Ma MaMay 16, 20151min028
မြန်မာစာမှာ “လည်းကောင်း” ရဲ့ အသံထွက်က “၎င်း” နဲ့ ဆင်တူပါတယ်။ အဲဒါကြောင့်  “၎င်း” နဲ့ “လည်းကောင်း”  ကို အသုံးလွဲတတ်ကြပါတယ်။   ကိုယ်တိုင်တော့ ၈တန်းရောက်မှ မြန်မာစာဆရာမရဲ့ ကျေးဇူးကြောင့် “၎င်း” နဲ့ “လည်းကောင်း” ကို ကွဲကွဲပြားပြား သိလာခဲ့ရပါတယ်။   ပါမောက္ခချုပ်ဆရာတော်ကြီးက တရားဟောတဲ့အခါ အင်္ဂလိပ်စကားလုံးလေးတွေနဲ့ ဖြည့်စွက်ပြီး ဟောလေ့ရှိပါတယ်။   ဘာသာစကားတစ်ခုကို နောက်ဘာသာစကားတစ်ခုနဲ့ နှိုင်းယှဉ်ပြလိုက်တဲ့အခါ ပိုမိုရှင်းလင်းပြီး နားလည်လွယ်တယ်လို့ ထင်မိပါတယ်။   အတုခိုးပြီးပြောရရင် ……………. “၎င်း” ကို “That, This” “လည်းကောင်း” ကို “also” လို့ ပြောရမလား။ တခြားဘယ်လိုပြောနိုင်သေးလဲ မသိဘူး။   မြန်မာစာမှာ “၎င်း” ကိုတော့ ရှေ့ကပြပြီးတဲ့ ပုဒ်အစုကိုအစားထိုးပြီး သုံးပါတယ်။ […]


alinsettMay 16, 20151min024
                          သေလိုက်ပါတော့ အဘတို့ရယ်… ————————————- မပြောချင်ပေမဲ့ ပြောရတော့မှာပဲ… ကျုပ်ဆိုတဲ့အကောင်က ဟိုဒင်းလမ်းကြောင်းမှာ ဟိုဒင်းခံနေတယ်ဆိုသလိုပဲ… ။ နှလုံးလမ်းကြောင်းမှာ ကျွန်းခံနေတယ်ဆိုလား… အဲ… အဲ့ဒီထဲက လူလိုပဲလို့  ပြောတာပါ။ လက္ခဏာတွေ ဗေဒင်တွေကို အယုံအကြည်နည်းသူဆိုပေမယ့်… အချစ်ရေးနဲ့ ပတ်သက်လာရင်… တလွဲလွဲတချော်ချော်နဲ့မို့..  မကြာခဏ ကိုယ့်လက်ဖဝါးကိုယ် ပြန် ပြန် ကြည့်မိတယ်။ ကျုပ်လက်ဖဝါးပြင်ပေါ်က နှလုံးလမ်းကြောင်းကို ကြည့်တော့ … ကျွန်းတင် မဟုတ်… ဖြတ်မျဉ်းတွေရော… ဂငယ်ကွေ့တွေရော…ကြက်ခြေခက်တွေရော… မွစာကိုတက်လို့… ဆိုတော့ …အဲဒီ လက္ခဏာလမ်းကြောင်း နိမိတ်တွေကပဲ မှန်သလား.. ကျုပ်ဆိုတဲ့အကောင်ကပဲ… တခုခုမှားနေလေသလား […]


ဇီဇီMay 16, 20154min034
မျက်လှည့် နဲ့ သက်ဆိုင်တဲ့ ရုပ်ရှင် ထဲက စိတ်ထဲမှာ စွဲစွဲမြဲမြဲ ကျန်ပြီး ပွါးချင်တဲ့ ရုပ်ရှင် ၃ ကား ရှိတယ်ဗျ။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~   Edward Norton နဲ့ Jessica Biel ရဲ့ ကားပါ။ 1) The Illusionist (2006)   Rating 7.6 ရထားတဲ့ ကားမို့ အဆင့်မနိမ့်လှပါဘူးး… Edward Norton က ငယ်စဉ် အခါက လမ်းဘေး အဘိုးအို တစ်ယောက်ဆီက မျက်လှည့် သင်ခဲ့ပြီး… ဆယ်ကျော်သက် အရွယ်မှာ ဆွေမျိုးမြင့် မိန်းမပျို Jessica Biel  နဲ့ ချစ်ရာက ခိုးပြီး ထွက်ပြေးကြပေမဲ့ ပြန်မိသွားခဲ့တယ်။ အဲလို ပြန်မမိခင်မှာ သူ့ […]


    ……. ကလေးရေ.. မသေချာတဲ့ ပြဌာန်းမှုတွေနဲ ့ မိုးခါးရေတွေ စီးဆင်းနေတဲ့ ကမ္ဘာ…။ ပင့်သက်မရှိုက်ဝံ့အောင် ယဉ်ကျေးနေတဲ့ ကမ္ဘာ.. မြင့်ရာက နိမ် ့ရာစီးတဲ့ မြစ်ချောင်းတွေလို တွယ်ရာမရှိတဲ့ ဘဝတွေကို ထောင်းထောင်းချေမှ လက်ဆွဲဂုဏ်ပြုတဲ့အခါ…. ဒီ…ကမ္ဘာ.. ဒီ..စကြဝဠာ ဘာလို ့များ… မာသာထရီဇာ လက်ဦးအောင် မဖန်ဆင်းခဲ့ပါလိမ့်…။     ။         ကျော်စွာခေါင် ( ပန်းချီကားအမည်…မဟာ ကရုဏာတော်၏ ပြင်ပဧရိယာ…။  ဆီဆေး )


alinsettMay 14, 20152min014
အလင်းခြုံတဲ့သတင်း Zone (သို့မဟုတ်) အောင်ဇေမီဒီယာကနေ ဒီတစ်ပါတ် တင်ပြပေးသွားမယ့် သတင်းတွေကတော့ …    ရွှေတိဂုံ ကယ်တင်ရေး ဖိုရမ်တခုကို ရန်ကုန်မှာ ပြုလုပ်သွားမယ် ဆိုတဲ့သတင်း ၊  ထိုင်းနိုင်ငံအတွင်းကို တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား (၇၆) ယောက်ကို ဖမ်းဆီးလိုက်တဲ့သတင်း ၊  အလွတ်သတင်းထောက် ကိုပါကြီး အသတ်ခံရတဲ့ အမှုနဲ့ ပတ်သက်ပြီး တရားခံအဖြစ် ထိန်းသိမ်းထားသူ ၂ ယောက်ကို စစ်ဘက်တရားရုံးကနေ တရားသေ လွတ်ပေးလိုက်တဲ့သတင်း ၊  လက်ပံတန်း ကျောင်းသားသပိတ် ဖြိုခွင်းခံရခြင်း ၂ လပြည့် အခမ်းနား ကျင်းပတဲ့သတင်းနဲ့ မြန်မာ့ရဲတပ်ဖွဲ့နဲ့ ပညာရေး ဝန်ကြီးဌာနကို တရားစွဲဆိုမယ်ဆိုတဲ့ ကျောင်းသားသပိတ်ဆိုင်ရာ နောက်ဆက်တွဲသတင်းများ၊  […]


Ma MaMay 11, 20152min042
မူလတန်းတက်တုန်းက “ဘယ်” ဘက်နဲ့ ” ညာ” ဘက် ကို သင်တဲ့အခါ ဆရာ/မတွေ လူကြီးမိဘတွေက စာရေးတဲ့ဘက်၊ ထမင်းစားတဲ့ဘက်က “ညာ” ဘက်လို့ မှတ်မိအောင် သင်ပေးကြပါတယ်။ သူ့ရဲ့ပြောင်းပြန်ကတော့ “ဘယ်” ဘက်ပေ့ါ။ (ဘယ်သန်များအတွက်မပါ) :mrgreenn:   အဲဒီကတဆင့်တက်လို့ “လက်ဝဲ” “လက်ယာ” ရယ်လို့ သင်ကြားရတဲ့အခါ အလွယ်တကူဖြစ်အောင် ဝဲ          ယာ ဘယ်    ညာ … လို့ အသံထွက်နဲ့ အစဉ်လိုက် မှတ်သားထားလိုက်တယ်။   အင်္ဂလိပ်စာ သင်ရတဲ့အခါ Left နဲ့ Right ကို “ဘယ်” နဲ့“ညာ” မမှတ်မိပဲ မှားမှားနေလို့ စစ်ရေးပြတဲ့အခါမှာ ဘယ် ညာ ….. ဘယ် ညာ Left […]


KyaemonMay 9, 20156min015
သင်္ကြန်ပြီးပြန်တော့ ဓာတ်ပုံတွေကိုလိုက်ရှာပြီးတင်ဆက် ဘို့အချိန်ရောက်ပြန်ပြီ၊ အရင်ဆုံးတင်လိုက်တဲ့ဓာတ်ပုံကဆန်းတယ်လန်းတယ်၊ ဟောစာတမ်းများအရ သင်္ကြန်ချိန်ခါ သာမယမှာ မြန်မာပြည် ကို နှစ်စဉ်ကြွမြန်းနေကျ ဦးမာဃ ကိုယ်တော်က ဒီတခါကျတော့ ယူနန်သို့ပြောင်လဲဆိုက်မြန်းခဲ့ပုံရတယ်၊ တရွာမပြောင်းသူကောင်းမဖြစ်ဆိုတာလို ခေတ်ပေါ်ပင် ရွှေ့ပြောင်အလုပ်သမားတို့ရဲ့ကျင့်ထုံးကို ကိုယ်တော်မြတ်က နှလုံးပိုက်ထွေးနှစ်ခြိုက်သွားပုံရတယ်၊ ဝါရဇိန်လက်နက်ကြီးပါကိုင်ဆောင်ကာ အဆောင်အယောင် အပျံဝတ်ဆင်ပြီး ချွေရံသင်းပင်း အလုံးအရင်း ခြံရံလျက် ရွှေထီးပါမကျန်ပါပေတယ်၊ အနားက တပည့်ကျော် ဝိရသူနတ်သား လားမသိ၊ (ဟိုဘုန်းကြီးတော့မဟုတ်ပါ) ထိုင်းလူမျိုးစု (ရှမ်း) ကိုယ်ပိုင်အုပ်ချုပ်ရာ ယူနန်ပြည်နယ် ဂျင်ဟောင် မြို့က ရှမ်းအမျိုးသမီး တွေက အ”က” နဲ့ကြိုပြီး ရှမ်းအမျိုးသားတွေကလဲ အိုးစည် ဗုံမောင်း နဲ့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြတယ်၊ ကောင်းကင်က အဆင်းမှာလဲ တခမ်းတနားနဲ့ ရှိုး အပြည့်နဲ့ဆင်းသက် နိုင်အောင်၊ ဖြူနီဝါပြာ တိမ်ရောင်စုံအလှခြယ်ဘို့ရာ […]


SawAungMay 9, 20152min015
ကြာခဲ့ပါပြီပေါ့။ ဂရတ်ဖစ်သမားဆိုတော့လည်း ဓာတ်ပုံလေးတွေဘက်မှာ ဝါသနာကပါခဲ့ပါတယ်။ အရင်တုန်းကရိုက်ခဲ့တဲ့ ပုံလေးတွေ ပြန်လည် ဝေမျှလိုက်တယ်။ ပရိုတော့မဟုတ်ဘူးပေါ့။   လေးစားစွာဖြင့် အောင်မိုးသူ


alinsettMay 7, 20153min012
အပါတ်စဉ် စီစဉ်တင်ဆက်ပေးနေတဲ့ အလင်းခြုံတဲ့ သတင်း Zone (သို ့မဟုတ်) အောင်ဇေမီဒီယာရဲ့ ဒီတစ်ပါတ် သတင်းကဏ္ဍကနေ တင်ပြပေးသွားမယ့် သတင်းတွေကတော့…      ဘာသာရေး လွတ်လပ်မှုနဲ့ ပတ်သက်ပြီး စိုးရိမ်စရာကောင်းတဲ့ နိုင်ငံတစ်နိုင်ငံ အဖြစ်နဲ့ မြန်မာ့အခြေအနေသတင်း ၊    မြန်မာပြည်ရဲ့ ဘာသာရေးဆိုင်ရာ အကြမ်းဖက်မှု ပဋိပက္ခများ တားဆီးရေးအတွက် ကနေဒါနိုင်ငံက ဒေါ်လာ ခြောက်သိန်းနီးပါး ကူညီပေးအပ်တဲ့သတင်း၊    ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကို တိုက်တွန်းပြောကြားလိုက်တဲ့ သတင်းအချက်အလက်များ၊    သာယာဝတီ အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ သပိတ်မှောက် ကျောင်းသားကျောင်းသူတွေကို လွှတ်ပေးဖို့ ဆန္ဒပြတောင်းဆိုနေတဲ့သတင်းများ၊  ဒေသခံပြည်သူ ရ […]


Travis ZawMay 6, 20151min020
“စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ အတုကြီးကို ပြတ်ပြတ်သားသား ဆန့်ကျင်ပါ” (ဆောင်းပါး) ============================================================ “လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ တရားမျှတ သန့်ရှင်းအောင် ဝိုင်းဝန်း စောင့်ကြပ်ပါ။ မိမိ အသည်းကြားက မဲတပြားကို ခွေးစား မခံရအောင် ဂရုပြုပါ။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး ပြည်သူကို ရင်ဝယ်သားလို အုပ်ချုပ်မဲ့ မိဘနဲ့တူသော အစိုးရတရပ် ပေါ်ထွန်းအောင်….” ကမာ္ဘပေါ်မှာ ပေါ်ထွန်းခဲ့သမျှ နိုင်ငံရေးစနစ်တွေထဲမှာ လူများစုရဲ့ ဆန္ဒကို အထင်ဟပ်နိုင်ဆုံးစနစ်ဟာ ဒီမိုကရေစီစနစ်ပါလို့ ပြောမယ်ဆိုရင် ငြင်းဆန်မဲ့ လူများများစားစား ရှိမယ် မထင်ဘူး။ လူ့ဂုဏ်သိက္ခာကို မြတ်နိုးတယ်။ လူဖြစ်တန်ဖိုးကို အလေးထားတယ်။ လူကို လူလို မြင်တဲ့စနစ်မို့ အခြေခံလူ့အခွင့်အရေးတင်မက နိုင်ငံသားအခွင့်အရေးကိုလည်း အသိအမှတ်ပြုတယ်။ လူများစုသဘောထားနဲ့ အုပ်ချုပ်တယ်ဆိုပေမဲ့ လူနည်းစုဆန္ဒကို လည်း မထေမဲ့မြင် […]


alinsettMay 2, 20155min032
    ၂၀၁၅ ၊ မေလ ၁ ရက်နေ့ ၊ ဒါဟာ … အလုပ်သမားနေ့လေ။ အလုပ်သမားတယောက်အနေနဲ့ ရုံးပိတ်ရက်ပဲ … အားလပ်တာပေါ့။ အားလပ်ရက်ကိုမှ …. လေ့လာရေးအဖြစ် အသုံးချပြီး အသုံးကျစေမယ့် ခရီးတိုတခု ထွက်ခဲ့တယ်ဆိုပါတော့ … ။ ရန်ကုန်ကနေ ဧပြီလ ၃ဝ ရက်နေ့ည ၁ဝ နာရီကားနဲ့ ပြည်မြို့ကို ထွက်ခွါခဲ့ပါတယ်။ ကျနော်စီးလာတဲ့ ဘုန်းမြတ်ပိုင် အဝေးပြေးယာဉ်ဟာ  ပြည်မြို့ကိုရောက်တော့ မေလ ၁ ရက်နေ့ မနက်အစောကြီး ၄ နာရီ။ ငါးနာရီထိုးတဲ့အထိ မြို့ထဲက အဝေးပြေး ကားဝင်းအနီးမှာ ရှိတဲ့ လက်ဖက်ရည်ဆိုင်မှာ ထိုင်နေလိုက်တယ်။ အဲဒီနောက် … အဝေးပြေးယာဉ်ရပ်နားစခန်းရှေ့ကနေ ပြည်မြို့ရဲ့ အထင်ကရဖြစ်တဲ့ ရွှေဆံတော်စေတီဘက်ကို […]


alinsettApril 30, 20154min013
အလင်းခြုံတဲ့ သတင်း Zone ( သို့မဟုတ်) အောင်ဇေမီဒီယာကနေ အခုတစ်ပါတ်တင်ပြပေးမယ့် သတင်းတွေကတော့ …   မြန်မာအမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု ဖြစ်ပွါးနေဆဲပဲလို့ ပြောဆိုလိုက်တဲ့ ကုလ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ ပြောဆိုမှုများ ၊ အပြည်ပြည် ဆိုင်ရာ အလုပ်သမားနေ့နဲ့ မေလ ၂ ရက် ကဆုန်လပြည့်နေ့တွေအတွင်း မြန်မာပြည်တွင်းက အလုပ်သမားတွေ ဆန္ဒပြကြမယ့်သတင်း… မြန်မာအလုပ်သမား အယောက် ၂ဝ လိုက်ပါလာတဲ့ ယာဉ်တစ်စီး ၊       ထိုင်းနိုင်ငံမှာ တိမ်းမှောက်ခဲ့ပြီး မြန်မာ ၉ ဦး သေဆုံးသွားတဲ့ သတင်း၊ မြန်မာပြည်တွင်းမှာ မိုးထစ်ချုန်း ရွာခြင်းများနဲ့ မိုးကြိုးမုန်တိုင်း အန္တရာယ်များ ကျရောက်နေတဲ့ သတင်း ၊ US ၊ တက်ဆက်စ်ပြည်နယ်၊ အမာရီလိုမြို့မှာ […]


ဒီ ပို့စ် က ကျွန်မ ရဲ့ အပုဒ် ၁၀ဝ မြောက် ဆိုတဲ့ နံပါတ်ယူလိမ့်မည်။ ဒါကြောင့် ဒီ ပို့စ်မှာ ကိုယ့် အချစ်ဆုံး သူ ပါရပါလိမ့်မည်။ “ချစ်သူ ရဲ့ စကား” နောက်မှာ 😀  ဆိုတာ တပ်ထား တာမို့ misleading လို့ မစွပ်စွဲပါနဲ့။ စွပ်စွဲချင်လဲ စွပ်စွဲပေါ့။ ဟုတ်သလိုလို။ 🙂 . ဒေါ်အောင်ဆန်းစုကြည် ရဲ့  “ဒီစကား – ၁၀၀” ထဲ က အနှစ်သက်ဆုံး တစ်ပုဒ် ကို ပြောဖို့ပါ။ မဖတ်ချင်သူတွေ အတွက် ပြန်ထွက်သွားဖို့ အချိန်ရှိပါသေးတယ်။ မထွက် ခင်လေး အရင် သတိလေးတော့ ပေးပါရစေ။ အပိုစကား တွေလို့ […]