“ HAPPY MYANMAR NEW YEAR DAY AT DOHA, QATAR “

Swal Taw YwetApril 18, 20156min019

မင်္ဂလာရှိသော နှစ်သစ် ရောက်ရှိလာပါပြီ။

ရွှင်လန်းချမ်းမြေ့ ကျန်းမာကြပါစေခင်ဗျာ။

ကာတာနိုင်ငံ ဒိုဟာမြို့ရောက် မြန်မာနိုင်ငံသားတွေရဲ့ အမိမြေအလွမ်းပြေ နှစ်သစ်ကူးပွဲ ဆင်နွှဲကြပုံလေးတွေ တင်ဆက်ပါရစေ။

ကာတာရောက်မြန်မာနိုင်ငံသားတွေ ဒီလိုပွဲလေးတွေ နွှဲလာခဲ့တာ နှစ် အတော် ရလာပါပြီ။

ဒီနှစ်ကတော့ နှစ်ဆန်း တစ်ရက်နေ့နဲ့ ဒီက ရုံးပိတ်ရက် သောကြာနေ့ ဆုံနေတာကြောင့် ပိုပြီး စည်ကားသလို ပို အဓိပါယ်ရှိလာသပေါ့။

ကျနော်တို့ အဆောင်တွေ ရှိရာ စက်မှုဇုန်ကနေ နှစ်စဉ် မုန့်ဟင်းငါး ဒါနပြုပါတယ်။

သူနဲနဲ ကိုယ် နဲနဲ စုစည်းပေါင်းဆုံ ဒါနပြုကြပုံပေါ့ခင်ဗျာ။

ကျနော့်ထုံးစံအတိုင်း Photo Essay လေးကို အားပေးလိုက်ကြရအောင်လား။

ကားမောင်းသွားနေရင်းနဲ့ကို ဖုန်း ဝင်လာပါတယ်။ မြန်မာစုမှာ မြန်မာ အယောက် တစ်ရာကျော် လောက် ရောက်နေပြီတယ့်ခင်ဗျ။ တွေ့လိုဇော မြင့် လာချိန်မှာမှ ကားလမ်းကလည်း ပိတ်နေခဲ့ ကျပ်နေခဲ့ပါသေးတယ်။ ထားတော့ ရောက်ပြီဘဲ။

၁- ကြိုတင်ရောက်ရှိနေခဲ့ကြသူတွေ။
၁- ကြိုတင်ရောက်ရှိနေခဲ့ကြသူတွေ။
၂- ကားပေါ်တင်လာခဲ့တဲ့ မုန်းဟင်းငါး နဲ့ အဆာပလာတွေ  မြန်မြန်ချကြပါဟ။
၂- ကားပေါ်တင်လာခဲ့တဲ့ မုန်းဟင်းငါး နဲ့ အဆာပလာတွေ မြန်မြန်ချကြပါဟ။
၃- ထုံးစံအတိုင်း ဖုန်းတွေ ကိုယ်စီနဲ့ ကိုယ့်မြန်မာတွေ အုပ်စု၊ ငေးနေကြတယ့် အိန္ဒိယ တိုင်းသားများ။
၃- ထုံးစံအတိုင်း ဖုန်းတွေ ကိုယ်စီနဲ့ ကိုယ့်မြန်မာတွေ အုပ်စု၊ ငေးနေကြတယ့် အိန္ဒိယ တိုင်းသားများ။

1-4

၄-သိုက်သိုက် ဝန်းဝန်း စကားတွေ ဖေါင်နေကြတယ်လေ၊ မြန်မာလို တဝကြီး ပြော တဝကြီး နားထောင်ခွင့်ရခဲ့တဲ့ အချိန်ကလေးး။

1-5

၅-ဆိုင်ခင်းပါပြီဗျို့။ အားပေးကြမယ့် သူတွေ အသင် ့   ပြင်—။

1-6

၆- မြန်မာနိုင်ငံကနေ တကူးတက သယ်လာခဲ့ရတယ့် သင်္ကြန် သင်္ကေတ ပိတောက်ပန်း။

အလွမ်းဆုံး အချိန် လို့ ပြောနိုင်မလားဘဲ။ ဓါတ်ပုံတွေ ဝိုင်း ရိုက်ယူကြလေရဲ့။

၇- မုန့်ဟင်းငါး ပန်းကန်လေးတွေ တန်းစီ။
၇- မုန့်ဟင်းငါး ပန်းကန်လေးတွေ တန်းစီ။
၈- အားမနာနဲ့ ကောင်းလိုက်တဲ့ မုန့် ဟင်းရည် ပျစ်ပျစ်နှစ်နှစ်လေး။
၈- အားမနာနဲ့ ကောင်းလိုက်တဲ့ မုန့် ဟင်းရည် ပျစ်ပျစ်နှစ်နှစ်လေး။
၉- ကားဆောင်းဘောက်စ် ကနေ ဖွင့် ပေးထားတဲ့ တူးပို့ တူးပို့ သင်္ကြန် တေးသံသာ ကလည်း ဟိန်းဟိန်းထ။
၉- ကားဆောင်းဘောက်စ် ကနေ ဖွင့် ပေးထားတဲ့ တူးပို့ တူးပို့ သင်္ကြန် တေးသံသာ ကလည်း ဟိန်းဟိန်းထ။
၁၀-ခေသူတွေ မဟုတ် အဆာပလာ အစုံပါ၊ စားကြပါအုန်းခင်ဗျာ။
၁၀-ခေသူတွေ မဟုတ် အဆာပလာ အစုံပါ၊ စားကြပါအုန်းခင်ဗျာ။
၁၁- ဝေးနေရတဲ့ အမိမြေ ၊ အလွမ်းပြေ မုန့်ဟင်းငါး၊ စားရင်းနဲ့စကားတွေ ဖလှယ်။
၁၁- ဝေးနေရတဲ့ အမိမြေ ၊ အလွမ်းပြေ မုန့်ဟင်းငါး၊ စားရင်းနဲ့စကားတွေ ဖလှယ်။
၁၂- မတ်တပ်စားတော့ ပို ဝင်နိုင်သပေါ့။ သို့သော် အချင်းချင်း ပြန်ဆုံတုန်းလေးမို့ စကားတွေ ပြောမကုန်သေး။
၁၂- မတ်တပ်စားတော့ ပို ဝင်နိုင်သပေါ့။ သို့သော် အချင်းချင်း ပြန်ဆုံတုန်းလေးမို့ စကားတွေ ပြောမကုန်သေး။
၁၃- ပိတောက်ပန်း အနီးကပ် ပြရင်း ဖျော်ရည်တွေ လည်း သောက်နိုင်ပါကြောင်း ကြွားပါရစေအုန်း။
၁၃- ပိတောက်ပန်း အနီးကပ် ပြရင်း ဖျော်ရည်တွေ လည်း သောက်နိုင်ပါကြောင်း ကြွားပါရစေအုန်း။
၁၄- အင်တာနက်ပေါ်တင်မှာနော် ဆိုတော့ ပိုပြီးပျော်သပေါ့၊ နော့။
၁၄- အင်တာနက်ပေါ်တင်မှာနော် ဆိုတော့ ပိုပြီးပျော်သပေါ့၊ နော့။
၁၅- ရှားပါး လှတယ့် မြန်မာမလေးများ။ ခွင့်ပြုချက်ယူပြီးမှ တင်ပါတယ်။ မမြင်ရအောင်လည်း ရိုက်တတ်ပါသည်ခင်ဗျာ။
၁၅- ရှားပါး လှတယ့် မြန်မာမလေးများ။ ခွင့်ပြုချက်ယူပြီးမှ တင်ပါတယ်။ မမြင်ရအောင်လည်း ရိုက်တတ်ပါသည်ခင်ဗျာ။
၁၆-နောက် တသုတ်ရောက်လာတော့ ထိုင်စရာအခင်းပါ ပါလာတော့ ပို အဆင်ပြေသွားလေရဲ့။
၁၆-နောက် တသုတ်ရောက်လာတော့ ထိုင်စရာအခင်းပါ ပါလာတော့ ပို အဆင်ပြေသွားလေရဲ့။
၁၇- web site ကျော်ညာ ဝင်တယ့် သူကရှိသေး၊ အဟေးးး ဟေးးး။
၁၇- web site ကျော်ညာ ဝင်တယ့် သူကရှိသေး၊ အဟေးးး ဟေးးး။
၁၈-သူကြီးဆီက ကျော်ညာခ တောင်းရမယ်။ ( ကျနော်  မန္တလေးဂေဇက် ရွာ မိသားစု တွေ့ ဆုံပွဲလေးကို သတိရနေမိမယ်ဆိုတာတော့ မပြောတော့ပါဘူးနော် )။
၁၈-သူကြီးဆီက ကျော်ညာခ တောင်းရမယ်။ ( ကျနော် မန္တလေးဂေဇက် ရွာ မိသားစု တွေ့ ဆုံပွဲလေးကို သတိရနေမိမယ်ဆိုတာတော့ မပြောတော့ပါဘူးနော် )။
၁၉- စားကြပါ သောက်ကြပါခင်ဗျ။ ပျော်ပျော်ပါးပါးဆုံကြတုန်းလေ။
၁၉- စားကြပါ သောက်ကြပါခင်ဗျ။ ပျော်ပျော်ပါးပါးဆုံကြတုန်းလေ။
၂၀- သင်္ကြန် အမှတ်တရ မို့ ရေ လောင်းခွင့်တောင်း စွတ်ယုံလေးလောင်း။ မောင်နှမတတွေ ပြုံးပန်းဝေ။
၂၀- သင်္ကြန် အမှတ်တရ မို့ ရေ လောင်းခွင့်တောင်း စွတ်ယုံလေးလောင်း။ မောင်နှမတတွေ ပြုံးပန်းဝေ။
၂၁- ကျနော်တို့ မန်း ဂေဇက် လိပ်စာကို ဓါတ်ပုံရိုက် ယူသွားကြလေရဲ့။ ဖိတ်ခေါ်ပါတယ်နော။
၂၁- ကျနော်တို့ မန်း ဂေဇက် လိပ်စာကို ဓါတ်ပုံရိုက် ယူသွားကြလေရဲ့။ ဖိတ်ခေါ်ပါတယ်နော။
၂၂-နောက်တပွဲ ထပ်ဆွဲနိုင်သလို မျိုး  အပိုင်း ၂ ကို တင်ဆက်ပါ့မယ်လေ။
၂၂-နောက်တပွဲ ထပ်ဆွဲနိုင်သလို မျိုး အပိုင်း ၂ ကို တင်ဆက်ပါ့မယ်လေ။

အဝေးမြေရောက် မြန်မာ မိသားစု များ Over sea Workers များ ရွှင်လန်း ချမ်းမြေ့ ကျန်းမာကြပါစေ။

ဆက်ကြအုန်းစို့။

ဆုံကြအုန်းစို့။

ပျော်ကြအုန်းစို့။

With respect,

Swal Taw Ywet.

19 comments

  • ပျော်စရာသင်္ကြန်လေးပါ… အူးစွယ်တော် ကံကောင်းပါတယ်.. နိုင်ငံခြားမှာနေပြီး တူးပို့သံကြားရတာ… ရေစွတ်ရုံလောင်းပြီး ပျော်ရတာ..

    ီဒီမျာကတော့ ဝေါထာဖာထီ.. ရေဖာထီဖြစ်နေလို့… အတော်လေး နားညည်းနေတယ်…

  • ဝင့်ပြုံးမြင့်

    April 18, 2015 at 2:40 am

    .အမတို့ကတော့ သင်္ကြန်ဆိုတာ ဘာမှန်းကို မသိတော့တာ ကြာပြီ။

  • ခင်ဇော်

    April 18, 2015 at 7:57 am

    တကယ်ဗျ။
    ယဉ်ယဉ်ကျေးကျေး သင်္ကြန် စစ်စစ်ကို တစ်ခြားနိုင်ငံတွေမှာပဲ တွေ့နိုင်တာ ဘာကြောင့်လဲမသိ။
    အဟေးဟေးးးး
    စလုံးမှာ သင်္ကြန် ပွဲ ကျင်းပခွင့်ပေးထားပါတယ်။
    စလုံး ထုံးစံ CCTV ၆ လုံးလောက် ရှိတဲ့ နေရာမျိုးမှာ။
    ပွဲ အတွင်း ဆူဆူပူပူ ဘာမှမရှိ။
    မုန့်မျိုးစုံ ကျွေးတဲ့ အဖွဲ့စုံရှိတယ်။
    ကောင်မလေးတွေ ဝတ်လာတာ မြန်မာ ဝမ်းဆက်လေးတွေဗျ။
    ကောင်လေးတွေက ရေသန့်ဘူးလေးတွေထဲ ရေထည့်ပြီး ခွင့်တောင်းပြီး လောင်းတာ။
    အရင်နှစ်တွေက အမှိုက် ပွတာ နည်းနည်း ကွန်ပလိမ်းလို့ ဒီနှစ် အမှိုက်ကောက်အဖွဲ့က သတ်သတ် ပွဲပြီး တဲ့ထိ နေပြီး ရှင်းပေးခဲ့တယ်။
    ပြောရင် ယုံမှာ မဟုတ်။

  • kai

    April 18, 2015 at 3:23 pm

    နေရာရယ်..။ နေ့ရယ်..။ အချိန်ရယ်..။ လူဘယ်လောက်လာသလဲရယ်..။ လောက်တော့ရေးပါဦးဆရာရေ့..။
    ပုံနှိပ်သတင်းစာထဲအတင်းကိုထည့်ပေးလိုက်မလို့..။
    ==
    ဆိုတော့… အယ်လ်အေမှာ ၁၉ရက်နေ့.. တဘက်ခါမှသင်္ကြန်ကျမယ်ဗျ..။
    ရာသီဥတုက.. သိပ်တော့မပူသေး..။
    မနှစ်ကသင်္ကြန်လေးအမှတ်တရ ပြန်တင်ပေးလိုက်ကြောင်း..။

    https://www.youtube.com/watch?v=En3Z1t9XLTs

  • ဦးဦးပါလေရာ

    April 18, 2015 at 4:35 pm

    .သင်္ကြန်ဆို စိတ်ကုန်လွန်းလို့ အိမ်တွင်းကပ်နေခဲ့တာ နှစ်ပေါင်းကြာပြီ..
    .အခုတော့ သဘောပေါက်လာတယ်..
    .မြန်မာသင်္ကြန်ကျချင်ရင် မြန်မာသင်္ကြန်ကို ခံစားချင်ရင် နိုင်ငံခြားသွားရမယ်…

    :kwi:

  • padonmar

    April 18, 2015 at 9:16 pm

    ပျော်စရာကြီးနော်။
    အဲဒီမှာ မုန့်ဟင်းခါးဖတ်ကို ဘယ်လိုရလဲ။

  • မြစပဲရိုး

    April 18, 2015 at 9:54 pm

    မုန့်ဟင်းခါး က ကြည့်ရတာ စားချင်ဖွယ်ဘဲ စွယ်တော်ရွက် ရေ။
    မုန့်ဖတ် က Rice Noddle ဆိုတာ ကို ပြုတ်ထားတာ ထင်ရဲ့ အစ်မဒုံ။
    ကျွန်မ တို့ ဆီမှာ လဲ မနက်ဖြန် သင်္ကြန်ပွဲ ရှိတယ်။
    ပျော်ပွဲ ရွှင်ပွဲ သက်သက် ရယ် တော့ မဟုတ်ပါဘူး။
    ဘုန်းကြီးတွေ ကို ဆွမ်းကပ်ပြီး Blessing ယူ တဲ့ သဘောပါ။
    လူတွေ ကလဲ ယူလာတဲ့ အစာ တွေ ကို ဘုံ ထည့်ပြီး ဝိုင်းစားကြတာပေါ့။
    တစ်ချို့ က အစားအစာ တွေ ကို ပို လုပ်လာပြီး ဈေးရောင်းပွဲ လို လုပ် ပိုက်ဆံ တွေ ကို ချာရတီ တွေမှာ လှူ တယ်။
    မြန်မာ တွေ တင်မဟုတ်၊ ထိုင်း၊ မွန်ဂို နဲ့ သိရိလကာင်္ တွေလဲ ပါကြတယ်။
    အင်္ဂလိပ်တစ်ချို့ လဲ လာပြီး နွှဲပါတယ်။

  • Swal Taw Ywet

    April 19, 2015 at 2:02 am

    သူကြီးရေ။
    အဲ သလို မြန်မာဂေဇက်သတင်းစာမှာ အသိအမှတ်ပြု မှတ်တမ်းလေး တင်ပေးမယ်ဆိုတော့ အတိုင်းထက် အလွန် ကျေးဇူးတင်မိပါတယ်ခင်ဗျာ။
    တက်ရောက်သူဦးရေ ၁၃ဝ ခန့်ရှိပါတယ်။
    ကာတာစံတော်ချိန် မနက် ၈နာရီခွဲလောက်ကတည်းက စပြီးရောက်ကျတာမှာ ၉း ၁၅လောက်မှာ အကျွေးအမွေးအဖွဲ့တွေ စရောက်ပါတယ်။
    ဒိုဟာစက်မှုဇုန် OTIS Elevator Company ဝန်ထမ်းများ မတည်တဲ့ မုန့်ဟင်းငါး။
    Ramada Hotel ရောက်မြန်မာဝန်ထမ်းများရဲ့ ရွှေရင်အေး၊ India School ဝန်ထမ်း မခိုင်ရဲ့ အုန်းနို့ ကျောက်ကျောအပြင် တပိုင်တနိုင် အလှူရှင်များရဲ့စေတနာ အချိုရည် ဖျော်ရည်စုံရေသန့်ဗူးများ နဲ့ ကျွေးမွေးဧည့်ခံပါတယ်။
    ဂီတာတီး စုပေါင်းသီချင်းဆို၊ မခိုင်က သင်္ကြန်အကနဲ့ ဖျော်ဖျေ၊ တဦးစီ မိတ်ဆက်။ ဓါတ်ပုံတွေ ရိုက် ဖုန်းနံပါတ်တွေ ဖလှယ်ကြ နဲ့ နေ့လည် ၁ နာရီလောက်မှ လူစုခွဲကြပါတယ်ခင်ဗျား။
    နေရာက ကျနော် တို့ အခေါ် မြန်မာစုရပ်။ Small Park Near Al Ghanim Karwa Bus Station,
    Banks Street, Doha, Qatar မှာပါခင်ဗျ။
    သတင်းစာ စာမျက်နှာခွင့်ပြုသလောက် လိုအပ်သလို Edit လုပ်နိုင်ပါတယ်ခင်ဗျာ။
    ဒိုဟာရောက် မြန်မာနိုင်ငံသားများကိုယ်စား ကျေးဇူးတင်ကြောင်းထပ်လောင်းပြောပါရစေ။
    ရွှင်လန်းချမ်းမြေ့ ကျန်းမာပါစေခင်ဗျာ။
    With respect,
    Swal Taw Ywet.

  • Swal Taw Ywet

    April 19, 2015 at 2:13 am

    ပို့စ်ထဲမှာပါပြီးသား။
    သေချာအောင် ထပ်ဖြည့်ပေးလိုက်တယ်။ ( သဂျီး ပိုက်ဆံ မပေးရဘူးဟုတ်)
    April 17, 2015, Friday. မြန်မာ နှစ်ဆန်း ၁ရက်နေ့။
    မနက် ၈နာရီခွဲမှ နေ့လည် ၁ နာရီအထိ။
    တက်ရောက် သူ ၁၃ဝ ခန့်။
    ဒိုဟာမြို့။ ဘဏ်လမ်း။ ဗဟို ဘတ်စ်ကားဂိတ်ကြီးအနီး ပန်းခြံငယ် မြန်မာစုရပ်။
    With respect,
    Swal Taw Ywet.

  • Mr. MarGa

    April 19, 2015 at 9:57 am

    ဒီနှစ်​သင်္ကြန်​ လိုင်​း​ပေါ်မှာပဲ ​နေမိသွားတယ်​​ဗျ
    သင်္ကြန်ဆိုရင်​ကို ဘာလို့များ အရူးအမူး မြန်​မာဆန်​ချင်လွန်​း​နေလဲဆိုတာ ကိုယ်​့ကိုကိုယ်​ ပြန်​​မေး​နေမိတယ်​
    အ​ပေါ်မှာ ​ပြောခဲ့ကြသလို
    မြန်​မာဆန်​ဆန်​ မြန်​မာသင်္ကြန်​ကို မြန်​မာနိုင်​ငံပြင်​ပမှာပဲ ရှာရမလို

  • Ma Ma

    April 19, 2015 at 5:15 pm

    ဒိုဟာမှာလည်း မြန်မာတွေ မနည်းဘူးပဲ။
    ဓာတ်ပုံတွေကြည့်ရတာ ပျော်စရာကြီး။
    ဒီကသင်္ကြန်ပုံတွေနဲ့တော့ ကွာပါ့။
    ပိတောက်ပန်းနဲ့ တူးပို့ တူးပို့နဲ့ ရေလောင်းနေတာ ကြည့်ရတာ သင်္ကြန်အရသာအပြည့်ပဲ။
    မုန့်ဟင်းခါးကလည်း မြန်မာပြည်အလွမ်းပြေပေ့ါ။
    လူစုံတုန်း အချိန်ကိုက် ကိုယ့်ရွာကို ကြော်ငြာဝင်လိုက်တဲ့ စိတ်ကူးကလည်း ရှယ်ပဲ။ 🙂

  • uncle gyi

    April 19, 2015 at 10:38 pm

    .သင်္ကြန်ဆို စိတ်ကုန်လွန်းလို့ အိမ်တွင်းကပ်နေခဲ့တာ နှစ်ပေါင်းကြာပြီ..
    .အခုတော့ သဘောပေါက်လာတယ်..
    .မြန်မာသင်္ကြန်ကျချင်ရင် မြန်မာသင်္ကြန်ကို ခံစားချင်ရင် နိုင်ငံခြားသွားရမယ်…

    မနောက်ပါနဲ့ဦးဦးရယ်
    သင်္ကြန်မလယ်ဖြစ်တာကြာပါပကော

  • တညင်သား

    April 20, 2015 at 3:18 am

    မုန့်ဟင်းခါး တွေ စားချင်စရာ ဝက်သား ဖတ် လေးတွေတောင် မြင်ရတယ် ..ပျော်စရာကြီးးးးး

    • Ma Ma

      April 20, 2015 at 7:16 am

      မုန့်ဟင်းခါးထဲမှာ ဝက်သား ဖတ်လေးတွေ မြင်ရတယ် ???????????
      နောက်တာလား တညင်သား 🙄

  • kotun winlatt

    April 20, 2015 at 12:21 pm

    အေးးးအေးးးချမ်းးးးချမ်းးးနဲ့ ပျော်စရာလေးးးး နောက်နှစ် သင်္ကြန် ကာတာမှာပျော်ချင်လို့ အဲ့မှာ အလုပ်တစ်ခုလောက်ရှာပေးပါလား ဆြာရေ

  • Alinn Z

    April 20, 2015 at 3:25 pm

    Myanmar Gazette အမှတ်တရ တီရှပ်နဲ့က
    ဘယ်သူများလား ?

  • Mike

    April 22, 2015 at 1:34 pm

    .Myanmar Gazette အမှတ်တရ တီရှပ် က ဒိုဟာကိုတောင် ရောက်သွားပလား..တယ်ဟုတ်ပါလား
    .မြန်မာအတော်များသားနော်..ပျော်စရာကြီးပေါ့…ကိုစွယ်ပြောသလို ပိတ်ရက်မို့လူပိုစုံသွားတာပေါ့..
    .ဝမ်းသာပါ၏
    .သတိရနေပါ၏ :))

  • Wow

    April 23, 2015 at 12:55 pm

    ပျော်စယာဂျီးနော့..

Leave a Reply