မကြီးစန်းရဲ့ မိတ်ကပ်လက်ဦးဆရာက မိတ်ကပ်ဆန်နီနော် ၊ သူနဲ့တွေဆုံဖြစ်သွားပုံလေးကရော….။ ဆရာမိတ်ကပ်ဆန်နီက မကြီးစန်းဆီကို ဆံပင်လာလာညှပ်တယ်။ သူက တော်ရုံတန်ရုံဆိုရင် သူ့ခေါင်းကို ဘယ်သူမှ ပေးမကိုင်ဘူး။ မကြီးစန်း ဆံပင်ညှပ်တော်တယ်ဆိုတာသိလို့ သူက လာစမ်းညှပ်တာ။ အဲဒီမှာ သူက သဘောကျပြီး ငါ့ဆံပင်ကို နောက်နင်ပဲညှပ်ဆိုပြီး ဖြစ်သွားတယ်။ မာမဆန်က ဆံပင်အားနည်းတယ်လေ။ အဲဒီလို ညှပ်ပေးရင်းနဲ့ သူက မကြီးစန်းကို နင်အားလို့ရှိရင် င့ါဆိုင်လာလည်လေလို့ ခေါ်တယ်လေ။ သူက အဲဒီအချိန်မှာ မို့မို့မြင့်အောင်ကိုလိမ်းတဲ့ မိတ်ကပ်ဆန်နီဆိုပြီး နာမည်ကြီးနေပြီလေ။ ကိုယ်ကလည်း နာမည်ကြီးမင်းသမီးရဲ့ မိတ်ကပ်ဆရာဆိုတော့လည်း သူ့ကိုလေးစားအားကျတယ်လေ။ အဲဒီအခါကျတော့ မကြီးစန်းက ကိုတူးရဲ့တပည့် ဖြစ်နေတဲ့အခါကျတော့ သူ့တပည့်တစ်ယောက်ရဲ့ သံယောဇဉ်နဲ့ ကိုယ့်အပေါ်ကို သူကနွေးနွေးထွေးထွေး ဆက်ဆံ ခဲ့ပါတယ်။ အဲဒီတုန်းက မကြီးစန်းဆိုင်ပိတ်ပြီဆိုရင် အိမ်မပြန်သေးဘဲ မာမီဆန်ဆီဝင်ပြီး […]
