alinsettApril 9, 20153min09
မင်္ဂလာပါ ။ အလင်းခြုံတဲ့ သတင်း Zone သို့မဟုတ်.. အောင်ဇေမီဒီယာကနေ အခုတစ်ပတ်တင်ပြပေးမယ့် သတင်းတွေကတော့ …   တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်း သဘောတူညီချက်         အတည်ပြု လက်မှတ်ရေးထိုးပြီးနောက်ပိုင်း တိုက်ပွဲများဆက်လက် ဖြစ်ပွါးနေတဲ့သတင်း   သုံးစွဲရာမှာ ပြဿနာတွေပေါ်နေတဲ့ မြန်မာငွေစက္ကူ ငါးထောင်ကျပ်တန်တွေရဲ့ သတင်း၊   ၆ ပွင့်ဆိုင် ဆွေးနွေးပွဲ ကျင်းပရေးဆိုင်ရာ သတင်းကြေညာချက် ၊   ရေခန်းခြောက်ခြင်းနဲ့ အခြားပြဿနာများ ရင်ဆိုင်နေရတဲ့ အင်းလေးကန်ရဲ့ အခြေအနေသတင်း ၊   ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို အသစ်ပြန်ပြီး ဖွဲ့ပေးဖို့ လက်မှတ်ရေးထိုး တောင်းဆိုကြတဲ့သတင်းနဲ့ …   မြန်မာပြည်အတွင်းက ထောင်အသီးသီးမှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား             အရေအတွက်ကို […]


Travis ZawApril 7, 20151min09
ခိုးလိုးခုလု (https://www.facebook.com/tin.nyunt.338/posts/796382620446220) ကျွန်တော်က သူ့ကို “ကိုဝေ” လို့ခေါ်လိုက်ရပေမယ့် စိတ်ထဲကတော့ မကောင်းဘူး။ သူ့ရုပ်သွင်က အရင်နဲ့ မတူဘူး။ အရမ်းကို ချုံးကျနေတယ်။ ယခင်ကဆိုရင် အသားအရေကလည်း ဖြူဖြူဝင်းဝင်း၊ မျက်နှာက လည်း ဖောင်းဖောင်း၊ တကယ့်ကို ကြည်ညိုစရာကောင်းတယ်။ ကြည်ညိုရပေမပေါ့ တစ်ချိန်ကဆိုရင် သူက ဒီရွာမှာ ကျောင်းထိုင်ဆရာတော်ကိုး။ ရွာက ဘုန်းတော်ကြီးကျောင်းတွေမှာ သံဃဝေယျဝစ္စလုပ်ကိုင်ဖို့နဲ့ စာသင်ပေးဖို့ဆိုပြီးတော့ ပညာရေးဌာနကနေ ဘုန်းတော်ကြီးကျောင်းသင် မူလတန်းလေးတွေဖွင့်ပေးဖို့ အကူအညီပေးပါဆိုတဲ့ ညွှန်ကြားချက်ရောက်လာ တယ်။ ကျွန်တော်လည်း ရွာလယ်ကျောင်းဆရာတော်ဆီသွားပြီး မူလတန်းလေးတွေဖွင့်ပါ။ ကျွန်တော့်ကျောင်း ကြီးနဲ့တွဲဘက်ထားရမယ်။ ဆရာတော့်ကျောင်းက ကျောင်းသားလေးတွေလည်း စာလည်းတတ်၊ ဆရာတော် အတွက်လည်း အဖော်ရတာပေါ့ဆိုတော့ ဆရာတော်က ကောင်းသားပဲ ဒကာကြီးပဲ ကြည့်စီစဉ်ပေးပါဆိုတာနဲ့ ဘုန်းတော်ကြီးကျောင်း မူလတန်းဖွင့်ရေး ရွာနဲ့ဆွေးနွေးပြီး ဖြစ်အောင်လုပ်ကြရတယ်။ […]


Travis ZawApril 7, 20151min05
https://www.facebook.com/notes/733942689997506/     ခေတ်အဆက်ဆက် အစိုးရအမျိုးမျိုး လူကြီးအထွေထွေအကြိ်ုက်လိုက်ကာ အရောင်အသွေးပြောင်းနေရသော သုခုမ အနုပညာရှင်တွေ (အများစု) ကို လူတွေက ဝေဖန်ကဲ့ရဲ့ကြသည်ကို မကြာခဏ တွေ့ရသည်။ ကိုယ်ပိုင်ခံယူချက်မရှိသူများ သာကူုးများဟူ၍။ အနုပညာသမားဟူသည်ကား ဘုရင်လက်ထက်၊ အင်္ဂလိပ်လက်ထက် ၊ လွတ်လပ်ရေးကြိုးပမ်းမှုကာလ၊  လွတ်လပ်ရေးရအပြီး (၁၉၄၈-၆၂)၊ ၁၉၆၂ တော်လှန်ရေး ကောင်စီတက်ရာမှသည် အသွင်ပြောင်းလာသော မဆလပါတီ လက်ထက်ကတည်းကစပြီး မင်းပွဲစိုးပွဲလည်းတက်  ပြည်သူကိုလည်းဖျော်ဖြေ။ အစိုးရ၏မူဝါဒကိုဖြန့်ရာတွင် ပါဝင်ရ။   ဟော.. ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးကျတော့လည်း ပြည်သူနဲ့အတူ တက်တက်ကြွကြွရော သူများတွေပါ၍မလွှဲမရှောင်သာလို့ရော ပါလိုက်ကြပြန်။   တခါ အာဏာသိမ်းအပြီးကာလ..၁၉၈၉ လှေပြိုင်ကြီးမှအစချီကာ .စစ်အစိုးရက အခြေခိုင်လာသောအခါ နဝတ-နအဖ ကြံ့ဖွံ့ဇာတ်များ သူ့ကျွန်မခံ  ပါပီမတွေ အဖေနဲ့သားတွေ ကြယ်တွေလတွေ တိမ်စင်တွေမှာ […]


alinsettApril 4, 20154min065
                            ==================================                           ====================                             ဝင့်ပြုံးမြင့်၏ နှစ်ဘဝ နှစ်ကန္တာ – စာအုပ်အညွှန်း ———————————- .မြန်မာတို့၏ နှစ်သစ်ဦးစ အခါသမယမှာ တန်ခူးလေပြေတသော့သော့နှင့်အတူ ကျော့ကျော့မော့မော့ ထွက်ပေါ်လာသည့်စာအုပ် […]


weiweiApril 2, 20154min020
ဒီတစ်ခေါက် သံတောင်ကြီး သံတောင်လေးခရီးစဉ်ကတော့ မသေချာမှုတွေနဲ့ ပြည့်နေခဲ့ပါတယ်။ မသွားဖူးတဲ့နေရာတစ်ခုဖြစ်ပြီး အသိတွေထဲမှာလဲ သေချာပြောပြနိုင်တဲ့သူမရှိတဲ့အတွက် ရှေ့ပြေးကြိုပွိုင့်ထွက်ရတာနဲ့တောင်တူနေပါတယ်။ အဓိကသွားချင်တဲ့ ဖိုးကျားဆင်စခန်းမှာ ဆင်တွေမရှိလို့ သွားလို့မရတော့ဘူးဆိုတဲ့သတင်းကို သွားခါနီးမှာကပ်ပြီးမှ သိလိုက်ရတဲ့အတွက်လဲ ခရီးစဉ်အတွက် အားတက်မှုတွေကို လျော့သွားစေခဲ့ပါတယ်။ ရောက်ဖူးသူတစ်ချို့ကလဲ ဘာမှမရှိပါဘူးဆိုတဲ့ စိတ်ပျက်စရာ စကားသံတွေကိုပဲ ပြောကြတဲ့အတွက် သွားသာသွားလိုက်ရတယ် ဘယ်လိုများဖြစ်မှာပါလိမ့်လို့ စိတ်စောနေခဲ့ပါတယ်။   တောင်ငူဘက်ကို ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၁၄၆ ကနေ ခွဲထွက်ရမှာဖြစ်တဲ့အတွက် ခရီးအနေနဲ့ အရမ်းကြီးမဝေးတဲ့အတွက် ညသန်းခေါင်ကျော်ပြီးမှပဲ ရန်ကုန်ကနေထွက်ခဲ့ကြတယ်။ နောက်တော့မှ ပြန်သိရတာက ၁၁၅ မိုင်ကနေ ဖြူးဘက်ကိုထွက်ပြီး လမ်းဟောင်းအတိုင်းတောင်ငူကိုသွားတာ ပိုနီးပါတယ်တဲ့။ ကားကို ဖြည်းဖြည်းမောင်းပြီး ၁၁၅ မိုင်မှာ အကြာကြီး နားခဲ့ပြီးမှ မိုးလင်းတောင်ငူအဝင်ဖြစ်အောင် အချိန်ကိုက်ပြီး သွားခဲ့ပါတယ်။   တောင်ငူမြို့က […]


alinsettApril 2, 20152min08
အပတ်စဉ်တင်ပြပေးနေတဲ့ အလင်းခြုံတဲ့ သတင်း Zone (သို့တည်းဟုတ်) အောင်ဇေမီဒီယာရဲ့ သတင်းကဏ္ဍကနေ ဒီတပတ် တင်ပြပေးမယ့် သတင်းတွေကတော့ ….   • ဒေါ်အောင်ဆန်းစုကြည်နဲ့ US လွှတ်တော်အမတ်တွေ တွေ့ဆုံဆွေးနွေးကြတဲ့ သတင်း၊ • လေးပွင့်ဆိုင်ဆွေးနွေးပွဲမှာ ဆွေးနွေးနေတဲ့ ပညာရေးအသုံးစရိတ် ၂ဝ % တိုးမြှင့်ပေးဖို့ အစိုးရက သဘောမတူဘူးဆိုတဲ့သတင်း ၊ • တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် (အန်စီအေ) စာချုပ်မူကြမ်းပဏာမ သဘောတူ လက်မှတ်ထိုးကြပြီဆိုတဲ့သတင်း • ၂၈ လပြည့်တဲ့အထိ အရေးယူဆောင်ရွက်ပေးခြင်း မရှိသေးတဲ့ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ဖျက်သိမ်းရေး လက်ပံတောာင်းဒေသနဲ့ ရန်ကုန်မြို့မှာ ဆန္ဒ ပြမှုသတင်းများ ၊ • ပထမဦးဆုံးအကြိမ်အဖြစ် မြန်မာပြည်မှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ ကမ္ဘာ့သတင်းမီဒီယာအဖွဲ့ […]


ဇီဇီApril 2, 20154min033
  ရုပ်ရှင်တွေက ကြည့်ဖို့ လွယ်သလောက်… ဇာတ်ကားညွှန်းဖို့ကျ ခက်သဗျ။ ကြည့်တဲ့ ကားတိုင်းက အညွှန်းရေးလို့မရ … (အဲလေ) အညွှန်းရယ်တော့ မဟုတ်၊ အာရိုက်လို့ မရ၊ ရွှီးလို့ မရ၊ ပွါးလို့ မရတာတွေရှိတယ်။ . ပြီးတော့ ကြည့်ပြီးတာနဲ့ စိတ်ထဲရောက်သွားမှ၊ စိတ်ထဲရှိနေမှ၊ တွေးစရာပေါ်တိုင်း သတိရနေမှ အာရွှီးပွါးလို့ ကောင်းပါတယ်။ :k: ကျနော် ညွှန်းတာ ကြည့်စေချင်လို့ မဟုတ်ပါဘူးးး ကိုယ့်ဟာကိုယ် ကြည့်ပြီး မိသားစုကို ကိုယ်ကြည့်ထားတဲ့ ရုပ်ရှင် အကြောင်း ပြောပြချင်တဲ့ စိတ်နဲ့ ပြောပါတယ်ခင်ညာ။   ဒီတစ်ပတ်တော့ ၁၈ နှစ် အထက် ကား တစ်ကားအကြောင်းပြောပြချင်သဗျ။ ကိုရီးယားမှာတော့ ရ ဆုလောက် ရထားတဲ့ ရုပ်ရှင်တဲ့။ Obsessed […]


Ma MaApril 1, 20156min014
တနေ့ပြီးတနေ့ ကနေ……… တလပြီးတလ လျှောက်လှမ်းလာတာ…. မေလကို အလှည့်ကျလို့လာပါပြီ။   ဧပြီလက ပိတ်ရက်တွေများလို့ အွန်လိုင်းမတက်ဖြစ်ပဲ ကြွေးကျန်မှာစိုးလို့ မေလကို ကြိုရေးမယ်လို့ တွေးမိတယ်။   ကံကောင်းချင်တော့………. တနေ့ပြီးတနေ့ ပိုစ့်တွေ စတင်ရေးစဉ်က အကုန်မရေးဖြစ်/နိုင်မှာ စိုးလို့ ကိုယ်ကြိုက်တဲ့ ကာတွန်းလေးတွေချည်းပဲ ရွေးပြီးရေးခဲ့တာ မေလထဲက ကာတွန်းတွေဖြစ်နေတယ်။   အဲဒီတော့ မေလအတွက် ရေးစရာနည်းသွားလို့ ဒီပိုစ့်နဲ့တင် အကြွေးရှင်းနို်င်ပါပြီ။ :kwi:    နိုင်သင့်သူ ဆိုတဲ့ စကားလုံးကို အလေးထားပြီး ဖတ်ဖြစ်တယ်။   အနိုင်ပေးဖို့အတွက် သင့်တော်သူ မဟုတ်ပဲ အနိုင်ပေးလိုက်ရရင် မနိုင်၍သည်းခံရခြင်း …… ဆိုတဲ့ မကောင်းတဲ့ အဓိပ္ပါယ်သက်ရောက်သွားလိမ့်မယ်။ :b:     ဒီနေရာမှာ ဦးဆောင်နိုင်သူကို ဦးဆောင်ခွင့်ပေးပါ […]


alinsettMarch 30, 20153min010
Noble Silence and Hearer               မနေ့ညက မိုးရွာသည်။ မိုးရွာသည် ဆိုခြင်းမှာ တစ်စုံတခုကို တစ်စုံတစ်ခုက အုပ်မိုးပြီး ရွာချခြင်း မဟုတ်ပါ။ မိုးဆိုသော အေးစက်စက်ရေစက်ရေပေါက်တွေက မြေမြင်ပေါ် အတားအဆီးမဲ့ ပြုတ်ကျလာခြင်းဟာ မိုးရွာခြင်းဖြစ်တယ်လို့ ခပ်လွယ်လွယ်ဆိုကြပါစို့။ မနေ့ညက မိုးရွာသည်။ ဒါပေမဲ့ အဲ့ဒီမိုးဟာ ရင်ထဲမှာ ရွာခဲ့တာပဲ။ ဟုတ်တယ်။ ဘယ်သူမှ မသိလိုက်ဘဲ တိတ်တိတ်ကလေး ရွာသွားသော ကျနော့်ရင်ထဲက မိုးဖြစ်သည်။ တကယ်တော့…. ကျနော့် ရင်ဘတ်တခြမ်းလုံး(ဘယ်ဘက် တစ်ခြမ်းလုံး) ရွှဲရွှဲ စိုသွားတဲ့အပြင် အေးစက်ထုံကျင်သွားသည်အထိ ဤမိုးက အငြိုးကြီးစွာ ရွာချခဲ့ခြင်းဖြစ်သည်။ မိုးစက်ကလေးများ ထိမိ စိုရွှဲခြင်းကို မဆိုထားနဲ့ လေပြေလေး […]


Travis ZawMarch 27, 20151min09
(Tim Heinemann သည် အမေရိကန်ကြည်းတပ် အထူးတပ်ဖွဲ့မှ အငြိမ်းစား ဗိုလ်မှူးကြီးတဦး ဖြစ်ပါသည်။ US Army Command and General Staff College တွင် ပညာရှင်ဆိုင်ရာ ဌာနမှူးအဖြစ်လည်း ဆောင်ရွက်ခဲ့သည်။ ယခုအခါ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေး လေ့ကျင့်သင်တန်းပေးသူ တဦးအဖြစ် တာဝန်ထမ်းနေပါသည်။ ၂၀ဝ၃တွင် အီရတ်ရှိ လူနည်းစု တိုင်းရင်းသားများကို အာဏာခွဲဝေရေး သူ၏အယူအဆ မအောင်မြင်ခဲ့ပါ။ သို့သော် များမကြာမီက အီရတ်မြောက်ပိုင်းတွင် ISIS ကို ထိန်းချုပ်ရန် ကာ့ဒ်လူမျိုးများအား ထောက်ပံ့ ကူညီရေး တာဝန်ပေးခြင်း ခံရသည်။)   Asia Times online တွင် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ဖော်ပြခဲ့သည့် Tim […]


Ma MaMarch 26, 20157min019
ကာတွန်းပြက္ခဒိန်က ကာတွန်းတွေကြည့်ပြီး သဘောကျလို့ ရွာထဲမှာ ပြန်မျှဝေဖြစ်တယ်။   ကာတွန်းတွေကိုပဲ ကြည့်ဖြစ်နေတာနဲ့ ပြက္ခဒိန်ရဲ့ အနှစ်သာရတောင် ပျောက်သွားတယ်။   ဧပြီလအတွက်ကာတွန်းတွေ ရေးနေတာတောင် သင်္ကြန်အကြိုကဘယ်ရက်၊ နှစ်ဆန်းတစ်ရက်နေ့က ဘယ်ရက်ဆိုတာကို မသိဘူး။   ဒါနဲ့ပဲ အများသတိထားမိအောင် နိုင်ငံတကာရောက် ရွှေတွေလည်း သင်္ကြန်ပိတ်ရက်သိရအောင် ရေးအုံးမှပဲလို့ အတွေးပေါ်လာတယ်။   ဒီနှစ်သင်္ကြန်က………….. ဧပြီလ ၁၃ရက်နေ့ တနင်္လာနေ့ သင်္ကြန်အကြိုနေ့ ဧပြီလ ၁၄ရက်နေ့ အင်္ဂ ါနေ့ သင်္ကြန်အကျနေ့ ဧပြီလ ၁၅ရက်နေ့ ဗုဒ္ဓဟူးနေ့ သင်္ကြန်အကြတ်နေ့ ဧပြီလ ၁၆ရက်နေ့ ကြာသပတေးနေ့ သင်္ကြန်အတက်နေ့ ဧပြီလ ၁ရရက်နေ့ သောကြာနေ့ နှစ်ဆန်းတစ်ရက်နေ့ တို့ ဖြစ်ပါတယ်။   ရုံးပိတ်ရက်သတ်မှတ်ချက်ကတော့ ဧပြီလ ၁၂ ရက်နေ့ […]


alinsettMarch 26, 20155min08
ဒီတပတ် အလင်းခြုံတဲ့ သတင်း Zone သို့မဟုတ် … .အောင်ဇေမီဒီယာကနေ တင်ပြပေးမယ့် သတင်းတွေကတော့ …   • မြန်မာပြည်မှာ ပုဂ္ဂလိကစီးပွါးရေးကဏ္ဍ အားကောင်းလာဖို့အရေးနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘဏ်က ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာသတင်း ၊ • တစ်ထောင်ကျပ်တန်အတုတွေ သယ်ဆောင်လာတဲ့ အိနိ္ဒယနိုင်ငံသားနှစ်ယောက်ကို ဖမ်းဆီးမိတဲ့ သတင်း ၊ • မိဘနှစ်ပါးကို သတ်ဖြတ်ပြီး ချက်ပြုတ် စားသောက်ခဲ့တဲ့ အမှု နောက်ဆက်တွဲသတင်း • တပ်မတော်သား လွှတ်တော်အမတ်တွေနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ပြောဆိုမှုသတင်း ၊ • မြန်မာပြည်တွင်းမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေဟာ နောက်ကွယ်က မြှောက်ပေးခဲ့တာတွေ ကြောင့်လို့ သိရကြောင်း သတင်းထုတ်ပြန်ချက် ၊ • မြန်မာအစိုးရ အကြီးအကဲတွေကို […]


zaw winMarch 24, 20151min03
ငါနိုင်ပြီဟေ့လို့ ကြွေးကြော် တကယ်တန်း မော်နိုင်ဖို့ အချိန်တွေ အရင်းအနှီးတွေ ပေးဆပ်လို့ ရတာနဲ့ ပေးတာတွေ တန်ရဲ့လား၊ ရှုံးနိမ့်လို့ မကျေနပ် အားနည်းချက်ရဲ့ကွက်လပ် မင်းသိရဲ့လား၊ သူလည်းမနိုင် ကိုယ်လည်းမရှုံး တလောကလုံးမှာ သရေနဲ့ဘဲ မင်းဘဝ ကျေနပ်နေမှာလား၊ အော် – လူဘဝမှာ အနိုင်-အရှုံး-သရေတွေနဲ့ ကျင်လည်ရ အမှတ်တရ တစ်ခုခုတော့ရစေချင်။ မင်းသုတ 14:30 P.M 23.3.2015