ယူနန်ကသင်္ကြန် – ၂၀၁၅

KyaemonMay 9, 20156min015

သင်္ကြန်ပြီးပြန်တော့ ဓာတ်ပုံတွေကိုလိုက်ရှာပြီးတင်ဆက်
ဘို့အချိန်ရောက်ပြန်ပြီ၊
အရင်ဆုံးတင်လိုက်တဲ့ဓာတ်ပုံကဆန်းတယ်လန်းတယ်၊

ဟောစာတမ်းများအရ သင်္ကြန်ချိန်ခါ သာမယမှာ
မြန်မာပြည် ကို နှစ်စဉ်ကြွမြန်းနေကျ
ဦးမာဃ ကိုယ်တော်က ဒီတခါကျတော့
ယူနန်သို့ပြောင်လဲဆိုက်မြန်းခဲ့ပုံရတယ်၊

တရွာမပြောင်းသူကောင်းမဖြစ်ဆိုတာလို
ခေတ်ပေါ်ပင် ရွှေ့ပြောင်အလုပ်သမားတို့ရဲ့ကျင့်ထုံးကို
ကိုယ်တော်မြတ်က နှလုံးပိုက်ထွေးနှစ်ခြိုက်သွားပုံရတယ်၊

ဝါရဇိန်လက်နက်ကြီးပါကိုင်ဆောင်ကာ
အဆောင်အယောင် အပျံဝတ်ဆင်ပြီး
ချွေရံသင်းပင်း အလုံးအရင်း ခြံရံလျက်
ရွှေထီးပါမကျန်ပါပေတယ်၊

အနားက တပည့်ကျော် ဝိရသူနတ်သား လားမသိ၊
(ဟိုဘုန်းကြီးတော့မဟုတ်ပါ)
ထိုင်းလူမျိုးစု (ရှမ်း) ကိုယ်ပိုင်အုပ်ချုပ်ရာ
ယူနန်ပြည်နယ် ဂျင်ဟောင် မြို့က
ရှမ်းအမျိုးသမီး တွေက အ”က” နဲ့ကြိုပြီး
ရှမ်းအမျိုးသားတွေကလဲ အိုးစည် ဗုံမောင်း
နဲ့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြတယ်၊
ကောင်းကင်က အဆင်းမှာလဲ
တခမ်းတနားနဲ့ ရှိုး အပြည့်နဲ့ဆင်းသက်
နိုင်အောင်၊
ဖြူနီဝါပြာ တိမ်ရောင်စုံအလှခြယ်ဘို့ရာ
လေယဉ်လွှတ်ပြီး ဆေးရောင်စုံဖြန်း
ခဲ့ပုံရတယ်၊

မြင်ကွင်းကျယ် ဓာတ်ပုံမှာ လွင်ပြင်ကြီးရယ် နောက်က
မိုးမျှော်တိုက်အစုလိုက်ရယ် တောင်တန်းကြီးရယ်
မြင်ရတာက စုံလို့ဘဲ
======

ywf5e1

 

————–
ထိုင်းဂျင်ဖောလူမျိုးစု (ရှမ်းကချင်) ကိုယ်ပိုင်အုပ်ချုပ်ရာ
ယူနန်ပြည်နယ် မန်ရှီ မြို့က ဟန်ပါပါ
ywf5d2

 

=======


ထိုင်းဂျင်ဖောလူမျိုးစု (ရှမ်းကချင်) ကိုယ်ပိုင်အုပ်ချုပ်ရာ
ယူနန်ပြည်နယ် မန်ရှီ မြို့က ဟန်ပါပါ
ywf5b5

=======
ထိုင်းဂျင်ဖောလူမျိုးစု (ရှမ်းကချင်) ကိုယ်ပိုင်အုပ်ချုပ်ရာ
ယူနန်ပြည်နယ် မန်ရှီ မြို့က ရှမ်းသူမ တွေ က
ရှမ်းလွယ်အိပ်လွယ် ခမောက်ဆောင်းကာ
စီတန်း “က” ပြ ဖျော်ဖြေကြတယ်
ywf5b7

 

=======
မြန်မာနယ်စပ်နားကဒီဟောင် အရပ်

ywf5e3
မြန်မာနယ်စပ်နားက ဂျင်ဂူ အရပ်က ဘုရားပန်းတွေပူဇော်

———-
ထိုင်းဂျင်ဖောလူမျိုးစု (ရှမ်းကချင်) ကိုယ်ပိုင်အုပ်ချုပ်ရာ
ယူနန်ပြည်နယ် မန်ရှီ မြို့က သင်္ကြန်ဖွင့်လှစ်ပွဲ အခမ်းအနား

ywf5d4

 

 

 

 

 

ywf5b2

 

==========

ywf5b3

——-

 

 

 

ywf5b4

 

========

ywf5b6

 

———

ywf5b1

———

ywf5d1

 

———

ywf5d3ywf5d5

———

ywf5d6

————

ywf5d7

———

ywf5e4

———

 

ywf5e2
ဂျင်ဟောင်အရပ်ကနှစ်စဉ်ကျင်းပတဲ့
သင်္ကြန်စီတန်းချီတက်ပွဲမှာဘုန်းကြီးတွေလဲပါ

———–

 
အရီးနဲ့အန်ကယ်ကြီးတို့ကဆွေးနွေးသွားတဲ့
အနောက်တိုင်းဆန် “ဆေးစိုးဆံပင် စုတ်ဖွားဖွား”
ကလေးတွေကိုမြင်ဘူးတယ်လို့ရှိအောင်၊

 

mny15

———


ခလယ်ကလက်ချောင်းပြနေကြတဲ့လူငယ် နှစ်ဦး၊
လွန်ခဲ့တဲ့၂နှစ်က သင်္ကြန်ပုံတွေပါ
mny14

 

 

15 comments

  • မြစပဲရိုး

    May 9, 2015 at 8:50 pm

    ပုံ (၁) က မီးခိုး ရောင်စုံမျိုး အခု မှ တွေ့ဖူးတယ်။ လှသား။
    ပုံ(၂) မှာ မျိုးကျော့မြိုင် လဲ ဝင်ပြီး ဆင်နွဲတယ်ကိုး။
    ခမောက်တွေ ထီးတွေ ကလဲ ဒီ ကနဲ့ ဆင်တာဘဲ။
    လူပုံတွေလဲ ဆင်တာဘဲ။
    အဲဒီမှာ ပိုပြီး ကြည့်ကောင်းတာက လူ တွေ ရဲ့ ခေါင်းမှာ ဆိုးဆေး တွေ မရှိတာဘဲ။
    . မြန်မာပြည်ထဲ လူတော်တော်များများ က ဆံပင် ဆိုး တာ ယဉ်ကျေးမှု ဖြစ်ပြီး ကြည့်ရတာ ခပ်စုတ်စုတ် နဲ့ အဆင့် မရှိဘူး။ ကြည့်လို့ ကို အဆင်မပြေဘူး။
    လမ်းဘေး ပိုက်ဆံတောင်းတဲ့ ကလေး ကလဲ ဆံပင် အဝါ နဲ့။
    . ခေတ် ဆိုလဲ ခေတ်ပေမဲ့ သပ်သပ်ရပ်ရပ် လှလှလေး မြင်ရတာ တော်သေး။
    အခုတော့ ကိုယ်နဲ့ လိုက်မှန်း မလိုက်မှန်းမသိ။
    🙄

    Reply

  • uncle gyi

    May 9, 2015 at 10:53 pm

    မြန်မာမှာကအတုခိုးမှားတယ်ပြောရမယ်ထင်ပါတယ်အရီးရယ်
    ကောင်းတဲ့အပြုအမူအလေ့တွေတော့အတုမယူ
    ဘယ်သူတွေကိုဘာပြောရမယ်တောင်မသိတော့ပါဖူး

    Reply

  • Alinsett @ Maung Thura

    May 10, 2015 at 2:49 pm

    .တော်သေးးးးးး ..အဲဒီအချိန် ယူနန်နယ်ထဲကို ဝုန်းခနဲကြီး ပြုတ်ကျမလာသေးလို့…

    :k:

    Reply

  • kai

    May 11, 2015 at 2:40 am

    အဲဒီစိန့်ပြည်က ကိုယ်ပိုင်အုပ်ချုပ်ရဒေသကိုင်တွယ်ပုံ.. မြန်မာတွေလေ့လာဖို့ကောင်းတယ်..။
    ဆိုတော့..
    ယူနန်က.. တိုင်းရင်းသားတွေ… မြန်မာတွေထက်…မြန်မာဆန်နေကြ…ပေါ့…။ :k:

    Reply

    • Kyaemon

      May 11, 2015 at 9:26 am

      kai says:
      အဲဒီစိန့်ပြည်က ကိုယ်ပိုင်အုပ်ချုပ်ရဒေသကိုင်တွယ်ပုံ.. မြန်မာတွေလေ့လာဖို့ကောင်းတယ်..။
      ——————–

      တိုင်းရင်းသားလူမျိုးစုတို့နဲ့မြန်မာအစိုးရ ငြိမ်းချမ်းစွာအတူတကွနေနိုင်ရေး၊
      တနည်း ပြည်တွင်းငြိမ်းချမ်းရေးကိုရှေးရှုပြီးတရုပ်အစိုးရက
      ရင်ကြားစေ့လုပ်ငန်းဆောင်ရွက်ပေးဘူးတယ်လို့မှတ်မိတယ်၊

      ၎င်းအနက်မှ တရုပ်အစိုးရရဲ့ဖိတ်ကြားချက်အရ၊သန်းရွှေအစိုးရလက်ထက်တုံးက
      တရုပ်ပြည်မှာအောင်မြင်နေတဲ့ တိုင်းရင်းသားလူမျိုးစုကိုယ်ပိုင်အုပ်ချုပ်ပုံ
      နည်းစံနစ်ကိုလေ့လာဘို့အစိုးရကအဖွဲ့တွေကိုစေလွှတ်ခဲ့ပါတယ်၊

      သို့ပေမဲ့ယင်းလေ့လာရေးအဖွဲ့တို့ရဲ့အစီရင်ခံစာတွေကိုခုထိ
      အမှောင်ချထားပုံရတယ်၊

      အဲဒါတွေကိုပွင့်လင်းမြင်သာအောင်လုပ်ပေးဘို့ကောင်းတယ်၊
      အကောင်းအဆိုးကိုပေးဆွေးနွေးဘို့ကောင်းတယ်၊
      လူထု အဆင့်၎င်း၊ပါလီမန်အဆင့်၎င်း၊ပါတီစုံအဆင့်၎င်း
      ပေါ့ဗျာ၊

      သတင်းမီဒီယာကလဲ သွားပြီးတူးစွတင်ပြဘို့ကောင်းတယ်၊

      ဒါမှ ကမ္ကာ မှာ အကြာဆုံးလို့ကျော်ကြားနေတဲ့ အနှစ် ၇ဝ နီးပါး
      သက်ဆိုးရှည် ပြည်တွင်းစစ်ကချုပ်ငြိမ်းသွားနိုင်မယ်လို့
      ယူဆမိတယ်၊

      မှတ်ချက်။

      လိုအပ်သလိုတရုပ်အစိုးရနဲ့ပြောပြီးထပ်လောင်းပြီး
      လေ့လာနိုင်လိမ့်မယ်လို့ယူဆရပါတယ်

      Reply

  • Kyaemon

    May 11, 2015 at 8:11 am

    မြစပဲရိုး says:

    မြန်မာပြည်ထဲ လူတော်တော်များများ က ဆံပင် ဆိုး တာ ယဉ်ကျေးမှု ဖြစ်ပြီး ကြည့်ရတာ ခပ်စုတ်စုတ် နဲ့ အဆင့် မရှိဘူး။ ကြည့်လို့ ကို အဆင်မပြေဘူး။
    လမ်းဘေး ပိုက်ဆံတောင်းတဲ့ ကလေး ကလဲ ဆံပင် အဝါ နဲ့။

    uncle gyi says

    မြန်မာမှာကအတုခိုးမှားတယ်ပြောရမယ်ထင်ပါတယ်

    —————–

    ဟုတ်ကဲ့ပါ၊
    ပုံတွေရှာပြီးထပ်တင်လိုက်ပါတယ်

    Reply

  • Ma Ma

    May 11, 2015 at 9:02 am

    ဆံပင်ဆေးဆိုးပြီး ထူးခြားဆန်းပြားတဲ့ပုံစံတွေ လုပ်ကြတာအထိတော့ လူငယ်တွေကို သူ့ခေတ်နဲ့သူလို့ နားလည်ပေးနိုင်ပါသေးတယ်။
    မူးရူးရမ်းကားတာတွေ ရိုင်းစိုင်းတဲ့အပြုအမူတွေကိုတော့ မကြိုက်ဘူး။

    ယူနန်သင်္ကြန်ဓာတ်ပုံတွေကြည့်ရတာ ပျော်စရာကြီး။
    လူအုပ်ကြီးထဲကို ရေလောင်းချတာ သဘောကျတယ်။ 🙂

    Reply

  • ခင်ဇော်

    May 11, 2015 at 10:15 am

    မြင်ရတာ ပျော်စရာ

    Reply

  • naywoon ni

    May 12, 2015 at 12:01 am

    ပုံ​တွေကြည်​့ရတာ မသိရင်​​တော့ ဗမာပဲ ။ 🙂

    Reply

  • Mike

    May 12, 2015 at 9:41 am

    .ယဉ်ကျေးပါပေ၏

    Reply

  • ရွှေလီသင်္ကြန်းကတော့ ဒီနှစ်ဆုံလိုက်ရတယ် မြန်မာသင်္ကြန်နဲ့အတူတူ ရေဘောလုံးနဲ့ထုတာဘဲ ပိုတယ်

    Reply

    • Kyaemon

      May 13, 2015 at 5:15 am

      ဆရာပေါက်

      ထပ်တင်စရာရှိသေးတယ်နော်၊

      Reply

  • မဟာရာဇာ အံစာတုံး

    May 12, 2015 at 3:15 pm

    ယူနန် သင်္ကြန်ကလည်း
    အတော် စည်ကားခဲ့တာပဲဗျနော့ …
    ဟိုလူအုပ်ကြီး ကတော့ဖြင့် အတော့်ကို ကြီးတာပဲ ..

    Reply

  • ဦးကြောင်ကြီး

    May 13, 2015 at 9:35 am

    တြုတ်သဘုံကျေးမှုံဂျီး… လောက်ကိုင် အခြေအနှေ ဗိုလ်ရှိသဒုံး…

    Reply

Leave a Reply

Your email address will not be published.