ムラカミJune 20, 20132min018
မိ။ ဖြစ်ပါ့မလားကွယ်.. မင်းချံ ရယ်… မင်း။ ဘာလို့ မဖြစ်ရမှာလဲ ကွယ်…. မိ။ ရှင်နဲ့ ကျမက ဘာသာမတူဘူးလေရယ်.. မင်း။ ကိုယ်နဲ့မင်း ဘာသာမတူတာ ကိုယ်တို့မွေးလာတဲ့ တိုင်းပြည်တွေ နေရာတွေ ကွာခြားလို့ပါကွယ်။ မိ။ ဟုတ်တယ်နော်…ဒါနဲ့လေ သိလား မင်း။ ပြောပါ ကွယ်။ မိ။ ကျမလေ ရှင့်ကို သိပ်ကျေးဇူးတင်တယ်။ မင်း။ လင်းပါဦးကွယ်။ မိ။ အော် ကျမတို့ဘာသာကို နားလည်ပေးလို့ပါ။ မင်း။ အော်.. ဒါကတော့ ကွယ်။ မိ။ တကယ်ပြောတာပါ ရှင်။ ရှင် ကျမတို့ ဘာသာကို ဂလောက် နားလည်ပေးနေလို့သာ ရှင်နဲ့ ကျမ ဆက်ဆံရေးပြေလည်နေတာပေါ့။ မင်း။ အဲ့သည်လိုမပြောပါနဲ့ကွယ်။ မိ။ ကျမတို့ ဘာသာက […]


အဖေ အဖေများနေ့လို့ ကလေးတွေပြောဆိုသံကြားတော့ သား အဖေ့ကို သတိရမိပါတယ်အဖေ၊ ဒါပေမယ့် တစ်သက်နဲ့တစ်ကိုယ် မမြင်ဖူးခဲ့တဲ့ အဖေ့ရုပ်ရည်ဟာ ဘယ်လိုပါလိမ့် ၊ မယ်ဒလင်တီးပြီး တေးသွားလေးတွေနဲ့ အထက်တန်းပြ ဆရာမရဲ့  နှလုံးသားကို ဆုပ်ကိုင်စေမိခဲ့သူမို့ အဖေဟာ ခေသူမဟုတ်တာတော့ သေချာမှာပါ ၊ ဒါပေမယ့် ယမကာကျေးကျွန် ဖြစ်လာတဲ့နောက်မှာ မသာယာတော့တဲ့ အဖေတို့ အိမ်ထောင်ရေး ရှုပ်ထွေးခဲ့မှာပဲလေ ၊ တစ်နေ့ အဖေဟာ ရ လသားအရွယ် ကျနော့်ကို ချီပြီး ဘုံဆိုင်တစ်ခှမှာ သူငယ်ချင်းတွေနဲ့ စတည်းချနေသတဲ့ ၊ အဲဒီအချိန် သားပျောက်တဲ့ အမေက ဟိုဟိုဒီဒီ လိုက်စုံစမ်းရင်း သင်္ဘောဆိပ်အထက်ဘက် အဲဒီဆိုင်မှာ အဖေ့ကို တွေ့ခဲ့ပါတယ် ၊ အဖေဟာ အဖေ့ဘော်ဒါတွေကို ဒါ ငါ့သားကွ ငါ့သား […]


ကာရံJune 18, 20131min06
ပန်းလေးရယ်မှ မလန်းခင် အခုတော့ နွမ်းရတော့မယ်ပ လေနှင်ရာ သူလေယိမ်းလို့ ဆင်းသက်ခြွေ သူလေနှင်း မိုးစက်ပွင့်တို့ ကြွေသက်ဆင်း………….. အကြွေစောတဲ့ ပန်းကလေးငယ် လွမ်းရတော့မယ်ထင်ပ သူ့အဆင်း သူ့အရောင် ရုပ်သိမ်းလို့ ညိုရော့တယ် ရနံ့ကလေးရယ် မမွှေးခင် အကြွှေစောလှတယ်……. ကျန်ခဲ့သူလဲလွမ်း ပြန်ရက်သူလဲလွမ်း နောက်ဆုံးတော့ အလွမ်းငှက်နွေဥဩငယ် ပူဆွေးဖွယ် ရတက်မအေး ကူဖေးမယ့် သူအဝေးမှာ ကျမျက်ရည် ဘယ်ညာခက်ကယ်မို့ ဘဝဆိုတာ အဆက်အဆက်ရှိရင်လေ ဆုံချင်သေးတယ် ရနံ့ကြွယ်ပန်းပမာ လန်းဖြာပါစေကြောင်း အစ်ကိုလေ အခုဘဝတင်မက နောင်ဘဝမှာပါ ဆုတောင်းလိုက်ပါတယ် ညီလေးရယ်……                      ပိတောက်မိုး


ムラカミJune 18, 20131min044
သူမက အပျိုပါ .. ဒါပေမယ့် တနှစ်မှာ ၅၂ ခါ ကလေးအမေဖြစ်ပြန်တယ်… ဟုတ်တယ် …ဆန်းဒေးတိုင်းလေ.. သူ့သားသမီးတွေလား တယောက်မှ ၆၃ကျတာမပါဘူး .. အကုန် လမ်းဘေးမှာတောင်းစားနေကြတာတွေချည်း.. သူမက ပြောပြဖူးတယ် ကလေးတို့ ရယ် တဲ့ …ကလေးတို့မှာ မိဘမရှိဘူး… ကျမ ကို တပါတ်မှာတရက် ကလေးတို့ရဲ့ မေမေဖြစ်ခွင့်ပေးပါ တဲ့…။ ပုံပြင်လေးက အဲ့ဒါပါပဲ။ တခါက နယ်စပ်မြို့ကလေး တခုမှာ ကိုယ့်ဝမ်းကိုယ်ကျောင်းရင်း တပါတ်တခါ အငှားမိခင် လုပ်တဲ့ (ဂျစ်တူးတူး မြင်ရပေမယ့်) မာသာထွီစာ ပေါက်စလေးတယောက် ရှိဖူးပါကြောင်းးး။  


  နိဒါန်း ( ၁ ) အဖွင့်အမှာစကား သဂျီးဆိုတဲ့ ပုဂ္ဂိုလ်က သများ ရွာထဲဝင်မရတဲ့ ကိစ္စနဲ့ ပတ်သတ်လို့ “ဒါမျိုး မဖြစ်နိူင်ပါဘူးလို့ ” ပြောလာတော့ ကျုပ်လဲ ဘာတတ်နိူင်မတုန်းဗျာ။ သူက ဆြာကိုး ကိုယ့်ထက် ပိုသိတော့လဲ ငြိမ်နေလိုက်တော့တယ်။ ဒါပေသိ မပြတ်သေးတဲ့ ဖြတ်လို့မရသေးတဲ့ သန်ယောဈဉ်ကြောင့် ဟိုသူ့ အကူအညီတောင်း ဒိသူ့ပူဆာနဲ့ တက်လာတဲ့ ပို့စ်တွေကို ထိုင်ဖတ်ဖြစ်ပါတယ်။ ဆိုတော့ သများစိတ်ကို မရိုးမရွဖြစ်စေသောပို့စ်ကို ဒီမနက်မှာဘဲတွေ့တယ် ထားပါ ဒါပြဿနာမဟုတ် နဂိုကမှ ကျနော်က ကန့်လန့်သမား ဆိုတော့ အမြင်ကိုက ၂၃ ၂ပိုင်း၁ပိုင်း ဒီဂရီ စောင်းနေတာ။ ကဲ ဘေးတိုက်အမြင်ကို အတည်ဟန်နဲ့ စောင်းစောင်းလေး စပွားများကြရအောင် …..လိုက်ဆိုကြ … […]


kotun winlattJune 16, 20132min03
လွန်ခဲ့သော နှစ်ပေါင်း နှစ်ဆယ်ကျော်က ဘဘဦးတင်ဦး၊ အမေစုတို့ အင်းတော်မြို့ရောက်ရှိခဲ့စဉ်က ဆရာဦးစောလှိုင်တို့ အဖွဲ့နှင့် အမှတ်တရ ရိုက်ကူးထားတဲ့ ပုံလေးပါ…. ဆရာဦးစောလှိုင်မှာ အကျင်္ီအစိမ်း ပုဆိုးအညိုရောင်နဲ့ပါ ဒီနေ့တော့ မနက်ကတည်းက ရာသီဥတု သာယာနေပါတယ်….. ဒါပေမယ့် ကျနော့်ရင်ထဲမှာတော့ သာယာမှုမရှိပါ.. အဘယ်ကြောင့်ဆိုသော် ကျနော်တို့ အဖွဲ့လေး ဖားပန်ကျေးရွာ အခြေခံပညာ မူလတန်းကျောင်းလေးကို စာရေးကိရိယာ သွားရောက်လှူဒါန်းပြီး နောက်ရက်မှာနံနက်ပိုင်းမှာပဲ အင်းတော်မြို့က ကျနော့် သူငယ်ချင်း ချမ်းအောင်က ” ထွန်းဝင်းလတ်ရေ … ဆရာစော ဆုံးသွားပြီ.. ၁၂ ရက်နေ့မှာ သဂြိင်္ုဟ်မယ်…” ဟု အကြောင်းကြားလာခဲ့သည်။ ဆရာစောဆိုတာက ကျနော်တို့ အင်းတော်မြို့နယ်က ၁၉၉ဝ ပြည့် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ကိုယ်စားလှယ်လောင်းဦးစောလှိုင်ပါ။ အနိုင်ရခဲ့ပေမယ့် လွှတ်တော် အမတ်မဖြစ်ရပဲ […]


                        ဂနေ့သည်ကား ဂဇက်ရွာ တင်းနစ်ကွင်း၌ ကြက်ပြန်မကျ ဘဲပြန်မကျ ဝက်ဝက်ကွဲအောင် စည်ကားသောနေ့ပေတည်း။ အနှီကဲ့သို့ စည်ကားရသောအကြောင်းကို ရှင်းရသော် တင်းနစ်အကျော် လေလာရာတင်ပေးလို့ အီးပေါက်တိုင်း သံကုန်ဟစ်ရှာတတ်သော ရှာရာပိုဗာကြောင်ကြီး နဲ့ လက်မြန်လေသွက် နှင်းကေသရာချစ်ရတဲ့ ဆရီနာကျောက်စ်တို့၏ နောက်ဆုံးဖိုင်နယ် ရေကုန်ဘီယာခမ်း ကစားကြမည့် အထူးအားကစားပွဲဖြစ်သောကြောင့်ဟု မှတ်ယူကြပါလေကုန်။ အရှေ့ဘက်ပွဲကြည့်စင် နေယွန်းရာခပ်စွန်းစွန်း၌ ဂဇက်သဂျီး မာမွတ်စ်ရှာပွတ်စ် ဦးမားခိုင်နှင့် သဂျော်ဂဒီး ဆရာမကြီးသည် ရွာကြီးဂုဏ်ပြောင် ဦးပါ အန်တီဒုံ အန်တီမမ ဆိုတဲ့ အမှုတော်ဆောင်လူကြီးမင်းများကို အဖော်ပြု၍ ရှုစားကြလေ၏။ ရွာသူရွာသားများကား အထူးမြွတ်ကြားဖွယ်မလို သင့်လျှော်ရာပွဲကြည့်စင်မှ အားပေးကြလေသတည်းဟု […]


Mr. MarGaJune 14, 20131min030
  အပြင်မှာ မိုးတွေက သည်းသည်းမည်းမည်း ရွာနေသည်။ အိမ်ရှေ့ ဝရန်တာမှာ ကော်ဖီတစ်ခွက်ချပြီး ထိုင် ငေးနေသည်မှာလဲ မိုး စ ရွာကတည်းကပင်။ မိုးက တဖြည်းဖြည်း ပိုလို့ပိုလို့ သည်းလာ၏။ မိုးရွာတိုင်း တစ်စုံတစ်ယောက်ကို သတိရမိတာ ဟိုအရင်ကတည်းက။ မိုးနဲ့ပဲ စတွေ့ပြီး မိုးနဲ့သာ လမ်းခွဲခဲ့ရတာမို့ မိုးရွာတိုင်း သတိရတာ မဆန်းလို့ပင် ဆိုနိုင်သေးသည်။ အခုထိ မမေ့နိုင်သေးတဲ့ ကိုယ့်ကိုယ်ကိုလဲ မချင့်မရဲ ဖြစ်နေကျ။ တကယ်ဆိုရင် မေ့သင့်တာ ကြာပြီကိုး။ ထိုင်နေရင်း အတွေးတွေက ထိန်းမနိုင် သိမ်းမရ အတိတ်ကို ပြန်သွားပြန်ချေပြီ။ ဟိုး……………..လွန်ခဲ့တဲ့ မိုးသည်းနေ့လေး တစ်နေ့မှာပေါ့…………….. ညကတည်းက သည်းသည်းမည်းမည်း ရွာနေသည့်မိုးက မနက်လင်းသည့်တိုင် တိတ်ဖို့ အစီအစဉ် ရှိဟန်မတူသေး။ သူ့ကို ရက်ဆက် […]


kotun winlattJune 13, 20132min07
အနာဂတ်၏ သားကောင်းရတနာလေးများးးးးးးး အနာဂတ်၏ သားကောင်းရတနာလေးများနှင့် ကျနော်တို့ အဖွဲ့လေး အမှတ်တရ…. ကျနော်တို့ အဖွဲ့လေး ကျောင်းလေး၏ စာသင်လေးရှေ့မှာ အမှတ်တရ….. ရွာလေးထဲမှာ တစ်အိမ်တက်ဆင်း ဂျာနယ်စာစောင်များကို လိုက်လံဝေငှကြစဉ်…. ဆရာတော်နှင့် ကျနော်တို့ အဖွဲ့ဝင်များ စကားစမြည်….. ဆရာတော်အား ဂျာနယ်နှင့် ဓမ္မစာစောင်လေးများ ဆက်ကပ်လှူဒါန်းစဉ်….. ခရီးစဉ်ကို စထွက်တော့ နံနက်ရှစ်နာရီခွဲနေပါပြီ … ဒီနေ့မှ တိုက်တိုက်ဆိုင်ဆိုင် မော်လူးထဲမှာ ဆိုင်ကယ် ဦးထုပ်မပါတဲ့လူတွေကို ယာဥင်္ထိန်းရဲက ဖမ်းနေပါတယ်… ဒီအကြောင်းလေးကိုလည်း ရေးချင်သားဗျ….အဟဲ…. နောက်များမှပေါ့နော့.. သုံးဘီးဆရာက ဦးထုပ်မပါလို့ ကွင်းလမ်း ရှောင်လမ်းကနေပတ်ပြီးမောင်းခဲ့ပါတယ်…..အဖွဲ့ဝင်တွေက မော်လူး၊ အုန်းဒုတ်၊ စီးမော်၊ ညောင်ပင်သာ၊ စီပိန်းစတဲ့ ရွာလေးတွေကဖြစ်ပြီး ဖားပန်ရွာကို သွားတဲ့လမ်းနဲ့ တဆက်တည်းမို့ တစ်ရွာပြီးတစ်ရွာ ဝိုင်းတော်သားလေးတွေက အားဖြည့်လာကြတာမို့ အင်အား(၂၀)ယောက်လောက် […]


kotun winlattJune 13, 20131min08
မန်းလေးဂေဇက်မှ လှူဒါန်းသော  ပစ္စည်းများ မန်းလေးမှ မော်လူးသို့ ရောက်ရှိလာစဉ်…. ရွာတံဆိပ်လေးကို ကျနော်မှ ဒီလိုခေတ်နှိပ်ပေးလိုက်ပါတယ်….. တက်တက်ကြွကြွ လှုပ်ရှားနေကြတဲ့ ကျနော့်၏ One Candle စေတနာရှင်လူငယ် အဖွဲ့ဝင်များ ဆရာမသို့ သင်ထောက်ကူ ပစ္စည်းများ ပေးအပ်လှူဒါန်းစဉ်….     ”ရွာသူ ရွာသားအားလုံး မင်္ဂလာပါညယ်” လို့ နှုတ်ဆက်ပါရစေ…. အလှူခံဖလားကြီး ပိုက်ပြီးကတည်းက ပျောက်ချက်သား ကောင်းနေခဲ့တဲ့ ကျနော် အလှည့်ကျ မနွဲ့ကျစတမ်းဆိုသလို ကိုယ့်အလှည့်ရောက်လာပြီမို့ စိတ်ကူးတည့်ရာ အကုန်ရေးပါတော့မယ်… သံခီးးးသီးခံပြီးတော့သာ ဖတ်ကြပေရော….။ myanmargazette.net က အားတက်သရော ထည့်ဝင်လှူဒါန်းငွေတွေနဲ့ ဝယ်ယူပြီး မန္တလေးက လေးပေါက် တာဝန်ယူပေးပို့လိုက်တဲ့ စာရေးကိရိယာတွေ ကျနော့်ဆီကို 5.6.2013 ရက်နေ့က ရောက်ရှိလာတာမို့ ခရီးစဉ်တွေကို ကျနော်ရဲ့ ဝိုင်းတော်သားတွေနဲ့ […]


Nay ChiJune 13, 20131min018
သူမ ဆံနွယ်တွေကို ဖွာကနဲ ဖြစ်အောင် တစ်ချက်ရမ်းခါဖြစ်လိုက်သည်…။ စိုထိုင်းဆ မြင့်မားတဲ့ လေပြေတစ်ချက် အဝှေ့မှာ အသက်ရှူရတာပင် လတ်လတ်ဆတ်ဆတ် ရှိလွန်းလှသလိုလို..။ အော်.. မိုးစဲသွားတာ မကြာသေးပဲကိုး…။ ပတ်ဝန်းကျင်တစ်ခုလို့ စိမ်းစိုအေးမြနေပုံက သူမကို လမ်းပေါ်ထွက်လာဖို့ သိသိသာသာပင် ဆွဲဆောင်နေသည်..။ ဒါနဲ့… ကိုယ်ဟန်ကို ခပ်မတ်မတ်ပြင်ရင်း ကျော့ကျော့လေးပဲ လမ်းပေါ်ထွက်လာ ခဲ့မိလိုက်တယ်..။ “တက်ကလောက်… တက်ကလောက်” ဇဝေဇဝါခံစားချက်တချို့ကို ခေါင်းတချက်ရမ်းပြီး မေ့ဖျောက်ပစ်မိသည်..။ ပြီးတော့ ကောင်းကင်ကြီးကို မော့ကြည့်ဖို့ တချက်အားထုတ်ကြည့်တယ်..။ သိပ်တော့အဆင်မပြေလှ…။ ခေါင်းမော့ကြည့်ရတာ သူမအတွက် သက်တောင့်သက်သာ မခံစားရ…။ ကဲ.. ရှိပါစေလေ..။ ရွက်ကြွေလေးတွေနဲ့ စိုစွတ်နေတဲ့ လမ်းမကြီးကလဲ သူမကို ဖော်ဖော်ရွေရွေစောင့်ကြိုနေကြသားပဲ..။ ဒီလိုပါပဲ…။ သူမက သိပ်အားထုတ်လေ့ရှိသူတော့ မဟုတ်…။ ဖြစ်လာသမျှ အနေအထားမှာ အတတ်နိုင်ဆုံး […]


ムラカミJune 11, 20131min026
သူမတွင် အကျင့်တခု ရှိသည် ၂လွှာပေါင်းမှ တခု ဖြစ်သော တစ်ရှူးကို အကုန်သုံးလို့ ကုန်တာမှမဟုတ်ဘဲ ဆိုပြီး ၁လွှာခွာပြီး ပြန်သိမ်း တတ်သော အကျင့်ဖြစ်၏။ အဲ့သည့် အကျင့်ကပဲ တခါတခါ ကျနော့်ကို ကျဉ်းထဲ ကျပ်ထဲ တွေကနေ ကယ်တင်တတ်ပါသေးသည်။ (အာလူးချောင်းကြော် ပါးဖြဲနားဖြဲစားပြီးကာမှ သုတ်စရာ တစ်ရှူးစက္ကူပြတ်သည့်အခါမျိုး )   သူမတွင် အကျင့်တခု ရှိသည် အဲ့ဒါကတော့ အိပ်ယာခင်းတွေ ခနခန လဲတတ်ခြင်းဖြစ်သည်။ သူ့အိမ်သွားလည်တိုင်း အသစ်အသစ်သော ကာတွန်း ဇာတ်ကောင်လေးများက ကျနော့်ကို ခရီးဦးကြိုလေ့ရှိပါသည်။ ကျန်း… နင်ငါ့နောက်ကွယ်မှာ ဒိုရေမွန် နဲ့ အိပ်တယ်ပေါ့ လို့ စ-နောက်မိသည့်အခါ ကျနော့်ကို မျက်စောင်း စူးစူးကျွေးပါသည်။သူမသည် နဂါးမဟုတ်သည့်အတွက် ကျနော်လည်း ပြာမဖြစ်သွားခဲ့ပါ။   […]


black chawJune 6, 20131min024
၂၀၀၁ ခုနှစ်လောက်က ရေးခဲ့တဲ့ မင်းခိုက်စိုးစံရဲ့ ကဗျာလေးတစ်ပုဒ်ကို ကျွန်တော်အကြိုက်တွေ့နေမိပါတယ်…။ တစ်ပုဒ်လုံးထဲကမှ အောက်က ၂ ကြောင်းထဲကို ခိုက်နေမိတာပါ…။ မြစ်ဘေးက သစ်ပင်လို သူများတွေ စီးဆင်းနေတာကိုပဲ ငေးကြည့်နေချင်ရဲ့ တဲ့…။ အမှန်တကယ်တော့ ကျွန်တော်ကိုယ်တိုင်လည်း မြစ်ဘေးကသစ်ပင်လိုပါပဲ…။ သူများတွေစီးဆင်းနေတာကိုပဲ ငေးကြည့်နေချင်မိတာပါ…။ သတ္တိနည်းတဲ့လူတွေရဲ့ ထုံးစံအတိုင်း… ဝီရိယနည်းတဲ့လူတွေရဲ့ ထုံးစံအတိုင်း… အပျင်းကြီးတဲ့လူတွေရဲ့ ထုံးစံအတိုင်း… တွေဝေတတ်တဲ့လူတွေရဲ့ ထုံးစံအတိုင်း… အားနာတတ်တဲ့လူတွေရဲ့ ထုံးစံအတိုင်း… ကိုယ်တိုင်စီးဆင်းဖို့ မကြိုးစားပဲ… သူများတွေစီးဆင်းနေတာကိုပဲ ငေးမော ကြည့်ရှုနေချင်တဲ့ ကောင်ပေါ့…။ မြစ်ကြီးကတော့ ပုံစံမျိုးစုံနဲ့ စီးဆင်းနေခဲ့တာပေါ့…။ ဘယ်လိုပဲဖြစ်ဖြစ်… ကျွန်တော်က မြစ်နံဘေးက သစ်ပင်ပါ။ —————————————————————– မြန်မာနိုင်ငံရဲ့ မြို့တချို့မှာ ဖြစ်ပွားနေခဲ့တဲ့ ပဋိပက္ခဆိုတာတွေကို ကျွန်တော် စိတ်မကောင်းခြင်းကြီးစွာနဲ့… စောင့်ကြည့်နေခဲ့ဖူးပါတယ်…။ ကြည့်နေရင်းတန်းလန်းမှာပဲ… ကမ္ဘာကျော်ပြဇာတ်ဆရာကြီး […]