ခဏလောက်ငြိမ်သက်ပေးပါ နာကျည်းချက်တွေထိုးနှက်နေတဲ့ လူ့လောကအလည်မှာ သောကတွေဗလာပွနဲ့ စီးဆင်းနေတဲ့ မျက်ရည်စက်တွေအောက်မှာမင်းတစ်ယောက် ဘယ်လိုနှလုံးသားနဲ့ လျှောက်လှန်းနေသလဲ ကြည့်စမ်းပါဦး အိုမင်းနေတဲ့ မိဘတွေ လမ်းဘေးတစ်နေရာမှာ နေရောင်ကိုအမိုးလုပ်ထမင်းတစ်စုပ်ရဖို့ တောင်းခံနေရတဲ့အဖြစ်ကို မင်းတို့ကြည့်ပြီး ဟားတိုက်ရယ်တက်နေပြီလား အကြင်နာတရားကင်းမဲ့တဲ့ မြို့ပြကြီးအလည်မှာ လူဖြစ်လာခဲ့ရတဲ့ငါကလည်း ရလိုက်တဲ့အမုန်းဒဏ်တွေကို ကုသနေဆဲဘဲလေ မီးစာကုန်နေပါပြီ အလင်းရောင်ငွေ့ငွေ့လေးအောက်မှာ အသက်ရူသံကို မနည်းကြားယောင်နေမိပြီ တရားသောလောကကြီးလား မတရားသော သဘောတရားများလား အတ္တတွေခင်းထားတဲ့ လမ်းကိုငါလျှောက်လှမ်းခဲ့မိမှန်း သိလိုက်တဲ့အချိန်က နောင်မှတလို့ ရနိုင်ကောင်းလားလေ  ပြစ်သွားသူက မှားနေသလားပြစ်ထားသူက သွားနှင့်လေပြီလား မျက်ရည်ကို အဖော်ပြု အော်အခုတော့ ငါလည်းသွားရမယ့်လမ်းက ခက်ခဲလွန်းလှပါတယ် အော်…..လောက လောက မတရားသော မောဟ ခင်းထားတဲ့ သောက အနင်းများတဲ့ မာန ကာရံထားတဲ့ အတ္တ အမှန်မရှိတဲ့ ဥပေက္ခာ မုဒိတာဆိုတာ လွန်စွာဝေး […]


အင်း … ခုတလော … ကိုယ်တိုင်လဲ ရွာထဲသိပ်မဝင်ဖြစ် … ရွာထဲလည်း ပို့စ်တော့ အရင်ထက်နည်းသွားသလိုပဲ … သူကလေးရဲ့အပိုင်းဆက်လေးကို မှတ်ကောမှတ်မိကြပါအုံးမလား … ဒါပေမယ့်လည်း တစ်ယောက်ဖတ်ဖတ် ကိုယ်နှလုံးသားထဲက အနုပညာလို့ သတ်မှတ်ထားတဲ့ ခံစားမှုကို ဒီနေရာလေးမှာချပြချင်တယ် … မကောင်းရင်လဲဝေဖန်ပြီး ဘာညာသာရကာ … ပြောလို့ရပါတယ်   ———————————-   နေသာသောနေ့တစ်နေ့ ဖြစ်လိုက်ချင်သည် အပိုင်း (၁၂)     ——————————— အပိုင်း (၁၆) သိပ်မကြာခင်မှာပဲ ဗိုလ်ကျွန်မဆီကိုရောက်လာခဲ့ပါသည်။ ကျွန်မကို လေးရက်လောက်အဆက်အသွယ်မလုပ်ပဲပျောက်နေသည့်ဗိုလ့်ကို ညဉ်းချင်ပေမယ့်လည်း မနက်စောစောထ ထားရလို့လားမသိ၊ ဗိုက်က တဂွီဂွီနဲ့ ဆန္ဒပြနေပြီမို့ အခန်းထဲက မြန်မြန်ပဲထွက်လာလိုက်မိသည်။ ကျွန်မအိမ်တံခါးကိုသော့ခတ်ကာ အိမ်အပြင်ထွက်လာတော့ ဗိုလ်ကထုံးစံအတိုင်း ကားပေါ်ကဆင်းကာ တံခါးလာဖွင့်ပေးပါသည်။ […]


မျက်ရည်ကျမှ မင်းဝမ်းဝတက်သူလား ထမင်းတစ်နပ်တန်ဖိုးကို မင်းသိတက်ရင် တောင်သူဦးကြီးတွေကို ဦးညွန့်လိုက်ပါကွာ ချွေးမြေကျအောင် လုပ်အားပေးပြီးမှ သိမ်းပိုက်လိုက်တဲ့ မြေယာတွေကြားမှာ သူတို့ဘယ်လိုအသက်ရှင်သန်မလဲဆိုတာ တွေးမိရဲ့လား မင်းတို့ရဲ့လောဘတွေအောက်မှာ သူတို့ဒူးထောက်နေတာ ကြောက်လို့မဟုတ်ဘူးဆိုတာ သိထားသင့်တယ် ကျေးစွပ်တက်တဲ့ အမူအကျင့်က လူမြင်ရင်တောင် မုန်းဒဏ်သင့်ပါတယ်ကွာ စာနာစိတ်လေးမင်းရတဲ့တစ်နေ့ အသက်ချွေးပေးဆပ်နေတဲ့ သူတွေကို ဦးညွန့်ပေးလိုက်ပါ မင်းလေးတစ်ယောက် ဝင်းပတဲ့ လပမာ နံဘေးမှာလဲ ကြယ်စင်ခယလာပါလိမ့်မယ်ကွယ်                                ပိတောက်မိုး


ချစ်တယ်ဆိုတာတဲ့စာသားတွေအောက်မှာ ငါဘယ်လောက်များ အိပ်ပျော်မိခဲ့ပြီလဲ လူတစ်ယောက်ကိုချစ်တာ တစ်ခါတစ်လေ ငါ့ရင်တွေ နစ်လောက်အောင်ကို မောပန်းလှတယ်ချစ်သူ မုသားလေလား ငါကျေနပ်တယ် အခုသူကလေ ငါ့ကိုသိပ်ချစ်တယ်တဲ့ မသိစိတ်က အလိုလိုဦးညွန့်လိုက်တဲ့နှလုံးသားလေးလဲ ဖူးငုံပွင့်စပန်းပမာ ရနံ့တွေကြွယ်နေတုန်းပေါ့ ကာရံလေးတွေအောက်မှာ ပျော်မြူးနေတဲ့ ငါ့ဘဝလေးက အခုဆိုရင် မင်းအချစ်တွေနဲ့ ကဗျာလေးတွေ တည်ဆောက်ခဲ့တာ အမိုးအကာစုံလောက်ပြီနော် အခန်းဖွဲ့ဖို့အတွက် မင်ပေးမယ့် မေတ္တာတရားနဲ့ သစ္စာတရားကို ငါယနေ့တိုင် စောင့်မျှော်နေစဲပါချစ်သူ……………………….. ချစ်သူ့ရင်ခွင် ပွင့်လန်းသည့်ပန်း အနမ်းခြွေလှမ်း ခူးရန်ခက်လှ ပင်မြင့်ပန်းဘဝ ထိုက်သူရမို့ အဝေးကမျှော် တွေးစကာရူး လေပွေမြူးသည့် ဆောင်းပန်းချီတစ်ချက် ဆေးစက်မသေချာ အိပ်မက်လေးထဲ နစ်မြောမိတာ ချစ်မိသူရဲ့ ရင်ထဲမှာ  မင်းကိုချစ်တာ ပေးဆပ်ခြင်းပါ                             ပိတောက်မိုး


နည်းနည်းလောက်ပေါက်ကွဲခွင့်ပြုကြပါ။ စိတ်ထဲမှာလည်း တော်တော်လေး မွန်းကျပ်နေလို့ပါ။ ကိုယ့်ကိုကိုယ်လည်း ယုံကြည်မှုလျော့သလို ဖြစ်နေပါတယ်။ အလုပ်အကြောင်းလေး ရင်ဖွင့်ပါရစေရှင်။   ခရီးသွားလုပ်ငန်းရဲ့ High Season ကတော့ ဧပြီလ ၃ဝ ရက်နေ့မှာ ကုန်ဆုံးသွားခဲ့ပါပြီ။ မေလကနေ စက်တင်ဘာလအထိကိုတော့ Off Season (တနည်းအားဖြင့် Low Season) လို့ သတ်မှတ်ထားတဲ့အတွက် ဒီလိုမိုးရာသီအစမှာ ခရီးသည်တွေ လျော့နည်းစပြုလာပြီ ဖြစ်ပါတယ်။ ဒီတော့ ကျွန်မတို့ ခရီးသွားကုမ္ပဏီတွေလည်း ကုန်ဆုံးသွားတဲ့ကာလက စာရင်းတွေကိုရှင်း၊ လာမယ့် ခရီးသွားရာသီအတွက် ပြင်ဆင်ကြနဲ့ ထူးထူးခြားခြား အလုပ်ပါးသွားတယ်ရယ်လို့တော့ မရှိပါဘူး။ (မိုးတွင်းဧည့်သည်များတဲ့ တစ်ချို့ကုမ္ပဏီတွေကတော့ အလုပ်များနေမယ်လို့ ထင်ပါတယ်။)   ပြီးခဲ့တဲ့ရာသီတစ်ခုလုံးကို စိတ်မောလူမောနဲ့ ဖြတ်သန်းခဲ့ကြရပါတယ်။ အခန်း booking တွေမရတာ၊ လေယာဉ် booking […]


ရှုပ်ထွေးနေခြင်းက အလုပ်အတွေး ကာရံတစ်ခုပါ ရှင်းလို့ရယ်မှမပြီးသေး  ညည်းငြူနေတဲ့ငါ့ဘဝ စားနေကျဘဲဥပမာ အစတော့ရှာရခက်သား တန်ဖိ်ုးကကြီး လှန်းလို့ရယ်မမှီပ မြင်သမျှအရာတွေက အကြင်ရပေဘူးပေါ့ ခင်နှမရေ တို့ဘဝလေးက အနေဆုပ်လှတယ်ကွယ် ပညာရယ် မကုန်ခန်းပေမို့ သင်သမျှအရာတွေသည် သင်ခါရမို့ မတိုးတက်တာ မစမ်းပါဘူး ကဲသူငယ်ချင်းရေ ကူညီစမ်းပါဦး သုံးမရတော့တဲ့ ငါ့အရည်အချင်းလဲ ဘယ်ရပ်ဌာနေ ဘယ်ဆီမြန်း ရှာပေးပါဦးလို့  ကြွေးကြော်ရင်း……………                   ပိတောက်မိုး


ရပ်တည်ခဲ့တဲ့နေရာ ခြေချစရာတောင်မရှိတော့ပြီပေါ့ တဖြေးဖြေးနဲ့ အငွေ့ပျံ မင်းတို့ပေးတဲ့ သင်ခန်းစာက ငါတို့ရိုးရာပြက်လုခမန်း ကဲ မင်းပြောစမ်းပါဦး စိမ်းလန်းသစ်ပင် မုန်တိုင်းရိုက်ခက် အရိုးပြိုင်းပြိုင်း တုနှိုင်းရရင် အငတ်မပြေတဲ့ မင်းတို့လောက အသွေးအသားကိုမောဟအဖြစ်စားသုံး အခုတော့ သဘာဝလေးလဲ အချိန်အခါမဟုတ် ပြိုလုပျက်စီး ကဲသူငယ်ချင်းရေ ပြောစမ်းပါဦး မင်းကမှားသလား ငါကနသလား သူခိုးကိုမှ ဓါးရိုးကမ်းသွင် မဖန်ဆင်းနှင့် ကိုယ့်မြေ ကိုယ့်ရေ တို့တစ်တွေဘဝ ပန်းကောင်း အညွှန့် မကျိုးစေဖို့ အသိစိတ်ဓါတ် ကာကွယ်ပြုသည် သဘာဝလေး ရေရှည်စေဖို့ ကဲ သူငယ်ချင်းရေ မင်းရော ဘယ်လိုလဲ လို့မေးစမ်းချင်ဘိ………….                              ပိတောက်မိုး


  နေသာသောနေ့တစ်နေ့ ဖြစ်လိုက်ချင်သည် အပိုင်း (၁၁)   —————————————–     အပိုင်း (၁၅) အဲဒီနေ့ကစပြီး ကိုကိုက ကျွန်မပေါ်မှာ အရင်ကလိုပဲ ပြန်ပြီးဂရုတစိုက်ရှိခဲ့သည်။ နေ့တိုင်းမဟုတ်ပေမယ့် ၁ရက်ခြားတစ်ခါလောက်ကျွန်မဆီရောက်ရောက်လာပြီး နေ့လည်စာ ဒါမှမဟုတ် ညစာကိုတူတူစားလေ့ရှိသည်။ ကိုကိုနဲ့အတူတူရှိသည့် အချိန်တိုင်း ကျွန်မမှာကြည်နူးစိတ်လေးနဲ့ရင်ဖိုရမြဲပင်။ တခြားရည်းစားတွေနဲ့ ထမင်းအတူတူစားရတဲ့ခံစားချက်နှင့် လားလားမျှမဆိုင်ပေ။ ကိုကိုသည် ရုပ်ရှည်ချောမောသော ယောကျာ်းတစ်ယောက်မဟုတ်သော်လည်း အထင်ကြီးဖွယ်ကောင်းသော ယောကျာ်းတစ်ယောက်ဖြစ်ပါသည်။ ကိုကိုသည် အလုပ်လုပ်ရာတွင် စေ့စပ်သေချာပြီး ဘာသာတရားလည်းကိုင်းရှိုင်းသောယောကျာ်းတစ်ယောက်မှန်း တဖြည်းဖြည်းနဲ့ပိုသိလာခဲ့သည်။ အသက်ချင်းသိပ်မကွာသော်လည်း လုပ်ငန်းတစ်ခုတွင် အားထားရသော မန်နေဂျာရာထူးကိုရထားသည့် ကိုကို့ကိုကြည့်ပြီး ကျွန်မလည်းအလုပ်လုပ်ချင်စိတ်တွေဖြစ်လာခဲ့ရသည်။ သင့်တော်တဲ့အလုပ်တစ်ခုလောက်ရှာပေးပါဟု ဒေါ်လေးကိုပြောတော့ ဒေါ်လေးက အံ့အားသင့်ကာ ဟုတ်မှဟုတ်ရဲ့လားလု့ိတောင်မေးခဲ့သည်အထိပင်။ ဪ ကိုကိုရယ် .. ကိုကိုနဲ့ပက်သက်ရင် ကျွန်မအထူးအဆန်းတွေချည်းလုပ်မိနေသလားမသိဘူးနော်။ ခါတိုင်းဆို နေ့တိုင်းနီးပါး […]


တရားရဲ့လက်နက်က အေးမြခြင်းပါ လူသားတိုင်းမစာနာတက်သေးတာ မာနကိုမှေးတင်နေတုန်းမို့ပါ သုညဆိုတဲ့ ကမ္ဘာမြေကြီးမှာ မင်းရော ငါရော သူတစ်ပါးတွေရော ဘယ်အက္ခရာနဲ့ အစပျိုးခဲ့ပြီလဲ ငိုခြင်းအစ သုညပါ သေတော့လဲ ဒီအက္ခရာလေးပါ တန်းဖိုးမရှိတဲ့ ဒီကမ္ဘာလေးမှာ မင်းဘာတွေကိုခင်တွယ်နေဦးမှာလဲ ချစ်ခြင်းလား ပိုင်ဆိုင်ခြင်းလား ငါဆိုတဲ့မာနတွေအောက်မှာ မင်းတို့ ဘယ်နှစ်ကြိမ်ဒူးထောက်ပြီးပြီလဲ မာနကရော ဘာတွေပြန်ပေးလိုက်ပြီလဲ မင်းသိပါတယ် ရလိုက်တာက ပူလှောင်ခြင်းတွေပါ နေမင်းဘေးမှာ အေးမြတဲ့ကြယ်စင်မရှိတာ မဆန်းတော့ပါဘူးလေ ဒါဆိုလမင်းကရော အထီးကျန်ခြင်းဆိုတဲ့ ဂုဏ်ပုဒ်ကို သူလဲ လက်ကိုင်သုံးနေရတာဘဲလေ သောကတွေအလီလီနဲ့ မာနတွေအောက်မှာ ရင်သန်နေရတဲ့ လူသားအားလုံး အေးမြတဲ့ တရားရေအေးကို အစဉ်သုံးနိုင်ပါစေလို့ ဆန္ဒပြုရင်း……                                                       ပိတောက်မိုး


မျက်ရည်စက်တွေကြားမှာ ကြီးပြင်းခဲ့ရတဲ့ငါ့ဘဝ အကြင်နာကင်းမဲ့တဲ့ လူ့လောကအလည်မှာ ထမင်းတစ်နပ်တောင် ဝမ်းမဝခဲ့ပေ မင်းတို့ပြောတဲ့ မေတ္တာတရားတွေအောက်မှာ အမုန်းလက်နက်တွေကို အလှဆင်ခြင်းလား သောကကို ပုခုံးမှာလွယ်နေတဲ့ ငါ့ဘဝကတော့ ခါးသီးတဲ့ထမင်းထုပ်ကို ဟန်လုပ်ပြီးမစားချင်တော့ဘူး အမှိုက်ဆိုပြီး ထားခဲ့တဲ့ မိဘတွေ အခုတော့ အကြင်နာတရားကင်းမဲ့ဇုန်မှာ ရပ်တည်တက်နေပြီလား ဘာကြောင့်များ လောကထဲကိုတွန်းပို့ရက်တာလဲဟင် မျက်ရည်ကအဖော်လား အမုန်းကအဖော်လား ရယ်စရာကောင်းလိုက်တာဗျာ စာနာပေးပါ အသင်လောက ချစ်ခြင်းမရှိတော့တဲ့ ပတ်ဝန်းကျင်မှာ နစ်မျောမယ့်အစား လေလွင့်နေတဲ့စိတ်ကဗျာလေးကို သွေးမျက်ရည်အဖြစ် ဖန်ဆင်းမထားရင် ငါကျေနပ်ပါပြီ                                     ပိတောက်မိုး


kotun winlattMay 8, 20132min045
စာမရေးဖြစ်တာကြာတော့ ဘယ်ကစပြီးရေရမလဲ မသိဖြစ်နေတော့တာ…. အရင်ကလို ဂေဇက်ရွာကြီးထဲကိုလည်း သိပ်မရောက်ဖြစ်… ဘာကြောင့် ဘာအတွက်ဆိုတဲ့ အကြောင်းပြချက်မှာ ရေရေရာရာ မရှိလှပေ…. အဓိက အကြောင်းပြချက်ကတော့ လူပျို လူလွှတ်ဘဝနဲ့ အိမ်ထောင်ကျပြီးသွားသော ဘဝနှစ်ခုကြားက ကွာခြားချက်ဟု ပြောရမည် ထင်ပါသည်။ အရင်က ကျနော့်ကို ဘာတွေလုပ်နေနေ ပြောမည့်သူမရှိ…. အမေ အဖေတို့ကလည်း ဒီအသက် ဒီအရွယ် ကလေးမဟုတ်တော့ သူ့ဟာသူ ဆင်ခြင်လိမ့်မယ် ဆိုပြီး တော်ရုံတန်ရုံ သိပ်မပြောကြ… ဒီတော့ ကျနော် စိတ်ထဲရှိရာ စိတ်ထဲထင်ရာတွေ လျှောက်လုပ် လျှောက်သွားနေခဲ့သည်သာ… စိတ်လွှတ်ကိုယ်လွှတ်ဟု ဆိုရမည်ထင်ပါ့…. ကွာဟချက်နှစ်ခုကြားမှာ အံဝင်ခွင်ကျဖြစ်အောင် ကျနော် ကြိုးစားနေသောကြောင့် ဟုပြောလျှင်လည်း ရသလို ထိန်းချုပ်မှုတွေ ကြားမှာ ရောက်နေသော ဘဝဟုလည်း ဆိုနိုင်လောက်ပါသည်။ အရင်ကတော့ အဖေ […]


၁။   “ကဲ…… ရော့ မင်းအတွက်ကမာ္ဘကြီးကို ဂတ်စ်ထည့်ပြီး ညှိထားတဲ့ စီးကရက်တစ်လိပ်” “အို…. ရှင်ကျွန်မကိုယ်တိုင် လောင်ကြွမ်းနေတာ မသိဘူးလား” “လာပါ … ကိုယ်တို့ကမ်းစပ်ဘက်သွားရအောင် … လာ” သူမက ကျွန်တော်တည်ဆောက်ထားတဲ့ကမ်းစပ်အတုကို မျှော်လင့်တကြီး လှမ်းကြည့်လိုက်တယ်။ အိပ်မက်။ ခင်ဗျားတို့သိလိုက်လား။ခံစားလိုက်ရလား။ အဲဒီကမ်းစပ်က တိုက်တဲ့ လေတွေထဲမှာ သူမအတွက် မျှော်လင့်ခြင်း အိပ်မက်တွေပါတယ်။ ပါတာမှ အများကြီးပေါ့ဗျာ။ ဒါပေမယ့် ကျွန်တော် မသိပါဘူး။ မရှိပါဘူး။ လုပ်ချင်တာတွေများလာတယ်။ ရူးသွပ်ခြင်းထက်မက ရူးသွပ်တယ်။ တိမ်တွေထဲက လျှပ်စီးတွေနဲ့ သူမကို ထွန်းလင်းပေးခဲ့ချင်တယ်။မီးညှိထားတဲ့ စီးကရက်တစ်လိပ်ကို သူမ တစ်ရှိုက် ဖွာလိုက်တယ်။ မီးခိုးတွေက အချစ်ကို စာတန်းထိုးကြလိမ့်မယ်။အဲလိုလည်း မထင်နဲ့။ လူ့ဘဝဆိုတာ ဘယ်လိုတီးတီး အသံမထွက်တော့တဲ့ တူရိယာတစ်ခုပဲ။ ခု […]


နေသာသောနေ့တစ်နေ့ ဖြစ်လိုက်ချင်သည် အပိုင်း (၉)   ——————————-     အခန်း (၁၃) နောက်နေ့မှာ ကိုကိုကပြောထားတဲ့အတိုင်းပင် အဆက်အသွယ်လုပ်မလာခဲ့ပါ။ ကျွန်မလည်း မိန်းကလေးပီသစွာပဲ စပြီးအဆက်အသွယ်မလုပ်ဖြစ်ခဲ့ပါ။ contact list ထဲက ကိုကိုဆိုတဲ့နာမည်လေးကိုကြည့်ရင်း ဖုန်းဆက်ရမလားဆိုတဲ့အတွေးကို ကိုယ်တိုင်ပဲအကြိမ်ကြိမ်ပဲပယ်ပစ်ခဲ့ရသည်။ ကိုကိုရယ် ဒီတစ်ကြိမ်တော့ ဟန်နီ့မျှော်လင့်ချက်တွေတကယ်ဖြစ်လာပြီလို့ တွေးထားခဲ့တာ။ ကိုကိုနဲ့တူတူ လိမ္မာတဲ့ကောင်မလေးအဖြစ်ဘဝကိုရှေ့ဆက်နိုင်ပြီလို့ထင်ခဲ့တာ။ ဘာကြောင့်မှန်းရေရောရာရာမသိဘဲ ရုတ်တရက်စိမ်းကားတဲ့ဒဏ်ကို တကယ်ပဲဟန်နီခံနိုင်ရည်မရှိတာပါ။ ကိုကို့ဖုန်းအဆက်ကိုမျှော်ရင်းအချိန်တစ်ပတ်လောက်ကို တစ်ယောက်တည်းဖြတ်သန်းခဲ့ရသည်။ လင်းလက်နဲ့ ဗိုလ်ကတော့ ကျွန်မကို ဖုန်းဆက်လိုက်၊ မက်ဆေ့ချ်ပို့လိုက်နဲ့ အဖော်ပြုခဲ့ကြသည်။ ကျွန်မလည်း ငိုရမလား ရယ်ရမလားမသိ၊ စိတ်ညစ်ညစ်နဲ့ပဲ အိမ်မှာနေရင်း တီဗီကြည့်လိုက်၊ သီချင်းနားထောင်လိုက်နဲ့အချိန်တွေဖြုန်းပစ်ခဲ့သည်။ ဗိုလ်ဖုန်းဆက်တဲ့အခါတိုင်း စကားတွေအများကြီးပြောရင်း အရင်ကထက်ပိုပြီးရင်းနှီးလာခဲ့သည်။ နားလည်မှုတွေလည်းပိုလို့တိုးလာခဲ့ကြသည်။ ကျွန်မဘယ်တုန်းကမှ ဗိုလ့်ကိုလူဆိုးလေးလို့မမြင်ခဲ့သလို ဗိုလ့်အကြောင်းတွေသိရတော့လည်း ပိုလို့ပင် သံယောဇဉ်တွယ်ခဲ့ရသည်။ […]