Normal 0 false false false EN-US X-NONE X-NONE မပြောမပြီး မတီးမမြည် ဆိုသလို ရွာထဲမှာ ရေငန်ပိုင် ဩဇီဦးဖောမွှေးတဲ့ ပို့စ်၅၃ ဘာသာရေးမီး လန့်နေခိုက် ကြုံဒိုးလေး ဖျာဝင်ခင်းပါရစေ…။ ကမာရွတ်မီဒီယာမှာ မေလ၂၆ရက်နေ့ကလုပ်တဲ့ အစ္စလာမ်ဘာသာအပေါ် အထင်အမြင် လွဲမှားနေတာတွေကို ဖြေရှင်းဖို့ ကြိုးစားတဲ့ ရှင်းလင်းပွဲလုပ်တာ ယူကြုမှာ ကြည့်ရတယ်။ သာဓု ခေါ်ကြောင်း အရင်ပြောပါရစေ..။ မွတ်ဆလင်ခေါင်းဆောင်တွေက ကျမ်းစာနဲ့ ကျောင်းတော် ခွဲခြားသွားမယ်၊ ဘာသာခြားတွေနဲ့ ပွင့်လင်းရင်းနှီးမှု တိုးမြှင့်မယ်ပြောတယ်။ ပြင်ပလေ့လာလိုသူများအတွက် ဗလီဝတ်ကျောင်း တံခါးတွေ ဖွင့်ပေးထားမယ် စသဖြင့်ပေါ့ဗျာ… ဝမ်းသာစရာ ကောင်းလှတယ်။ တခုထောက်ပြချင်တာ ကုရ်အာန်အသိပညာ ပြန့်ပွားရေးအဖွဲ့ ဥက္ကဌ ဦးစန်းအောင် မြွက်ကြားသွားတဲ့ စကား တခွန်းဖြစ်ပါတယ်..  “အမျိုးသားတယောက်သည် […]


kaiMay 26, 201313min010
နေးရှင်းသတင်းစာထူထောင်သူ ဦးလောယုံ၏ မြေး၊ အမေရိက ၏အရောင်းရဆုံးဝတု္တတန်းဝင် စာရေးဆရာ Sterling Seagrave (The Soong Dynasty, Gold Warriors)နှင့် ဆုရစာရေးဆရာမ Wendy Law-Yone (The Coffin Tree, Irrawaddy Tango)တို့၏သမီး .. ဟောလိဝုဒ်၏ရုပ်ရှင်နှင့်တီဗီဇတ်လမ်းတွဲပေါင်း၂ဝတွင်ပါဝင်သရုပ်ဆောင်ထားသူ မင်းသမီး Jocelyn Seagrave (born September 9, 1968) နှင့်မန္တလေးဂဇက်အယ်ဒီတာဆောင်းဦးပန်းတို့ဧပြီလအတွင်းတွေ့ဆုံမေးမြန်းမှုများကို ဖေါ်ပြလိုက်ရပါသည်။ မိတ်ဆက်ပေးသူ ကိုအောင်မင်းနိုင်အားကျေးဇူးတင်ပါကြောင်း..။ 1) Your early days in Thailand . Do you remember your old days with your grandpa? I remember some of my […]


        “ပေါင်းစု”     (24-5-2013)ကဆုန်လပြည့် နေ့ နေ့လည်ခင်း မန်းလေးအောင်တော်မူဘုရားမှာ စတုဒီသာပွဲလေးတစ်ပွဲရှိတယ် ကိုပေါက်လာခဲ့ပါလို့ လှမ်းဖိတ်ပါတယ်။ အဲဒီပွဲမှာ ကူညီလုပ်ကိုင်ပေးမယ့်သူထဲက မိတ်ဆွေကလှမ်းဖိတ်တာပါ။ နန်းရှေ့အောင်တော်မူဘုရားကလဲ ဂန္ဓကုဋီတိုက်အသစ်ဆောက်လုပ်ဆဲဖြစ်ပါတယ်။ ညနေသုံးနာရီကျော်ကျော်လောက်ကျနော်ရောက်သွားပါတယ်။ ဘုရားအရှေ့ပေါက်ဝင်စမှာ မဏ္ဍပ်ထိုးပြီတစ်နေရာ၊ သူ့အနောက်က ဇရပ်ထဲမှတစ်နေရာခွဲပြီးကျွေးနေပါတယ်။ အထဲမှာ တဝုန်းဝုန်း မဖြစ်အောင်အဝင်ဝမှာ စောင့်ပြီး စနစ်တကျဝင်စေပါတယ်။ ရင်ပြင်တော်မှာတော့ လာသမျသူလက်ထဲ အအေးခွက်ထဲ့ပေးပြီးသောက်စေပါတယ်။ မဏ္ဍပ်ထဲမှာ ကြာဇံချက်စားနေသူ။ ဟင်းရည်လိုက်ဖြည့်ပေးသူ။ ပုဂံအဟောင်းသိမ်းသူ။ မုန့်လုံးရေပေါ်လုံးနေသူ၊ ကြာဇံဟင်းကိုအလျင်မီအောင်အိုးကြီးတွေနဲ့ချက်နေသူ။ အအေးဖျော်သူ။ ခွက်ထဲထည့်သူ။ လိုက်ကမ်းနေတဲ့သူ။ ပုဂံတွေဆေးနေသူ။ သူ့တာဝန်နဲ့သူ အလုပ်တွေဇယ်ဆက်သလိုလုပ်နေကြတာကိုမြင်ရပါတယ်။   အဲဒီမှာသွားတွေးမိတာလေးတစ်ခု က လုပ်ငန်းတစ်ခုအောင်မြင်ဘို့ဆိုတာ အထဲမှာပါဝင်ပါတ်သက်သူမှန်သမျှ စေတနာပါပါ တာဝန်သိသိလုပ်ဆောင်မှ ဆိုတဲ့အချက်လေးပါဘဲ။   ဒီအလှူပွဲလေးကို မတည်သူက […]


သူငယ်ချင်းရေ မမြဲတည်ရာ မင်းခန္ဓာမှာ အနာရောဂါ နှိပ်စက်နေလည်း အနိစ္စတရား မသိငြား အသက်ရှင်နေလည်း အလကားတည်း။ သူငယ်ချင်းရေ မင်းရဲ့ ချစ်လှ ခင်မင်သမျှတို့ လိုက်ပါပို့လေ မင်းခရီးမှာလေ မင်းကိုချစ်ခင် ငါအပါအဝင် လှည့်ကာပြန်ကျ သုသာန်က မင်းနဲ့ပါလာ ကံနှစ်ဖြာသာ။ သူငယ်ချင်းရေ မင်းစရောက်စ မင်းဘဝက သည်းထန်ငိုနေ မင်းကိုလေ ကြည်ကာ ပျော်မူး သူတိုကြည်နူး မင်းရဲ့ နောက်ဆုံး ခန္ဓာတုန်းတော့ သူတို့ငိုနေ မင်းပြုံးလေ………                                                                        လင်းဇော်ထက်                                                                                                      (ကွယ်လွန်သွားရှာသောသူငယ်ချင်းတစ်ယောက်သို့)


“စည်တော်ကြီး ”     ညနေပိုင်း  ၈၅လမ်းအတိုင်းမြောက်ဘက်ကနေတောင်ဘက်ကိုအလာ မုန့်တီစု လူငယ်များသွေးလှူရှင် အဖွဲ့နားမှာ ပွဲဈေးတန်းလေးခင်းထားတာကိုတွေ့ရပါတယ်။ အဲဒီနားမှာစင်ကလေးထိုးတာမြင်တော့ တရားပွဲလို့ထင်လိုက်ပေမယ့်သေချာကြည့်မှ “စည်တော်ကြီး” အဖွဲ့ဖြစ်နေတာကိုတွေ့ရပါတယ်။ ဒါနဲ့ဘဲဆိုင်ကယ်ကိုလမ်းဘေးထိုး စင်ပေါ်မှာထို်င်နေတဲ့ “အဘ” ကိုဓါတ်ပုံရိုက်ခွင့်တောင်းတော့ ခွင့်ပြုပါတယ်။ အဲဒီ ့ “အဘ” ကပဲ တီးမူတ်မယ့် တူရိယာပစ္စည်းတွေကို နေရာတကျ ချထားပေးပါတယ်။ နဖူးစီးကတော့ ကတ္တှီပါအနီရောင်နဲ့ရေးထားပါတယ် မန္တလေး စိန်မောင်ချို နန်းတော်ရှေ့ မဟာစည်တော်ကြီးအဖွဲ့ ပါတဲ့။ နဖူးစီးအောက်က  စင်နောက်ဆုံးမှာတော့ စည်တော်ကြီး(၂)လုံးချထားပါတယ်။ သူ့နံဘေးမှာတော့ စည်တို(၃)လုံး။ နှစ်လုံးက လှဲထားပြီး တစ်လုံးကတော့ထောင်ထားပါတယ်။ နောက်သံပတ္တလားတစ်လုံး ယကွင်း တစ်စုံ အော်လံနဲ့တွဲထားတဲ့ နှဲကြီးတစ်ခု။ ရှေ့နားမှာတော့ စည်တိုအသေးလေးတစ်လုံး။   အခုတော့ စည်တော်ကြီး နားမထောင်ရတာ အတော်ကြာခဲ့ပါပြီ။ စည်တော်ကြီးအဖွဲ့ကလဲ […]


“ရှေးရှေးက  ဆင်ဖြူရှင်မနန်းမတော်မိဘုရားခေါင်ကြီးကောင်းမှူ့      အခုမှာတော့ကျောင်းအိုအို်”                                မြောက်ပြင် ၁၂လမ်းဘက်ကို အလုပ်ကိစ္စနဲ့သွားတဲ့အခါ ၈၆လမ်းဒေါင့်ရောက်ရင် လမ်းမြောက်ဘက်တန်းမှာရှိတဲ့ မဟာစိတြာရာမ တိုက်ကို ဖြတ်သွားရလေ့ရှိပါတယ်။ အပြင်ကလှမ်းကြည့်လိုက်တိုင်း အဝင်ဝမှာရှိတဲ့ ကျောင်း အိုကြီးကိုသတိတရနဲ့ ကြည့်မိပါတယ်။ ရှေးကရှိတဲ့ကျောင်းတွေများ ပြိုပျက်နေတာတွေ့ရင် စိတ်မကောင်းပါဘူး။ ကိုယ်တိုင်ကလဲ ပြင်ပေးနိုင်လောက်အောင် ငွေကြေးမချမ်းသာတော့ သူများတွေကို လက်တို့ ရုံဘဲ တို့ပေးနိုင်ပါတယ်။   ကျနော်မြင်မိခဲ့တဲ့ကျောင်းအိုကြီးမှာ တပ်ထားတဲ့ ဆိုင်းဘုတ်အရဆိုရင် မြန်မာသက္ကရာဇ် 1248 (အင်္ဂလိပ်သက္ကရာဇ် 1884ခုနှစ်)မှာ မင်းတုန်းမင်းရဲ့ မိဖုရားခေါင်ကြိးဆင်ဖြူရှင်မ တည်ခဲ့တယ်လို့ သိရပါတယ်။ ကျနော်သွားတော့ ကျောင်းထဲက ဦးဇင်းတစ်ပါးထွက်လာပါတယ်.။ ဓါတ်ပုံရိုက်ခွင့်တောင်းတော့ ကျောင်းပေါ်ပါတက်ရိုက်လို့ရတယ်ပြောပါတယ်။ ကျနော်ကလဲ “ကျောင်းအဟောင်းတွေကို လမ်းလှမ်းမီသလောက် မှတ်တမ်းတင်ပေးပြီး အင်တာနက်မှာတင်ပေးပါမယ့်ဘုရား။ တပြည့်တော်က တော့ […]


“သဘာဝအလွမ်းမင်းသားကြီး (ဦးကြင်ဥ)” ရှေးကဗျာများပြန်လည်ဖော်ထုတ်ခြင်း အမှတ် (၈) ရှေးကရှိခဲ့ကြတဲ့ မြန်မာ့ကဗျာပညာရှင်တွေ ထဲမှာဆိုရင် မြေထဲစီရင်စု ဆင်ပေါင်ဝဲရွာသား စာဆိုတော်ဦးကြင်ဥကတော့ ဝန်ကြီးပဒေသရာဇာလိုဘဲတီထွင်ဆန်းသစ်သောအတွေးရှိသူလို့ မှတ်သားခဲ့ရပါတယ်။ ရှေးအခါက နန်းတွင်းသူနန်းတွင်းသားများဖတ်ဘို့စာပေတွေကိုရေးသားကြ တဲ့အခါမှာ ဝေဿန္တရာလို မဟော်သဓာလို ဘုရားနဲ့ပါတ်သက်တဲ့ ဇာတက တွေကို စာသားအကွန့်အညွန့်တွေနဲ့ရေးသားပေမယ် ဇာတ်လမ်းကတော့ ဇာတ်ကြီးဆယ်ဖွဲ့ထဲကနေ မထွက်နို်င်ခဲ့ပါဘူး။ ဦးကြင်ဥ ကတော့ ဒီလို ဖတ်ရူ့ရုံသက်သက်ဇာတ်လမ်းတွေသာမကဘဲ နန်းတွင်းသူနန်းတွင်းသာများ ကပြနိုင်မယ့်ပြဇာတ်အများအပြားကိုပါရေးဖွဲ့ ခဲ့ပါတယ်။ သူရေးဖွဲ့ခဲ့တဲ့ဒေဝကုမ္ဘဏ်၊ပါပဟိန်၊ကလာကဏ္ဏီ ပြဇာတ်တွေကတော့ သူ့ရဲ့ကိုယ်ပိုင်စိတ်ကူးအတွင်းကနေပေါက်ဖွားလာခဲ့တဲ့ပြဇာတ်များဖြစ်ပါတယ်၊ အဲလို့ဇာတ်ထုတ်များကိုတော့ ရှေးက “ထိုးဇာတ်”လို့အမည်ပေးခဲ့ပါတယ်။ ဦးကြင်ဥဟာတောသူတောင်သားတစ်ယောက်ဖြစ်ပေမယ့် ထီးသုံးနန်းသုံး ဝေါဟာရများကို နိုင်နင်းကျွမ်းကျင်စွာရေးဖွဲ့နိုင်သလို အများနားလည်အောင် တိုတိုရှင်းရှင်းနဲ့ ထိရောက်စွာရေးနိုင်သူလို့လဲပညာရှင်များကလေးစားစွာ အကဲဖြတ်ခဲ့ကြပါတယ်။ ဦးကြင်ဥ ရေးဖွဲ့တဲ့ ရတုများ ဆယ်နှစ်ရာသီဘွဲ့များနဲ့ညည်းချင်းများမှာ တောတောင်ရေမြေ ရာသီဥတုနဲ့သဘာဝတရားကို အခြေခံထားပြီးအလွမ်းကဲသောရေးဖွဲ့မူ့တွေများတယ်လို့ထင်ရပေမယ့် ပါပဟိန် ပြဇာတ်မှာပါတဲ့ […]


Mr. MarGaMay 23, 20131min0154
ဒေါက်……….ဒေါက်………..ဒေါက် ဒေါက်……….ဒေါက်………..ဒေါက် ဒေါက်……….ဒေါက်………..ဒေါက် *********************************** မန်းဂဇက် ကဗျာပြခန်း တာဝန်ခံ ဦးမာဃ ပြခန်းထဲတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေလေသည်။ အိပ်ပျော်ရှာမပေါ့ တစ်ညလုံး လုပ်စရာရှိတာ မလုပ်ဘဲ လုပ်ချင်ရာလုပ်နေပြီး အရုဏ်လာမှ လုပ်စရာရှိသည်များကို ကမန်းကတန်း လုပ်လိုက်ရရှာသကိုး။ သို့သော် ကြာကြာကား အိပ်လို့မရတော့ပေ။ အပြင်မှ တဒေါက်ဒေါက် အသံများက နားဝမှ ဝင်ရောက်ကာ ဦးနှောက်သို့ သတင်းပို့ကြလေတော့သည်။ မနက် စောစောစီးစီး ဘယ်သူတွေပါလိမ့်နော်……………. ဦးမာဃ အိပ်ချင်မူးတူး မြည်တွန်တောက်တီး၍ အိပ်ယာထဲတွင် အတွေးနယ်ချဲ့ရင်း မျက်လုံးက အခန်းထောင့်ရှိ ပြက္ခဒိန်ဆီသို့ အလည်အပတ် ရောက်ရှိသွားသော အခါတွင်မတော့ ဟိုက်………..မြတ်စွာဘုရား……..ဒီနေ့ ကဗျာပြခန်း ဖွင့်ပွဲလုပ်ရမယ့် နေ့ပါလားဟ။ အချိန်တောင် အတော် လင့်နေပြီ……….. မဖြစ်ချေဘူး အမြန် ပြင်မှ ဆင်မှ […]


Aung Myat LinMay 22, 20131min018
စိတ်တိုတာချရေး ပေါက်ကွဲတာချရေး ထမင်းစားပြီးတာချရေး ရေချိုးပြီးတာရေး ခရီးသွားနေတာရေး ဟိုရောက် ဒီရောက်ရေး ရင်ထဲမှာ ခံစားချက်ရှိရင်ရေး မရှိလဲ ရေး အသဲကွဲတာရေး သူများကို ဝေဖန်တာရေး တွေ့တာလေးတွေရေး မြင်တာလေးတွေရေး ထင်ကြေးနဲ့ရေး ဗေဒင်ယောင်ယောင်ရေး ဗိန္ဒောဆရာယောင်ယောင်ရေး အိပ်မက်မက်တာရေး သောကဖက်တာရေး ဒေါသထွက်တာရေး ရေးပြီးရင်ရေး မရေးတတ်ရင်လဲရေး အရေမရ အဖတ်မရရေး အဲဒါဆို comment များများ ရနိုင်ပါကြောင်း အကြံပေးအပ်ပါသည်။ 😛


Aung Myat LinMay 22, 20131min06
အတိတ်က ခြေရာတွေပြန်ကြည့်ရအောင် သူငယ်ချင်းတို့ရေ ဒီဆောင်းပါးလေးကိုရေးတာဟာ ဥက္ကဋ္ဌတစ်ယောက် အနေနဲ့ မဟုတ်ပါဘူး။ အာစရိယပူဇော်ပွဲဖြစ်မြောက်ရေးအဖွဲ့ဝင်တစ်ယောက် အနေနဲ့လည်း မဟုတ်ပါဘူး။ သူငယ်ချင်း အပေါင်းအသင်း အနေနဲ့သာရေးသားခြင်း ဖြစ်ပါကြောင်း ရိုးသားစွာ ဝန်ခံပါရစေ။ တို့တွေရဲ့ ဆရာကန်တော့ပွဲဟာ ဒီနှစ်မှာ (ဒုတိယ)အကြိမ်ကျင်းပခါနီးပြီနော်။ မနှစ်က တို့တွေ ပညာသင်ကြားခဲ့ရတဲ့ကျောင်းမှာ အကြောင်းအမျိုးမျိုးကြောင့် မကျင်းပဖြစ်ခဲ့ပေမယ့် ဒီနှစ်မှာတော့ တို့ရဲ့ ပညာရင်နို့သောက်စို့ခဲ့တဲ့ ကျောင်းတော်ကြီးမှာ ကျင်းပခွင့်ရခဲ့ကြတယ်။ တို့သူငယ်ချင်းတွေရဲ့ ခင်မင်မှုတွေ ရင်းနှီးမှုတွေ သံယောဇဉ်တွေ အတိတ်က အလွမ်းတွေ ……………… တွေ အရာရာအားလုံးဟာ ဒီကျောင်းတော်ကြီးထဲမှာပဲ ရှိခဲ့ကြတာပါကွာ။ တို့တွေရင်းနှီးခဲ့တဲ့ ကျောင်းအဝင်က လမ်းလေးတွေ၊ တစ်ခါစီးမှ (၅)ကျပ်ပေးရတဲ့ တို့ကျောင်းကဖယ်ရီကားတွေ၊ ညောင်ပင်ကြီးအောက်က ခုံဝိုင်းလေးတွေ၊ စိန်ပန်းပင်တွေ၊ ကန်တင်းတွေ၊ Drawing Room တွေ၊ Work […]


Aung Myat LinMay 19, 20131min013
ကျွန်တော့်စိတ်ဓာတ်   ခင်ဗျား တို့နဲ့ တူလား မတူလား ကျွန်တော် စိတ်မဝင်စားဘူး ကျွန်တော့အလုပ်ကျွန်တော်လုပ်တယ် ခင်ဗျားတို့သဘောတူလား ကျွန်တော်ခေါင်းဆောင်လုပ်တယ် အများဆန္ဒခံယူတယ် ဘေးထိုင်ဘုပြောတွေကို သောက်ဂရုမစိုက်ဘူး လုပ်နိုင်သမျှလုပ်မယ် မကျေနပ်ရင် မင်းတို့ကိုယ်တိုင်ဝင်လုပ်ကြ မလုပ်နိုင်ဘဲ ဘေးမှာအပြစ်ပြောတာဟာ ခွေးတွေဘဲ ငါပြောရဲတယ် ငါတို့က ကိုယ့်ထမင်းကိုယ်စားပြီးလုပ်တာ သောက်ဂရုမစိုက်ဘူး ရိုင်းတယ်ထင်ရင် ရိုင်းတယ်ကွာ ဒါပေမယ့် သံသရာ မပါအောင်လုပ်တယ် မင်းတို့ ငါတို့လို လုပ်နိုင်လား လုပ်ကြည့် ငါကိုယ်တိုင် စိန်ခေါ်ရဲတယ် ဟိတ်ကောင် သတ္တိရှိရင် စင်ပေါ်တက်ခဲ့ ငါကတော့ အမြဲတမ်း Wellcome ဘဲ။                   ။   ပရဟိတ လုပ်ဆောင်နေသူတစ်ဦး


Aung Myat LinMay 19, 20131min011
ငါ ရဲ့ ငါ မဟုတ်တဲ့ ကဗျာ   ငါ ငါ့လမ်းငါလျှောက်တယ် ငါ့အလုပ်ငါလုပ်တယ် ငါ ကဗျာမစပ်တတ်ဘူး စာမဖွဲ့တတ်ဘူး ငါ ပရဟိတ လုပ်တယ် အတ္တဟိတ မလုပ်ဘူး မင်း တို့နဲ့ လမ်းချင်းမတူပေမယ့် ငါ့လမ်းကိုငါ လျှောက်နေဆဲပါ။           ။


Mr. MarGaMay 15, 20131min053
ခေါင်းစဉ်ကို ဖတ်ပြီး ဦးမာဃ ဘာတွေများ ကို့လို့ကန့်လန့် တွေးပြန်ပါလိမ့်လို့ တွေးမိနေကြမယ် ထင်ပါတယ်။ ဘာမှတော့ မဟုတ်ပါဘူးဗျာ မျက်စိရှေ့မှာ ရောက်လာတတ်တဲ့၊ ပုံမှန်လိုလို တွေ့နေတတ်တဲ့ ကိုရီးယား ဇာတ်လမ်းတွဲတွေကို သူလိုကိုယ်လိုပဲ ကြည့်ရှုရင်း မြင်မိတဲ့ တွေ့မိတဲ့ အတွေးလေးတွေကို ချ ပြ မလို့ပါ။ ဒီဇာတ်လမ်းတွဲတွေက တကူးတက ကြည့်နေတာတော့ တကယ် မဟုတ်ရပါဘူးရယ်။ ဦးမာဃ အဲလောက်လဲ စွဲစွဲမြဲမြဲ မရှိတတ်ပါဘူး အများစု ပြောသလိုပဲ ဒီ ဇာတ်လမ်းတွဲတွေကလဲ ကောင်းတာလဲရှိ ဆိုးတာလဲရှိ ပေါ့လေ။ တစ်ခါတစ်ခါ ကျပြန်ရင်လဲ ဦးမာဃတို့ ယဉ်ကျေးမှုနဲ့ မကိုက်တာတွေလဲ ပါလာတတ်သေးသကိုး ဒါပေသိ သူတို့ ယဉ်ကျေးမှုကို ရိုက်ကူးပြသတာ ဆိုတော့လဲအပြစ်တော့ ဆိုလို့မရဘူးပေါ့လေ။ ဘာတွေ ဘယ်လိုပဲဖြစ်နေဖြစ်နေ သူတို့တတွေကိုတော့ […]