားလဲဟင်။ “ဆည်းလည်းသံတွေလို .. […]


              ……………….. ……………….. ……………….. တရားစခန်းသို့ တစ်ခေါက် (၁) http://myanmargazette.net/173951/creative-writing ……………….. ……………….. ………………..   ဆရာဦးရဲမြင့်က ပဋိစ္စသမုပ္ပာဒ်သင်တန်းတရားကို သင်ပါတယ်။ ဆရာဦးမောင်မောင်ကတော့ မဟာသတိပဌာန်တရားနဲ့ လိုရင်းတိုရှင်းဝိပဿနာတရားတို့ကို သင်ပါတယ်။ ဆရာနှစ်ယောက်စလုံးက သင်ကြားပေးတာ အရမ်းကောင်းပါတယ်။ ဆရာဦးရဲမြင့်ကတော့ မိုးကုတ်တရားအတိုင်း ပဋိစ္စသမုပ္ပာဒ်လည်ပုံပြတ်ပုံတွေကို အပြင်ဗဟုသုတတွေနဲ့ရော၊ စက်ဝိုင်းနဲ့ရော အသေအချာသင်ပေးပါတယ်။ လေယူလေသိမ်းကတော့ ဆရာတော်တွေတရားဟောတဲ့လေသံနဲ့ တူပါတယ်။ ဆရာဦးမောင်မောင်ကတော့ အပြည်ပြည်ဆိုင်ရာဓမ္မစက္ကဖောင်ဒေးရှင်း (I.D.F) ကဖြစ်တဲ့အတွက် ဘာသာရေးအသိတွေ၊ အမျိုးဘာသာသာသနာကို ကာကွယ်စောင့်ရှောက်ဖို့တွေ၊ မြတ်စွာဘုရားရဲ့တရားတော်တွေဟာ သိပ္ပံနည်းကျတဲ့အကြောင်းတွေ စတဲ့ ဗဟုသုတတွေကို ထည့်သွင်းပြောကြားတဲ့အတွက် ကျွန်မတို့လို ဘာမှမသိသေးတဲ့လူငယ်တွေအတွက်ကတော့ တကယ့်ကို မှတ်သားစရာပညာတွေပါပဲ။ ဆရာရဲ့စာအုပ်တွေကိုလည်း ပြန်ကြားရေးဌာနမှာ ဝယ်လို့ရပါတယ်။ အခွေတွေလည်း ရှိပါတယ်။ တကယ်တော့ […]


ကာရံApril 23, 20131min011
ငြိမ်သက်နေတဲ့ အခန်းငယ်ထဲမှာ အခုတော့ တစ်ယောက်ထဲ ဆွေးကျန်ရင်း ပြင်းရှရှ ဝိုင်တစ်ခွက်အလည်မှာ ငါ့ ဦးနှောက်တွေ ယစ်မူးနေရောပေါ့ အဖော်မဲ့နေတဲ့ ဂစ်တာလေးလဲ ဟောင်းနွမ်းအတိနဲ့ ယိုင်နေတဲ့ သံဇဉ်တွေကြားမှာ ငါရဲ့အသံကို ဘယ်လိုအစပျိုးရတော့မလဲချစ်သူ လွမ်းနေရော့မလား စန်းရေတွေအောက်မှာ အပန်းမဖြေနိုင်တော့တဲ့ ငါ့ရဲ့ နွမ်းနေတဲ့ နှလုံးသားလေးလဲ အခုတော့ အနမ်းမဝေနိုင်တော့ပါလားလေ ချစ်သူရယ် ငါလွမ်းတိုင်း တစ်ခါ ငိုရတော့မယ်ဆိုရင် အခုဆို မိုးစက်တွေဆိုရင်လေ ငါ့အသည်းတွေပါလားလို့ မင်းတွေးလောက်ပြီပေါ့နော် အထီးကျန်နေတဲ့ ထိုအခန်းငယ်လေးရဲ့ နောက်မှာ မင်းလောက်တစ်ယောက် ရောက်နှင့်နေမယ်ဆိုရင် အဖော်ပြုနေတဲ့ဝိုင်လေးလဲ ပြိုလုလုဖြစ်တည်နေပြီပေါ့…………….                                            ပိတောက်မိုး


ကာရံApril 23, 20131min011
နှလုံးသွေး အေးဆက်နေတဲ့ မင်းတို့ရဲ့လက်တွေက မသိနားမလည်သေးတဲ့ ကလေးငယ်တွေရဲ့စိတ်ဓာတ်ကို သံချေးတက်အောင် မင်းလုပ်နေတာလား အနာဂတ် အလင်းရောင်အောက်မှာ ပျောက်ရှနေတဲ့ သူတို့လေးတွေရဲ့စိတ်ကို မင်းအလေးထားပေးစေချင်တယ် သူငယ်ချင်း ရိုင်းတာကလွယ်ပေမယ့် ယဉ်ကျေးမှုပျောက်တော့မယ့် ငါတို့ တိုင်းပြည်လေးကို ငြိမ်းချမ်းရေး ပန်းခင်းလေးဖြစ်အောင် မင်းပျိုးမပေးနိုင်သေးဘူးလားကွာ မျိုးစေ့တိုင်းက အောင်ပြီးသားပါ လယ်ယာကောင်းအောင်ပြင်ထားပေမယ့် မင်းပျိုးလိုက်တဲ့ မျိုးလေးက သံယောဇဉ် မိုးအေးလေးတွေနဲ့တွေ့ရင်လေ မင်းပျော်နိုင်လောက်ပါတယ် တစ်နေ့မှာ ဖြစ်ပေါ်လာမယ့် အပင်ရဲ့ အရိပ်အောက်မှာ မင်းတစ်ခေါက်ခိုနားနိုင်မယ်ဆိုရင် မျိုးဆက်တိုင်းလဲ ကြည်နူးမဆုံးပြီမို့ သွေးစာနေတဲ့ မင်းရဲ့လက်တစ်စုံကို အေးချမ်းတဲ့ တရားသံတွေအောက်မှာ ဆယ်ဖြာမိုးဦးညွတ်ရင်း ငြိမ်းချမ်းပါစေလို့ ငါဆုတောင်းပေးလိုက်ပါတယ်ကွာ                                                    ပိတောက်မိုး


                ခေါင်းစဉ်ကိုကြည့်ပြီး မွန်မွန်တစ်ယောက် တရားပဲဟောတော့မလား၊ ဒါမှမဟုတ် တရားပဲပေါက်သွားပြီလား၊ ဘာလားညာလား မထင်လိုက်ပါနဲ့နော်။ ဒုတိယအကြိမ်ဆိုပေမယ့် ပထမအကြိမ်လို ဖြစ်နေလို့ပါ။ ပထမအကြိမ်တုန်းက ဆယ်တန်းဖြေပြီးတဲ့အချိန်ဆိုတော့ ကလေးသာသာ ဘာမှအာရုံမရှိဘဲ တရားစခန်းဝင်တာဆိုတော့ အခုနေပြန်တွေးကြည့်ရင် ဘာမှမမှတ်မိတော့ဘူး။ ဆိုတော့ ကျွန်မအတွက် ပထမဆုံးအကြိမ်အတွေ့အကြုံတွေကို အရမ်းပြောပြချင်လို့ပါ။ အခုမှ သေချာဝင်ဖူးတာဆိုတော့ ကိုယ့်အတွက် အသစ်ဖြစ်နေတာလည်း ပါတာပေါ့နော်။ ရွာထဲမှာ ဖောက်သည်ပြန်ချတာပါ။ အမှတ်တရလေးလည်း ဖြစ်အောင်ပေါ့။ အားနာပါးနာနဲ့ ဖတ်ပေးကြပါဦးနော်။   ပိတ်ရက်ဆိုရင် နယ်ပြန်ချင်တာ ရွရွတက်နေတဲ့ ကျွန်မတစ်ယောက် ဒီနှစ် သင်္ကြန်ပိတ်ရက်ရှည်မှာ အိမ်ပြန်ချင်စိတ်မရှိတာ နည်းနည်းထူးခြားတယ်ရှင့်။ သူငယ်ချင်းတွေကတော့ ပြောကြပါတယ်.. ဟိုလူမရှိလို့ ပြန်မလာတာမို့လား၊ ဒီလူမရှိလု့ိ မပျော်နိုင်တာမို့လား၊ […]


marblecommetApril 22, 20131min08
နတ်တို့ စံပျော်ရာရေကန် ကို ယုံမှတ်ပြီး …အဲဒီ ကမ်းပါးမှာ မျှော်လင့်ခြင်းကို အတင့်ရဲမိတော့ ဒုက္ခဟာ… လင်ပစ်မ တစ်ယောက်ရဲ့ ညည်းချင်း လို ငါ့ တစ်ကိုယ်ရေ မိုးဦးလေဦး ထဲ မုန်တိုင်းတွေပဲ မြူးထူးကခုန်သွားကြ…။ … … ဝေးလံခေါင်သီလွန်းတဲ့ တောင်တန်းကြီးရဲ့ နောက်ကွယ် က ရွှေမြို့တော်မှာ တစ်သက်လုံး ရှာနေခဲ့ရတဲ့ ငါ့ အလင်းတံခါးလေး ရှိမလား ဆိုပြီးတော့…. ဖောင်ဖျက်မိုက်မှားမိပါတယ် ရိုးရာပုံပြင်တွေပဲဖြစ်လို့…။ … … တစ်ခါတစ်ရံ ချိုချဉ် အရသာလေး ကျွေးဖူးတဲ့ မေးထူးခေါ်ပြော ကံတရားကိုတောင် မုန်းတတ်လာပါပြီ…။ … … အလည်လာသော မိတ်ဆွေရေ့…. ငါကလည်း သင်နဲ့အတူတူပဲဆိုတာ မသိခဲ့တဲ့ စိတ်ကြီးဝင်မှုကို ခွင့်လွှတ်ပါ…။ ။ 22.4.2013 တနင်္လာ […]