ပြီးခဲ့တဲ့ရုံးပိတ်ရက်ကဗျာ ဟောသည့်ငနဲဦးကျောက်ခဲကြီးလည်း လျှော်ဖွပ်ချက်ပြုတ် အိမ်သန့်ရှင်းရေးလုပ်အပြီး ပျင်းပျင်းရှိတာနဲ့ အင်တာနက်ပေါ်တက်ပြီးမွှေလိုက်တာ မဆီရယ်မှမဆိုင် အရင်အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း လူမဲအမျိုးသမီး “ကွန်ဒိုလီဇာရိုက်စ် “ရဲ့ အထ္ထုပတ္တိကို ဖတ်မိရက်သားဖြစ်သွားတယ်ခင်ဗျ။ ရှေ့သွားလေးအကျဲသားနဲ့သူ့ကို ညစ်ကပ်ကပ်နဲ့မို့ သိပ်ကြည့်မရပေမည့် သူ့ဘဝအကြောင်းကတော့ အားကျစရာ အများကြီးပါ။ အဲသည်ကဆက်လို့ လူ့အခွင့်အရေးအကြောင်း စိတ်ဝင်တစားနဲ့ ဖတ်လိုက်တာ “မာတင်လူသာကင်း” အထိ ရောက်သွားရောဆိုပါတော့ဗျာ။ ဟုတ်ပါ့ဗျာ… ဖြူဖြူချောချောဆိုရင် မြင်သမျှသူတွေက အသားလွတ်ကြည်ညိုချင်ကြပေမည့် ဦးကျောက်တို့လို အသားမဲများဆိုရင် တယ်နှိမ်ချင်ကြတာကိုးခင်ဗျ။ ဒါပေသည့် လောကကြီးက ဘယ်လိုပဲ ခွဲခြားခွဲခြား ဟောသည်ဦးကျောက်ခဲကတော့ “မိုက်ခဲကြက်ဆင်”လို အရောင်ချွတ်ပစ်မည့်အထဲမှာ မပါဘူးခင်ဗျ၊ မဲတော့လည်း […]
