အာဂJuly 25, 20131min021
“ရချိုတွင်းက မြနန်းစံ၊ ရွှေဘိုမင်းဆက် ပြန်နန်းစံ၊ မြတ်ဘိုးတော် သူစီမံ၊ အင်း အင်း အင်းကြီးတောင်သမန်။” နန်းတော်ရှေ့ဆရာတင် မန္တလေးဈေးချိုကနေ နောက်ထပ်သွားမိတဲ့နေရာလေးကတော့ တောင်သမန်အင်းက ဦးပိန်တံတားပါ။ အချက်အလက်များအရ ဦးပိန်တံတားက သက်တမ်းနှစ် ၁၅ဝ ကျော်ရှိပြီလို့လည်းသိရပါတယ်။ အတိအကျပြောရမယ်ဆိုရင်တော့ မြန်မာသက္ကရာဇ်၁၂၁၁ နှစ် (ခရစ်သက္ကရာဇ် ၁၈၅၁ ခုနှစ်)ပုဂံမင်းလက်ထက်က အမရပူရမြို့ဝန်ဘိုင်ဆပ်ရဲ့ မြို့စာရေးဦးပိန် တည်ဆောက်ခဲ့တာကြောင့်ဦးပိန်တံတားလို့ အမည်တွင်ခဲ့ပါတယ်။ ယခင်ကတော့ တောင်သမန်အင်းကိုဖြတ်ပြီးဆောက်ထားတဲ့အတွက် တောင်သမန်တံတားလို့ အမည်ပေးခဲ့ပါတယ်။ တံတားတည်ဆောက်ခဲ့သူဦးပိန်က တောင်သမန် ၁၂ ရပ်မှလူများ မိုးတွင်းကာလမှာ သွားလာရလွယ်ကူစေရန်ရည်ရွယ်ပြီးတော့ စစ်ကိုင်း၊အင်းဝနန်းတော်၊ အိမ်တော်များမှ သစ်သားဟောင်းများကို ဘုရင်ထံလျောက်ထားတောင်းယူရသမျှ သစ်သားများနဲ့တည်ဆောက်ထားတာဖြစ်ပါတယ်။ ဦးပိန်တံတားကို တည်ဆောက်ရာမှာ ၂ နှစ်ခန့် ကြာမြင့်ခဲ့ပါတယ်။ဦးပိန်တံတားကို မြန်မာအင်ဂျင်နီယာများက ကေးအချိန်မှန်မပါဘဲ။ ခြေလှမ်းအတိုင်းတာနဲ့သာတည်ဆောက်ခဲ့တဲ့မြန်မာ့မူစစ်စစ် တံတားလည်းဖြစ်ပါတယ်။ ရှေးမှတ်တမ်းများအရတော့ ဦးပိန်တံတားမှာ […]


Kyaw Nyo ThwayJuly 25, 20131min06
ကျွန်တော် တစ်ယောက်တည်း အက်ဆေးလုံးချင်း အဖြစ် ချောကလက်အက်ဆေး လို့ အမည်ရတဲ့ စာအုပ်တစ်အုပ်ကို စီစဉ်ထားပါတယ်။ August လကုန်ပိုင်းလောက်မှာ ထွက်မယ်လို့ မျှော်လင့်ရပါတယ်။စာအုပ် ရဲ့ မျက်နှာဖုံး နဲ့ အတွင်း ဒီဇိုင်း အပြင်အဆင်တွေ ကို ကျွန်တော် ကိုယ်တိုင် ရေးဆွဲထားပြီးအက်ဆေး ၂၃ ပုဒ် ပါဝင်ပါတယ်။ဒီစာအုပ်မှာ ကဗျာဆရာ မိုဃ်းဇော် နဲ့ ကဗျာဆရာမ ပန်ဒိုရာ တို့ က မေတ္တာနဲ့ အမှာ စာများ ကို ရေးသားပေးထားပါတယ်။စာအုပ် တန်ဖိုး အနေနဲ့ ကတော့ ၂၀၀ဝ ကျပ် ဖြစ်မှာပါ။


ဦးသုJuly 24, 20132min022
လွန်ခဲ့သော ဆယ်စုနှစ်များက သူတို့ကိုလူတွေကရောဂါကူးလွယ်တဲ့ လူပေလူတေ တွေလို့မြင်ကြတယ်… တကယ်တော့ မြန်မာနိုင်ငံရယ်ခေတ်နောက်ကျမှုကြောင့် လက်လုပ် (Hand Made ) တွေကိုပဲ တွင်တွင်အသုံးပြုခဲ့လို့ ပေတေ နေခဲ့ပြီး ကမာ္ဘနဲ့အညီရင်ဘောင်တန်းချင်ခဲ့ကြသူတွေပါ။ လွန်ခဲ့သော ဆယ်စုနှစ်များက သူတို့ကိုလူတွေက မူးယစ်ဆေးဝါးနဲ့ မကင်းသူတွေလို့ မြင်ကောင်းမြင်ခဲ့ကြလိမ့်မယ်…………… တကယ်တော့ သူတို့ဟာ သူတိုရဲ့လက်တွေနဲ့ပုံတစ်ပုံကို ဖန်တီးနေချိန်မှာ ရေငတ်တာတောင်မေ့လျော့ပြီး ဈာန်ဝင်နေတဲ့သူတွေပါ။ လွန်ခဲ့သော ဆယ်စုနှစ်များက သူတို့ကို လူကြမ်းလူရိုင်းကြီးတွေလို့ ထင်မြင်ခဲ့ကြလိမ့်မယ်………… တကယ်တော့ သူတို့ဖန်တီးချင်တဲ့ အနုပညာဆိုတာ အလွယ်တကူဖန်တီးလို့မရပဲနဲ့ ယုံကြည်လက်ခံတဲ့ သူတစ်ချို့ရဲ့ အရေပြားပေါ်မှာသာ သူတို့အနုပညာကိုထုဆစ်ခွင့်ရခဲ့ကြသလိုပဲ သူတို့ရဲ့ အရေပြားကိုလဲ (Canvas) တစ်ခုလိုသဘောထားခဲ့လို့ ပြေပြစ်လှပတဲ့ပုံတွေရလာဖို့အတွက် ကြမ်းတမ်းတဲ့သူတစ်ယောက်အသွင်ဖြစ်ခဲ့ရသူတွေဖြစ်တယ်။ အထက်က ကျွန်တော်ရေးခဲ့တဲ့ စာသားတွေက ကျွန်တော့် အတွက်မဟုတ်ပါဘူး။ တကယ်တော့ ကျွန်တော်က  ဒီခေတ်လို […]


Shwe EiJuly 24, 20131min022
မင်္ဂလာပါရှင့်။ ဒါဇင်ပလပ်စ်နှစ်ပတ်လည်အလှူကိုတော့ ပြီးခဲ့တဲ့ ဂျူလိုင်လ ၁၄ ရက် တနင်္ဂနွေနေ့က မိုးကုတ်ဘုန်းတော်ကြီးသင် ပညာသင်ကြားရေးကျောင်းလှိုင်သာယာ၊ နဝဒေးလမ်း (၃)ရပ်ကွက်သို့ အလှူငွေကျပ် (၁၈၇၀၀ဝကျပ်တိတိ) သွားရောက်လှူဒါန်းဖြစ်ခဲ့ပါတယ်။ နှစ်ပတ်လည်အလှူကြမှ တိုက်တိုက်ဆိုင်ဆိုင် အလုပ်များနေကြတာကြောင့် ခါတိုင်းလို Light Truck တစ်စီးစာလောက် လူစုပြီး တပျော်တပါးသွားဖြစ်တာမျိုး မဟုတ်ဘဲ လူနဲနဲ နဲ့ပျင်းခြောက်ခြောက်သွားခဲ့ရပါတယ် 🙁 ကျောင်းပြန်ဖွင့်တဲ့ရာသီဖြစ်လို့ ကျောင်းသားမိဘတွေနဲ့ ဆရာတော်တွေ အစည်းအဝေးလုပ်နေကြတဲ့အချိန် ရောက်သွားကြပါတယ်။ ကျောင်းနဲ့ပတ်သတ်လို့ တာဝန်ခံဆရာတော်ကို မေးမြန်းဖြစ်သလောက် ပြန်လည် ဝေမျှလိုက်ပါတယ်။ 1993 ကတည်းက မူလတန်းကျောင်း(ဘက)အဖြစ် စတင်တည်ထောင်ပြီး ယခုထိလဲ မူလတန်းကျောင်းအဖြစ် ဆက်လက်သင်ကြားနေဆဲပါ။ စာသင်ချိန် နေ့လည် 12နာရီကနေ ညနေ5နာရီထိဖြစ်ပြီး စာသင်ခန်းမ တခုတည်းသာ ရှိတာကြောင့် အတန်းအလိုက် တပိုင်းစီကန့်ပြီး စာသင်ရပါတယ်။ ကျောင်းသူ […]


alinsettJuly 21, 20132min018
ဝါဆိုလပြည့်နေ ့။ ဗုဒ္ဓဘာသာတွေအတွက်တော့ နေ့ထူးနေ ့မြတ်တစ်ရက်ပါပဲ ။ မြတ်စာဘုရားရှင် ကိုယ်တော်မြတ်ကြီး ဓမ္မစကြာတရားဦးဟောတော်မူတဲ့နေ ့ပေါ့ ။ ——————————– ဝါဆိုလပြည့်ဆိုတာ  မြန်မာတွေအတွက် အရေးပါလှတဲ့ နေ ့လေးတစ်နေ ့ပါ။ ။ဂေါတမမြတ်စွာဘုရား တရားဦးဟောကြားခဲ့သေ  ဓမ္မစင်္ကြာ အခါတော်နေ့ဟာ ….. သစ္စာလေးပါးနဲ ့ အမှန်တရားကို ဟောပြ ခဲ့တဲ့ နေ့ထူးနေ့မြတ် ပါ။ (၁) ပဋိသန္ဓေတည်သည့်နေ ့-မဟာသက္ကရာဇ်-၆၇၊ ဝါဆိုလပြည့် (ကြာသပတေးနေ ့)  (၂ ) တောထွက်သည့်နေ ့- မဟာသက္ကရာဇ်-၉၇၊ ဝါဆိုလပြည့် (တနင်္လာနေ ့)  (၃) ဓမ္မစင်္ကြာတရားဦးဟောနေ ့- မဟာသက္ကရာဇ်-၁၀၃၊ ဝါဆိုလပြည့် (စနေနေ ့ )  (၄) သောတာပန်လူသားစပေါ်သည့်နေ ့-မဟာသက္ကရာဇ်-၁၀၃၊ဝါဆိုလပြည့် […]


alinsettJuly 19, 20131min019
ညီမလေး သို့….. အားတင်းဖို ့…     ညီမလေးရေ…. မင်းရဲ ့အမှန်တရားဘက်… ဘယ်သူမှ မရှိတဲ့အခါ…. ဟာလာဟင်းလင်း..ဖြစ်မသွားနဲ ့ ။ မြဲမြဲခိုင်တဲ ့…. ကျောက်တောင်နံရံတွေကို…..အားကျဖို ့လိုတယ် ။ အားတင်းထားပါ ။ ညီမလေးရေ….. ဝေးကွားခြင်းတွေက အနီးကပ် တိုက်ခိုက်တဲ့အခါ….. ငိုကြွေးခြင်းကို.. အား မကိုးနဲ ့….။ ကမ္ဘာကြီးရဲ ့ အဆုံးသတ်ကတောင်…… မပြောပလောက်ပါဘူး ။ အားတင်းထားပါ ..။ ညီမလေးရေ…… ပိုင်ဆိုင်ခြင်းနဲ ့ ဆုံးရှုံးခြင်းတွေက… ငါတို ့ရဲ ့ချစ်သူပါ….။ ဆုံးရှုံခြင်းကို ဆက် ချစ်တတ်သွားတဲ့အခါ…. အဲဒီ အရသာက သိပ်မခါးတော့ပါဘူး ။ အားတော့…တင်းထားပါ …. ။ ညီမလေးရေ…… အစဉ်အမြဲ…ရယ်မော […]


မန်းဂေဇက်ကို….အလွမ်းနေခက်လို့….လှမ်းလေခဲ့ပြန်ပေါ့။ဝါသနာတူစာပေဝါသနာရှင်.အများစုနေသမို့ ရင်တွင်းအပူကိုမျှဝေပေးလိုက်ချင်ငဲ့……အများရင်မှာခံစားရသည်က….ခလေးငယ်ရှူးရှူးပေါက်တာကို ပင်လယ်ပြင်ကြီးမှောက်ချသလိုမတင်စားချင်တာပ……..အချဉ်များရင်အချိုနဲ့အုပ်သော်ပြေကောင်းပြေ နိုင်ပေမယ့်….ယင်မနားရင်အရသာမစစ်သမို့…..အိမ်မဲမဂ္ဂဇင်းပင်ထွက်လာချေပြီ…မဂ္ဂဇင်းပင်ထွက်လာ သော်ငြား…မြို့တည်သမိုင်းဝင်ဘုရားရှင်ပင်ချမ်းသာသမိုင်းကိုရေးသားပူဇော်သူကပူဇော်…..မိစ္ဆာအယူ ရယ်ကတီထွင်စီစဉ်တာက.ဘုရားပုံတော်မပါ…မွမ်းမံသူသာသနာပြုတကောဆရာတော်ဘုရားပုံတော်ကိုလ …ပုံငယ်ငယ်ဖြင့်ထည့်သွင်းကာပူဇော်….ထိုအချင်းကြောင့်ကုန်သည်၊သူဌေး၊သူကြွယ်များကမကြည်ဖြူ ဇော်ဂျီလို…သူယောင်မယ်ကိုတမ်းတတ်သူတဏှာရူးရယ်က…..ဘာမထူးတဲ့..စာရူးများကိုတင်ခေါ်…… ချိုချို..ချဉ်ချဉ်ဟိုယခင်အတိတ်ဟောင်းမှာလ….လယ်ပေါ်စုရွာလုံးကျွတ်အိမ်မက်..မက်လေပြီ။မက်သည့် အတိုင်းရှာဖွေကာ….ချုံနွယ်မှာရှုပ်ထွေးနေပါလို့…..ပူဇော်ထူးကိုခံထိုက်သောဘုရားရှင်ပင်…….တရားအရှင် ပေးသောအိမ်မက်ကိုအစွဲပြုပါလို့….ကျေးရွာလူထုခေါ်လိုက်ပါတဲ့အိမ်မက်မြို့တော်….ရာဇဝင်လာ…ဇရာထွင် ကာပြောင်းပေပေါ့….ခေတ်ကာလအခေါ်.အိ်မ်မဲမြို့တော်။ထိုထိုအစဉ်လာ…မြင်ပါသော်ဂရုမစိုက်တယ်…ထုရိုက် ပါသော်လည်း…သူစရိုက်ရယ်က…မင်းဆိုးရာဇာကိုမြှောက်ပင့်စားသူ…..ထို့အတူ….တူသောအကျိုးကိုပေး လိမ့်မပေါ့…တို့ဘုရားက….အခြားနှင့်မတူ……ဆုမတောင်းပါ….အခုခေါင်းရှောင်တာကကုန်ကျစရိတ် (၄၅)သိန်းရယ်ကြောင့်…စုစောင်းကာ…ရသူဝမ်းစိုစေဖို့….တစ်ချက်စောင်းကြည့်ပါက…..ရွှေစကား… ဟာဘာလဲလူတိုင်းသိသမို့…..အမငှီး……သွားပါပေါ့..နှစ်(၃၀)ကြာတဲ့အိမ်မဲမဂ္ဂဇင်း.ရယ်…..။  


Mr. MarGaJuly 17, 20131min096
. . . . . . . . . . . တစွန်းတစ  ငယ်ဘဝနှင့် ပြန်သတိရမိတဲ့ ကာတွန်းတွေ ခုတလော အတွေးလဲနည်း လူလဲ အပျင်းရောဂါ စွဲကပ်နေလို့ စာမရေးဖြစ်တာတောင် ကြာပေါ့။ ကိုယ်တိုင်သာ စာမရေးဖြစ်တာပါ…………စာဖတ် ကျပြန်တော့လဲ ဟိုအကြောင်းပြ ဒီအကြောင်းပြ နဲ့ ဝေ့လိုက်ဝိုက်လိုက် လုပ်နေတာပါပဲလေ။ ဒီတစ်ခါတော့ အဲဒီ စာဖတ်ခြင်းကိစ္စနဲ့ ပတ်သက်ပြီး ငယ်ဘဝကို ပြန်တွေးမိလို့ အတင်းအကျပ် မှတ်ဉာဏ်ထဲက ပြန်ဖော်ထားတဲ့ အကြောင်းအရာလေးတွေ ပြောပြချင်မိတယ်။ ခေတ်တွေ ကွာလာတော့ တိုးတက်မှုတွေ ဆုတ်ယုတ်မှုကလေးတွေလဲ မြင်လာမိတာကိုး………. ပြောချင်တဲ့ အကြောင်းအရာကတော့ ဒီလို……ဒီလို…………. သူများတွေတော့ ကာတွန်းတွေ၊ ရုပ်ပြတွေ ဘယ်အချိန်မှာ စဖတ်ကြသလဲမသိ ဦးမာဃကတော့ […]


ကျွန်တော်က အညာသားပါ။ ရန်ကုန်ကို ပြောင်းလာတော့ အညာက ဧည့်သည်တွေ လာရင် အဓိက လိုက်ပို့ရတာက ရွှေတိဂုံဘုရားကြီး။ ရွှေတိဂုံရောက်ရင် ဒါက အာဇာနည်ဗိမာန်၊ ဟိုဟာက အမျိူးသားနေ့ အထိမ်းအမှတ် (ပထမကောလိပ်သပိတ်) ကျောက်တိုင်၊ ဟိုဟာက သခင်ကိုယ်တော်မှိုင်းဂူဗိမာန်၊ အဲဒီနားက အချွန်အတက်နဲ့ အုတ်ဂူက သီပေါမဟေသီ စုဖုရားလတ်ရဲ့  အုတ်ဂူ၊ ဒီဘက်ကတော့ ဗိုလ်ချူပ်အောင်ဆန်းကတော် ဒေါ်ခင်ကြည်ရဲ့ အုတ်ဂူ ဆိုပြီး ပြောပြရတယ်။ သမိုင်းဝင်အထိမ်းအမှတ် ဖြစ်နေလို့ အစီအစဉ်လိုက် ပြောရမယ်ဆိုရင် ပါတော်မူက စပြီး အမျိူးသားနေ့သမိုင်း၊ ကိုအောင်ဆန်းတို့ရဲ့ ၁၉၃၆ သပိတ်နဲ့ ၁၉၃၈ သပိတ်သမိုင်း၊ လွတ်လပ်ရေးသမိုင်းနဲ့ ဒီမိုကရေစီတိုက်ပွဲသမိုင်းအထိ ၁၈၈၅ ခုနှစ်က ၁၉၈၈ ခုနှစ်အထိ ခေတ်သစ်မြန်မာနိုင်ငံသမိုင်းကြီးတစ်ခုလုံး ပါဝင်နေတာကို တွေ့ရပါမယ်။ ရွှေတိဂုံဘုရားကို ကမာရွတ်ကနေ […]


Mr. MarGaJuly 15, 20134min099
. . . . . . . . . . . . . ကဗျာပြခန်း ( ၁) ကဗျာပြခန်း ( ၂)  ကဗျာပြခန်း ( ၃) ကဗျာပြခန်း (၄) ကဗျာပြခန်းအကြောင်း သောင်းပြောင်းထွေလာ . အာဇာနည်………………တဲ့ ဒီစကားလုံးက လူတိုင်းကို ပြောတဲ့ စကားလုံး မဟုတ်။ လူတိုင်းနှင့်လဲ လိုက်ဖက်ခြင်း မရှိပေ အာဇာနည် ဆိုသည်မှာ မိမိ လူမျိုး၊ မိမိနိုင်ငံအတွက် တိုးတက်ရာ တိုးတက်ကြောင်းများကို စိတ်ရောကိုယ်ပါ နှစ်ကာ ပြုလုပ် ဆောင်ရွက်ခဲ့သူများဟု သတ်မှတ်ချင်ပါသည်။ မိမိ လူမျိုး၊ မိမိနိုင်ငံအတွက် တိုးတက်ရာ တိုးတက်ကြောင်းများကို စိတ်ရောကိုယ်ပါ နှစ်ကာ ပြုလုပ် […]


kpJuly 14, 20131min011
အင်းမိုးတွင်းရောက်လာပြီဆိုတော့မိုးလေးကလည်းတစ်ဖျောက်ဖျောက် ဖုန်းသံလေးကလည်းတစ်ဂျိ့ဂျိ့နဲ့ပါ။ ဒါနဲ့ဘဲပြီးခဲ့တဲ့လက ၈ရက်နေ့လောက်ကလိုင်းမန်းကိုခေါ်ပြီးဖုန်းလိုင်းစစ်တော့ ကြိုးတွေအဆက်တွေများနေလို့ ကြိုးလဲရမ ယ်ဆိုတာနဲ့ ကြိုးလဲလိုက်တာ ၃သောင်းပေးလိုက်ပါတယ်။ကြိုးလဲလိုက်ပေမဲ့ လိုင်းကမကြည်ဘဲ Noise တွေဝင်နေပါတယ် ဒါနဲ့ ဘဲ noise ရှင်းဘို့နောက်ထပ် ၃သောင်းထပ်ပေးလိုက်ရပါတယ်။ဒါလည်းလိုင်းကကောင်းသလိုဖြစ်ပေမဲ့ အင်တာနက်သုံးတာကတော့ အချိန်ကြာလာရင်တစ်ဖြည်းဖြည်း ကျပြီးလုံးဝသုံးလို့မရတော့ပါဘူး ။ကျွန်တော်တို့လို ADSL ကိုဖုန်းလိုင်းကအသုံးပြုတဲ့အင်တာနက်ဆိုင်တွေကဖုန်းမကောင်းရင်လုံးဝအဆင်မပြေပါဘူး။ဒါနဲ့လိုင်းမန်းကိုထပ်စစ်ခိုင်းလိုက်တာနဲ့ UG- Underground cable ဖြစ်တာဆိုတာနဲ့ လိုက်ချိန်းလိုက်တာ နောက်ထပ်၄သောင်းထပ်ကုန်သွားတာနဲ့ ပြီးခဲ့တဲ့လက တစ်လတည်းနဲ့ ၁သိန်းနီးပါပြောင်သွားပါတယ်။ဒါပေမဲ့လိုင်းကတော့ဖုန်းလိုင်းလည်းကြည်ပြီးအင်တာနက်လိုင်းလည်းတော်တော်ကောင်းသွားတယ်ပေါ့။မကြာပါဘူးတစ်လဘဲကြာတယ် ဒီလ၈ရက်နေ့ကွက်တိမှာဘဲ ဖုန်းထဲက ရေဒီယိုအသံတွေကြားနေရပါတယ်။ဒါနဲ့လိုင်းမန်းကိုထပ်ခေါ်ပြီးပြောတော့တော်တော်နဲ့ လာမလုပ်ပေးပါဘူး။နောက်တော့ ဖုန်းဆက်ပါများတော့ ကိုယ့်ဖုန်းတိုင်ကိုတောင်လာလုပ်ပေးစရာမလိုပါဘူး။ ဖျာပုံလမ်းထိပ်ဘုတ်ကနေ မျက်စိတစ်မှိတ်လုပ်ပေးလိုက်တာဖုန်းကချက်ခြင်းဘဲ ကောင်းသွားတယ်။ဒါနဲ့လိုင်းမန်းခေါင်းဆောင်ကို ခင်ဗျားတို့ ကျုပ်ဖုန်းကိုခဏခဏမလုပ်ပါနဲ့ ဖုန်းပျက်ရင်လည်းတစ်ခါလာလုပ်ရင် ၂ထောင်လောက်ပေးနေရတာ ကျုပ်တစ်ခါတည်း ၃သောင်းပေးထားမယ်ဆိုပြီး ၃သောင်းပေးလိုက်ပါတယ်။သူ့ဆရာကိုပေးလိုက်ပေမဲ့ လှေခါးထမ်းတဲ့လိုင်းမန်းပုံကသိပ်မကြည်သလိုဘဲ ။မကြာပါဘူး နောက်နေ့သောကြာနေ့ ညနေ၆နာရီသူတို့ပြန်တဲ့အချိန်မှာလိုင်းကိုလုံးဝဖျက်တောက်သွားပါတယ် ဒါတော့ အရမ်းကိုလွန်သွားပါပြီ။ ရတယ်လေငါဒီကြိုးဖုန်းမသုံးလည်းဟမ်းဖုန်းသုံးမယ် […]


DEPARKO DEPARKOJuly 13, 20131min07
အိုဘယ့် ဘပြောင် ညအမှောင်နေတုန်းကပေါ့ လရောင်ကိုမျှော်ကာတမ်းတ စိတ်မှာပန်းလျှ။ အိုဘယ့် ဘပြောင် လစန္ဒာရောင်ဝါလင်းသည်မို့ ပိုးစုန်းကြူရှောင်ကာပုန်းပြီပေါ့ တွေးခက်လှသေး။ ညမှောင်မှောင် လရောင်ရယ်မမြင်ရချိန်က အလင်းရောင်ကူကာပေးနေတဲ့ ပိုးစုန်းကြူငယ်ငယ်လေးတွေက လမ်းပြချည်သေး။ အိုဘယ့် ဘပြောင် မင်းသော်တာနေ့အလင်းမှာပေါ့ နေသူရိန်ရှိန်ဝါမတုနိုင်ဘု လသော်တာဘယ်မှာပုန်းရှာလိမ့် ဖြေခက်လှသေး။