တန်ဖိုးရှိသေးရဲ ့လား

အော်…ခေတ်ကြီးကိုက……….

သူများချေတလှမ်းဆို ကိုယ်ကနှစ်လှမ်း သုံးလှမ်းမှတော်ရုံ မကျတဲ့ခေတ်

မျက်နှာသစ်ပြီး ကထဲကမုသာဝါဒကံ ကိုကျုးလွန်ဖို့အသင့် ပြင်ထားရတဲ့ခေတ်

ခုတ်မယ် ထစ်မယ် ပါးပါး လှီးမယ် ဆိုတဲ့ စကားက နေရာရတဲ့ ခေတ်

ကျော်နိူင် လွှားနိူင် ရက်စက်နိူင် မှသရဖူ ဆောင်းခွင့်ရတဲ့ခေတ်……..ဒီတော့

ကျွန်တော်တို့ ထမင်းတလုပ်စားရဖို့အရေး

ချေနှစ်ချောင်းစာမတ်တပ်ရပ်ဖို့ အရေး…..ဟိုအရေး..ဒီအရေး

အရေးပေါင်းများစွာအတွက်……ဒီခေတ်ထဲမှာ…ရိုးရိုးကျင့် မြင့်မြင့်ကြံ…..လှုရင်တိုး ခိုရင်မွဲ ရိုးသားသည့် ဂုဏ်စားမကုန် တဲ့…ကျွန်တော်ယုံကြည်တဲ့

ဒီစကားတွေကို……သားသမီးတွေအတွက် ဥပမာပြုစရာစကားအဖြစ်အသုံးဝင်ပါတော့မလား….သူတို့အတွက်ရီစရာများဖြစ်နေမလား…..လို့

ကျွန်တော်တွေးပြီးပူပန်မိတယ်…….ဝိုင်းဝန်းဆွေးနွေး….အဖြေရှာပေးကြပါလို့ မေတ္တာရပ်ခံပါတယ် …..ရွာသူရွာသားအပေါင်းတို့ခင်ဗျား……။

 

 

 

15 comments

  • တန်ဖိုး ရှိသေးဒါပေါ့ ဘဘကြိမ်ရယ် …
    မယုံဘူးလား …
    ရန်ကုန် ဆိုဒဲ့ နေရာက သာဆိုးဒေး …
    တန်ဖိုး .. တန်ဖိုး .. နဲ့ ..
    ကျုပ်တို့ ရွာမှာလို ရေတောင် လဂါး တောင်းသောက်လို့ ရဝူးးးး

    Reply

  • အလင်း ဆက်

    July 10, 2013 at 9:28 pm

    ရိုးရိုး ညှစ် မြင့်မြင့်ပါ…..

    အဲ..အဲ….
    ရိုးရိုးကျင့် မြင့်မြင့်ကြံ ဆိုတဲ့ စကားလေးက..
    ရိုးရှင်းပေမယ့်..အင်မတန် အသုံးတည့်တဲ့စကားပါဗျ…။

    Reply

  • kotun winlatt

    July 10, 2013 at 9:34 pm

    ဟုတ်ပါ့…ဟုတ်ပါ့….
    အသုံးဝင်နေသေးပါကြောင်းးးးးးးးးးးးးးး
    ရိုးးးရိုးးးးကျင့် မြင့်မြင့်ကြံ….

    Reply

  • KZ

    July 11, 2013 at 8:36 am

    ရိုးသားခြင်းတန်ဖိုးကတော့ ခုထိ ရှိနေဆဲလို့ထင်ပါတယ်။ 🙂

    ဒါပေမဲ့
    ရိုးသားတာ ကောင်းတယ်။ မ “အ” စေနဲ့ ဆိုတာမျိုးပေါ့။ :mrgreen:

    Reply

  • kyeemite

    July 11, 2013 at 9:30 am

    “ရိုးရိုးကျင့် မြင့်မြင့်ကြံ…..လှုရင်တိုး၊ ခိုရင်မွဲ၊ ရိုးသားသည့် ဂုဏ်စားမကုန်”
    လိုက်နာသူနဲပေမဲ့ တန်ဖိုးတော့ ရှိပါသေးတယ်ဗျာ…
    “သင်ကောင်းလျှင် ကျွနှု်ပ်မဆိုးပါ” ဆိုတာလူညံ့တွေရဲ့ဆောင်ပုဒ်ပါ ဦးကြိမ်
    တစ်ကယ်လိုက်နာရမဲ့ဆောင်ပုဒ်က
    “ဘယ်သူကောင်း ကောင်း မကောင်းကောင်း၊ မိမိကောင်းမည်” ဆိုတာပဲဖြစ်သင့်ပါဂျောင်းးး 🙂

    Reply

    • Ma Ma

      July 11, 2013 at 9:41 am

      (“သင်ကောင်းလျှင် ကျွနှု်ပ်မဆိုးပါ”)
      ကျမကတော့ အဲဒီဆောင်ပုဒ်ကိုဖတ်ပြီး………
      “သင်ဆိုးလျှင် ကျွန်ုပ်မကောင်းပါ” လို့ ပြောဖူးလို့ မိဘတွေဆီက အဆူအဆဲခံခဲ့ရဖူးတယ်။ :mrgreen:

      Reply

  • Ma Ma

    July 11, 2013 at 9:37 am

    ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်စေနဲ့ ဆိုတဲ့ စကားတစ်လုံးပါ အဆစ်ထည့်ပေးလိုက်ပါ ဦးကြိမ်ရေ။ 🙂

    Reply

  • မင်းမင်း

    July 11, 2013 at 9:56 am

    ကျနော်ကတော့ မိမိအပေါ်မှာမူတည်ပါတယ်လို့

    ပြောပါရစေ။

    ကိုယ်ကဘာကိုအလေးထားတာလဲအပေါ်မူတည်ပါတယ်။

    ကိုယ်ကျင့်တရားကိုဦးစားပေးသူလား?

    စိတ်အေး ချမ်းသာမူ့ကိုလိုလားသူလား?

    ဒါမှမဟုတ်…………………။

    သူတပါးရဲ့ အထက်မှာပဲ နေချင်သူလား?

    ငွေကြေး ချမ်းသာမူ့ စီးပွားတိုးတတ်မူ့ ဩဇာ ကြီးမြင့်မူ့

    ကိုပဲ လိုချင်သူလား?

    ကိုယ်ကျင့်တရား နဲ့ စိတ်အေးချမ်းမူ့ ကိုရွေးမယ်ဆိုရင်

    ရိုးရိုးကျင့် မြင့်မြင့်ကြံ နေရင်ရပါတယ်။

    မဟုတ်ပဲ………………

    သူများထက်သာချင်တယ် ငွေ ဥစ္စာ ဩဇာနောက်ရွေး

    မယ်ဆိုရင် ရိုးရိုးကျင့်လို့တော့မရဘူး။ရိုးရိုးကျင့်လို့မရရင်

    မြင့်မြင့် ကြံ ဖို့ ဝေးသွားပြီး။

    အဲ နှစ်ခုလုံး အသင့်အတင့်လောက်တော့လိုချင်တာပေါ့ဗျာ

    ဆိုရင်တော့ …………………………။

    လူတော် လူကောင်းဖြစ်အောင်ကြိုးစားဖို့ပဲ ။

    ဒါကျနော်အမြင်ပါ။

    Reply

  • TNA

    July 11, 2013 at 1:55 pm

    နေရာတိုင်း ရိုးသားလို့မရတော့ဘူးဆိုပေမဲ့လဲ ရိုးသားမှု့ကြောင့်တစုံတရာဖြစ်လာတာတွေတော့ ရှိနေဆဲပါ။ ရှေးစကားပုံတွေကို ဒီခေတ်မှာအသုံးမတည့်တော့ဘူးဆိုပေမဲ့လဲ လိုက်နာနိုင်သလောက်လိုက် နာသင့်တယ်လို့ထင်ပါတယ်။ မဟုတ်လို့ကတော့ တလောကလုံးပျက်စီးသွားတော့မှာပေါ့။ မရိုးသားနိုင်ဘူးဆိုသည့်တိုင် ဂတုံးပေါ်ထိပ်ကွက်မလုပ်မိဖို့တော့တော်တော်ကိုအရေးကြီးတယ်လို့ထင် ပါတယ်။

    Reply

  • padonmar

    July 13, 2013 at 12:56 am

    ကိုယ်လုပ်မယ့်အလုပ်ဟာ ဘယ်သူတန်ဖိုးထားထားမထားထား ကိုယ့်လိပ်ပြာ ကိုယ်လုံမယ့် အလုပ်ဖြစ်သင့်တာပါပဲ။

    Reply

  • kai

    July 13, 2013 at 5:26 am

    လူတိုင်းစီက.. တခုပဲလုပ်ဖို့လိုပါတယ်..
    အများစုဖြစ်လာရင်ခေတ်ပြောင်းသွားလိမ့်မယ်..

    သခင်မျိုးဟေ့..ဒို့ဘားမန်င်း… :mrgreen:

    Reply

    • Ma Ma

      July 13, 2013 at 8:46 am

      မှန်ပါတယ် သဂျီးရေ။
      လူတိုင်းစီက တစ်ခုပဲ လုပ်ဖို့လိုပါတယ်။
      ဒါပေမယ့် လူတိုင်းက ……
      လုပ်ရမယ့်တစ်ခုကို ကိုယ်လုပ်ရမယ် မထင်ပဲ သူများလုပ်ရမယ်ချည်းထင်နေတာလေးပဲ။ :lol

      Reply

  • ဦး ကြိမ်

    July 13, 2013 at 5:52 am

    ကျွန်တော်မမြင်တဲ့ ကျွန်တော်မသိတဲ့ ကျွန်တော်ကျော်လွားခဲ့သော အကွက်များအားစနစ်တကျလာရောက်
    တပ်ဆင်ပေးသူအားလုံးကို ကျေးဇူးအထူးတင်ပါတယ်……။

    Reply

  • marga thagyar

    July 13, 2013 at 3:03 pm

    မိုးခါးရေ မသောက်မိအောင် နေဘု့ိဆိုတာ. ကိုယ်ခံအားကောင်းဘု့ိလိုပါတယ်

    Reply

  • Nyein Nyein

    July 13, 2013 at 6:35 pm

    အဘကြိမ်ရဲ့ ယုံကြည်ချက်တွေကို လက်ဆင့်ကမ်းလို့ရပါတယ်။ “ရိုးရိုးကျင့် မြင့်မြင့်ကြံ…..လှုရင်တိုး ခိုရင်မွဲ ရိုးသားသည့် ဂုဏ်စားမကုန်” ဆိုတာတွေက ကျင့်နိုင်သူတွေ အတွက် တန်ဖိုးရှိပါတယ်။

    တစ်ယောက်ချင်းစီက ကောင်းဖို့ပဲလိုတာပါ။ သူများမကောင်းလို့ ကိုယ်လည်းမကောင်းတော့ပါဘူးဆိုရင် ဘယ်တော့မှ ကောင်းတဲ့ဘဝ ရမှာမဟုတ်ပါဘူး။ ကိုယ်တိုင်စီ ကောင်းနေရင် ရပါပြီ။ သူများမကောင်းလို့ ကိုယ်ဆိုးဖို့မလိုပါဘူး။ ရွှေဥမင်ဆရာတော်ကြီး ပြောသလိုပေါ့ ” သင်မကောင်းလျှင်လည်း ကျွန်ုပ်မဆိုးပါ” တဲ့။

    Reply

Leave a Reply

Your email address will not be published.