သူကေလးApril 22, 20131min013
နေသာသောနေ့တစ်နေ့ ဖြစ်လိုက်ချင်သည် အပိုင်း (၅) အပိုင်း (၆)   အခန်း (၇) Akar Bo : သိပ်ပျော်နေတယ်ပေါ့လေ။ ဟု စာတန်းလေးပေါ်လာတော့ ကျွန်မကျိတ်ပြုံးမိသည်။ Honey : ဒါပေါ့ ဒါပေါ့ Akar Bo : ဟာ ကောင်မလေးတစ်ယောက် ရှက်လဲမရှက်ဘူး ကြည့်စမ်း Honey : အိုး ရှက်စရာလား ပျော်လို့ပျော်တယ်ပြောတဲ့ဟာ Akar Bo : ကြိုက်တယ် ံHoney : ဟင် ဘာကိုပြောတာလဲ Akar Bo : အဲ တစ်မျိုးမထင်နဲ့နော် စိတ်ဓာတ်ကိုပြောတာပါ Honey : တော်သေးတာပေါ့ Akar Bo : စိတ်ကူးယဉ်မနေပါနဲ့ဗျာ ခင်ဗျားကိုမကြိုက်ပါဘူး ံHoney […]


marblecommetApril 21, 20131min015
အခုတလော ရွှေမန်းမြို့က ကျုပ်မိတ်ဆွေကြီးကို အတော်လေး သတိရနေမိတယ်။ အခုတလော သတိရတယ်ဆိုလို့ အရင်တုန်းကတော့ သတိမရဘူးလို့ မဆိုလိုပါ။ အခု သင်းကို ပိုပြီးတော့ ထပ်ကာ ထပ်ကာ သတိရနေမိတာက ပူလွန်းလို့ပါ။ ပူတယ်ဆိုတာ ဘာပူသလဲ မမေးနဲ့။ ဓာတ်ကြီးလေးပါးလုံးကိုက ပူနေတာ။ ရန်ကုန် နေမင်းကြီး ကျွတ်ကျွတ်ညံအောင်ပူလေ၊ သင်းကို သတိရလေ။ ဆိုလိုတာက တို့ရန်ကုန်တောင် အဲလောက် ပူလှတာ ။ သင်းတို့ မန္တလေးဆို အရိုးခြောက်အောင် ပူမှာပေါ့ ဆိုတဲ့ အတွေးတစ်ခုလေး၊ စာနာစိတ်ကလေး တစ်ခုတည်းနဲ့တင် သတိရတာမဟုတ်ဘူးဆိုတာကို ဝန်ခံပါ၏ ရဲဘော်အဆွေ။ အခုတလော ရန်ကုန်နေ၊ ရန်ကုန်နွေက ပိုပြီး ပူလာတော့ ပေါင်ဖြူ၊ ပေါင်တို၊ ပေါင်ညို၊ ပေါင်မည်း၊ ပေါင်ဝဲထူ၊ ပေါင်ဂျွတ်တက်တွေကိုလည်း ပိုပြီး […]


Mr. MarGaApril 21, 20131min058
“အိမ်” ဆိုတဲ့ စကားလုံးလေးဟာ တစ်လုံးတည်းနဲ့ များပြားလှတဲ့ အဓိပ္ပာယ်ကို ဆောင်နေသလိုပဲ။ အိမ်တွေကို အမျိုးအစားခွဲမယ်ဆိုရင် သစ်တစ်ပင် ဝါးတစ်ပင်အောက်ကစလို့ တိုက်ကြီးတာကြီးအလယ် စံအိမ် ရဲတိုက်တွေ အဆုံး အကုန်လုံးကို အိမ် ဆိုတဲ့ အမျိုးအစားထဲမှာ ထည့်နိုင်တယ်။ လူတစ်ယောက် ပိုင်ဆိုင်တဲ့ အိမ်ကိုကြည့်လို့ ဒီလူရဲ့ ပိုင်ဆိုင်မှု အဆင့်အတန်းကို ခန့်မှန်းကြသလို တစ်ချို့ကျပြန်တော့ သူ့ရဲ့အဆင့်အတန်းပေါ်မူတည်လို့ နေထိုင်ဖို့ အိမ်ကို ရွေးချယ်တတ်ကြတယ်။ ဘယ်လိုပဲ ရွေးချယ်ကြပါစေ လူအများစုကတော့ နေထိုင်တဲ့အိမ်ကို ကြည့်လို့ အဆင့်အတန်းကို ဆန်းစစ်ကြတာပဲမဟုတ်လား။ ဒီတော့ အိမ်ကို ဂုဏ်တွေ ပကာသနတွေနဲ့ ထုံမွှမ်းထားကြသူတွေကလဲ အများစုပါ။ အိမ်တစ်အိမ်အတွက် သူ့ရဲ့ ပတ်ဝန်းကျင်ဟာလဲ အရေးပါတဲ့ အရာတစ်ခုပါပဲ။ စိတ်ကူးယဉ်ကမာ္ဘထဲက တောအုပ်လေးတွေ ပတ်လည်ဝိုင်းလို့ စိမ်းစိုသာယာတဲ့ ပတ်ဝန်းကျင်ရှိတဲ့ […]


  (က)   “မင်းစဉ်းစားကြည့်ကွာ ငါတို့လူတွေ အဓိက ကိုးကွယ်တဲ့ ဘာသာတရား အမျိုးအစား ဘယ်နှစ်ခု ရှိသလဲ” “ဗျာ …. လေးခုလေ …” “အင်း … နာမည်အရတော့ လေးခုပေါ့ကွာ ဒါပေမယ့် ငါတို့က နာမည်မတပ်ဘဲ ပြောရအောင်” “ဟုတ်” ကျွန်တော်လည်း ပညာရှိကြီး ပြောမယ့် စကားကို နားစွင့်နေလိုက်ပါတယ်။ ပညာရှိကြီးက ချက်ချင်း ဆက်မပြောဘဲ သူတည်နေတဲ့ ရေနွေးအိုးအောက်က မီးကို ယပ်ခပ်နေပြန်တယ်။ “ပညာရှိကြီး ဆက်ပြောပါဦးဗျ .. နာမည် အရ လေးခု ပြီးတော့ ဘာလဲဗျ” “အေး…” “မင်းတို့ လူငယ်တွေ ခုခေတ်ပေါ်တဲ့ Play Station ဂိမ်းကို ဆော့ဖူးမှာပေါ့” အဲ။ ပညာရှိကြီးက အသက်သာ […]


alinsettApril 18, 20131min019
ခ ရေ ပွင့်တွေ ရုတ် ရုတ် သဲသဲ ထ ပွင့်သည့် မနက်ခင်းတစ်ခုမှ အစပြုသော ပြဿနာ ဖြစ်ပါသည်။ တကယ်ဆို မ ရေ ရာခြင်း နိယာမ နှင့် ရန်ဖြစ်ပြီး အိပ်စက်ခဲ့ရာမှ သူ နိုးထ ဖို့ မသင့်ခဲ့ ။ အိပ်စက်ခြင်း နှင့်အတူ ထပ်တူထပ်မျှ ဆက် အိပ်နေလိုက်ဖို့သာ ကောင်းသည်။ အစစ်အမှန်သည် ရှာ ရ ဖွေ ရ ခက်ခဲ နေပြီမှန်း သိကြ သော်လည်း ဈေးပေါသော အစစ်အမှန်များကမူ ရောင်း ကောင်း နေဆဲ မဟုတ်လား။ ပျံသန်းခြင်းနှင့် ပြုတ်ကျခြင်း အကြားတွင် ကြွကြွ ရွ ရွ ခြေလှမ်းက လေး တစ်ချက်သာ […]


marblecommetApril 14, 20131min019
သကြ်န်ဟူသော ဝေါဟရ အဓိပါယ်ကို အမျိုးမျိုးပြောကြ၏။ ထိုအထဲကမှ သင်္ကြန်ဟူသည် “သင်္ကန”္တ၊ သက္ကတလို ” သင်္ကြန္တ ” က ဆင်းသက်လာသည် ဟူသတတ်။ ကူးပြောင်းခြင်းဟူ အနက်ရသည် ဟူလို။ အနှီ ကောဇာသက္ကရာဇ် ၁၃၇၄ ခုနှစ် တန်ခူးလဆန်း ၄ ရက်၊ ခရစ်သက္ကရာဇ် ၂၀၁၃ ဧပြီ ၁၄ ရက်၊ ဆန်းဒေးသည်ကား သင်္ကြန်စကျလေပြီ။ အကယ်တန္တု ယခု သည်နေ့မှာ ကျွန်ုပ် သောကြာညို တစ်ယောက် လောကတံထွာ အလုပ်တာဝန်များအားလုံးကို ရပ်နားပြီးသကာလ (၃)လွှာသော အသိုက်အမြုံထောင့်ကျဉ်းအခန်းကလေးတွင် အမေ့ခံခရီးသည်(ပါရဂူ)ဟူဘိသော ဘုတ်အုပ်ကို လှန်လှောကာ စည်းစိမ်တည်းဟူသော ချမ်းသာသုခကို ခံစား၊ ခံယူရန် အလို့ငှာ အစပျိုးလိုက်စဉ်မှာပဲ…….. “တေးတေးလေးပဲလား….. ကြီးကြီးလား … တေးတေးကြီးကြီးလား” […]


  “ပိတောက်တွေဝေပြန်ပေါ့ ”     ဒီနေ့မနက်  “ဝေ” အိပ်ယာနိုးတဲ့ အချိန် သင်းပျံ့တဲ့ ပိတောက်ရနံ့တွေက “ဝေ့” အခန်းထဲမှာလွင့်နေပါတယ်။ အိပ်ယာထဲကမထသေးဘဲ လူးလိမ့်လို့အပျင်းကြောဆန့်ရင်း ကနေ ပြူတင်းပေါက်ဘက်ကိုမော့ကြည့် လိုက်တော့ ခြံစည်းရိုးနားမှာကပ်နေတဲ့ တစ်ပင်တည်းသော ပိတောက်ပင်ပျိုလေးက အပွင့်တွေဝေလို့။ အိပ်ယာကိုအမြန်သိမ်းခြင်ထောင်ကို လုံးထွေးတင်ပြီး အပြင်ဘက်လှမ်းကြည့်လိုက်တဲ့အခါ နံနက်ခင်းအေးအေးမှာ ခပ်ဖြေးဖြေးလေးတိုက်ခတ်နေတဲ့ တန်ခူးလေကြောင့် အပင်ထက်မှာအစီအရီပွင့်နေတဲ့ ပိတောက်ပန်းဝါဝါလေးတွေရယ် ပိတောက်ရွက်စိမ်းစိမ်းတွေ လေထဲမှာယိမ်းနွဲ့လို့နေပုံက“ခူးမှာလားရှင့် “ လို့မေးနေသယောင်ယောင်။ ရင်ခုန်စရာကောင်းအောင် လှပသော အပွင့်တွေနဲ့ဝေနေတဲ့ ပိတောက်ပန်းလေးတွေကို ကြည့်နေရင်း ဆရာဇော်ဂျီရဲ့ “မခူးချင်စမ်းပါနဲ့  နှစ်ဆန်းခါတော်မီမို့  ဇမ္ဗော်ရည် ပြေပြေလိမ်းကာပ  ခပ်သိမ်းနယ်စုံစုံသို့  ပွင့်ငုံကို လင့်ကုန်ကြတော့လို့  ခေါင်းကြွကာဆာဝေဝေနဲ့ သူလဲလေ လောကီသားလိုပ ကြွားချင်လှပေလိမ့်မယ်…..” ဆိုတဲ့ စကားလုံးအဖွဲ့အနွဲ့အလှလေးများက ပိတောက်ရနံ့များနဲ့အတူ လေထဲမှာ […]


                      ပြောရဦးမယ်ဗျာ…ဟိုအကြောင်း၊သည်အကြောင်း ကြုံခဲ့ရ၊ဆုံခဲ့ရတဲ့အကြောင်းတွေပေါ့။ ဒီလိုပါ… ဦးကျောက် ကျောင်းပြီးထဲက သမုဒ္ဒရာ ဝမ်းတစ်ထွာနဲ့ မိသားစုအရေးအတွက် နိုင်ငံခြားကိုထွက်ပြီး အလုပ်လုပ်လာတာ အခုဆို ဆယ်စုနှစ် နှစ်ခုလောက် ရှိပါတော့မယ်ခင်ဗျာ။ အဲဒီတော့ အတော်စုမိဆောင်းမိ ရှိပြီပေါ့လို့ဆိုရင် သိဟ်ရာသီဖွားပီပီ ကြွားရသေးတာပ။ ဟုတ်ကဲ့… မိသားစုကိုထောက်ပံ့ရတဲ့အပြင်၊ ကိုယ်တိုင်ကလည်းလက်ဖွာ၊ လက်ထဲနည်းနည်းစုမိပြန်ရင်လည်း “သမင်မွေးရင်း ကျားစားရင်း” ဆိုတော့ ဘာမှ စုမိဆောင်းမိ မရှိပါဘူးခင်ဗျာ။ အခုတော့…. အခုတော့ပေါ့လေ အကြောင်းကြောင်းတွေ ရှိလာပြီဆိုတော့ အသည်းအသန် စုရတော့မှာပေါ့။ မတော် “ဘိုင်ကောင်” ဆိုပြီး “ဘေးကန်” ထားခဲ့မှ၊ “လေးဆယ်ကျော် ဦးကျောက်ခဲရဲ့ အသဲကွဲတမ်းချင်း” တွေဖြစ်ကုန်ဦးမယ်။ […]


            ခြေထောက်တွေ နာကျင်လာသဖြင့် သူမ ခဏနားရန် ဆုံးဖြတ်လိုက်သည်။ ရှေ့ကလူတွေ သွားနှင့်ကြပါစေ။ သူမ သည်လမ်းကလေးအတိုင်း ဆက်လျှောက်လျှင် ရွာကိုတွေ့နိုင်သည်ပဲ။ လမ်းက ကျောက်တုံး ကျောက်ခဲများနှင့် ကြမ်းတမ်း ခက်ထန်နေသည်။ သူမ၏ ခြေဖဝါးနုနုကလေးများ သွေးချည်ဥကုန်ပြီလား။ ဘာမဆိုင် ညာမဆိုင် မျက်ရည်တစ်ပေါက် က ကြသွားသေး၏။ ခုမှတော့ ကျသွားသည့် မျက်ရည်ကို ထိုင်ကြည့်နေရုံသာရှိသည်။ အသင့်ပါလာသော ကျောပိုးအိတ်ငယ် အတွင်းမှ ရေဗူးကိုဖွင့်သောက်ပြီး ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ “အို လှလိုက်တဲ့ ပန်းပွင့်တွေပါလား“ အဆုပ်လိုက် အဆုပ်လိုက်ပွင့်နေသော နီစွေးစွေး ပန်းပွင့်ကလေးတွေ။ မော်ကြွားစွာလှပနေသည့် ပန်းကလေးတွေ။ သူမသည်လည်း ပန်းပွင့်ကလေးတစ်ပွင့်ဆိုလျှင် ထိုကဲ့သို့ တင့်တင့်တယ်တယ်ဖြင့် မော်ကြွားစွာ ပွင့်လိုက်ချင်သည်။ သို့သော် သူမက ခုလက်ရှိမှာ ကိုယ့်စိတ်ကိုယ်မပိုင်သည့် မိန်းကလေးတစ်ယောက် ဖြစ်နေခဲ့သည်လေ။ […]


သူကေလးApril 9, 20131min08
နေသာသောနေ့တစ်နေ့ဖြစ်လိုက်ချင်သည် အပိုင်း (၃) နေသာသောနေ့တစ်နေ့ ဖြစ်လိုက်ချင်သည် အပိုင်း (၄) ~~~~~~~~~~~~~~~~~~~~ အခန်း (၆)   ညနေ ၆ နာရီ ကိုကို အိမ်မှာလာခေါ်မည့်အချိန်ကိုစောင့်နေရင်း စိတ်ထဲတစ်ခုခုကိုစိုးထင့်နေသလို ခံစားနေမိသည်။ ဘာကြောင့်မှန်းမသိ … ကျွန်မတို့ဇာတ်လမ်းရှေ့ဆက်ဖို့ရာ ခက်ခဲလွန်းနေပြီထင် အကြောင်းပြချက်တော့ရေရေရာရာမရှိ … တစ်စုံတစ်ယောက်ကိုသံသယဖြစ်မိဆိုရင် အဲဒီသံသယအတိုင်း တစ်ချိန်မှာဖြစ်လာတတ်တဲ့ ကျွန်မရဲ့ စိတ္တဇကို ခုချိန်မှာ ကျွန်မ ပြန်လန့်နေမိသည်။   ကိုကိုကျွန်မဆီရောက်လာတော့ ကားပေါ်မှာ ကိုသက်အောင်ပဲပါလာသည်။ ဟိုကောင်လေးကိုမတွေ့ရ “ ကိုကိုတို့နှစ်ယောက်တည်းလား ဟိုတစ်ယောက်ကော မပါဘူးလား ” “ အေးကွာ မနေ့တုန်းကတော့ လာမယ် တကဲကဲနဲ့ ခုနတုန်းကမှ ဖုန်းဆက်တယ် မလာနိုင်တော့ဘူးတဲ့ ဒီကလေးဘာတွေဖြစ်နေမှန်းကိုမသိပါဘူး ” “ သူရဲ့ကလေးဆီသွားတယ်ကွ .. […]


သူကေလးApril 8, 20131min015
နေသာသောနေ့တစ်နေ့ဖြစ်လိုက်ချင်သည် အပိုင်း (၃)  ဖတ်ရန်     အခန်း (၅)   အိပ်ရာစောစောမထတတ်တဲ့ ဟန်နီပီပီ … နောက်တစ်နေ့မနက်မှာ ၁၁ နာရီထိုးမှ အိပ်ရာမှနိုးလာသည်။ နောက်ဆုံးနှစ် စာမေးပွဲအောင်စာရင်းကလည်းမထွက်သေး … သင်တန်းတက်နေတာတွေအားလုံးကလည်းမရှိတော့ စိတ်ထင်တိုင်းလုပ်လို့ရနေသည်မဟုတ်လား အခွင့်အရေးဆိုတာ ရတုန်းယူတတ်ရသည် ဟုတ် ကျွန်မ ကြားဖူးသေး၏။ ကျွန်မအကြိုက် နှပ်ကော်ဖီဆိမ့်ဆိမ့်လေး ဖျော်အပြီးမှာတော့ လင်းလက်ဆီဖုန်းဆက်ဖို့သတိရသည်။ အိပ်ရာနိုးတုန်းက ကျွန်မဖုန်းကိုကြည့်လိုက်တော့ လင်းလက်ခေါ်ထားတဲ့ missed call တွေအများကြီးမဟုတ်လား။ ဒီအချိန်ဆိုရင်တော့ လင်းလက် အိပ်ရာမှနိုးလောက်ပီထင်သည်။   “ အေး ဟဲ့ပြော ” ထူးပုံက သိပ်ကိုချိုသာလွန်းလှသည်။ ဒီအသံလောက်ဆို အိပ်ရာမှ ကောင်းကောင်းနိုးနေလောက်ပီထင်သည်။   “ နိုးဘီလား ကောင်မ ထူးထူးဆန်းဆန်း ” […]


ငွက္ကေလးApril 8, 20131min016
ဒီနေ့အပြင်သွားစရာရှိသည်။ ရေချိုးပြီး အဝတ်အစားလဲရန် ဗီရိုကိုဖွင့်လိုက်သည်။ `အင်း၊ ဘာအင်္ကျ ီဝတ်ရပါ့´ ရွေးချယ်စရာ အင်္ကျ ီ နှစ်ထည်၊ သုံးထည်ရှိနေသည်။ `ဒီအဖြူလေးပဲဝတ်လိုက်တော့မယ်၊ အသားလည်းအေးတယ်၊ ဘောင်းဘီ အမဲနဲ့ လိုက်မယ်´ ….. တံခါးဝအရောက်စဉ်းစားပြန်သည်၊ `ဘာဖိနပ်ဝတ်ရမလဲ ??´ ကတ္တီပါဖိနပ်တစ်ရံ နှင့် တရုတ်ဖြစ် ခြေညှပ်ဖိနပ် တစ်ရံ ရှိနေသည်။ `ဒီရိုးရိုးခြေညှပ်လေးပဲကောင်းပါတယ်၊ ကတ္တီပါက ခြေဆီထွက်ရင် နံတတ်တယ်´ တစ်ခါတစ်ရံ ရွေးချယ်စရာများက ကျွန်တော်တို့၏ ဆုံးဖြတ်ချက်ကို အခိုက်အတန့် တွေဝေစေသည်။ ရွေးချယ်စရာများရှိခြင်းက အကောင်းဆုံးကို ရွေးချယ်နိုင်မည့် အခွင့်အရေးဖြစ်သော်လည်း၊ ကျွန်တော်တို့ ရရှိသည့် ရွေးစရာတွေထဲမှာ အကောင်းဆုံးတွေပါချင်မှလည်းပါနိုင်သည်။ ဒီတော့ ရှိတဲ့အထဲက သင့်တာလေး ရွေးလိုက်ရသည့် သဘောလည်းဖြစ်နိုင်သည်။ ကိုယ်ကိုယ်တိုင် ရွေးချယ်လိုက်ရသည်ဆိုတိုင်း အကောင်းဆုံးတွေ ဟုတ်ချင်မှလည်း ဟုတ်လိမ့်မည်။ […]


သူကေလးApril 7, 20131min015
အခန်း (၃)   city mart မှာ လိုအပ်တဲ့ပစ္စည်းလေးတွေလာဝယ်ရင်း city mart အောက်ထပ်က happy ဆိုင်လေးမှာ ခေါက်ဆွဲဝင်စားဖို့အကြံရသည်။ ခေါက်ဆွဲဆိုရင် အရမ်းကြိုက်တတ်တာ ကျွန်မအကျင့်ပဲ မဟုတ်လား။ happy က ဆိုဖာခုံတန်းလေးမှာ ထိုင်ပြီး တစ်ယောက်တည်း ဝက်နံရိုးစုရုခေါက်ဆွဲကို အချိန်ဆွဲပြီးစားနေမိသည်။ အဲဒီအချိန်မှာ ကျွန်မနဲ့အနောက်ကပ်ရပ် ဆိုဖာခုံလေးဆီက စုံတွဲတစ်တွဲရဲ့ အသံကို စပြီးကြားလိုက်ရသည်။   “ မောင့်ကိုမောင် သိပ်ဟုတ်လှပြီလို့ ထင်နေတာလား ဒါမှမဟုတ် မကို ခပ်ညံ့ညံ့မိန်းမတစ်ယောက်လို့ မောင်ကလျှော့တွက်ထားတာလား ”   ကျွန်မတို့ထက် အသက်နည်းနည်းကြီးပုံရသည့် မိန်းကေလေးတစ်ယောက်ရဲ့အသံဟု ကျွန်မခန့်မှန်းလိုက်မိသည်။   “ မက မောင့်ကိုဘာတွေမယုံမကြည်ဖြစ်နေတာလား မကွယ်ရာမှာ မောင်ကဖောက်ပြန်နေမယ့်ကောင်လို့ မထင်လိုက်တာလား ”   “ […]