ခရီးသည်လေးသို့

သူငယ်ချင်းရေ

မမြဲတည်ရာ မင်းခန္ဓာမှာ

အနာရောဂါ နှိပ်စက်နေလည်း

အနိစ္စတရား မသိငြား

အသက်ရှင်နေလည်း အလကားတည်း။

သူငယ်ချင်းရေ

မင်းရဲ့ ချစ်လှ ခင်မင်သမျှတို့

လိုက်ပါပို့လေ မင်းခရီးမှာလေ

မင်းကိုချစ်ခင် ငါအပါအဝင်

လှည့်ကာပြန်ကျ သုသာန်က

မင်းနဲ့ပါလာ ကံနှစ်ဖြာသာ။

သူငယ်ချင်းရေ

မင်းစရောက်စ မင်းဘဝက

သည်းထန်ငိုနေ မင်းကိုလေ

ကြည်ကာ ပျော်မူး သူတိုကြည်နူး

မင်းရဲ့ နောက်ဆုံး ခန္ဓာတုန်းတော့

သူတို့ငိုနေ မင်းပြုံးလေ………

                                                                       လင်းဇော်ထက်

                                                                                                     (ကွယ်လွန်သွားရှာသောသူငယ်ချင်းတစ်ယောက်သို့)

8 comments

  • အရီးခင်လတ်

    May 24, 2013 at 2:43 pm

    သူငယ်ချင်းအတွက် စိတ်မကောင်းပါဘူး။
    အားလုံးကတော့ ခရီးသည်တွေချည်းဘဲ။
    ရှေ့ကသွားတာနဲ့ နောက်ကလိုက်ရတာဘဲ ကွာမှာ။

    ကဗျာလေးတွေ ပြပွဲ ကိုပို့လို့ ရတယ်နော်။

    Reply

    • လင်းဇော် ထက်

      May 24, 2013 at 2:47 pm

      ဟုတ်ကဲ့ အရီးလတ် တင်ပီးသား ဖြစ်သွားလို့

      Reply

  • ခရီးသည်ကြီး ကတော့ …
    ရထားကြီးနဲ့ ထွက်သွားပြီ …
    အခု ခရီးသည်လေးပေါ့ …. :mrgreen:

    ကဗျာလေး ကောင်းသဗျာ …
    လူဆိုတာ သေသွားတော့လည်း ဘာမှ မထူးဆန်းတော့ပါဘူး …
    ဒီတော့ မသေခင်လေးသာ ထူးဆန်းအောင် လုပ်ဂျ …

    Reply

  • မောင် ပေ

    May 24, 2013 at 5:26 pm

    ခရီးသည်လေး
    အမြည်းဝယ်ကျွေး
    သမီးဘယ်ပြေး
    မညီးသယ်ပေး

    Reply

  • marblecommet

    May 24, 2013 at 7:19 pm

    ဇော်ထက်ရေ့…….
    ဝင်ရောက်အားပေးသွားပါကြောင်း…..
    ……

    Reply

    • လင်းဇော် ထက်

      May 25, 2013 at 2:47 pm

      ရက်စ် မမကမ်း :kwi:

      Reply

  • nway kyu

    May 25, 2013 at 3:37 am

    ဒီကဗျာလေးကိုဖတ်ယင်းကွယ်လွန်သွားတဲ့သူငယ်ချင်းတွေအတွက်……သတိရစရာအသစ်တွေပြန်ဖြစ်ခဲ့တယ်…။

    Reply

  • အလင်း ဆက်

    May 25, 2013 at 5:36 pm

    ကဗျာလေးက အသက်ဝင် နေတယ်
    တကယ့် ခံစားချက် မို ့ပေါ့

    Reply

Leave a Reply

Your email address will not be published.