DEPARKO DEPARKOJuly 12, 20131min010
အနီးကြည့်လည်းမပြတ်သား ငါ့မှာဝါးတားတား အဝေးကြည့်တော့နှစ်ထပ်ဖြစ် ပုံရိပ်ဘယ်မစစ် ဝါးချင်တဲ့မျက်လုံး တိမ်များဖုံးနေသလားလို့ ရဲမျက်မှန်မှာသွားစစ် ငွေစက္ကူအသစ်တွေကုန်ပါရော။ လစာငွေရဲ့တစ်ဝက် မျက်မှန်ကိုင်းအတွက် လမ်းမတစ်ကာလျှောက်ကာကြွား ငါနဲ့လိုက်သလားပေါ့ မျက်စေ့ကပါဝါတိုး ဇက်ကြောတွေကထိုးလွန်းလို့ အမျိုးမျိုးသောဆေးတွေသောက် မပျောက်နိုင်ခဲ့တော့မှ ဝါးချင်တဲ့မျက်လုံး အမှန်မြင်အောင်သုံးသပ် လက်စသပ်တော့ ၂၁ရာစုရဲ့သမီးပျို ပေါင်အတို ရင်ဟိုက်ကွဲ စတော်ကင်အမြဲဝတ်တတ်တဲ့ ဒင်းလက်ချက်ဘဲ။


အာဂJuly 11, 20131min018
ကကြီး ခခွေး ပြန်ရေးချင်တယ်။ ကလေး ဘဝဆိုတာ အဖြူရောင် ပန်းတောထဲ လျှောက်ရတဲ့ ခြေဖဝါး နုနုလိုပဲ ဖြူစင်နုညံ့လှတယ်။ လိုချင်တာမရရင် ဖြူစင်စွာ ငိုမယ်။ နို့ချိုဖြူတွေ စို့လို့ လွတ်လပ်စွာ ရယ်နိုင်တယ်။ အနာဂတ်အတွက် မရိုးဖြောင်တဲ့ ဇာတ်ညွှန်းတွေ မရေးဘူး..။ အတိတ်ကို ဝါပြီးသား ပီကယ်လို ထွေးထုတ်နိုင်တယ်။ လိုချင်တာကို စိတ်ကောက်လို့ ပစ္စုပ္ပန်ကို အရုပ် လိုကစားနိုင်တဲ့….. ဟန်ဆောင်ကင်းကင်း ပျော်စရာခရီး… မို့… အချိန်တွေ ပြောင်းပြန်စီးတဲ့ မြစ်ထဲ ပြန်ခုန်ချခွင့်ပြုပါ……။ ကြီးရင့်လာလေလေ စိတ်အပင်က သောကတွေ သီးပွင့်လာလေလေမို့ ပြန်ငယ်ပါရစေ…ကလေးသဖွယ်..။


alinsettJuly 11, 20131min045
တခါတုန်းက ရွာကြီးတစ်ရွာမှာ. .  . . . ဆိတ်ကျောင်းတဲ့ နားထိုင်းတစ်ယောက် ဆိတ်ကျောင်း ထွက်ရာမှာ သူကျောင်းနေတဲ့ ဆိတ်တွေထဲက ခြေကျိုးနေတဲ့ ဆိတ်လေးတစ်ကောင် ပျောက်သွားတယ် ။ ဆိတ်ကျိုးလေးကို လိုက်ရှာရင်းနဲ့ ထန်းတက်နေတဲ့ လူတစ်ယောက်ကို တွေ ့လို ့ သူ့ ့ဆိတ်ကျိုးလေးကို တွေ ့မိလားးးလို့ ့မေးလိုက်တယ် ။မေးပေမယ့် ထန်းတက်သမားကလည်း နားထိုင်းပဲ ။ ဆိတ်ကျိုးလေး တွေ ့မိလား မေးတာကို သူကြားချင်ရာကြားပြီး ဖြေချင်ရာ ပြန်ဖြေတယ် ။ ဟေ့ ဟောဒီ မြင်မြင်သမျှ ထန်းတော က ငါ့ယောက္ခမ ထန်းတောကြီးပဲကွ ဆိုပြီး လက်ကို ဝှေ ့ယမ်း ပြလိုက်ရော ။ အဲဒီ လို […]


DEPARKO DEPARKOJuly 11, 20131min07
ငါဟဲ့မင်းလောင်း မောင့်ကျက်သရေခေါင်းပေါင်းနဲ့ ထီးဖြူခေါင်းပေါ်ဆောင်းလို့ ကျွေးဟောင်းတွေလျှော်ပစ်မတဲ့။ ငါဟဲ့မင်းလောင်း ဝန်ထမ်းတွေနေရာပြောင်းလို့ မကောင်းမှုတွေဖယ်ကာရှားလို့ နတ်သုဒ္ဒာ နင်တို့စားရမဟဲ့ တိုင်းပြည်ကိုရတနာပုံဆိုက်ရအောင် လုပ်ပေးမယ်တဲ့။ အပြောက ကောင်းကောင်းနဲ့ လှတောသူမျက်ရည်ကျလောက်အောင် အဆောင်အယောင်ဂုဏ်ရှိန်ကြီးပါဘိ ပုခုံးတစ်ဘက်စောင်း။ ငါဟဲ့သမတလောင်း အခြေအနေဘယ်လိုပြောင်းစေတော့ ယုံကာလေပုံကာအပ်မည်မို့ အတွေးတစ်ချက်ကောင်း။ ကျားသေကိုအသက်မသွင်းလိုဘု မျက်ရည်တွေအခါခါမဆဲသည်မို့ မိုးခါးရေပုံပမာရှိသည်မို့ ယုံပါလို့မပြောလိုပါ ကြုံလာတဲ့ကံကြမ္မာ ဖန်လာသည်အခါခါပေမို့ ထိုက်တန်သူပြည်သူအပေါင်းအတွက်ပါ ငါဟဲ့မင်းလောင်း၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊


alinsettJuly 11, 20131min029
      ကျွန်တော် မုန်းသော ပတ်ဝန်းကျင် ဆိုသော ဝတ္တုတိုကလေး ရေးအပြီးမှာ. . . . . . ကျွန်တော်ချစ်သော ပတ်ဝန်းကျင်တစ်ခုအကြောင်းလည်း ရေးရဦးမည် ဟု တွေးထားခဲ့ပါသည်။ ယခုတော့ ကျွန်တော်ချစ်သော ပတ်ဝန်းကျင်တစ်ခုအကြောင်း…..  ရေးဖြစ်ပါပြီ ။ ဝတ္တု မဟုတ်ဘဲ အက်ဆေးသဘောမျိုးလေး ရေးကြည့်ဖို့ ့ရည်ရွယ်ပါသည် ။ =========================================   ကျွန်တော့်မှာ ကျွန်တော် ချစ်သော ပတ်ဝန်းကျင်တစ်ခု အသေအချာပင် ရှိနေပါသည်။ ထို ပတ်ဝန်းကျင်သည် ဂဇက်ရွာ ( မြို့တော် ဖြစ်ပြီ ဆိုလားပဲ ) ဖြစ်ပါသည် ။ ========================================== လူငယ်တွေမှာ ကြွယ်ဝတဲ့ ပတ်ဝန်းကျင် ( Rich Environment […]


အာဂJuly 10, 20131min08
ဟိုး ကမ္ဘာဦးကတည်းက သစ်ရွက်တွေ အသံမထွက်ဘဲ ကြွေကြတာပါကွယ် လူ့ယဉ်ကျေးမှုစတည် စ ကတည်းက ပါးနီလှလှလေးတွေဟာ ပန်းဖြစ်နေတယ်။ ဒါပေမဲ့ ကို်ယ့်လို ခိုးဝှက်၊ စိတ်အံဆွဲထဲပျိုးကြဲသူအတွက် ကိုယ့်နှလုံးသားကြွေသံ အမြန်နှုန်းဟာ လူမသိ သူမသိတောက်လောင်လွန်းလှတယ်။ ချမ်းတတ်ရင်ဆောင်းကို မထိနှင့် အို……နေရယ် ကမ္ဘာကြီးတိမ်းစောင်းသွားရလောက်အောင်တော့ ဘယ်သူမှ….မဆော့ခဲ့ပါဘူး…။ လှမ်းခူရင် ဆူးမယ်မှန်းသိပေမယ့် ကိုယ့်လက်တွေက သွေးထွက်ရဲချင်နေတယ်။ သေချာတာက…. ကိုယ့် လက်ဆော့ခဲ့တာမဟုတ် နှလုံးသား ဆော့ကစားခြင်းသာ။ အတန်းလိုက် စိုက်ထားတဲ့ မင်းရယ်သံ အုပ်အုပ်ကလေးဟာလည်း သောကတွေအရိပ်ထိုးလို့ ရိုးတံကျဲရဦးမှာပါ….။ မြစ်ထဲရေမရှိမှ ဒုက္ခတွေရွက်လွှင့်ခြင်းကင်းမှာ စမ်းချောင်းပေါ်ကြွေရုံနဲ့… ပန်းတွေ ပင်လယ်ထိမရောက်ဘူး…။ ကိုယ့်ရင်ထဲ… သောကငွေ့ငွေ့နှင့် စိုးရိမ်ခြင်းသတင်းစာ မင်းနာမည် အကြောင်း အထပ်ထပ်ဖတ်ရတာ မောလျတယ်…။ မင်းနဲ့ ပတ်သက်သမျှ ရဲရဲကြီး ခပ်ထုတ်နိုင်မှ ကိုယ့်ရဲ့ […]


အော်…ခေတ်ကြီးကိုက………. သူများချေတလှမ်းဆို ကိုယ်ကနှစ်လှမ်း သုံးလှမ်းမှတော်ရုံ မကျတဲ့ခေတ် မျက်နှာသစ်ပြီး ကထဲကမုသာဝါဒကံ ကိုကျုးလွန်ဖို့အသင့် ပြင်ထားရတဲ့ခေတ် ခုတ်မယ် ထစ်မယ် ပါးပါး လှီးမယ် ဆိုတဲ့ စကားက နေရာရတဲ့ ခေတ် ကျော်နိူင် လွှားနိူင် ရက်စက်နိူင် မှသရဖူ ဆောင်းခွင့်ရတဲ့ခေတ်……..ဒီတော့ ကျွန်တော်တို့ ထမင်းတလုပ်စားရဖို့အရေး ချေနှစ်ချောင်းစာမတ်တပ်ရပ်ဖို့ အရေး…..ဟိုအရေး..ဒီအရေး အရေးပေါင်းများစွာအတွက်……ဒီခေတ်ထဲမှာ…ရိုးရိုးကျင့် မြင့်မြင့်ကြံ…..လှုရင်တိုး ခိုရင်မွဲ ရိုးသားသည့် ဂုဏ်စားမကုန် တဲ့…ကျွန်တော်ယုံကြည်တဲ့ ဒီစကားတွေကို……သားသမီးတွေအတွက် ဥပမာပြုစရာစကားအဖြစ်အသုံးဝင်ပါတော့မလား….သူတို့အတွက်ရီစရာများဖြစ်နေမလား…..လို့ ကျွန်တော်တွေးပြီးပူပန်မိတယ်…….ဝိုင်းဝန်းဆွေးနွေး….အဖြေရှာပေးကြပါလို့ မေတ္တာရပ်ခံပါတယ် …..ရွာသူရွာသားအပေါင်းတို့ခင်ဗျား……။      


KyaemonJuly 9, 20136min05
              ဆရာတော်ရဲ့ဘာသာပြန်ကဗျာလက်ရွေးစင်အချို့ကို ဆက်လက်ပြီးတင်ပြတာပါ၊     —————–   ဦးကြင်ဥ ရဲ့ပါပဟိန်ပြဇာတ်က ကဗျာ တပုဒ် ပါ၊         ဇာတ်လမ်းအရ ညီတော်မင်းသား ပါပဟိန်က  နောင်တော်အိမ်ရှေ့မင်းသား ဇယျာသိန် အား စစ်ထိုးတိုက်ခိုက်ဘို့ ပြင်ဆင်ရင်း ထုတ်ဖော်တဲ့စစ်ချီကဗျာပါ၊   ညီတော်ကနန်းလုတာအရေးတော်ပုံအောင်ခဲ့တာပါ၊       (မြန်မာရာဇဝင်မှာအလားတူ ဖြစ်ရပ်တခုရှိခဲ့တာပါ)       Naratheinkha – Wikipedia, the free encyclopedia       http://en.wikipedia.org/wiki/Naratheinkha Reign[edit]     ညီတော်နရပတိစည်သူကိုနယ်စပ်သို့အကြံအဖန်နဲ့စေလွှတ်ပြီးနောက်  […]


alinsettJuly 7, 20131min028
အနုပညာအကြောင်းခပ်ကြမ်းကြမ်းလေးပြောကြည့်မယ်  ( ၁ ) အနုပညာစကား ။ ရ ။ အနုပညာရဲ ့ အသုံးဝင်မှု တန်ဖိုး ကို မပြောခင် အနုပညာကို တန်ဖိုးဖြတ်ခြင်း ကနေ အရင် စရပါမယ်။ အနုပညာမှာ တန်ဖိုး ရှိသလား ။ ဘယ်လို တန်ဖိုး ရှိတာလဲ ။ ဘယ်လောက်တန်ဖိုးရှိတာလဲ ။ အနုပညာမှာ တန်ဖိုး ရှိသလား ဆိုရင် ရှိတယ် လ်ို့ပဲ ခပ်ပြတ်ပြတ် ပြောရမှာပါပဲ ။ ဘယ်လိုတန်ဖိုး ရှိသလဲ ဆိုတော့ အသုံးဝင်မှု တန်ဖိုး ရှိပါတယ်။ အဲဒီ အသုံးဝင်မှုတန်ဖိုး အပြင် ပကတိအရှိတန်ဖိုး ဆိုတာလည်း ရှိပါသေးတယ် ။ ပကတိတန်ဖိုး အရှိတန်ဖိုး ဆိုတာကတော့ ရှင်းပါတယ်။ […]


alinsettJune 30, 20131min048
  ဘယ်သူ့ ့ပေါင်မှ သွားး လှန်မထောင်းရဲလို ့ ကိုယ့်ပေါင် ပဲ ကိုယ် လှန် ထောင်းပြပါဦးမယ်။ ဘာသာရေးနဲ ့ပက်သက်ပြီး ကိုးကွယ်မှု လွဲမှား နေတဲ့ အဖြစ်တွေ စင်ကြယ်စေချင်ပါတယ်လေ ။ ကျွန်တော် ကိုယ်တိုင်လည်း ရုပ်တု ကိုးကွယ်မှု ဆိုတဲ ့ သဘောထားဆီကနေ တဖြည်းဖြည်း ရှောင်ခွါသလို ဖြစ်လာပြီ ။ ကိုယ် ကိုးကွယ်တဲ့ ဘာသာတရားဟာ ကိုးကွယ်ထိုက်တဲ ့ဘာသာတရား ဖြစ်ရဲ့လား။ ကိုးကွယ်ဆည်းကပ်ရမယ့် ပုဂိ္ဂုလ်ကလည်း သီလ / သမာဓိ /  ပညာ မြင့်မြတ်စင်ကြယ် ရဲ့လား ဆိုတဲ့ သဘောထားနဲ ့အတော်လေး ရွေးချယ်နေမိတာ ပါ ။ ပုဂိ္ဂုလ် စွဲ ဝါဒစွဲ ဂိုဏ်းစွဲ […]


KyaemonJune 30, 20133min07
    ဆရာတော်ရဲ့ဘာသာပြန်ကဗျာလက်ရွေးစင်အချို့ကို ဆက်လက်ပြီးတင်ပြတာပါ၊ ——————           ———————-         ခရုခွန်အတုကိုဖန် (မှန်)နဲ့လုပ်ပေးပြီး၊”ပုံးလျှိုး”နေတဲ့ဝင်ကစွပ် ကိုလေ့လာကြတာ ၊     ပုံတွေကို ကလစ်လုပ်ပြီး ပုံကြီးနဲ့ကြည့်နိုင်၊ စာသားကဗျာ အချပ်ကိုလဲထပ်တူလုပ်နိုင်၊    


KyaemonJune 28, 20136min08
ဆရာတော်ရဲ့ဘာသာပြန်ကဗျာလက်ရွေးစင်အချို့ကို ဆက်လက်ပြီးတင်ပြတာပါ၊   ——————     စံပယ်ပန်း   ( “…နန်းရဝေ၊ မန်းမြေ စံပယ်လှိုင်တော့… ” နဲ့အညီ မန်းရှုခင်းတွေ၊စံပယ်ပန်းတွေ တင်ဆက်ထားတာပါ။)   =================     ခံပွင့်Carissa Carandas Linn တွေအတွက်နောက်ဆက်တွဲပုံ   (ဒေါ်Padonmar ရဲ့ကွန်မန့်ကိုရည်ညွှန်းပြီးတင်တာ)    


Mလုလင္June 27, 20133min022
ရှုချင်စဖွယ်၊ လျှပ်တပြက် နဲ့ သတင်း . . . . . အဲ့လို ရသ မျိုး တွေ တစ်မျိုးစီ . . . . . လေးစားစွာဖြင့် Mလုလင်