အရှင်အာနန်ဒါ Rev Lustig က ဘာသာပြန်တဲ့မြန်မာကဗျာ – ၃

KyaemonJune 24, 20135min05

 

 

ဆရာတော်ရဲ့ဘာသာပြန်ကဗျာလက်ရွေးစင်အချို့ကို

ဆက်လက်ပြီးတင်ပြတာပါ၊

——————

လှည်းယာဉ်တော်ကြွကြွ

Village1princess12cart1cart1acartb1cartb2cartb2bcart3cart5cart4cartb3cartb4cartb4acartfcart6

 

“လှည်းဝင်ရိုးတန်တညံညံ”ဆိုလောက်အောင် 

လှည်းယာဉ်ပုံတွေကဝေဝေဆာဆာ၊သို့ပေမဲ့

ကျနော်က ပုံတပုံကိုမှ မပိုင်၊သူများဆီကပုံတွေပါ၊

========

 

 

  ပိတောက်ရွှေဝါ

 

padauk1padauk3Padaukb1padaukb2padaukb2bpadauk2padauk4

(Poet “U Kyaw” should be revised as “U Kyawt”)

5 comments

  • မောင် ပေ

    June 25, 2013 at 11:49 am

    ““ ပိတောက်ရွှေဝါ ””
    လတန်ခူးပေမို ့ ၊ အလှထူးပါဘိ ၊ မြမြဖူးရယ်တဲ့ ခိုင်ရွှေဝါ ။
    တကယ်တမ်းသာဖြင့် ၊ ဘယ်ပန်းသော် စံမတူဘူ ့၊
    နန္ဒမူ ဖန်ကူထိပ်မှာလှ ၊ ပစ္စေကာ ချွေးတော်သိပ်ရတယ် ၊ ဧရိပ် ဆာယာ ။
    တနှစ်တွင် သည်တလပေပ ၊ တလတွင် တရက်ထဲ ၊
    ခက်ခဲတဲ့ ရက်ဗုဒ္ဓါ ၊ ပွင့်ရှာကြ စုံမြိုင်တွင်း ။
    မြူမင်းလွင်ထန် ၊ ကြူသင်းတာ ချိန်ယံမတော့ ၊
    ရွှေဝတ်ဆံ ငုံတံညှောက်ကယ်နှင့် ၊ ခါသင်္ကြန်ဂိမာန် ရောက်ပြန်တော့ ၊
    သိန်သရေ ထိန်ဝေလို ့ တောက်တဲ့ပြင် ၊ လမ်းတလျှောက် သင်းပါဘိ ၊
    ဆန်းသလောက် မလင်းနိုင်ဘူး ၊ ပန်းပိတောက်မင်း ။
    ဦးကြော့
    ( ဒေါ်အီတွန် ့ဗွမ် ရေ ၊ ပို ့စ်ထဲမှာ တဝက်တပျက် နဲ ့မို ့ ၊ ကလစ်ထောက် နယူးတပ်ဘ် ဖွင့်ဖတ်ပြီး ၊ ပြန်ကူး ကွန်မင့်ရေးလိုက်ပါ၏ )
    ကဗျာ တွေ ဖတ် ရ တာ အရသာ ရှိသဗျာ

    Reply

    • Kyaemon

      June 26, 2013 at 4:23 am

      ကိုရင်မောင်ပေခင်ဗျား

      “ကဗျာ တွေ ဖတ် ရ တာ အရသာ ရှိသဗျာ” ဆိုတာကို
      ကျနော်လဲထပ်တူပါ၊ အားလုံးဘဲ ဝမ်းသာပီတိဖြစ်ကြမှာပါ၊

      ကိုပေက ဝါယမစိုက်ထုတ်ပြီး တဖန်ပြန်ရိုက်ပေးတာက မဆိုးပါ၊
      ကြိုဆိုပါတယ်၊

      ——————

      သို့သော်ခင်ဗျား ပြောသလိုတော့ မဟုတ်ရပါ လို့ပြောပါရစေ၊

      “။.ပို ့စ်ထဲမှာ တဝက်တပျက် နဲ ့မို ့ ပြန်ကူး လိုက်ပါ၏” ဆိုတဲ့
      နေရာမှာ

      “တဝက်တပျက်” တော့ လုံးဝ (လုံးဝ) မဟုတ်ရပါကြောင်း၊

      ဆရာတော်ရဲ့ကဗျာစာအုပ်က စာသားတွေဟာ ပြည့်စုံပြီးသားပါ၊
      အဲဒီစာသားတွေကိုနဂိုရ် ပကတိ အတိုင်း (အပြောင်းအလဲမရှိ)
      ဓာတ်ပုံရိုက်ကူးတင်ဆက် ခဲ့တာပါ၊
      ——————-
      ကိုပေကပင်ပန်းခံပြီးပြန်ရိုက်တာတွေကို
      ကျနော်က တလုံးချင်း ပြန်တိုက်ကြည့်လို့
      စာလုံး”ကျ” တာ၊ “တဝက်တပျက်”ဖြစ်တာ ရယ်လို့
      (လုံးဝ လုံးဝ) မတွေ့ရပါကြောင်း၊

      တခုတော့ရှိတယ်၊

      ကိုပေက “ခါသင်္ကြန်ဂိမာန်” လို့ရိုက်တာ
      ဆရာတော်ရိုက်တာက “ခါသင်းကြန် ဂိမာန်” ဖြစ်နေလို့
      သေးလေးတင် (အစက်လေး) နဲ့
      အင်းစီ (င်) လေးဟာ မတူကွဲပြားနေတာပါ၊

      ===============

      ကိုပေနဲ့ဂေဇက်ဝင်တွေအတွက် အဆင်ပြေအောင်
      ကျနော်က အကြံတခုပေးလိုတာပါ၊

      စာအုပ်ကလဲအဟောင်းပါ၊ အနှစ် ၂၅ နှစ် မကရှိပါပြီ၊
      ဝါတာတာနဲတဖြေးဖြေး မှုန်စ ဖြစ်လာတာကို
      ရိုက်ကူးထိန်းသိမ်းလာတဲ့ University of Torontoကိုကျေးဇူးတင်ရမှာ၊
      သူကြီးတို့ကိုလဲတင်ရမှာ၊

      ဂေဇက်ကပုံအကြီးတွေ နေရာတကာလက်မခံနိုင်၊
      Memory space နေရာမဆန့်ဝင်နိုင်၊
      နောင် စာသားတွေပုံတွေ အတွက်လဲ
      Memory နေရာ ချန်ထားရတာပါ၊

      ပုံကြီးကနေ ပုံကလေးဖြစ်သွားလို့
      အဲဒီလို “ကျ” တာ “တဝက်တပျက်” ဖြစ်တာ
      လို့ ထင်ယောင်ထင်မှားဖြစ်နိုင်တယ်၊
      (ဘောပွဲနိုင်ပြီးမူးနေတာလို့လဲဖြစ်နိုင်တာပါ၊ ဟိဟိ)
      ———————————————

      ဒီပြသနာကိုတစိတ်တဒေသ ဖြေရှင်းနိုင်ဘို့ဆိုရင်
      ဆေးမီးတို က ဒီလိုပါ၊
      ————————————————
      ပုံတွေကို Click “ကလစ်” နှိပ်ပါ၊
      တချက်မရရင် နှစ်ချက်ပေါ့ဗျာ၊
      စာသား (ဝါ) ပုံရိပ် တွေကို
      ုထင်ထင်ရှားရှားနဲ့ နီးနီးကပ်ကပ်
      မြင်ရဘတ်ရမှာနဲ့ပိုမိုခံစားခွင့်ရမှာပါ၊

      ကဗျာအရှည်တွေကြတော့ ထက်အောက်၂ပုံတွဲဖြစ်လို့
      အပေါ်ခြမ်းတခါ အောက်ခြမ်းတခါ ခွဲနှိပ်ပြီးဘတ်နိုင်တာပါ၊

      Reply

      • ဦးကြောင်ကြီး

        June 28, 2013 at 9:14 am

        ကပေပြောတဲ့ ဒေါ်အီတွန့်ဗွမ်ဆိုဒါ ကြေးမုံဂျီး နာမည်အရင်းလား…. :harr:

        Reply

  • အလင်း ဆက်

    June 25, 2013 at 9:25 pm

    ( ၃) ထိရောက်လာပါပေါ့ ။

    ကဗျာတောမှာ..လည်း..
    မျောလို ့… မဝတော့ပါပေါ့ ။။။

    Reply

    • Kyaemon

      June 28, 2013 at 11:40 pm

      ကိုရင်အလင်းဆက်

      ဆရာတော်ရဲ့ဘာသာပြန်ကဗျာလက်ရွေးစင်တွေကို
      တန်ဆာဆင်ပြီးအတတ်နိုင်ဆုံးတင်ပေးသွားဘို့ရှိကြောင်းပါ၊

      နဲနဲတော့သည်းခံပါ၊

      Reply

Leave a Reply

Your email address will not be published.