ညက အတော်မှောင်နေချိန် ၊ ပြည်လမ်းဘက်က ကားသံတွေ မကြားရသလို နာနတ်တောလမ်းမှာလည်း ကားမရှိ ၊ ခဏအကြာမှာ အသိတစ်ယောက် ရောက်လာတယ် ၊ ပြည်လမ်းကို လှည်းတန်းပွိုင့်ကနေ ဟံသာဝတီအထိ ပိတ်ထားသလို နာနတ်တောလမ်းကိုလည်း ပိတ်ထားသတဲ့ ၊ သိပ်မကြာခင် နောက်တစ်ယောက်က ကျွန်းတောလမ်း ကားပွဲစားတန်းဘက်မှာ ရဲကား အချုပ်ကား လူနာတင်ကားတွေ ထိုးထားတယ်ဆိုပဲ ၊ သေချာပြီ ၊ ရပ်ကွက်ကို ဒီည ဝင်စီးတော့မည် ၊ အမေက သား အိမ်ပြန်ရအောင်ဆိုလို့ ဝဂ္ဂီလမ်းနဲ့ ဣစ္ဆာရာမလမ်းထောင့် အံ့ကူတို့အိမ်ကနေ ပြန်လာခဲ့တယ် ၊ ဟိုး ခပ်လှမ်းလှမ်း ဆရာမောင်စွမ်းရည်တို့ အိမ်ကလည်း မီးလင်းနေဆဲ ၊ ကဲ သား ၊ ဟိုကလာခေါ်ရင် အမေလိုက်သွားဖို့ အဝတ်အစားတွေလည်း […]


“အသီးမှာ…………….သို့.တမ်းချင်း ”   ဒီအချိန်ကတော့ အသီးမှာသရက်လို့ အတင်စားခံထားရတဲ့ သရက်သီးတွေပေါ်ချိန်ပါဘဲ။ ပြီးခဲ့တဲ့လေးငါးရက်လောက်က ပေါ်ဦးပေါ်ဖျားဆိုပြီး သရက်သီးတွေဝယ်လာခဲ့ပါတယ်။ စိန်တစ်လုံး သရက်သီးတွေပါ။ ဈေးကတော့ တစ်လုံး ၃၅ဝ အလုံးကလဲ လှမှလှ။ အဲဒီနေ့ညနေစာ ထမင်းစားတော့ သရက်သီးနဲ့စားမယ်ဆိုပြီး ဟင်းတောင်ထပ်မချက်။ တကယ်စားကြည့်တဲ့အခါ စားနေကျ  စိန်တစ်လုံးအရသာမျိုး ရမလာပါဘူး။ အချဉ်ဓါတ် နည်းနည်း ကဲနေပါတယ်။ အသီးအနေအထား ပုံစံကလဲ စိန်တစ်လုံးအစစ်။ ဝယ်လာတဲ့ဆိုင်ကလဲ အမြဲဝယ်နေကြဖောက်သည်။ သရက်သီးရဲ့အသားကလဲ   စိန်တစ်လုံးအသားလိုနူးနူးညံ့ညံ့။ ဒါပေမယ့်လည်း စားရတာ အရသာမရှိတာတော့အမှန်။ အဲတော့ ဒီတစ်ခါပိတ်ရက်ရောက်ရင် မနှစ်ကလို စိန်တစ်လုံးထွက်တဲ့ခြံမှာသွား ဝယ်မယ်လို့ စိတ်ထဲမှာတေးထားလိုက်ပါတယ်။ %%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%     အမှတ်ရစရာလေး စမြုံ့ပြန်ရရင်မနှစ်က သရက်သီးတုံးခါနီးအချိန်ရောက်မှ စိန်တစ်လုံး သရက်သီးစားချင်စိတ်ပေါက်လာပါတယ်။ အဲဒါနဲ့ စိန်တစ်လုံးသရက်တွေပေါတဲ့ ပေါ်တော်မူဘက်မှတော့ […]


“ဒေါ်ဒေါ်မေ။ သတင်းကတော့ သတင်းဆိုးပဲ” ရမည်းသင်း အထည်စက်ရုံခွဲ (၈) မှ စက်ရုံမှူး တူတော်မောင် ဦးမြင့်စိုးက လှမ်းပြောခြင်းဖြစ်ပါသည်။ “ဘာ သတင်းကြီးလဲ” “ဦးချစ်ဆောင် ဆုံးပြီ” “ဟုတ်လား၊ အေးလေ၊ ၈ဝ တောင် နီးပြီပဲ” “မဟုတ်ဘူး၊ အက်ဆက်ဒင့် ဖြစ်တာ” “ဘာနဲ့လဲ” “ဆိုင်ကယ်ပါ။ သူဆိုင်ကယ် စီးလာတာကို တစ်ခြား ဆိုင်ကယ်က ဝင်အောင်းတာ၊ ဦးချစ်ဆောင်က ပွဲချင်းပြီးပဲတဲ့” ကျွန်မ ဘာမှ ပြန်မပြောဖြစ်တော့ပါ။ လူထု ဒေါ်အမာ မွေးနေ့တစ်ရက်ဖြစ်သော ၂၀၀၅ ခုနှစ်က မန္တလေးမှာ ဦးချစ်ဆောင်နှင့် ဆုံခဲ့သည်။ မန္တလေး၊ ကျွဲဆည်ကန်က “အောင်မြင့်မို” ဟိုတယ်မှာ တည်းနေရာက ပလိပ်ရှိ ဦးချစ်ဆောင်ထံ ကျွန်မ သွားနှုတ်ဆက်ခြင်းဖြစ်၏။ သူက ပလိပ် အထည်စက်ရုံမှ […]


alinsettMay 3, 20131min013
မြို့တော် ၏ သစ်ပင် သစ်ခက် သစ်ရွက်များထက်… နှင်းစက်တို ့… တွဲလွဲ ခိုကြပြီ ။ အေးမြသော… မြောက်လေတို ့နှင့်အတူ… ရာသီပန်း ရနံ ့တို ့… လှိုင်လှိုင် ထ..ကြပြီ ။ ဆောင်းသည်… စိမ့်စိမ့်ချမ်းသော… အရသာကို ပူးချည်လျက်… ဤမြို့တော်…ဆီ..လာခဲ့ချေပြီ ။ မြို ့တော်သူ မြို့တော်သားတိူု့…. ယဉ်ကျေးမှု ဆိုသော အနွေးထည်တို ့ကို ဝတ်ဆင် သင့်ကြသည် ။ ဆောင်း ဆန်သော..အိပ်မက်များကိုလည်း… အိပ်မက် ဆန်သော ဤဆောင်းတွင်… မက်သင့်ကြလေပြီ ။ လူငယ်တို့သည်လည်း… နွေးထွေးမှု ကို တောင့်တ ဤ နွေးထွေမှု တို့ကိုပင်..ရှာဖွေကြပြီ ။ အချို့က… ချစ်သောသူနှင့်..နွေးထွေးသည် ။ အချို့ကတော့… […]


ပြီးခဲ့တဲ့ ရုံးပိတ်ရက် တစ်ညနေ ၊ တစ်နေကုန် ဈေးသွား ချက်ပြုတ် လျှော်ဖွတ်ခဲ့ပြီးပြီမို့ အနားယူညနေခင်းအဖြစ် ရပ်ကွက်ထဲက ဆိုင်တစ်ခုမှာ ထိုင်ရင်း ဟိုတွေး ဒီတွေး ဟိုကြည့် ဒီကြည့်ပေါ့ ၊ အပေါင်းအဖော်တွေ ရောက်မလာသေးတော့ နားအေး ပါးအေးနဲ့ တစ်ကျိုက်မော့လိုက် ဆတ်သားခြောက်ကြော်တစ်ဖတ် ဝါးလိုက် ဇိမ်ကျနေတယ်ပဲ ဆိုပါတော့ ၊ အဲဒီအချိန်မှာ ဟိုး ပြည်လမ်းပေါ်ကချိုးဝင်လာတဲ့ လူ ၂ ယောက်ကို အကြည့်က အမှတ်တမဲ့ရောက်သွားခဲ့တယ် ၊ ဪ ငါ့သားပါလား လို့ တွေးမိချိန်မှာ သူ့ ဘေးက အမျိုးသမီးဟာ ဘယ်သူဆိုတာ သိလိုက်ပါပြီ ၊ ရေခြားမြေခြား တိုင်းတစ်ပါးက ပြန်ရောက်နေတဲ့ သားရဲ့ အမေပါ ၊ သားက အဖေလုပ်သူ ဒီမှာထိုင်တတ်မှန်းသိလို့ […]


နာရီကြီးက တဂျောက်ဂျောက်မြည်နေတိုင်း လွမ်းတယ်… နေလုံးကြီးက ဟိုပြေးဒီပြေးနဲ့ လွမ်းတယ်…. ထိုင်နေရင်လည်း လွမ်းတယ်….. ထပြန်တော့လည်း လွမ်းတယ်….. အိပ်မရအောင်လည်း လွမ်းတယ်…… အိပ်ရာထ သွားတိုက်ရတိုင်းလည်း လွမ်းတယ်…. လမ်းဖြတ်ကူးတိုင်းလည်း လွမ်းတယ်… ဟင်းကောင်းကောင်း မကောင်းကောင်း လွမ်းတယ်… ရုံးသွားဖို့ taxi ငှားရင်းလဲလွမ်းတယ် မတက်ချင်တက်ချင် သင်တန်းတက်ဖြစ်ရင်လွမ်းတယ် အဖော်ကောင်းလို့ သင်တန်းလစ်ဖြစ်ရင်လဲလွမ်းတယ် ဘော်ဒါတွေနဲ့ KTV သွားဆိုဖြစ်တိုင်းလွမ်းတယ် အဒေါ်တို့အဖွဲ့နဲ့ စင်တင်ရောက်ဖြစ်တိုင်းလွမ်းတယ် နင့်ဆီကိုဖုန်းလှမ်းခေါ်ဖို့ မဝံ့မရဲဖြစ်မိတိုင်းလွမ်းတယ် နင်ယောင်ယမ်းပီး ငါ့ဆီ phone ခေါ်လာမလားနဲ့ (ငါ့ဖုန်းနံပါတ်ကိုနင်မသိပေမယ့်) လည်းလွမ်းတယ် Starting Windows ဆိုတိုင်းလည်း လွမ်းတယ်… Shutting down ဆိုလည်း လွမ်းတယ်… အွန်လိုင်းတက်တဲ့အချိန်နင်မရှိတော့လွမ်းတယ် ကွန်နက်ရှင် ဖုတ်လှိုက် ဖုတ်လှိုက် ကျနေတဲ့အချိန်လဲလွမ်းတယ် နင်နဲ့သိတဲ နင့်သူငယ်ချင်းတွေနဲ့ချက်တိုင်းလွမ်းတယ် […]


မငိုပါနဲ့ချစ်သူ ငါ့နှလုံးသားက မျက်ရည်စက်တွေ တားဆီးဖို့အင်အား မွေးဖွားခြင်း မရှိသေးလို့ပါ မမုန်းပါနဲ့ချစ်သူ ငါ့အပြုံးတွေက အခုမှ အနှယ်ထိုင်ခါစမို့ပါ မမေ့လိုက်ပါနဲ့နော် ချစ်ခဲ့တဲ့ နေ့ရက်လေးတွေက အခုဆို တစ်ထောင့်ငါးရာ ပြည့်ခါနီးမို့ပါ မကြင်နာရင်နေပါချစ်သူ ငါ့ရင်မှာ ချစ်မယ့်သူက မင်းတစ်ယောက်ဆိုတာ အမှတ်ရတဲ့တစ်နေ့ ငါခင်းပေးတဲ့ ပန်းနုရောင် ချစ်ခရီးလမ်းလေးကို အလည်တစ်ခေါက် ကြိုလှမ်းနိုင်မယ်လို့ မျှော်လင့်ရင်း                                        ပိတောက်မိုး


ကာရံApril 30, 20131min03
မိဘဟူသည် မြတ်ဆရာမည်သို့ ထိန်းကျောင်းပဲ့ပြင် ငါတို့ရင်တွင်း လိမ္မာစေကြောင်း အစဉ်ပြုပြင် ချော့တစ်ခါ ချောက်တစ်လှည့် စိတ်ရိုင်းဟန်သွင်း ပြုသည့်ပမာ သားတို့ရင်မှာ အစဉ်သာတည်း နေဝင်ချိန်တန် အိုမင်းမစွမ်း အားအင်ကုန်ခမ်း နွမ်းသည့်ပမာ သားတို့ချစ်ခရီး ပေးစွမ်းသည်သို့ ချစ်မဝသေးခင် ပြိုလုသည့်ကမ်း လှိုင်းဂယက်ထန်စွာ ရှိုက်ခက်သည့်အလား ခွဲခွာမှုသည် သားတို့ရင်မှာ မချိသာတည်း ရင်မှဖြစ်ပေါ် ချစ်ခြင်းတရား အကြင်နာများသည် ဆုတောင်းမှုပြု ငါးဖြာဝတ်ဖြင့် ဦးခိုက်ရှစ်ခိုး ရွှေမြင့်မိုရ် ပြိုမှာစိုးတည်း                    ပိတောက်မိုး


ကာရံApril 30, 20131min01
သနားတက်တဲ့ ငါ့နှလုံးသားလေးက အခုတော့ အရှုံးသမားဘဝကို ပိုင်ဆိုင်လေရော့သလား ရင်နှစ်အောင်ချစ်ခဲ့ပြီးမှ ရနံ့ပြယ် ရွှက်ကြွေသည့်ပမာ အပြုံးတရားကို ရင်မှာပိုက် မုန်းမြို့တော်ချစ်စခန်းက ထွက်လှန်းဖို့ ငါအချိန်တန်လေရော့သလား ချစ်သူရေ မင်းရင်နာအောင် ငါမလုပ်ခဲ့ပေမယ့် ပေးဆပ်ခဲ့တဲ့ ချစ်ခြင်းတွေကတော့ ခါးသီးတဲ့မိုးစက်ပမာ မင်းထင်ရက်လေရော့သလားကွယ် အမှတ်မထင် အရှိုက်မိခဲ့တဲ့ ပဲ့တင်သံ အပြန်ခရီးက သစ္စာမရှိတဲ့ မင်းအတွက်တော့ ပျားရည်စက်ချစ်ခရီး ဖြစ်မယ်ထင်နေရော့သလား ရင်မှကြွေသော မျက်ရည်စက်တွေက မင်းရဲ့ချစ်မှတ်တမ်းမှာ ငါ့သက်သေမှတ်တိုင် စိုက်ထူဖို့ နေရာမကျန်ရော့လေသလား ခြေရာဖျောက်မေတ္တာတိမ်တိုက်အောက်မှာ လေလွှင့်သွားတဲ့ ချစ်ပန်းတိုင်လေးက အခုတော့  ဘယ်ကမ်းဆိုက်ကပ်နိုင်တော့မလဲလေ တစ်ခဏအလည်လာသူမဟုတ်ပေမယ့် ရောက်ခဲ့တဲ့ အမုန်းမြို့တော်ထဲက အခုတော့လေ လွမ်းချစ်သူ ဖြစ်ရှာလေရော့မယ်ထင်တယ်                                                               ပိတောက်မိုး


Aung Myat LinApril 30, 20131min09
သတိရမိတယ် မြတ်နိုးရယ်(သို့) ရည်းစားဦးမွေးနေ့   ဒီနေ့ဆိုရင် မြတ်နိုးအသက်(၃၀)ပြည့်ပြီနော်။ အခြေအနေ မပေးလို့ တစ်ပြည်တစ်ရွာဆီမှာ ဝေးခဲ့ကြပေမယ့် ခုထိ မြတ်နိုးကို သတိရနေမိတာတော့ အမှန်ပါ။ မြတ်နိုးနဲ့ကိုယ်နဲ့ လမ်းခွဲခဲ့တာ အခုဆိုရင်(၁၂)နှစ်တောင် ကျော်သွားပြီနော်။ ဒါပေမယ့် ကိုယ့်ရင်ထဲမှာ မနေ့တနေ့ကလိုပါပဲ။ ပြန်စဉ်းစားမိရင် အတိတ်က အကြောင်းအရာ တွေအားလုံးဟာ ကြေးမုံမှန်တချပ်လိုပါပဲ။ သတိရနေမိတာ အမှန်ပါ။ မြတ်နိုးနဲ့အတူလျောက်လည်ခဲ့တဲ့ နေရာလေးတွေရောက်တိုင်း အတိတ်က အကြောင်းတွေကို ကိုယ့်ရင်ထဲမှာ တသသ လွမ်းနေမိတယ်။ ကိုယ့်မှာ လွမ်းပိုင်ခွင့်တော့ ရှိသေးတယ် မဟုတ်လား မြတ်နိုးရယ်……..။ တကယ်တော့ ကိုယ့်ရဲ့ တဇွတ်ထိုးဆန်တတ်တဲ့စိတ်ကြောင့် မြတ်နိုးနဲ့ ကိုယ် လမ်းခွဲခဲ့ရတယ် ဆိုတာ နောင်တရနေမိတယ်။ အဲဒီတုန်းက ကိုယ် ဘာမှ မသိခဲ့ဘူးလေ ကိုယ့်အသက်(၂၁)နှစ် မြတ်နိုးက(၁၈)နှစ်လေ။ ဘာအတွေ့အကြုံမှ […]


နေသာသောနေ့တစ်နေ့ ဖြစ်လိုက်ချင်သည် အပိုင်း (၈)   အခန်း(၁၂)   “တကယ်ပဲဗိုလ်စားမေပွဲဖြေပြီးတဲ့အချိန်မမရောက်လာခဲ့ပါတယ်။   မမနဲ့ဗိုလ် ကန်တော်ကြီးရဲ့လူရှင်းတဲ့ခုံလေးတစ်ခုံမှာသွားထိုင်ပြီးစကားတွေပြောခဲ့ကြတယ်။   မမရောက်လာတဲ့အချိန်ဗိုလ်ယုံကြည်ထားတာကမမဗိုလ့်အပေါ်မှာသစ္စာဖောက်မှာမဟုတ်ဖူးလို့လေ ..   ဒါပေမယ့် မမဘက်ကစကားစလာတဲ့အချိန်မှာပဲ   ဗိုလ့်အိပ်မက်တွေ၊ယုံကြည်မှုတွေအားလုံးချိုးဖျက်ခံခဲ့ရပြီဆိုတာသိလိုက်ရတယ်   မမကသူ့အရင်တစ်ယောက်နဲ့ပြန်အဆင်ပြေသွားတဲ့အကြောင်း၊   ဗိုလ့်ကိုမောင်လေးတစ်ယောက်လိုပဲသံယောဇဉ်ရှိကြောင်း၊ သူ့ချစ်သူကိုပဲတကယ်ချစ်တဲ့အကြောင်း၊   သူတို့မကြာခင်လက်ထပ်တော့မယ့်အကြောင်းတွေပြောပြခဲ့တယ်။   စာမေးပွဲမဖြေခင်တည်းကသူတို့ပြန်အဆင်ပြေနေတာဆိုပေမယ့် ဗိုလ့်စာမေးပွဲထိခိုက်မှာစိုးလို့မပြောပြခဲ့တာတဲ့လေ။   သူ့အကြောင်းပြချက်က ဗိုလ့်ရင်ဝကိုဆောင့်ကန်လိုက်သလိုပဲ။   မျှော်လင့်ချက်တွေနဲ့ဒီစာမေးပွဲအပြီးကိုမျှော်နေတဲ့ဗိုလ့်ကို ဒီလိုလုပ်ပစ်လိုက်ရက်တဲ့မမကိုဗိုလ်အရမ်းကြောက်သွားမိတယ်။   ဒါပေမယ့်အချစ်ဦးဆိုတော့မုန်းမပစ်နိုင်ခဲ့ဘူး။   ဗိုလ်မမကိုအရမ်းချစ်တယ်ဆိုတဲ့အကြောင်း၊မမပြန်လာရင် ဗိုလ်ကြိုနေမှာပဲဆိုပီး အရူးစကားတွေပြောခဲ့မိသေးတယ်။   မမကတော့ သူ့ကိုမမျှော်လင့်ပါနဲ့တော့တဲ့။   အဲဒီနေ့က ဗိုလ်စာမေးပွဲဖြေနိုင်ခဲ့ပေမယ့် အိမ်ကိုပြန်ရောက်တဲ့အခါ ချုံးပွဲချပြီးငိုခဲ့ရတယ်။   ဗိုလ့်ကိုအရမ်းချစ်တဲ့မေမေနဲ့မမဆို ဗိုလ့်အတွက် အရမ်းခ့စားခဲ့ကြရတာ   ဗိုလ့်အတွက်စိတ်မကောင်းအရမ်းဖြစ်ခဲ့ကြတယ်။ […]


ကာရံApril 27, 20131min07
မင်းလေးအပြုံးများအောက်မှာ ငါကျဆုံးနေခဲ့တာ အခုဆို လက်ချိုးရေဖို့တောင်အတော်ခက်နေပြီ ချစ်သူရေ မင်းနှုတ်ခမ်းကထွက်အန်လာတဲ့ မာနလေးတွေက ကိုယ့်အတွက်တော့ အေးငြိမ့်တဲ့တေးသွားလေးတွေပါကွာ သိသင့်ပါတယ်ချစ်သူ ကိုယ်အပြစ်မယူမိတာက မြတ်နိုးတဲ့ ရင်ထဲက အရိုင်းပန်းလေးပါ ယဉ်သွားအောင်ထိန်းပေးချင်တာ မင်းနဲ့တွေ့မှ ဖြစ်တည်လာတဲ့ အဖြူအောင်မေတ္တာလေးတွေပါတောင်းတတိုင်းမပြည့်တက်တဲ့ ကိုယ့်ရဲ့အမူအကျင့်က လူမိရင်လေ မုန်းမိမှာတောင်စိုးကြောက်မိပါရဲ့ ငါ့နှလုံးသားလေးနိုးမထခင်မှာဘဲ တစ်မျိုးချစ်စရာ ဟန်လေးတွေက မင်းဖန်ဆင်းပေးနေရော့သလား အချစ်ဆိုတာ အဖန်အမျိုးမျိုးရှိပေမယ့် ပေးဆပ်ခြင်းနဲ့ ချစ်တက်တဲ့ ကိုယ့်ရဲ့အကျင့်ကို မင်းလေးဘာကြောင့်များ အမုန်းတွေပေးနေရော့သလဲကွယ် အတွေ့လေးတစ်ကွေ့ရယ်မှ မထိတွေ့လိုက်ရသေးခင် ပြစ်ပေးလိုက်တဲ့ မာနတွေက ငါ့အတွက်တာ့ အတားအဆီးတစ်ခုပါ နေတက်ပါပြီလေ ကျေနပ်သွားမယ့် မင်းလေးရဲ့ ရင်ထဲက ခါးသီးမှုတွေအောက်မှာ ငါ့နှလုံးသားလဲ အပြုံးများပွေ့ပိုက်ရင်း မင်းလက္ခဏာလို အဝေးကနေဘဲ ချစ်နေပါတော့မယ် ဒဿလိုအပြုံးများပိုင်တဲ့ မင်းလေးရဲ့ အမုန်းတရားတွေအောက်မှာ ကို်ယ်လေရှင်သန်ရင်းနဲ့………………       […]


ကာရံApril 27, 20131min05
သို့               မောင်ကျွန်မဘက်ကို နည်းနည်းလေမှလှည့်မကြည့်တော့ဘူးလားဟင် အခုတော့ ရနံ့ပျယ်တဲ့ပန်းပမာ အနမ်းများလည်း မဝေတော့ဘူးလားလေ ရှိနေခဲ့တဲ့ နေ့ရက်တိုင်းမှာ အကြင်နာမိုးရွှာသွန်းဖြိုးခဲ့ပုံလေးတွေက အခုတော့ တစ်စိမ်းချိုးပျိုးခဲ့သည့်လမ်းလားဟင် သနားပါမောင် အများတစ်ကာပြောမယ့် ခရောင်းလမ်းလေးထဲကို မောင်တွန်းပို့နေတာကတော့ ချစ်ပန်းသီမယ့်အနမ်းကို အလှန်းခက်အောင်လုပ်ခဲ့လေရော့သလားဟင် ရက်စက်တယ်ဆိုတဲ့ အမူအကျင့်လေးတွေက အခုတော့ အယူခံဝင်မယ့် လူသစ်တန်းထဲက ကြင်သူတစ်ကာပြစ်မယ့် လမ်းဘေးက အရိုင်းပန်းငယ်တစ်ပွင့်ဖြစ်ရတော့မယ်မဟုတ်လားမောင် အငိုနဲ့မစခဲ့တဲ့ ချစ်ခရီးလမ်းမှာ အခုတော့ ပြိုတော့မလိုဟန်ပြင်မယ့် မိုးစက်ပမာ နှလုံးသားများလည်း နိုးမကြွခင်လေးတင် မောင့်အချစ်က အက်စစ်တစ်စက် ဖိတ်မစင်ပါဘဲ ရင်ထဲကို အလိုလိုဝင်ဟက်လေရော့သလားကွယ် ကျေနပ်ပါတယ်မောင် ချစ်တဲ့အောင်သင်ပေးခဲ့တဲ့ မောင်ရင်ထဲက အမုန်းတရားတွေအောက်မှာ ကျွန်မဒူးမထောက်ချင်ပေမယ့် ရူးသွပ်အောင်လုပ်ခဲ့တဲ့ မောင့်ရဲ့အမူအကျင့်ကို ကျွန်မလေ လူတွေမသိအောင် ဖုန်းထားပေးခဲ့ချင်ပါတယ် အရှုံးတရားနဲ့ အမုန်းမပွားဘဲ ပေးဆပ်နိုင်မယ့် နှလုံးသားတစ်စုံ တည်ရှိပါစေလို့ ကျွန်မဆုတောင်းပေးရင် […]