ငြိရာမဲ့ စီးမြောခြင်း (သို့) ကိုယ်မလျောက်တတ်တဲ့လမ်း

အာဂJuly 10, 20131min08

ဟိုး ကမ္ဘာဦးကတည်းက
သစ်ရွက်တွေ
အသံမထွက်ဘဲ ကြွေကြတာပါကွယ်

လူ့ယဉ်ကျေးမှုစတည် စ ကတည်းက
ပါးနီလှလှလေးတွေဟာ ပန်းဖြစ်နေတယ်။
ဒါပေမဲ့
ကို်ယ့်လို ခိုးဝှက်၊ စိတ်အံဆွဲထဲပျိုးကြဲသူအတွက်
ကိုယ့်နှလုံးသားကြွေသံ အမြန်နှုန်းဟာ
လူမသိ သူမသိတောက်လောင်လွန်းလှတယ်။

ချမ်းတတ်ရင်ဆောင်းကို မထိနှင့်
အို……နေရယ်
ကမ္ဘာကြီးတိမ်းစောင်းသွားရလောက်အောင်တော့
ဘယ်သူမှ….မဆော့ခဲ့ပါဘူး…။

လှမ်းခူရင် ဆူးမယ်မှန်းသိပေမယ့်
ကိုယ့်လက်တွေက သွေးထွက်ရဲချင်နေတယ်။
သေချာတာက….
ကိုယ့် လက်ဆော့ခဲ့တာမဟုတ်
နှလုံးသား ဆော့ကစားခြင်းသာ။

အတန်းလိုက် စိုက်ထားတဲ့
မင်းရယ်သံ အုပ်အုပ်ကလေးဟာလည်း
သောကတွေအရိပ်ထိုးလို့
ရိုးတံကျဲရဦးမှာပါ….။
မြစ်ထဲရေမရှိမှ
ဒုက္ခတွေရွက်လွှင့်ခြင်းကင်းမှာ
စမ်းချောင်းပေါ်ကြွေရုံနဲ့…
ပန်းတွေ ပင်လယ်ထိမရောက်ဘူး…။

ကိုယ့်ရင်ထဲ…
သောကငွေ့ငွေ့နှင့် စိုးရိမ်ခြင်းသတင်းစာ
မင်းနာမည် အကြောင်း အထပ်ထပ်ဖတ်ရတာ
မောလျတယ်…။
မင်းနဲ့ ပတ်သက်သမျှ ရဲရဲကြီး ခပ်ထုတ်နိုင်မှ
ကိုယ့်ရဲ့ မြစ်က အေးချမ်းမယ့်အဖြစ်လား…။
မြက်တစ်ပင်စာ…အပေါ်ယံလွာလောက်နဲ့တော့
အရိပ်ကြီးကြီး မိုးပေးလို့။
မိုးတွေ..ခပ်ဆွေဆွေလေးတောင်မရွာချ ပေးနိုင်ဘူး။

ဘယ်တော့မှ မဆုံးရှုံး နိုင်တဲ့အတွက်
ဘယ်အရာကိုမှ ဆုပ်ကိုင်မထားတဲ့ လက်နှစ်ဖက်ကတော့
သေခြင်းမှာအမြတ်ထွက်ပြီ…..။

Bold =ဇော်သစ်၊စုံထောက်မဂ္ဂဇင်း၊၂၀၀၆၊ ဂျူလိုင်
Italic= အာဂ

8 comments

  • kotun winlatt

    July 10, 2013 at 9:47 pm

    ချမ်းတတ်ရင်ဆောင်းကို မထိနှင့်
    အို……နေရယ်
    ကမ္ဘာကြီးတိမ်းစောင်းသွားရလောက်အောင်တော့
    ဘယ်သူမှ….မဆော့ခဲ့ပါဘူး…။
    အဲ့နေရာလေး ကြိုက်၏။

    Reply

  • KZ

    July 11, 2013 at 8:16 am

    ((လှမ်းခူရင် ဆူးမယ်မှန်းသိပေမယ့်
    ကိုယ့်လက်တွေက သွေးထွက်ရဲချင်နေတယ်။
    သေချာတာက….
    ကိုယ့် လက်ဆော့ခဲ့တာမဟုတ်
    နှလုံးသား ဆော့ကစားခြင်းသာ။))

    ကိုယ်နားလည်တဲ့ အပိုင်း ကိုယ်ကြိုက်တာပဲရယ်။ :mrgreen:

    Reply

  • kyeemite

    July 11, 2013 at 11:49 am

    ဂွတ်တယ်ကွာ..ကိုယ်လည်းရေးတတ်ချင်တာ..

    Reply

  • ရဲစည်

    July 11, 2013 at 12:51 pm

    ကောင်လေး …
    တကျော့ပြန် လိမ္မာချက်က ၉လောက်ရှိတယ်
    စကားလုံး အနုအရွတွေနဲ့ ..
    မျက်လုံးလေးတော့ … ကလယ် …. ကလည်
    😛

    Reply

  • ဝါးးးး
    မိုက်ဒယ် ….
    တောက်ရမ်း ခိုက်တွားဒယ် … ဂယ် ..
    ဒီနေရာလေးကို ပိုခိုက်တယ် ..

    ချမ်းတတ်ရင်ဆောင်းကို မထိနှင့်
    အို……နေရယ်
    ကမ္ဘာကြီးတိမ်းစောင်းသွားရလောက်အောင်တော့
    ဘယ်သူမှ….မဆော့ခဲ့ပါဘူး…။

    Reply

  • amatmin

    July 11, 2013 at 2:37 pm

    အောက်ဆုံး ၂ ပုဒ် ဖတ်လိုက်ရတော့..
    ခေါင်းစဉ်..ငြိရာမဲ့ စီးမြောခြင်း နဲ့ ကွက်တိ ရယ်..
    ဖွဲ့ထားတာ တကယ်ဂွတ်ဒ် တယ် ကိုရင်အာဂ..ရေ.

    Reply

  • အာဂ

    July 11, 2013 at 4:32 pm

    Comment ပေးကြသူများအားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ အချိန်မရလို့ တစ်ယောက်ခြင်းစီ ပြန်မန့်နိုင်တာကို ခွင့်လွတ်ပါခင်ဗျာ။

    Reply

Leave a Reply

Your email address will not be published.