alinsettApril 29, 20154min019
ရန်ကုန်မြို့ပြ သင်္ကြန်ပွဲတော်ကို ”မချစ်မနှစ်သက်သူနဲ့ ပေါင်းသင်းဆက်ဆံရသလို” ခံစားမိပြီးတဲ့နောက်ပိုင်း. . . သင်္ကြန်ရောက်တိုင်း ကျနော် အိမ်တွင်း အောင်းပါတော့တယ်။ တွင်းအောင်း သတ္တဝါလည်း မဟုတ်လေတော့  အိမ်တွင်း ကြာကြာ မအောင်းနိုင်တော့တဲ့နောက်ပိုင်း. . . သင်္ကြန်ရောက်တိုင်း ခရီးစဉ်တခုခု ဆွဲပြီး ရန်ကုန်နဲ့ဝေးရာကို ပြေးပါတယ်။  ငွေကြေး ပြည့်စုံပေါများသူလည်း မဟုတ်လေတော့ ကျနော့်သူငယ်ချင်းတယောက်ရှိရာ ကရင်ရွာကလေးဆီကိုပဲ ဒီနှစ်တွေထဲ သွားဖြစ်နေတယ်ဆိုပါတော့. . .။ >>>>>>>>>>>>>>>>>>>>>> မနှစ်က (၂၀၁၄)သင်္ကြန်တွင်းမှာတော့ ကရင်ရွာထဲ မြို့ထဲ လျှောက်မသွားပဲ မြစ်ကမ်းစပ်တို့ တောင်ထိပ်တွေတို့ကို သွားနေခဲ့တာ။ ဆိုတော့ မနှစ်က သင်္ကြန်ဆိုတဲ့ အငွေ့အသက်ကို လုံးမဝ မရ။ ရေလောင်း ရေပတ်ခြင်းဟာ ကျနော်ဆိုတဲ့ချာတိတ်နဲ့ မဆိုင်ရေးချ မဆိုင်ခဲ့။ ဒီနှစ် ၂၀၁၅ […]


alinsettApril 27, 20151min022
    .တောအထပ်ထပ် တောင်အသွယ်သွယ်ကို ဖြတ်ပြီး ကိုယ် လာခဲ့သည်။ ကိုယ်၏ ခြေဦး တည်ရာသည်ကား ချင်းတောင်တန်းတနေရာ။ ကိုယ်၏ ချစ်သူရှိရာ မြူတွေရစ်ဆိုင်းနေသည့် ချင်းတောင်တန်းမြေပေါ်သို့ ဆွေးမြေ့လွမ်းလျသော တမ်းတစိတ်တို့ဖြင့် ကိုယ် လာခဲ့ပြီ။ ကိုယ့်ချစ်သူသည် ”အမိကောင်းကင် ကြယ်စင်မောင်နှမ” နာမည်ဖြင့် အများသိကြသော ဇာတ်လမ်းထဲမှ စေတနာ့ဝန်ထမ်း ဆရာမလေးသာဖြစ်သည်။ ကိုယ့်ချစ်သူသည် ရုပ်ရှင်မင်းသမီး သက်မွန်မြင့်နှင့် နည်းနည်းကလေးမှ မလွဲ တထေရာတည်းဖြစ်သည်။ ဟိုအချိန်တခါကဖြင့် ကိုယ့်ချစ်သူရှိရာ တောင်ပေါ်ဒေသသို့ ကိုယ် သွားရောက် ခေါ်ငင်ခဲ့ဖူးသည်။ ထိုစဉ်ကတော့ ကိုယ့်ချစ်သူလေးခမျာ တောင်ပေါ်ဒေသမှ လူမည်ခွင့် အပြည့်အဝ မရရှာသော လူမမည်ကလေးများ၏ ဘဝများကို သနားလွန်း၍ဆိုကာ သူမဘဝကို ကလေးများအတွက် မြှုပ်နှံပစ်တော့မည်ဟု ဆုံးဖြတ်ကာ နေရစ်ခဲ့သည်။     […]


alinsettApril 25, 20151min033
ခရီးတွေ သွားရတာကို စိတ်ဝင်စားတဲ့ မိတ်ဆွေတွေကို စိတ်လှုပ်ရှားစရာ ခရီးစဉ်တခုနဲ့ မိတ်ဆက်ပေးပါရစေ။ သဘာဝတောတောင် ရေမြေရှုခင်းတွေကို ချစ်ခင်တွယ်တာ မက်မောတတ်တဲ့ခရီးသွားတို့ သွားသင့်ရောက်သင့်တဲ့နေရာ ဖြစ်ပါတယ်။ ကျနော် အခုပြောပြနေတဲ့ ခရီးစဉ်က ကရင်ပြည်နယ် ၊ ဘားအံမြို့ကနေ မြိုင်ကြီးငူဘက်ကို (မိုင် ၅ဝ ကျော်လောက်) ထပ်သွားရင် ရောက်မယ့် “ကျုံထော်ရေတံခွန်”ပါ။ ဘားအံမြို့ အဝေးပြေး ကားဝင်းနားက လမ်းခွကနေ မြိုင်ကြီးငူဘက်ကို တည့်တည့်မောင်းလာရင် ရောက်ပါတယ်။ လမ်းတလျှောက်မှာ ရာဘာတောကြီးတွေနဲ့ ကျောက်တောင်နံရံကြီးတွေကို ကွေ့ကာဝိုက်ကာ မြင်ရပြီး လတ်ဆက်သင်းပျံ့တဲ့ သဘာဝလေတဟူးဟူးနဲ့ သွားလာရတဲ့ ခရီးစဉ်မို့  ပျော်ရွှင်ကြည်နူးစရာ ကောင်းပါတယ်။ မြင်ရတဲ့ ကျောက်တောင်နံရံကြီးတွေဟာ မှိုင်းညှို့ပြီး ကျောက်သားစိုင် အချွန်အတက်တွေနဲ့ ထီးထီးမားမားကြီးတွေပါ။ ကျောက်တောင်နံရံတွေမှာ ကပ်လျက်ပေါက်နေတဲ့ သစ်ပင်ကြီးတွေကလည်း ပင်စည်ဖြူဖြူတွေ ဖြောင့်တန်း […]


alinsettApril 23, 20154min026
အပတ်စဉ်တင်ပြပေးနေတဲ့ …. အလင်းခြုံတဲ့သတင်း Zone (သို့မဟုတ် ) အောင်ဇေမီဒီယာရဲ့ သတင်းအစီအစဉ်ကနေ ဒီတစ်ပါတ် တင်ပြပေးမယ့် သတင်းတွေကတော့ …     ထိုင်းနိုင်ငံထဲမှာ တရားမဝင် မြန်မာ အလုပ်သမားတွေကို အရှိန်အဟုတ်မြှင့် စစ်ဆေး ဖမ်းဆီးနေတဲ့သတင်း .. ကိုးကန့်ဒေသတွင်း တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာပြီး တိမ်းရှောင်နေရတဲ့ ဒုက္ခသည်    ၆ သောင်းကျော်ရဲ့ နောက်ဆုံးရ သတင်းများ… ကိုးကန့်ဒေသနဲ့ ရခိုင်ဒေသတွေမှာ ဖြစ်ပွါးနေတဲ့ ပြည်တွင်း စစ်ပွဲဆိုင်ရာ သတင်းများ … ကရင်ပြည်နယ်က ဇွဲကပင်တောင်ပေါ်ကို တက်ရောက်နိုင်ကြဖို့ ကေဘယ်လ်ကားစီမံကိန်း လုပ်ကိုင်ရေးကို ဂျပန်နဲ့ ကိုးရီးယားနိုင်ငံတို့က စိတ်ဝင်စားနေတယ်ဆိုတဲ့သတင်း လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ကန့်ကွက်ဆန္ဒပြကြချိန်က ရဲတွေက သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ သေဆုံးသွားတဲ့ တောင်သူဒေါ်ခင်ဝင်းရဲ့ […]


Travis ZawApril 23, 20151min05
https://www.facebook.com/notes/10153242147608276/?pnref=story တောကျတယ်ဆိုဆို ခေတ်မမီဘူးပြောပြော ဗုဒ္ဓဘာသာဝင် အများစု နေထိုင်ရာ မြန်မာပြည်မှာ အသံဆူဆူတွေကို အသုံးပြုကြ၊ သဘောကျကြပါတယ်။ မိုးမလင်းမီကတည်းက ဖွင့်လိုက်ကြရတဲ့ ကုသိုလ်ရေးနှိုးဆော်သံကနေ ဘတ်စ်ကားသံ၊ လုပ်ငန်းခွင်သံ စသဖြင့် အသံမျိုးစုံဟာ ဒီနေ့ခေတ်မှာတော့ ဆူညံသံတွေ ဖြစ်လာခဲ့ပါပြီ။ ဆူညံသံတွေကို နာရီကနေ ရက်၊ ရက်ကနေ လအထိ ဆက်တိုက် ကြားရတဲ့အခါ ဒေါသဖြစ်တာတွေ၊ စိတ်မထိန်းနိုင်တော့ဘဲ တုံ့ပြန်မိတာတွေ၊ အရေးယူအပြစ်ပေးရတာတွေ ဖြစ်လာပါတယ်။ မြန်မာတွေဝန်းကျင်က ဆူညံသံတွေ ညံလွန်းနေပြီလားဆိုတဲ့ ခေါင်းစဉ်နဲ့ DVB ဒီဘိတ်ကို မျိုးမျိုးက တင်ဆက်ခဲ့ပါတယ်။ ဦးဆောင်ဆွေးနွေးသူတွေအဖြစ် စာရေးဆရာ အတ္တကျော်၊ စိတ်ပိုင်းဆိုင်ရာ အထူးကုဆရာဝန် ဒေါက်တာစိုးမင်း၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း အလုပ်အမှုဆောင်ကော်မတီဝင် ဒေါက်တာအောင်လေးတင်နဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဝင် ဒေါက်တာအေးမင်းတို့က ပါဝင်ကြပါတယ်။ . […]


Kaung Kin PyarApril 22, 20151min038
၂၀၁၅ သံဓိဌာန်ထဲမယ် တခြားဟာတွေကိုသာ မဖြည့်ဆည်းချင်နေမယ်..၊ ခရီးတိုလေးတွေ ခဏခဏထွက်မယ်ဆိုတာနဲ့ မစားဖူးသေးတဲ့ အစားအသောက်တွေ စားမယ်ဆိုတာကိုတော့ ပထမဦးစားပေးအဆင့်အနေနဲ့ စိတ်ပါလက်ပါ လုပ်ဖြစ်ခဲ့တယ်…။ မိသားစုနဲ့ နွေးနွေးထွေးထွေးနေမယ်ဆိုတာလဲ ပါခဲ့ပါရဲ့….ဒီ ၃ချက်လုံး တစ်ပြိုက်နက်ပြည့်နိုင်တာရော၊ ရာသီဥတုလေးကြောင့်ရောနဲ့ သွားဖြစ်ခဲ့တာရယ်…။ ၂၀၁၆ သံဓိဌာန်ထဲမတော့….တစ်ခု ထပ်ဖြည့်တော့မယ်…. ယောကျာင်္းယူမယ်….အငိငိ… : : : (နောက်ထှာ..အတည်) ဆိုတော့…သင်္ကြန်ပိတ်ရက်မယ်..တောင်ကြီးခရီးစဉ်သွားဖြစ်ပါတယ်…(ဖဘမှာ ဖလန်းလွန်းလို့ တစ်ရွာလုံးနီးပါးလဲ သိနေပါပြီ…။ ဒါက သူဂျီးဆီက ပိုက်ပိုက်ညာယူတာ…) တောင်ကြီးသွားမယ်ဆိုတော့ ရင်ခုန်ပါတယ်…အခြေသတင်းကြီးတဲ့ အမြန်လမ်းရယ်…အကွေ့အပတ်များတဲ့….  တောင်ကြီးလမ်းရယ်ပေါ့… တောင်ကြီးလမ်းသွားရမယ်ဆိုတော့… အရင့်အရင် စိတ္တဇက ထ ကြွလာပါရော…အဲ့တုန်းကဆိုများ…ဟံသာဝတီအဝိုင်းကို ကားပတ်ရင်တောင် ဘုရားတရား တ ခဲ့ရတာ… ခု တောင်ကြီးလမ်းကို စတက်တော့လဲ ထင်တဲ့အတိုင်း… အတိတ်ကအရိပ်တွေက တရေးရေးပေါ်တယ်… လွန်ခဲ့တဲ့ ၄နှစ်ကျော်တုန်းက […]

2013_ew_RubinGoogleRobot_0-600x390.gif

ေဇယ်ာစံApril 21, 20151min036
စတိဗ်ဂျော့ဘ် မုန်းခဲ့တဲ့ လူတစ်ယောက်အကြောင်း အခန်း (၁) “ လဲသေလိုက်လေ။ အဲဒီလို သောက်သုံးမကျတဲ့လူတစ်ယောက် အကြောင်း ကို ဘာများ အထွေအထူး ဆွေးနွေးနေရမှာလဲ .. ” ……လို့ စတိဗ် ဂျော့ဘ် က အင်တာဗျူးး တခု မှာ ရိုင်းရိုင်းစိုင်းစိုင်း ပြောခဲ့ဖူးတယ် ဆိုရင် … စာဖတ်နေတဲ့လူ အံ့ဩသွားလိမ့်မယ်။ အခန်း (၂) ဖြစ်ခွင့်ရမယ် ဆိုရင် .. ကျွန်တော် က စတိဗ်ဂျော့ဘ် ပဲ ဖြစ်ချင်ခဲ့တာ …။ အဲဒီလို အချိန်မျိုးမှာမှ အဲဒီ အကြောင်း ကို ကျွန်တော် အရင်ဆုံး ဖတ်ခဲ့ရတဲ့ အချိန်မှာ တော်တော့်ကို ကျွတ်သွားတယ်။ အမှန်ပါပဲ ..။ ကျွန်တော်တို့ ခင်ဗျားတို့ […]


alinsettApril 20, 20154min028
ဗလငါးတန်ကို တစ်တန်ချင်းစီ စစ်ဆေးတိုင်းထွာတတ်သော အကြီးအကဲများနှင့် ကိုယ်ကြုံနေရသည်။ ပထမ ဗလတစ်တန်ကို စစ်ဆေးသူက ကိုယ့်ကို မေးသည်။ ”ဟေ့ မောင်ရင် မင့်ဆီမှာ စာရိတ္တဗလ ရှိသလား ” ကိုယ့်ထံမှ အဖြေက. . . ‘သုည’ —— ဒုတိယဗလ နောက်တစ်တန်စစ်ဆေးသူက. . . ”ဟေ့ သူငယ်. .  မင်းဆီမှာ ဘောဂဗလ ရှိလားကွဲ့” ကိုယ့်ထံမှ အဖြေကတော့ . . . ‘သုည” ——- တတိယဗလ တစ်တန်ကို တစ်ယောက်က စစ်ဆေးပြန်သည်။ ”ဟေ့. . . မင့်မှာ မိတ္တဗလ ရှိသလား” ကိုယ့်အဖြေကတော့ ထုံးစံအတိုင်း… ”သုည” ——— ထို့နောက် . […]


Mr. MarGaApril 20, 20151min031
ဒီနှစ်သင်္ကြန် မောင်မာဃ အလွန်ခြေငြိမ်နေပါသည်။ နှစ်နှစ်ဆက်တိုက် မလည်ဖြစ်သည့်အရှိန်နှင့် သင်္ကြန်အကြို ကြားရ၊ဖတ်ရသည့် သတင်းများ ပေါင်းကာ လေးရက်စလုံး အိမ်တွင်းပုန်းဖြစ်သွား၏။ (မဆိုင်ဘူးထင်လျှင်လည်း မတတ်နိုင်) . သို့သော်ငြား… တစ်နေကုန်နီးပါး လွှင့်နေသော သင်္ကြန်ပုံရိပ်များ၊ အချိန်ပြည့် လိုင်းပေါ်ရောက်နေသဖြင့် မြင်နေရသော သင်္ကြန်အပျော်များ၊ “ဆောင်းမဲ့ကျွန်း” အွန်လိုင်းမဏ္ဍပ်တွင် သုံးရက်ဆက် ကဲမိသော အကျိုးဆက်များ စုပေါင်းလာချိန်တွင်မတော့… ကိုယ်တွင်းမှ ငုပ်လုလု သင်္ကြန်ပိုး ပြန်ထလာလေသောကြောင့်… အတက်နေ့ ညပိုင်းတွင် စီးတော်ယာဉ်ကိုထုတ်ကာ မန်းမြို့တစ်ခွင်မှ သင်္ကြန်မြင်ကွင်းများကို ပတ်ကြည့်ဖို့ ထွက်တော်မူ နန်းက ခွာခဲ့ပေတော့သည်….။ ရေပက်ချိန် ပြီးသွားပြီမို့ သုံးဆယ့်ငါးလမ်းတစ်လျှောက်မှာ တိတ်ဆိတ်နေချေ၏။ မောင်းလာရင်း ၈၄လမ်းအရောက် ဘယ်ဘက်ကိုကွေ့လိုက်တော့ တီးသံမှုတ်သံတချို့က ခပ်သဲ့သဲ့ ပျံ့လွင် ့လာသည်။ ရှေ့ နှစ်ပြခန့်အကွာမှာ မဏ္ဍပ်တစ်ခုက မီးတွေထိန်လို့…………. :i: […]


kaiApril 19, 20152min09
အင်္ဂလိပ်ဝေါဟာရကြွယ်ဝလိုသူများသိသင့်သိထိုက်တဲ့ Idiom လေးများအကြောင်း အရင်လကအတော်အသင့် ဖော်ပြခဲ့ပြီးပါပြီ။ ယခုတပတ်မှာ နံပါတ်နဲ့ပတ်သက်တဲ့ idiom လေးများအကြောင်းလေ့လာကြရအောင်။ အင်္ဂလိပ်စာလေ့လာနေသူတယောက်ကို အင်္ဂလိပ်လိုနံပါတ်လေးတွေသုံးတတ်ရဲ့လားလို့မေးရင် စိတ်ဆိုးမှာတောင် စိုးရတယ်။ ဒီ one, two, three, four လောက်တော့ လူတိုင်းတတ်တာပေါ့လို့ ထင်ကြမှာပါ။ ဒါပေမယ့် in seventh heaven ဆိုတဲ့ idiom လေးကို သုံးတတ်ရဲ့လားလို့မေးရင်တော့ လူတိုင်းသုံးတတ်ကြမှာမဟုတ်ပါ။ ဥပမာ- ” Getting the opportunity to go to school has put me in seventh heaven”. လို့သုံးလို့ရပါတယ်။ အဓိပ္ပာယ်ကတော့ ကျောင်းတက်ခွင့်ရတဲ့အတွက် အရမ်းကိုပျော်သွားတယ်ဆိုတဲ့သဘောပါ။ ဒီမှာ UCLA, Standford, Harvard တို့လို နာမည်ကြီးကျောင်းတွေတက်ခွင့်ရလိုက်လို့ […]


Travis ZawApril 18, 20151min05
https://www.facebook.com/tin.nyunt.338?fref=ts ပလေတိုပြောသွားဖူးတဲ့ စကားတစ်ခွန်းကို ပြန်ပြီးတော့ ကိုးကားချင်ပါတယ်။ “ကလေးသည် မသင်ယူချင်လျှင် သင်ကြား၍မရ” ဆိုတဲ့ စကားပါ။ ခု ဆရာတို့ ဆရာမတို့ သင်ကြားနေတဲ့ ကလေးတွေဟာ တကယ်သင်ယူချင်လို့ သင်နေကြတာလား၊ မိဘတွေက အတင်းလာပို့ထားလို့ သင်ကြားပေး နေကြရတာလား။ ပြန်စဉ်းစား ဖူးပါသလား။ ကျောင်းဆိုတာ လေးဘက်နံရံကာထားပြီး၊ ကျောင်းတက်လျှင် ဝင်းဝတံခါးကိုပါ ပိတ်ထားကာ ပတ်ဝန်းကျင်နဲ့ အဆက်ဖြတ်လိုက်သော နေရာကို ကျောင်း လို့ ထင်ထားစဲဆိုရင်တော့ ကျွန်တော်တို့ ခေတ်ကို မမြင်တော့ဘူးလို့ ဆိုရမယ်ထင်တယ်။ ဆိုဗီယက်ရုရှားခေတ်က သတင်းကားတိုလေးတစ်ခုကိုကြည့်ဖူးတယ်။ ပါမောက္ခကြီးတစ်ယောက်က မူလတန်း ကလေးတွေကို စာသင်တာ။ ကလေးတွေကို သစ်တောထဲခေါ်သွားတယ်။ စမ်းချောင်းလေးတွေကို ဖြတ်ကြ တယ်။ ပန်းလေးတွေ ခူးကြတယ်။ ခူးလာတဲ့ ပန်းလေးတွေကို အမည်ရွတ်စေတယ်။ စာလုံးပေါင်း […]


Swal Taw YwetApril 18, 20156min019
မင်္ဂလာရှိသော နှစ်သစ် ရောက်ရှိလာပါပြီ။ ရွှင်လန်းချမ်းမြေ့ ကျန်းမာကြပါစေခင်ဗျာ။ ကာတာနိုင်ငံ ဒိုဟာမြို့ရောက် မြန်မာနိုင်ငံသားတွေရဲ့ အမိမြေအလွမ်းပြေ နှစ်သစ်ကူးပွဲ ဆင်နွှဲကြပုံလေးတွေ တင်ဆက်ပါရစေ။ ကာတာရောက်မြန်မာနိုင်ငံသားတွေ ဒီလိုပွဲလေးတွေ နွှဲလာခဲ့တာ နှစ် အတော် ရလာပါပြီ။ ဒီနှစ်ကတော့ နှစ်ဆန်း တစ်ရက်နေ့နဲ့ ဒီက ရုံးပိတ်ရက် သောကြာနေ့ ဆုံနေတာကြောင့် ပိုပြီး စည်ကားသလို ပို အဓိပါယ်ရှိလာသပေါ့။ ကျနော်တို့ အဆောင်တွေ ရှိရာ စက်မှုဇုန်ကနေ နှစ်စဉ် မုန့်ဟင်းငါး ဒါနပြုပါတယ်။ သူနဲနဲ ကိုယ် နဲနဲ စုစည်းပေါင်းဆုံ ဒါနပြုကြပုံပေါ့ခင်ဗျာ။ ကျနော့်ထုံးစံအတိုင်း Photo Essay လေးကို အားပေးလိုက်ကြရအောင်လား။ ကားမောင်းသွားနေရင်းနဲ့ကို ဖုန်း ဝင်လာပါတယ်။ မြန်မာစုမှာ မြန်မာ အယောက် တစ်ရာကျော် လောက် ရောက်နေပြီတယ့်ခင်ဗျ။ […]


Travis ZawApril 9, 20156min08
https://www.facebook.com/kothet.win.5/posts/767056366742114 ကားနဲ့အပျော်ခရီးထွက်မယ့်သူများအတွက်-အထူးမှာကြားချက်– အထူးသဖြင့်-ဧရာဝတီတိုင်း–မှာ-ရှိတဲ့-ချောင်းသာ-ငွေဆောင်-ဆိုတဲ့ပင်လယ်ကမ်းခြေများသို့လူတော်တော်များများက-ကားအမျိုးမျိုးနဲ့ သွားကြပါလိမ့်မယ် Skill—ရှိပြီးသားရော–Beginner—များရော—-ပါကြပါလိမ့်မယ်– . ရန်ကုန်နဲ့ပုသိမ်အကွာအဝေးကတော့-ဘုရင့်နောင်တံတားက-တိုင်းလိုက်ရင်-ပုသိမ်မြို့ဝင်အထိ-၁၁၃-မိုင်-ရှိပါတယ်– ပုသိမ်တစ်ဖက်ကမ်းကဆက်သွားလိုုက်ရင်-ငွေဆောင်ကို-၃၇-မိုင်ဆက်သွားရပါလိမ့်မယ်– ချောင်းသာကိုဆိုရင်တော့-မိုင်-၃၀-ကျော်ကျော်ပါပဲ– ဘာပဲဖြစ်ဖြစ်-ဒီခရီး-၂-ခုစလုံးကို-မိုင်-၁၄၀–ပဲထားလိုက်ပါတော့— . ဒါကြောင့်မို့-မိတ်ဆွေတို့ရဲ့–ကားဟာ-ဒီဇယ်ဖြစ်ဖြစ်-ဓါတ်ဆီဖြစ်ဖြစ်—ရန်ကုန်ကမထွက်ခင်-တိုင်ကီအပြည့်ဆီထည့်သွားပါ– မထည့်ဖြစ်ရင်လည်း-လမ်းမှာဆီဆိုင်တွေအများကြီးပါပဲ— ရန်ကုန်-ပုသိမ်လမ်းရဲ့-ထူးခြားချက်ကတော့—လမ်းခရီးကွာဝေးမိုင်-၁၀၀-ကျော်လေးမှာ–ဆီဆိုင်က–မရေမတွက်နိုင်အောင် ရှိနေတာကိုမြင်ရလို့ပါ—၅-မိုင်-မှာ-၁-ဆိုင်လောက်ကိုပျမ်းမျှရှိနေပါတယ်–မယုံရင်-ရေတွက်သွားလိုက်ပါ– ဘယ်လမ်းမှ-ဒီလောက်-ဆီဆိုင်အရေအတွက်များတာမတွေ့ဘူးလို့ပါ– အရေအတွက်နဲ့အရည်အချင်းဆိုတာကို-သိပ်မယုံသေးလို့-ကျွန်တော်ကတော့–ရန်ကုန်ကပဲဆီအပြည့်ထည့်သွားပါတယ်– . -ဈေးကတော့-သယ်ယူခအတွက်–ရန်ကုန်ထက်-10%-ပိုယူပါလိမ့်မယ်– ရန်ကုန်မှာနာမည်ရပြီးသားဖြစ်တဲ့-MAX-/MMTM-/GL-/NEWDAY-/ဆိုတဲ့ဆိုင်မျိုးတော့မဟုတ်ပါဘူး– ဒေသခံဆိုင်နာမည်အမျိုးမျိုးနဲ့မို့–ဆီ-ကွာလတီအတွက်-စိတ်မသန့်ရင်–ဆိုက်ကိုဆိုတဲ့စိတ်မချင့်မရဲ နဲနဲဝင်ရမှာမို့ပါ— . MAX–ဆိုတဲ့-နာမည်ကြီးဆိုင်ကိုတော့-ရှားရှားပါးပါး–တစ်ဆိုင်တော့တွေ့ရပါလိမ့်မယ်— . ဗိုလ်မြတ်ထွန်းတံတားကိုကျော်အပြီး—သင်ဖျူးဖျာ-မျိုးစုံထွက်တဲ့–အပြင်—ကုလသမဂ္ဂ-အတွင်းရေးမှုးချုပ်-ဦးသန့်ထွက်ပေါ်လာခဲ့တဲ့- ပန်းတနော်ဆိုတဲ့—မြို့မှာတော့–MAX–ဆီဆိုင်ရှိပါတယ်—-နာမည်ကိုယုံကြည်ပြီးသာဆိုရင်တော့-အဲ့ဒီမှာထည့်လိုက်ပေါ့– ဘယ်ကားမဆို-ဆီတိုင်ကီအပြည့်ရှိခဲ့ရင်–ရန်ကုန်-မှ-ပုသိမ်ကိုကျိန်းသေရောက်ပါတယ်— မိုင်-၁၀၀-ကျော်ကို-ဘယ်ကားဖြစ်ဖြစ်-ဆီ-၅-ဂါလံထက်ပိုမကုန်လို့ပါ—ပုသိမ်မြို့အဝင်လေယာဉ်ကွင်းမှာ-ရန်ကုန်ကဆီဆိုင်အချို့ရှိပါတယ်–ဒီမှာထည့်လည်းရပါတယ်– ငွေဆောင်မှာဆိုရင်တော့—GL–ဆိုတဲ့ဆိုင်ကျိန်းသေရှိပါတယ်—-ငွေဆောင်အထိအရောက်သွား-အပြန်မှာအပြည့်ဖြည့်လိုက်လည်း ရတာပဲ–အဲ-ဒီလိုလည်းမယုံနဲ့အုံး–ဆီပြတ်နေခဲ့ရင်လည်း-ဘယ်လိုလုပ်မလဲ– လမ်းမှာဆီထည့်ရမယ့်ကိစ္စကို-ခုလို-ဘာလို့-ဇာချဲ့ပြီးပြောနေရတာလဲဆိုရင်–ဘယ်ကားမဆို-ဆီကုန်ရင်-ရပ်သွားမှာပါ– ခု-ခေတ်ပေါ်ကားအားလုံး-ဘာဆီသုံးသုံး–ဆီလုံးဝပြတ်ခဲ့ရင်နာသွားပါတယ်– ဒီဇယ်ဆို-အဆိုးဆုံး–လေခိုတဲ့ကိစ္စ-ဆိုတဲ့အသေးအဖွဲလေးကအစ-တော်တော်-ဒုက္ခရောက်ပါတယ်— ဆီကုန်တဲ့ကိစ္စလောက်နဲ့ကားပျက်တာဆိုပြီး-အချိန်ကုန်လူပမ်းဖြစ်တာမတန်ပါဘူး– ဆီတိုင်ကီထဲမှာ-ဆီတစ်ဝက်ကျော်ကျော်အမြဲရှိနေတဲ့-ကားအင်ဂျင်ဟာသက်တမ်းရှည်ပါတယ်—- အနည်တို့ရေတို့ဆိုတာ–ဆီတိုင်ကီအောက်ဆုံးမှာအမြဲရှိနေပါတယ်—ဆီနည်းနည်းနဲ့မောင်းနေတဲ့ကားအတွက်–ကားကလှုပ်နေတာနဲ့အမျှ- အနည်တု့ိ-ရေတို့က–ဒပ်လဘိုင်လိုက်ပြီးအပေါ်ကိုတက်လာလို့-မသန့်တဲ့ဆီတွေ-ဖေလ်တာထဲကိုအမြန်ဆုံးဝင်ကြပါလိမ့်မယ်— ဖေလ်တာက-မသန့်ပေးနိုင်တဲ့အဆုံး-ဆီပိ်တ်တာ-ဂျီးကပ်တာဖြစ်ကြမှာအသေချာပါ– ——————————————————————– နောက်အရေးတကြီးကိစ္စက-ဘက်ထရီကိစ္စပါ— မိမိကားဘက်ထရီသက်တမ်း-ဘယ်လောက်ကြာနေပြီလဲ-ဆိုတာ-တွက်ဆထားပါ– ပုသိမ်ကပြန်လာရင်–ရန်ကုန်မရောက်ခင်အထိ-ကျိန်းသေမိုးချုပ်ပါမယ်— ဒီရာသီကလည်း-ပူအိုက်နေလို့–ဘယ်ကားမဆို-အဲကွန်းဖွင့်လာမယ်—မီးကြီး-လည်းအသားကုန်ဖွင့်လာမယ်– သက်တမ်းရင့်ဘက်ထရီအတွက်–စိုးရိမ်ရပါတယ်—လမ်းခွတ်လပ်မှာ-မတော်တစ်ဆ-ကျန်းမာရေးအတွက်-ရှုးရှုးအတွက်– ကားစက်သပ်ပြီးသကာလ-ပြန်နှိုးခဲ့ရင်ဘက်ထရီဝပ်သွားတတ်ပါတယ်— ဒါကြောင့်ဆီကုန်မှာကိုမကြောက်နဲ့-စက်မရပ်မိစေနဲ့–စက်မသတ်နဲ့— ခုကားအားလုံးနီးပါးက–အော်တိုဂီယာဆိုတော့-တွန်းနှိုးလို့မရနိုင်ဘူးပေါ့— ဒါကြောင့်–ဘက်ထရီ-ကိစ္စအတွက်-ထောက်ကြိုး-ဘက်ထရီ-နီ/နက်—ကလစ်ကြိုးတစ်စုံကောင်းကောင်းဆောင်သွားသင့်ပါတယ်- အရေးပေါ်ဘက်ထရီ-Jump Starter–လေးတွေကိုဆောင်သွားရင်တော့ပိုကောင်း— အဓိက-နီ/နက်-ထောက်ကြိုးဆောင်သွားတာတော့အကောင်းဆုံးပါ—ဘဝတူကားများ-လမ်းမှာ-ဥဒဟိုသွားလာနေမှာမို့– လိုအပ်ရင်-လက်တားပြီးအကူအညီတောင်းနိုင်ပါတယ်—-အမျိုးအစားကောင်းကောင်း-ဓါတ်မီးတစ်လက်လည်းဆောင်သွားပါ– တစ်ချို့ဆို-အတွေ့အကြုံတွေရှိအားကြီးလို့–ကားဆွဲဘို့-နိုင်လွန်သို့မဟုတ်-စတီးကြိုးအသေးလေးတွေတောင်ဆောင်ထားကြပါတယ်- ဒါတွေအားလုံးပြောမယုံ-ကြုံဘူးမှသိပါလိ်မ့်မယ်- […]