ဒီပန်းချီကားလေးကို “ ဆေးတံ သောက်သူများ ” လို ့အမည်ပေးထားပါတယ်..။ အခရိုင်းလစ် ဆေးသုံးပါတယ်..။ 200 cm_100 cm ရှိမယ်ထင်ပါတယ်..။ ပေါင် ၂၀၀ဝ ကျော်နဲ ့ ရောင်းလိုက်တဲ့ ဥရောပ ပွဲဦးထွက် ပန်းချီကားပါ..။ ထိုင်းမြန်မာနယ်စပ်က တောင်ယာလုပ်ကိုင်သူတွေ ဆောင်းမနက်ခင်း စောစောမှာ ဆေးတံသောက်နေတာကို သရုပ်ဖော်ထားတာပါ..။ အဓိက ပြချင်တာက လေငြိမ်နေပေမယ့် အရမ်းချမ်းအေးတယ်.. နေရောင်ခြည်နုနုလေးတွေ အောက်မှာ လွင့်ဝဲနေတဲ ့မီးခို းလေးတွေ ပေါင်းစပ်ယှက်နွယ်နေတယ်..။ ဘဝတူချင်း ရင်းနှီးနွေးထွေးတာကို စိတ်ခံစားပြီး ရေးဆွဲခဲ့ပါတယ်..။ နောက်ခံတောင်တန်းတွေက ဝေးဝါးနေပါတယ်..။ ဒါကို အခရိုင်းလစ်ဆေးနဲ ့ဖော်ဘို ့ လက်ဝင်ပါတယ်..။ နောက်ခံ ဘက်ဂရောင်းကို AIR GUN အသုံးပြုပြီး အခရိုင်းလစ်ဆေးကို ဘဲ […]


ဒီပန်းချီကားလေးကို ဟန်ချက်နဲ ့အရှိန် လို ့ပေးထားပါတယ်..။ အခရိုင်းလစ်နဲ ့ကင်းဗတ်ပေါ်မှာ ရေးဆွဲတာပါဘဲ..။ ရောင်းပြီးသားပါ..။ အကသမား၂ဦးရဲ ့ကပြပုံကို ဖော်ကျူးချင်တာပါ… က နေပုံ သက်သက်ဆိုရင် ပုံက ကနေတယ်လို ့ပြောပေမယ့် ငြိမ်နေပါတယ်..။ ဒါကြောင့် ပထမ သူတို ့ကို ဆလိုက်အရောင်တွေနဲ ့ကြွလာအောင် အရောင်ခတ်ပေး ပါတယ်..။ နောက်တခုက လက်ဖျားတွေ ပုခုံးဖျားတွေကို လှုပ်ရှားမှုအနေနဲ  ့အရိပ်အရောင်တွေ စုတ်နဲ ့ခတ်ချင်ပေမယ့် ကာတွန်းဆန်သွားနိုင်ပါတယ်..။ ရေးမယ် ဆိုရင်လဲ ရေးနိုင်ပါတယ်..။ ဒါပေမယ့် လူပုံကို လှုပ်ရှားမှု မထည့်ဘဲ နောက်ခံကို မီးကာလာအရောင်နဲ ့စုတ်ခတ်ချက်တွေ ထည့်ပေးလိုက်ပါတယ်..။ ပုံကို ကြည့်တဲ့အခါ နောက်က စုတ်ခတ်ချက်တွေ စိတ်ကူးနဲ ့ဖယ်ကြည့်ရင် ပုံက ငြိမ်နေပါတယ်..။ အက […]


ကျနော် ကတိပေးထားသလို ရေဆေး အစိုရေမျှောဆွဲတာနဲ ့ အခြောက်ဆွဲတဲ့ပုံကွာဟချက်လေး ကို ကျနော် တင်လိုက်ပါတယ်..။ မခိုင်ဇာ ( ကော်မန် ့မှာ ဘယ်လိုခေါ်ရမှန်း မသိလို ့ အကိုလို ့ခေါ်ထားမိသေးတယ်) ပြောတဲ့ စက္ကူ တခုလုံးရေဆွတ်တယ် ဆိုတာနဲ ့ပါတ်သက်တာပေါ့..။ စက္ကူကိုရေဆွတ်တယ်ဆိုတာ စက္ကူခြောက်သွေ ့တာကို မလိုချင်လို ့ပါ..  း) ဘာလို ့မခြောက်စေချင်တာလဲ ဆိုရင် ကိုယ်ဆွဲမယ့် ပန်းချီက မှိုင်းမှုန်တဲ့ မိုးတွင်း ၊ မိုးရိပ်.. ဆောင်းမြူနှင်း၊ မြူခိုး ဒါကို ပြချင်ရင် . စက္ကူတခုလုံးရေဆွတ်ပြီး ဆေးတင်လိုက်တဲ့အခါ ဆေးရောင်အနားသားတွေ မပြတ်ဘူး၊ အရောင်တခုနဲ ့တခု ရောယှက်သွားတာ ဘယ်နားမှာ ရောသွားမှန်း မသိအောင် စက္ကူမှာ စိုနေတဲ့ […]


alinsettJune 8, 20134min025
    ဒီလောက် လင်းနေမှတော့ မိုး မလင်းသေးဘူးထင်ပါရဲ ့။   ဆက် အိပ်ချင်သေးသည်။   အိပ်ရာ ပေါ်မှာတော့ ကိုယ် ဖြစ်ချင် သမျှတွေ ဖန်တီးဆောင်ရွက် ရာမှာ အထ မြောက် နိုင်သည်။   မျက်လုံးကလေး မှိတ်ပြီး ငြိမ်ငြိမ်ကလေး နေလိုက်ရုံနဲ ့ ပျော်စရာ တွေ ဖြစ်လာသည်ပဲ။   တကယ်တော့ မိုးလင်းမှာကို ကြောက်သည်။ ========================================== အဆင်မပြေမှုတွေ များသော ခပ်ညံ့ညံ့ ဘဝကို ဘယ်သူ ယူချင်မှာလဲ။   ဒါပေမယ့် ခါးသီး သော အမှန်တရားတွေကို ကံပဲပေါ့ကွယ်  ဆိုတဲ့စကားနဲ ့မြိုချနေခဲ့ရတာ ကြာပါပြီ ။   သူများတွေ အတွက် တိတ်တိတ်နေခြင်းက […]


အာဂJune 7, 20131min019
Food မဂ္ဂဇင်းရဲ့ Food &Travel ကဏ္ဍအတွက်ရွေးချယ်မိတဲ့ နေရာကတော့မြနန်းစံကျော်ရွှေနန်းတော်ကြီးရှိရာမန္တလေးရွှေမြို့တော်ကြီးဆီသို့ပါပဲ . . . ။ ကုန်းဘောင်မင်းဆက် မင်းတုန်းမင်းတရားကြီးကစတင်တည်ထောင်ခဲ့ပြီး နောက်ဆုံးမင်းဖြစ်တဲ့ သားတော် သီပေါမင်းနန်းစံသွားရာ နေရာဒေသတစ်ခုဖြစ်သလို ရှေးဆန်ပြီး၊ ရင်းနှီးဖော်ရွေတဲ့ မြို့ကြီးသူ၊မြို့ကြီးသားများနေထိုင်ရာနေရာတစ်ခုလည်းဖြစ်ပါတယ်။ ရန်ကုန်က အကြွား၊ မန္တလေးကအစားလို့ စာဆိုတွင်ရတဲ့အတိုင်း ကျွန်တော်တို့ အစားအသောက် Food မဂ္ဂဇင်း အတွက် မန္တလေးမြို့ရဲ့ ဘယ်လိုနေရာကဘယ်လို အစားအသောက်ဆန်းတွေ အ ကြောင်းကိုသိခွင့်ရရှိတော့မှာဖြစ်လို့ရင်ခုန်စိတ်လှုပ်ရှားရင်းခရီးဆက်ခဲ့ပါတယ်။ အာဂ(မှတ်ချက် Food Magazine အတွက် ရေးသားခဲ့သော ဆောင်းပါးအားပြန်လည်ဖော်ပြအပ်ပါသည်။) မြနန်းစံကျော် ရွှေနန်းတော်ကြီး ……………………………. ဓာတ်ပုံ အာဂ မန္တလေးရွှေမြို့တော်ကြီးရင်ခွင်ထဲ ကျွန်တော် ခြေ ချချမိချင်း သွားချင်ခဲ့မိတဲ့နေရာကတော့ မြန်မာတို့ရဲ့ အနု သုခမလက်ရာပေါင်းစုံနဲ့ မြန်မာတစ်မျိုးသားလုံးအတွက်ဂုဏ်ယူဖွယ်ရာ ပြယုဂ် ဖြစ်တဲ့ […]


ဥရောပမြေက ယာတဲပါဘဲ..။ ဂျုုံစိုက်မယ်..သီးနှံစိုက်မယ်.. နွားတွေ သိုးတွေ မွေးမြူရေးလုပ်မယ်..။ မြင်ကွင်းလှပါတယ်..။ ဆွဲလို ့လဲ ကောင်းပါတယ်.. ဆီဆေးကို ကင်းဗတ်စပေါ်မှာ KNIFE နဲ ့ရေးဆွဲထားတာပါ..။ ကျနော်တို ့ဆီက ယာတဲလိုတော့…ခွေးဟောင်သံ၊ ယုန်လိုက်သံ၊ တောထိုးသံ..။ ထန်းတောထဲက ဖောက်ထွက်နေတဲ့ မြူခိုးတွေ.. ထန်းရွက်ခြင်း ပွတ်တိုက်တာတွေ..လေအဝှေ ့အရမ်းမှာ ထန်းလှေကားက တကျွီကျွီ မြည်သံတွေ.. ထန်းမြူအိုးခြင်း ပွတ်တိုက်သံ.. နွားခလောက်သံ..နွားကျောင်းသားရဲ ့ပုလွေ သံ…. နေဝင်စ ချိုးဌက်ကူသံ……ဘာမှ.. ဘာမှ.. မရှိပါဘူး… အဲဒါတွေကိုဘဲ ကိုယ့်မှာလွမ်းနေရတာလေ…။   ကျော်စွာခေါင်


Mr. MarGaJune 6, 20131min026
– – – – – ၁။ ပြည်ပအားကိုး ပုဆိန်ရိုး အဆိုးမြင်ဝါဒီများအား ဆန့်ကျင်ကြ။ ၂။ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် နိုင်ငံတော်တိုးတက်ရေးကို နှောင့်ယှက်ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။ ၃။ နိုင်ငံတော်၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက် နှောင့်ယှက်သော ပြည်ပနိုင်ငံများအား ဆန့်ကျင်ကြ။ ၄။ ပြည်တွင်းပြည်ပ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ် ချေမှုန်းကြ။ ********************************************************************* ဦးမာဃတို့ ရွာသူားတွေ ဒီစကားရပ်လေးတွေကို ရေးတေးတေးတော့ မှတ်မိနေဦးမယ်လို့ ထင်ပါတယ်။ နှစ်ပေါင်းများစွာ မီဒီယာတွေပေါ်မှာ နေရာယူခဲ့သော စာသားများပါ။ ပြည်သူ့ သဘောထား ပါတဲ့။ ပြည်သူတွေရဲ့ သဘောထားအစစ်အမှန် ဟုတ်တာမဟုတ်တာတော့ ဦးမာဃ မငြင်းတော့ဘူးနော်။ လူ ဆိုတာ အတော်ခက်သဗျ။ ကိုယ် တွေ့နေကျ မြင်နေကျ အရာတစ်ခုကို မတွေ့ရ […]


အပိုင်း (၃) မှအဆက် မြို့ခံလူထုအတွင်းဝယ် ငွေကြေးကိစ္စသည် အဓိကစိတ်ဝင်စားစရာ ဖြစ်ခဲ့သည်။ တရားခံအက်ရှ်လေ၏ လစာ နည်းမှန်း လူတိုင်းသိသည်။ အသားသည်၏ ငွေတောင်းခံလွှာပေါ်မှ ငွေစာရင်းကို လူတကာသိသည်။ အက်ရှ်လေ၏ စုဆောင်းငွေ လောက်လောက်လားလား မရှိပုံကို ဘဏ်သူဌေးကတော်က ရင်းနှီးသော မိတ်ဆွေများအား ဖောက်သည်ချသည်။ ဂျွန်အက်ရှ်လေ သည် တစ်ဆယ့်ခုနစ်နှစ်အတွင်း လူ့အဖွဲ့အစည်း ဥပဒေ၏ ကျေချမ်းစရာ မကောင်းဆုံးသော ပြစ်မှုကို ကျုးလွန်ခဲ့သည်။ ——– အပိုင်း (၄) တရားရင်ဆိုင်ရာတွင် ထူးထူးခြားခြား အချိန်ကြာညောင်းခဲ့၍ အက်ရှ်လေသည် ငွေမစုနိုင်ခဲ့။ တရားရင်ဆိုင်ပြီး သိပ်မ ကြာ အက်ရှ်လေသည် သူ၏ရှေ့နေကို ယဉ်ယဉ်ကျေးကျေး ငြင်းပယ်လိုက်သည်။ တရားရုံးက စီစဉ်ပေးသည့်အတိုင်း ကိုယ် တိုင်ကိုယ်ကျ ခုခံပြောဆိုခဲ့သည်။ မြိုင်ဂေဟာသို့ တစ်ပတ်ရစ်ဝယ်ရောင်းသမား ရောက်လာခြင်းကို […]


ကို သာJune 4, 20131min03
“ရင်ခွင်ရိပ်မှာ တစ်ခဏတာ” မြန်မာနိုင်ငံသည် ခေတ်ပြောင်းစနစ်ပြောင်းကာလတွင် ထွန်းသစ်စနိုင်ငံ အနေဖြင့် ကမÇာတစ်လွှား ရေပန်းစားသည့်သတင်းစာမျက်နှာသစ်တစ်ခုဖြစ်နေပါသည်။ ခေတ်တစ်ခုစနစ်တစ်ခု ပြောင်းခြင်းသည် ခလုပ်တစ်ခုပိတ်ပြီး နောက်တစ်ခုဖွင့်သလို၊ ရုပ်မြင်သံကြားလိုင်းတစ်ခုမှ အခြားလိုင်းတစ်ခု ပြောင်းသလိုမျိုး လျင်မြန်လွယ်ကူသည့်ကိစöတစ်ရပ်မဟုတ်ပေ။ လုပ်သင့်သည်များကို မလုပ်ခဲ့မိသည့်အလုပ်ကြွေးများ၊မလုပ်သင့်သည်များကို မရပ်မိခဲ့သည့် အလုပ်ကြွေးများဖြင့် လုပ်စရာများက အနမတဂ¾။ အစိုးရတစ်ဖွဲ့ ပြောင်းလိုက်ရုံမျှဖြင့် ဘွားကနဲဘာမှ ဖြစ်မလာ။ ထိုအစိုးရအတွက် များမြောင်လှသော ကိစöများက အသချေင်္ဖြစ်နေသည်။ အားလုံးကလည်း တစ်ပြိုင်နက်တည်းလုပ်၍ မဖြစ်နိုင်။ ဦးစားပေးရမည့် အကြွေးကိစöများမှာ တောင်ပုံယာပုံ။ အချို့အရေးများမှာ ဆောင်ရွက်ပေးသင့်မှန်းသိသော်လည်း သူ့ထက်သူ အရေးကြီးနေသော ဦးစားပေးစရာများကြောင့် ဆောင်ရွက်နိုင်စွမ်းမရှိသေးပါ။ ထိုကဲ့သို့ အစိုးရလက်လှမ်းမမီနိုင်သေး၊ ဦးစားမပေးနိုင်သော အရေးကိစöများကို NGO များ၊ INGO များက ဝိုင်းဝန်းဆောင်ရွက်အကောင်အထည်ဖော်ပေးကြသည်များလည်း တွေ့မြင်နေရပါသည်။ ထိုအဖွဲ့အစည်းများသည်လည်း ဦးစားပေးရမည့် နယ်ပယ်ဒေသ၊ […]


အာဂJune 3, 20131min029
ဘဝကို အောက်ခြေအဆင့်ကနေတက်ရောက်လာပြီး အလုပ်မျိုးစုံဖြစ်တဲ့ ကားအချိန်ပိုင်းဆွဲခြင်း၊ အလှမွေးငါးရောင်းခြင်း၊ပန်းရောင်းခြင်း၊ ရေခဲထုပ်ရောင်းခြင်းစတဲ့ အလုပ်မျိုးစုံလုပ်ကိုင်ခဲ့ပြီး။ မွေးရာဗီဇ ါသနာဖြစ်တဲ့အချက်အပြုတ်ကိုအခြေခံပြီး စားသောက်ဆိုင်လုပ်ငန်းပေါင်းများစွာ အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့သူ။ တစ်နေ့ကို သူတစ်ပါးအကျိုးစီးပွားအတွက် ၅ကြိမ်လောက်ပေးကမ်းလှူတမ်းပြီးမှ စိတ်ကျေနပ်တက်သူ။ ကိုယ့်စီးပွားရေးထက် စားသုံးသူအကျိုးစီးပွားကို ရှေ့တန်းတင်ဦးစားပေးတက်သူ . . . ။ သူက အခြားမဟုတ်ပါဘူး။ Feel Group ပိုင်ရှင် ဦးစိုးညီညီပဲဖြစ်ပါတယ်။ ဦးစိုးညီညီရဲ့ ဘဝအကြောင်း တစ်စိတ်တစ်ဒေသနဲ့ အစားအသောက်အကြောင်းကို စာဖတ်သူများ လေ့လာအတုယူနိုင်အောင်လို့ အခုလို မေးမြန်းခဲ့ပါတယ်။ အာဂ • အစ်ကို့ရဲ့ မိသားစုအကြောင်းလေး ပြောပြပေးပါဦး။ •• အစ်ကို့အဖေက ဂျပန်တော်လှန်ရေးကာလကဒုဗိုလ်မှူးကြီးပါ။ အမေကတော့ကျောင်းဆရာမပါ။ ကျွန်တော့်မှာ ညီအစ်ကို၊ မောင်နှမ ၆ယောက်ရှိပါတယ်။ယောက်ျားလေးချည်းပဲ ၅ယောက်ပါ။ အငယ်ဆုံးက တော့ မိန်းကလေးပါ။ အစ်ကို့ညီမကတော့ဒီFeel မြန်မာစားသောက်ဆိုင်ကို […]


alinsettJune 3, 20134min089
ကဗျာချစ်သူများ ၏ ကဗျာပြခန်းမှ နွေးထွေးစွာ.. ကြိုဆိုပါသည် ။ ==============================   ကဗျာချစ်သူများ၏ ကဗျာပြခန်း (ပြခန်းအမှတ် တစ်)ကိုတော့ အောင်မြင်ခမ်းနားစွာ ဖွင့်လှစ်ပြသနိုင်ခဲ့ပါပြီ ။ ဒုတိယပြခန်းကို ဘယ်လို ထူးခြားအောင် ဖန်တီးပြကြမလဲလို ့တိုင်ပင် ဆွေးနွေးနေတဲ့ အချိန်မှာပဲ……. ကျွန်တော့် Mail ထဲကို ခြိမ်းခြောက်စာကြီး တစ်စောင် ရောက်လာပါတယ်။ ဒီ ရွာထဲက.. နာမည်ကြီး ရွာသားကြီးတစ်ယောက် ပို ့လိုက်တဲ့ ခြိမ်းခြောက်စာ ပါ။ စာထဲမှာ ကဗျာတစ်ပုဒ်လည်း ပါ ပါတယ်။ အဲဒီကဗျာ ကို ပြခန်းထဲမှာ ထည့် ပါ..တဲ့ ။  မထည့်လို ့ကတော့ … သူ ့အဆိုးးမဆိုနဲ ့လို ့ကြိမ်းဝါး ထားလို ့ […]


ムラカミMay 29, 20131min029
သိတယ် .. လိမ်နေမှန်း သိတယ်…. အမှန်မဟုတ်မှန်းလည်း သိတယ်… အေး…. ဒါပေမယ့် ရင်ခုန်တယ် သိတယ် .. အတုမှန်း သိတယ်…. အစစ်မဟုတ်မှန်းလည်း သိတယ်… အေး.. ဒါပေမယ့် ကျေနပ်တယ် သိတယ် .. ကိုယ့်ဘက်က ပေးရမယ်မှန်း သိတယ်…. ပြန်ရတာက တန်မတန် မမျှော်လင့်ကောင်းမှန်းလည်း သိတယ်… အေး.. ဒါပေမယ့် ရက်ရောတယ် အဲ့သည့် ဂုဏ်သတ္တိနဲ့ ပြည့်ဝဖို့ ဆိုတာကတော့ လောကမှာလေ .. မျက်လှည့် ၊ အနုပညာ နဲ့ အချစ် ဒီ-၃ခုပဲ ရှိလိမ့်မယ် ထင်ရဲ့.. ကနားစီး မိဂီ 2013/05/29 P.S ဒီ-၃ခုလို့ ပြောထားပါရက်နဲ့ မဟုတ်ဘု- ကျန်သေးတယ် ဟိုလူကြီးတွေ ကျန်သေးတယ် လာလုပ်ရင်တော့ […]