လိုက်မမှီတော့တဲ့ ခေတ်

Yin Nyine NwayMay 30, 20131min035

2938099046_ffa9f18fe8_s
ဒီပုံကကောင်လေးက ချောတယ်နော် ..ဟိဟိ …စတာပါ…
ခုတလောမြင်နေရတဲ့ ဒီဇိုင်းလေးပါ … ပြောချင်တာက
နားကပ်ပါ
နားကို ပစ်ကပ်လို ဟာမျိုးနဲ့ ရိုက်ပြီးဖောက်ထားတာ
သူကတော်တေးတယ်
ဒီထက်ဆိုးတဲ့ နားပေါက်ကြီးတွေကို ပြချင်ပေမဲ့ ပုံမတွေ့လို့ပါ

တနေ့က အဓိပတိ အနီလေးစီးပြီး ရုံးအသွား ရှေ့မှာထိုင်လိုက်လာတဲ့ ကိုလူချောလေးတယောက် ကို သတိထားမိတာက သူ့နားကပ်ပါ
မိမွေးတုန်းက အကောင်း သူတို့လုပ်မှ နားပေါက်ကြီးတွေက နဲနဲနှောနှော အပေါက်လား
တော်တော်ဆိုးဆိုးကြီးပဲ
တချို့ဆိုရင် .. လက်မ တခုဝင်စာလောက်ချိတယ်
ကြည့်ရတာ တော်တေ်ာ အသည်းယားဖို့ကောင်းတယ်

ရုံးက ကောင်လေးတယောက်ကိုမေးကြည့်တော့ ဂျင်းအကျီကြယ်သီးတပ်သလို ရိုက်ပြီး ထည့်ရတယ်ပြောတယ်
သေးသေးလေးဖောက်တာတောင် တော်တော် နာတာ အဲလို အကြီးကြီး ရိုက်ထည့်တာ မနာကြဘူးလားမသိ
ပြီးတော့ ချွတ်လိုက်ရင် အပေါက် အကြီးကြီးကျန်ခဲ့တယ်ပြောတယ်
တချို့နားတွေများ တခုခုနဲ့ ချိတ်မိပြီး ပါလာရင် နားကြီး ပြတ်ကျန်ခဲ့မှာသေချာပါတယ်
ဘယ်လိုအတွေးနဲ့ လှချင်ကြလဲဆိုတာ မပြောတတ်တော့ပါဘူး

အဲကောင်လေးက နားနှစ်ဖက်စလုံးကို တပ်ထားပါတယ်
မျက်နှာသေးသေးမှာ နားပေါက်ကြီးက အကြီးကြီးနဲ့ တော်တော် ကြည့်ရရုပ်ဆိုးလှပါတယ်
ပင်ကို အလှတောင် ပျက်တယ်…

လိုက်မမှီတာလား ခေတ်နောက်ကျန်နေတာလား မျက်စိမယဉ်သေးတာလားမသိပေမဲ့ တော်တော်လေး အသည်းယားလွန်းလို့
ဖွလိုက်မိပါကြောင်း…

နွေးသီး
30.5.2013
(ရုံးတွင် အားသောအချိန် 😀 )

35 comments

  • ကြက်အူလှည့်

    May 30, 2013 at 2:58 pm

    ဟီဟိ…
    တပ်မခွင်ခွင် မှာလည်းရှိတယ်…ကွိကွိ..
    အိုက်ဒိ အပေါက် ဖက်ရှင်အကြောင်း သူရှင်းပြနိုင်လိမ့်မယ်….

    :harr:

    ကျနော့်ခန္ဓာကိုယ်မှာ ပါသင့်ပါထိုက်တဲ့အပေါက်တွေ လုံလုံလောက်လောက် ပါပြီးမို့ ထပ်မဖောက်ချင်ပါဘူးလို့
    ပြောတဲ့ငတိ တယောက်အကြောင်းတော့ တခါက ရေးဖူးသားဗျာ..။

    :kwi:
    တော်သေးဘီ
    ခင်တဲ့

    Reply

    • Yin Nyine Nway

      May 30, 2013 at 3:30 pm

      အွင်…. အဲဖက်ရှင်အကြောင်း အနော် မတိဘူး ကိုဂီ …
      သိတော့ သိချင်သား ဘာလို့ဖောက်လဲဆိုတာ ကို
      အပိုဖောက်လည်းအေ ..အဲလောက်ဖောက်ချာလားလို့ …
      တော်တော် ဆိုးဆိုးကြီးတွေ ….

      Reply

    • marblecommet

      May 31, 2013 at 5:59 pm

      အပေါ်က ဆြာကြက် ပြောသလို
      တပ်မ
      ခွင်ခွင်ကို
      ပြေးမြင်မိပါကြောင်း……..
      ခိခိ…

      Reply

  • kyeemite

    May 30, 2013 at 3:00 pm

    ကျုပ်လည်းအသက်ကြီးလာလို့နဲ့တူရဲ့…ကြည့်မရဘူးဗျ

    Reply

    • Yin Nyine Nway

      May 30, 2013 at 3:40 pm

      ဟုတ်တယ် အနော်လည်းကြည့်မရဘူး
      ရုပ်ဆိုးလွန်းလို့

      Reply

  • kai

    May 30, 2013 at 3:01 pm

    အဲဒါမြန်မာ့ရိုးရာယဉ်ကျေးမှုစစ်စစ်ပါခင်ဗျ…
    နားတောင်းနဲ့.. မင်းညီမင်းသားပုံတွေပြန်ရှာကြည့်…

    ကွိ..ကွိ…

    Reply

    • အရီးခင်လတ်

      May 30, 2013 at 3:12 pm

      ဒီတော့
      အဲလို နားတောင်းနဲ့ ပိုလိုက်အောင် ခေါင်းပေါင်းတွေ တောင်ရှည်တွေပါ ဝတ်ကြပါလား။
      ကွ.. ကွ..
      😆

      Reply

    • Yin Nyine Nway

      May 30, 2013 at 3:56 pm

      အဲနားတောင်းက အဲလောက်အပေါက်ကျယ်လို့လားဟင် သဂျီးမင်း
      ခုဟာက တော်တေ်ာကျယ်တယ်

      Reply

    • မင်းညီမင်းသားပုံတွေ ရှာစရာမလိုပါဝူး သဂျီး…
      မင်းညီမင်းသားတွေက အဲ့လောက်လည်း မကြီးဝူး..

      အခုလက်ရှိတင် ကယားဘက်က ကယောတွေ၊ ချင်းဘက်က လူမျိုးတွေ (ပါးရဲထိုးတာ၊ နားပေါက်ဖောက်တာ) ကျိုင်းတုံဘက်က အခါလူမျိုး၊ အမ်းလူမျိုးတွေ… ပြောရရင်တော့ မြန်မာတိုင်းရင်းသားယဉ်ကျေးမှုတစ်ခုပါ…. :mrgreen:

      Reply

      • ကြက်အူလှည့်

        May 31, 2013 at 1:41 pm

        သဂျီးကို ဝိုင်းချုပ်ပြီးရွာဦးကျောင်းဆြာဒေါ် ဘဒ္ဒန္ဒအောင်ကြူးဆီ ..ထိုးကွင်းထိုးဖို့ ပို့ဂျရအောင်
        ကွိကွိ…

        ပေါင်ရင်း ထိုးကွင်း
        ပေါင်ဖျား ကြောင်အတက်အဆင်း
        ခြေသလုံးမှာအင်း
        ကျောမှာ တာနောယက္ခ
        ရင်ဘတ်က နဂါး
        ပုခုံးမှာ ဂဠုံ
        လက်မောင်း လောကနတ်
        လက်ဖျံကျ ဒေါင်း
        လက်ဖမိုးမှာ စ-မ
        အတော် လှမှာ ခည..။

        JK

        :harr:

        Reply

        • kai

          May 31, 2013 at 2:11 pm

          ထိုးကွင်းကတော့.. တကယ်ထိုးချင်တာ…
          နာမှာစိုးလို့.. :kwi:

        • ဦး ကျောက်ခဲ

          May 31, 2013 at 8:19 pm

          သဂျီးက ကြောင်ကိုစိတ်နာလို့…
          သူ့ကိုနိုင်တဲ့ အကောင်ပုံ ပေါင်ဖျားမှာထိုးမှာတဲ့…
          :harr:

  • Ma Ma

    May 30, 2013 at 3:07 pm

    လိုက်မမီတော့ဘူးလို့ပဲ ပြောရမလား။
    အမှီမလိုက်ချင်တော့ဘူးလို့ပဲ ပြောရမလား။
    :eee:

    Reply

  • Shwe Ei

    May 30, 2013 at 3:36 pm

    တချို့တလေလဲ အတော်လေးကျိကောင်းကျပါတယ်ကွီ။

    နားပေါက်ကြီးကြီးနဲ့ တက်တူးနဲ့ ဆံပင်ကို ဝမ်းဝေးထောင်ပီး စကင်နီဝတ်ကျသော

    ခပ်လန်းလန်းတချို့ကို သဘောကျမိပါကျောင်း…….

    ခေတ်ကို တန်ဆာဆင်တယ်လို့ မြင်မိတာကြောင့်ဘာ ဟိ :kwi:

    မတူသောအတွေးနဲ့မန့်လိုက်ပီ ယောင်းမရေ :mrgreen:

    Reply

    • Yin Nyine Nway

      May 30, 2013 at 3:59 pm

      ဟိဟိ ယောင်းမယေ …
      အပေါက်က ကြီးကြီးက အသည်းယားတာ
      တချို့တော့ လှသား
      (အသားဖြူရင်တော်တေး… အသားမဲမဲ နားပေါက်က ကြီးကြီးက ရွံချာကောင်းတယ်)

      Reply

    • အင်းတွေ.ဆုံပွဲဆုပေးပွဲတုန်းက ကျွန်တော် ဝမ်းဝေးထောင်လာတာ မြင်လိုက်တော့ မရွှေအိ သဘောကျသွားဒါနေမှာ……….. ဒါပေမယ့် ရွှေလေးရေ မမှီတဲ့ပန်း ငုံမနမ်းပါနဲ.တော့ကွယ်…….ကွိကွိ

      Reply

      • Shwe Ei

        May 31, 2013 at 1:43 pm

        :bar:

        :byae:

        Reply

  • အရီးခင်လတ်

    May 30, 2013 at 3:51 pm

    ပြောရရင် ကိုယ်ငယ်တုန်းက နားပေါက်ကြီး ကို နားသ ဆိုလို့ သာ ဖောက်ရတာ။
    အဲဒီတုန်းက နိုင်ငံခြားကသူတွေ က ကပ်နားကပ် တွေဘဲ ဝတ်တာကိုး။
    နားမှာ အပေါက်ရှိတာ လူရိုင်းလိုလို တိုက်ဂေါလိုလို ပေါ့။
    လုံးဝမကြိုက်ဘူး။
    နားပေါက်ရှိရက်နဲ့ ကပ်နားကပ် ဝတ်ခဲ့တာ။

    အခုတော့ ဒီမှာ ဆယ်ကျော်သက်မလေး တွေ တော်တော်များများ နားမှာ အပေါက်တွေနဲ့။
    ကျောင်းတွေမှာတော့ နားပေါက် တစ်ပေါက်ထက်ပိုမဖောက်ရ စည်းကမ်းထုတ်ထားတယ်။
    လွန်လွန်းရင်တော့ လဲ မကောင်းဘူးပေါ့။

    ခေတ်ကတော့ လှည့်နေမှာဘဲ။
    နောက် နားအပေါက်ဖောက်တာ ခေတ်မရှိ ကုန် သွားရင်ဖြစ်ဖြစ်၊ အသက်ကြီးချိန် ဖြစ်ဖြစ် နားအပေါက်ကြီးကို ပြန်ပိတ်ချင်ဦးမယ်။
    ပိုပြီး ဆိုးတာက အလုပ်ဝင်ချိန်မှာ ဒါဟာ အတော်လေး ဒုက္ခပေးမဲ့အချက်ဘဲ။

    Reply

  • Yin Nyine Nway

    May 30, 2013 at 4:01 pm

    ဟုတ်တယ် အရီးလတ်ရေ..
    အလုပ်ဝင်လို့ အဲနားပေါက်ကြီးနဲ့ လည်ကတုံးနဲ့
    မျက်စိမှာ မြင်ယောင်မိတာတော့ ပုံမကျ ပန်းမကျနဲ့
    တတ်တူးက ပိတ်လို့ရပေမဲ့
    နားပေါက်ကြီးနဲက မန်နေဂျာဝင်လုပ်လို့ကတော့
    လက်အောက်ငယ်သားဒွေ ကြောက် လိမ့်မယ် အားကြီးပဲ

    Reply

  • မောင် ပေ

    May 30, 2013 at 6:30 pm

    အသားနာခံပြီးတော့မှတော့ ဖက်ရှင် မလုပ်ဝံပါဘူး မနွေးရေ
    မျက်စိတော့ တော်တော်နောက်တယ်ဗျ

    Reply

  • Mr. MarGa

    May 30, 2013 at 7:04 pm

    သိကြားမင်းပဲ မျက်စိနောက်တယ်မှတ်တာ
    သူတို့တတွေလဲ နောက်ကြသကိုး
    ဟိုခေတ်က အဲလိုဝတ်ခဲ့ပါတယ်ဆိုတဲ့ သဂျီးရေ
    ဒီခေတ်မှာ အဲလောက်နားတောင်း ပန်လိုက်ပါလားဟင်
    ဒါပေမင့် အိုက်ဒါက ခေါင်းပေါင်း၊ တောင်ရှည်နဲ့မှ အဆင်ပြေမယ်နော့
    သိကြားမင်းကတော့ အဲဒါတွေ ဘယ်လိုမှ ကြည့်မရ
    :buu:

    Reply

  • ကထူးဆန်း

    May 30, 2013 at 9:07 pm

    ိအဖိုးကြီး အဖွားကြီး အပျိုကြီး အပိုကြီးများ ဆိုတော့လည်း ဒီလိုဘဲ ပြောကြမပေါ့ ..

    :harr:

    ပြေးပြီ….

    Reply

  • kyaw hteik

    May 30, 2013 at 10:06 pm

    နား​ပေါက်​​ဖောက်​ နားကပ်​ဝတ်​တာ​ခေတ်​လူငယ်​အဖြစ်​မြင်​လို့ရ​ပေမယ်​့ ဒီလိုနား​ပေါက်​အကြီးကြီးကြ
    ငယ်​တုန်​ ကိစ္စမရှိ​ပေမယ်​့ အသက်​ကြီးလာတဲ့အခါကြ မြင်​လို့​တော့​ကောင်​းမှာ မဟုတ်​ဘူး။လူငယ်​​တွေက
    ငယ်​တုန်​စတိုင်​ကျတာကိုပဲမြင်​ပြီး လူကြီးဖြစ်​တဲ့အခါ ဒီ​လောက်​ကြီးတဲ့နား​ပေါက်​နဲ့ဘယ်​​နေမလဲဆိုတာ
    မ​တွေးကြဘူး။​ခေတ်​မီစတိုင်​ကျဖို့ပဲ​တွေးကြတယ်​။ဒါ​ပေမယ်​့လည်​း အနာဂတ်​မှာ ဒီထက်​ပိုဆိုး​နေမလာ
    မသိပါဘူး။​ဩ….​ခေတ်​…….အမြဲ​ပြောင်​းလဲ​နေတဲ့​ခေတ်​
    ကျ​နော်​တို့လဲ မီသ​လောက်​​လေးလိုက်​ကြစို့။

    Reply

  • padonmar

    May 30, 2013 at 10:19 pm

    နောင်ပြင်ရန်ခက်သည့်အမျိုးထဲမှာပါနေတော့
    အခုခေတ်မီတယ်ထင်ပေမယ့် နောင်ခေတ်များကျရင် ရှက်လို့လည်း ပြန်ပြင်လို့မရတော့ဘူးနော်။
    (အဖွားကြီးပီပီ၊အပျိုဂျီးပီပီ၊အပိုကြီးပီပီ)

    Reply

  • အိမ်ထောင်ပြု (မှု) ၊ ဘုရားတည် ၊ ဆေးမှင်စုပ်ထိုး …
    ဤသုံးမျိုး နောင်ပြင်ရန် ခက်သည့် အမျိုးတဲ့ …. ((ကြားဖူးတာ))
    ဂလိုဆိုဒေါ့ …
    အပေါ်ဂ တီတီ ပေါဒလိုဆိုရင် …
    ခုလို နားဂျီးဒွေ ဖောက်ထားဒါကိုလည်း အိုက်ထဲ ထည့်ရဒေါ့မယ် …
    ပေါဒါ ပေါရဒါ .. ကျုပ်လည်း နားဖောက်မလို့ ချင်းချားနေဒါ …
    တော်ကြာနေ .. ရွာအလည်ပြန်ရင် အခြောက်ကြီး လှည်းထောက်ခွကြီးနဲ့ လို့ ပေါခံနေရမှာစိုးညို့ .. :mrgreen:

    Reply

  • ဦး ကျောက်ခဲ

    May 31, 2013 at 8:47 am

    ဟီး ဟီး… ပြောရရင်တော့ ဦးကျောက်လည်း နားပေါက်ဖောက်ဖူးပါတယ်…
    အကြီးကြီးတော့မဟုတ်ပေမည့် သူ့ခေတ်နဲ့သူ့အခါ စတိုင်ပေါ့ကွယ်…
    နောင်တော့ ကျောင်းဆရာအလုပ်လုပ်ရလို့ဖြုတ်လိုက်တာ အခုတော့ ပိတ်သွားပြီ…
    :harr:

    Reply

  • ဦးကြောင်ကြီး

    May 31, 2013 at 9:41 am

    အဲလို အပေါက်တွေ ဆေးမှင်ကြောင်တွေ အပိုဆာဒါး ပြုပြင်မှုတွေ သဘောမကျပါ… ဖြူဖြူဖွေးဖွေး ရေဆေးငါးမျိုးကိုသာ ရှလွတ်ဆိုပီး… :528: 😳

    Reply

  • e tone

    May 31, 2013 at 12:22 pm

    Ohhhhhh ! Yessssssssss

    အရမ်း သဘောကျပါအိ ….ဒါပေသိ .. အပေါက်ဟောင်းလောင်းတော့ .. ဘယ်လိုမှ ကျိမကောင်း … ။
    အခုမှ နားထောင်းတွေ ခေတ်စားလာတာပါ … အရင်က … နားတဖက်တည်းဖောက်ပြီး ဝတ်ခဲ့ကြတယ် … ။
    တက်တူးးးးးးး … ဒါလည်း .. အခုမှ ခေတ်ကောင်းလာတယ်ဆိုပေမယ့် … ဖက်ရှင်တစ်ခု အနေနဲ့ ကြိုက်တယ် … ။
    ကိုယ့်အသား ကိုယ်ထိုးတာတောင် ပါမစ် ယူနေရသေးလို့ … မထိုးရသေးတာ … ။ တက်တူးလည်း ခရေဇီဖြစ်တယ် … မနွယ်ပင်ရဲ့ လိပ်ပြာ ကြီးကို အရမ်းသဘောကျတယ် .. ခု တက်တူး ထဲမှာ အရမ်းကြိုက်နေတာက … idiots က Raymond ဒီဇိုင်း … ဟိုတကွက်ဒီတကွက်နဲ့ .. ဒါပေမယ့် ကြိုက်တယ် … ။ ကြော်ငြာ လက်စနဲ့ ကြော်ငြာဦးမယ် … တက်တူး ထိုးတဲ့ ကိုသုဝေ လက်ရာ အရမ်းလန်းတယ် … ။
    ကောင်လေးတွေ … နှာခေါင်းတို့ မေးစိတို့ မျက်ခုံးတို့ ဖောက်တာတော့ .. မကြိုက်ဘူး … ။ ဒါဘာဗြဲ :kwi:

    Reply

  • သများတို.ကတော့ နားပေါက်အကြီးကြီး ပစ်ရိုက်ဖို.မပြောနဲ….
    တတ်တူး ထိုးဖို.မပြောနဲ….
    နေမကောင်းလို.ဆေးထိုးရင်တောင် အပ်သေးသေးလေး ဖင်ထဲထိုးဖို. ဆရာဝန်နဲ. ခဏခဏ အကြည့်ချင်းဆုံ တိုင်ပင်ယူရသေးတယ်…….. အဟိ….

    Reply

  • ဦး ကြိမ်

    May 31, 2013 at 4:50 pm

    သူတို့ရဲ့ခေတ်ကို ကျွှန်တော်တို့နား-မျက်စိနဲ့နှလုံးသားကခံစားမှုအသားမကြခင်အထိတော့
    အတော်လေးကသိကအောင့်နိုင်မယ်ထင်တယ်ဗျာ….
    ဒီလိုပဲကျွှန်တော်တို့အဖေအမေတွေခေတ်ကိုပြောင်းပြန်လုပ်ခဲ့ဖူးတာပဲလေ
    နောင်သူ့ထက်သူလူစွမ်းကောင်းတွေပေါ်လာရင်
    ခုကိစ္စကဘာမှမဟုတ်တော့ပြန်ဘူးပေါ့နော်….။

    Reply

  • uncle gyi

    June 1, 2013 at 12:00 am

    သူ့ခေတ်နဲ့တော့သူတွင်ကျယ်
    အရှိန်ကုန်ရင်ရပ်သွားမှာပါ

    Reply

  • may july

    June 1, 2013 at 12:30 pm

    လုံးဝ (လုံးဝ) ကို ကြည့်မရပါဗျာ …

    Reply

  • TNA

    June 3, 2013 at 4:43 pm

    တကယ့်ကိုကြည့်မရတာပါ။ အိုးလေဒီဖြစ်သွားတာလား။ သူတို့ကပဲလွန်တာလားတော့မသိပါဘူး။ တပေါက် လောက်ဆိုုကြည့်ရသေးတယ်။ များလာရင်သောင်ညင်ကပ်ကော။ တချို့များမဲမဲသဲသဲတွေနဲ့ ဆံပင်နီကြောင်ကြားနဲ့ နားပေါက်နဲ့ဆိုရိုက်များပစ်ချင်သေး။

    Reply

  • သျှားသက်မာန်

    June 4, 2013 at 10:30 am

    အကြောင်းအရာတစ်ခုထဲပဲဇောင်းပေးဖော်ပြသွားတယ်နော်.အမှန်ဆိုအများကြီးရှိနေတာ…အကုန်လုံးရေးလို့ရပါတယ်……………

    Reply

Leave a Reply

Your email address will not be published.