naywoon niNovember 2, 20101min00
စည်ဆိုတာ ထိချကိရှိမှမြည်တတ်တာမျိုး လေတိုက်တိုင်းထမြည်နေရင် စည်ဆိုတဲ့ဝေါဟာရကို ပြန်ပြင်လိုက်ပေရော့….တဲ့။။ ခဲနဲ့ပစ်လိုက်တုန်းကမအော် ပန်းနဲ့ပေါက်မှထအော်တာ ပန်းမှာကပ်ပါလာတဲ့ပုရက်ဆိတ်ကို်က်လို့တဲ့လေ…… အဲ့ဒိလိုဟာသတွေနဲ့ ကြီးပြင်းခဲ့စည်ဟာ ထိချက်မှာမမြည်ပဲ လေတိုးသံကြားမှ သတိရပြီးထမြည်တာမျိုး……..။။ ဂိုးသွင်းခံလိုက်ရတဲ့အသင်းကိုမှ လက်ခုပ်လက်ဝါးတီးပြီး အားပေးမိတဲ့ငါ့ကို လှောင်ပြောင်ရယ်မော ပစ်တင်မစောကြပါနဲ့လေ…………။။။ နေဝန်းနီ


naywoon niNovember 2, 20101min00
ပုတ်သင်ညိုလိုပဲ အတိတ်ကိုမေ့ထားချင်ပါရဲ့ (ဒါပေမဲ့)အရာရာတိုင်းမှာ ငါ့ကို….. ခေါင်းအငြိမ့်မခိုင်းပါနဲ့မိန်းကလေးရယ်……..။။။ နေဝန်းနီ


naywoon niNovember 1, 20101min016
တစ်ရက်ကအငြိမ့်ခွေတစ်ခွေကြည့်မိတယ်လေ………ကိုယ့်ဖာသာကြည့်တညမဟုတ်ပါဘူးလ္ဘက်ရည်ဆိုင်မှာဖွင့်ထားလို့ အချိန်လည်းရနေတာနဲ့ထိုင်ကြည့်နေမိတာ….ပြောရရင်အငြိမ့်ပျက်လုံးတွေကခါးတစ်ဝိုက်ကနေတက်လည်းမတက်ဆင်း လဲမဆင်းပဲဒီနားမှာတင်လည်နေတော့အနားကအမျိုးသမီးကြီးကဘာပြောသွားတယ်မှတ်လဲ နင်တို့အငြိမ့်ကြည့်ရတာထမိန်မပါပုဆိုးမပါနဲ့တဲ့။ပြောလည်းပြောလောက်ပါတယ်…မင်းသမီးတွေကလူရွှင်တော်ဝတ်စုံ ဝတ်ထားပြီးပြောနေလိုက်ကြတာသူတို့မဟုတ်တဲ့အတိုင်း…….။မင်းသားတွေကကောမင်းသမီးဝတ်စုံတွေနဲ့အငြိမ့်တဲ့ မြန်မာလိုကပြတာလည်းတစ်ကွက်မှမတွေ့ရ………။ပြက်လုံးတွေကလည်း…..ဒါအား/ကာရန်ပုံငွေအငြ်မ့်ပါတဲ့ ဘယ်လိုဆင်ဆာခွင့်ပြုလိုက်တယ်မသိ…………..မြန်မာ့ရိုးရာအငြိမ့်(အငြိမ့်တင်မဟုတ်ပါဘူး)ကိုမထိမ်းသိမ်းချင်နေကြပါ တိမ်မြုပ်နေလို့ဘာမှမဖြစ်သေးပါဘူး။။တစ်ကယ်လုပ်နိုင်တဲ့သူရှိတဲ့အချိန်လုပ်ပြနိုင်ရင်ရုပ်သေးသဘင်လိုတန်းကြေးမြင့်နေဦးမှာပါ ကိုယ့်ကြောင့်တော့မပျက်စီးပါစေနဲ့။မဖျက်စီးကြပါနဲ့လို.့………..မင်းသားကနိုင်ငံကျော်မင်းသားကြီးတစ်ဦးရဲ့မြေးတော်ပါတယ်။။ ထိမ်းသိမ်းရမဲ့သူကဖျက်ဆီးသလိုဖြစ်နေတာကြည့်ရင်းရင်နာလာလို့ထပြန်လာခဲ့ရတယ်။။ ကျေးဇူးတင်ပါတယ်…။ပြောလိုက်ရတဲ့အတွက်ကော်နက်ရှင်ကိုကော…နက်ဆိုင်ကိုရော..ဖတ်မိတဲ့သူတွေကိုရေ..ာ…….


naywoon niOctober 26, 20101min03
သစ္စာတရားရှာဖို့ရာတွက် ငါ…အင်တာနက်ပေါ်တက်ခဲ့တယ်။။ ဂိုဂဲလ်အားကိုးနဲ ့ ရသမျှမွှေနှောက် အဘယ်ဝက်ဆိုဒ် ဘယ်ကွန်ယက်မှာမှမတွေ့ ဂျီမေးလ်လည်းအားကိုးမရ ဂျီတော့ခ်မှာကျတော့လည်း မုသာဝါဒအတိနဲ့ သစ္စာတရားရယ်မရှိ……………..။။ ကွန်ပြူတာစက်ထဲမှာလည်း ဒေါင်းလုပ်ဒ်ဆွဲမရ ကော်ပီယူလို့လဲမဖြစ် ဖိုဒါတစ်ခုလည်းဆောက်မရ သစ္စာတရားရေမင်းဘယ်မှာလဲကွယ်…။ ဟော…….. တွေ့ပြီ တစ်ကယ်တော့အင်တာနက်သစ္စာတရားက လူမဟုတ်တဲ့ပရိုဂရမ်တစ်ခု ခံစားချက်မဲ့တဲ့ လူတွေလိုအားမနာတတ်တဲ့ ဆော့ဖ်ဝဲတစ်ခု တွေ့လိုက်ရပြီ…………။ ဟုတ်ပ ယူဇာနိမ်းကိုစာလုံးကြီးနဲ့ရိုက်မိ ဒေါ့နေရာမှာကော်မာရိုက်မိ ပါတ်စ်ဝါတ်ကိုပြောင်းပြန်ရိုက်ထည့် ဘယ်တော့မှမပွင့်…………….။။ အဲ့…………… အရွယ်လွန်ခါမှ သစ္စာတရားရှာဖို့တွက် အင်တာနက်ပေါ်ရောက်လာသူ အမြင်မှုံဝါး မျက်မှန်တစ်ဝင်းဝင်းနဲ့မို့ မင်းသာဆိုရင်……တော့ နားလည်မှုနဲ့အားနာပါးနာဖွင့်ပေးလိုက်မှာ….. သူကတော့……… မရဘူးဆရာရေ့……….. အဲဒါမှန်ကန်သေချာတဲ့ ဘက်မလိုက်တဲ့သစ္စာတရား ငါရှာဖွေတွေ့ရှိလိုက်ပြီ…………။။ (သစ္စာတရားဟာခန္ဓာကိုယ်တွင်းမှာပဲရှိတာအပြင်မှာတော့မူးလို့ရှူစရာမရှိဘူးလို့ပြောခဲ့ဖူးတဲ့ သူငယ်ချင်းတစ်ယောက်ကိုအမှတ်ရလို့………………….) နေဝန်းနီ


naywoon niOctober 26, 20101min00
ငါဟာ…. ဘာကြောင့်များ ချည်နှောင်ထားတဲ့ကြိုးတွေက ရုန်းထွက်……….. ကိုယ့်ကြမ္မာကို..ကိုယ်ကိုယ်တိုင် မဖန်တီးနိုင်ခဲ့ရသလဲ? အာရုံခံစားမှုအတု ကိုယ့်ကိုကိုယ်လိမ်ညာမှုတွေနဲ ့ ဝေးရာ………… ကိုသွားဖို့……….ငါ တွန့်ဆုတ်နေခဲ့ပြီ။ ။ ခေါက်ရိုးကျဒီဥခွံဟောင်းထဲမှာ ကျင်လည်………… နေထိုင်ရင်း အချစ်ဆိုတာနဲ့ထိတွေ့မိမှ မှားယွင်းမှုဘဝအဟောင်းကို ပြန်လည်မြင်ယောင်ပြီး ပင့်သက်တွေအခါခါချလို့ လမ်းဆုံတစ်ခုမှာရပ်ရင်း ရှေ့လမ်းခွဲများကို ဆက်မတိုးရဲ့ပြီ…………။ &နေဝန်းနီ


naywoon niOctober 26, 20101min08
letter to The Ediitor…ဆိုလို့မျက်လုံးပြူးမသွားကြပါနဲ့ဦး ဒီနေ့ထူးထူးဆန်းဆန်းကြုံတွေ့နေရတာလေးမေးချင်လို့ပါ…။ ညနေအင်တာနက်ဆိုင်ကိုရောက်တော့ကွန်နက်ရှင်ကရတယ် ဂျီတော့ဖွင့်လို့မရဘူး။မေးစစ်လို့မရဘူးလို့ပြောပါတယ်။ဒါနဲ့ ဆာဗာခုံမှာဝက်ဆိုဒ်တွေဝင်လို့ရမရဖွင့်လို့ရမရစမ်းခိုင်းလိုက်တော့ အတော်များများဝင်လို့ရတာတွေ့တာနဲ့ခုံတစ်လုံးမှာဝင်ထိုင်လိုက်ပြီး မင်ဘာဖွင့်လိုက်ပါတယ်။ဂျီတော့မရဘူးဆိုတာနဲ့မော်ဇီလာခေါ်ပြီးမေးလ်ကို အရင်ဖွင့်ပြီးမှဂျီတော့ရလိုရငြားဖွင့်ထားလိုက်ပါတယ်။မကြာခင်မေးပွင့်သွားပြီး အင့်ဘောက်ကျလာပါတယ်။ကျေးဇူးတင်လိုက်တာ….မန္တလေးဂေဇက်တက်ရဲ့ လင့်ကမေးလ်ထဲမှာထည့်ထားတာ။သူသာမပွင့်ရင်ရွာလည်နေဦးမှာ။မေးတွေအရင် ဖွင့်မကြည့်နိုင်ပါဘူး။အင့်ဘောက်မှာရှိနေတဲ့ဂေဇက်လင့်ကိုဖွင့်ပါတယ်။ရပြီ……. အဲဒိအချိန်မှာဂျီတော့ကမီးဝါပွင့်လာပြီး(retry)လုပ်ပါတော့တယ်။ကျွန်တော်လည်း သူအမိန့်နာခံပြီးရီထွိုင်းလိုက်ပါတယ်။နောက်ပို့လေးတွေဖတ်..ကော်မန့်လေးေတွေရေး နဲ့ပေါ့….။မေးလ်ကိုလည်းပြန်ကြည့်လိုက်ရော…………………………………………. Oops… the system encountered a problem (#503) – Retrying in 4:42… Retry now အဲဒိလိုကြီးပေါ်နေပါရောလား မေးလ်တစ်စောင်မှဖွင့်ကြည့်လို့မရဘူး….။နှစ်နာရီလောက်နေပြီးနဲနဲညောင်းလာကွန်နက်ရှင် ကလည်းကျသွားတာနဲ့ပြန်ထွက်လာတဲ့အထိလည်းဂျီတော့ကမပွင့်သေးပါဘူး။ ဒါနဲကပဲလ္ဘက်ရည်သောက်ပြီးပြန်လာ………………………………………….. ဒီပို့ရေးနေတဲ့အချိန်ထိကိုယ်တော်ချောကမပွင့်သေးပါဘူး။http://webuzz.imကဖွင့်ဆိုလို့ လည်းဖွင့်ပါသေးတယ်မရပါဘူး။Page load Errorပဲခဏခဏပြနေပါတယ်………………….။ ဂျီတော့ကတော့ပွင့်မလာပါခင်ဗျား။အဲဒါဘာဖြစ်လို့ပါလဲ သူများတွေကတော့………ဂျီတော့ပဲပွင့်ပြီးဝက်ဆိုဒ်ဝင်မရလို့တဲ့။ကျွန်တော်ကတော့ဝက်ဆိုဒ် တွေဝင်လို့ရပြီးဂျီတော့မပွင့်ပါ…။ခုဆိုဂျီတော့ဖွင့်ထားတာသုံးနာရီကျော်နေပါပြီ။password– ကလည်းမှားတာမဟုတ်ပါ။ထူးဆန်းပါသည်ခင်ဗျား။။ ဂျီတော့မပွင့်တော့ဒီအကြောင်းဘယ်သူ့မှပြောလို့မရပါ။ဒါကြောင့်အယ်ဒိတာ့ကိုပြောရတာပါ။ စိတ်မရှိပါနဲ့ခင်ဗျား………….ဘာကြောင့်လည်းသိတဲ့သူများလည်းပြောပေးကြပါခင်ဗျား ကျေးဇူးတင်ပါတယ် နေဝန်းနီ


naywoon niOctober 26, 20101min03
ဘဝကို ပျော်စရာနဲနဲ စိတ်ညစ်မှုတွေများများနဲ့ အချိုးမညီစွာ ထုဆစ်လာခဲ့ရတာကြာပါပြီ။ ချစ်သူရေ………. ဘာတွေပဲဖြစ်နေနေ ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ ဘယ်လောက်ပဲဝေးနေနေ တစ်နေ့နေ့တစ်ချိန်ချိန်မှာတော့ တို့တွေပေါင်းစည်းကြဖို့ မျှော်လင့်ချက်ရောင်ခြည်လေး အမှောင်ထဲကငါ့ကိုပေးပါ။ &နေဝန်းနီ


naywoon niOctober 26, 20101min00
ဘယ်သူဟာ ကမ္ဘာမြေတစ်ခုလုံးလုံး ဆုံးရှုံးခဲ့ဖူးသလဲ ကမ္ဘာမြေတစ်ခုလုံးဆုံးရှုံးသူသာ ကမ္ဘာမြေကိုပြန်ရပေလိမ့်………… (မောင်ချောနွယ်-ပင်မှဲ ့တေး) ကျွန်ေတော့ရဲ့ကမ္ဘာမြေဟာ ချစ်နေပါရဲ့နဲ့ မပေါင်းစည်းနိုင်ဘူးပြောတဲ့ ကျွန်တော့ရဲ့ချစ်သူလေးပါပဲ (ဆရာချောနွယ်ခင်ဗျာ…………) ကျွန်တော်ဟာ………… ကမ္ဘာမြေတစ်ခုလုံးလုံး ဆုံးရှုံးနေရပါပြီ ကျွန်တော့ရဲ့ကမ္ဘာမြေလေး ပြန်ရဖို့အရေး ဘာတွေပဲဆုံးရှုံးပါစေ ဘယ်လောက်ပပေးဆပ်ရ…ပေးဆပ်ရပါစေ ကျွန်တော့ကိုပြန်ယူပေးပါလား။ &နေဝန်းနီ


naywoon niOctober 26, 20101min00
မေ့ပစ်လိုက်ရမဲ့ အရာတွေထင်ပ ငါ့အတ္တနဲ့အာရုံငါးပါးဆီက အလျင်မြန်ဆုံးပြန်ထွက်ပြေးသွားကြရဲ့…။ ဒါပေမဲ့ တစ်ချို့ကတော့ ဘဝကိုရင်ဆိုင်ဖို့ဆိုလား ( အပျင်းပြေဖတ်တာပါလို့ တစ်ချို့ကလည်းဆိုကြရဲ့….) သင်ရိုးများသတ်မှတ် ပတပ်ရပ်မြင်းတွေလို တစ်ဟီဟီနဲ့…….. ဆွေးနွေးကြ… ဝေဖန်ကြ….. သုံးသပ်ကြ…… ငြင်းခုန်ကြ….. ကျက်မှတ်ကြ…………….နဲ့ တပ်မက်စွာပွေ့ပိုက်လို့……။။။ သူ… သူမ.. ( အို ) အနုအလှဆရာများကလည်း ရေးလိုက်ကြ…ရိုက်ထုတ်လိုက်ကြ ဟောဒါက……ဘယ်သူရဲ့ ———ပါ ဒီဟာကဘာရဲ့ ———ပါနဲ့ ( အနုပညာမျိုးဆက်သစ်မှာ ) ဒီဇိုင်းလှပ ရော့ခ်လိုလို…..မော်ဒန်လိုလို ဂန္တဝင်အပိုအမိုတွေနဲ့ ကြိုဆိုသူတွေကလည်း ——………….များစွ……။ သစ်ရွက်နု အချိန်မသင့်ပဲထွက်လာ နွေမှာ…… နုဝါကြွေကျရရှာမှာ ၂၁ရာစုတံမြက်စည်းက လှည်းကျင်းဖို့စောင့်နေလေရဲ့………။ အဲဒိအချိန်မှာ အိတ်ဇစ်……မော်ဒန်……….ရော့ခ် သင်္ကေတပြက္ခဒိန်မှာ ဆတ်နဲ့ဒီဗွဲဗွားတို့ရဲ့အချစ် သစ်မြစ်အိုပမာ ခိုင်မြဲတင်ကျန်နိုင်စေသား……….။။ @နေဝန်းနီ


naywoon niOctober 26, 20101min06
အတုတွေကို ဗုန်းပေါလဟောထုတ်ရောင်းပြီး အစစ်တွေကိုဖွက်ထားတဲ့မြို့..။။ မနက်မိုးလင်းကထဲက ချွေးဒီးဒီးကျပြီး အင်္ကျ ီမကပ်တဲကမြို့..။။ အိမ်တံခါးတွေပိတ်ပြီး ပိုးစုန်းကြူး အလင်းရောင်နဲ့မြူးတဲ့မြို့..။။ သူများတွေ…. ထွန်းကားတာကိုကြည့်ပြီး မျက်နှာမသာမယာဖြစ်တတ်တဲ့မြို့..။ မီတာခနဲ့ ရေသန့်ဘူးဘိုး မတတ်နီုင်တဲ့မြို့…။ အရေးမပါတဲ့ အသေးအဖွဲလေးကစ ဖိတ်စာကမ်းချင်တဲ့မြို့…။။ နေ့ခင်းမှာနှစ်လုံးထိုး ညကျတော့ ဘောလုံးပွဲလောင်းတဲ့မြို့…။။ ကိုရီးယာကားတွေကြည့်ပြီး စိန့်တိုင်းထွက်ပစ္စည်းတွေပဲ ပေါပေါလောလောသုံးတဲ့မြို့….။။ လူကြီးလာမယ်ဆိုမှ ငါ့အိမ်ရှေ့ကတမာပင်အို ထုံးလာသုတ်တဲ့မြို့…။။ သူ့ကိုယ်သူ မြို့တစ်မြို့ဖြစ်နေတာကိုမတင်းတိမ်ပဲ ကမ္ဘာလိုလည်ချင်နေတဲ့မြို့…။။ သူ့ကျောပေါ်ကို မြို့ကြီးတွေ ဟော်တယ်ကြီးတွေ… ကုန်တင်ကားကြီးတွေ ပင်လယ်ကူးသင်္ဘောကြီးတွေ ………………………..တွေကိုပိုးပြီး ၂၃.၅ ံတိမ်းစောင်းပြီးတော့ လကိုသူ့အားပတ်စေပြီး နေကိုလှည့်ပတ်ပစ်ပြီး သူ့နေ့ညနဲ့သူ သူ့ရာသီဥတုနဲ့သူ သူထွက်ကုန်နဲ့သူ သူ့မုန်တိုင်းနဲ့သူ သူ့လောင်းကစားမှုနဲ့သူ သူ့ဘောလုံးပွဲနဲ့သူ သူ့ဝိရောဓိနဲ့သူ သူ့……………. ………………နဲ့သူ သီးခြားမြို့တစ်မြို့…… လည်ပတ်ရင်းလည်ပတ်ရင်းနဲ့ ပူးပေါင်းလာသူတွေလည်းရှိရဲ့ ခွဲထွက်သွားသူတွေလည်းရှိရဲ့ ရှာဖွေတွေ့ရှိတာလည်းရှိရဲ့ […]


naywoon niOctober 25, 20101min00
နွေလယ်နေ့ခင်း ပူလောင်မှုုခင်းကျင်း မတ်လရဲ့နေ့ခင်းဟာ ပြဇာတ်တစ်ပုဒ်ကိုဇာတ်ညွှန်းခွဲနေလေရဲ့။ ဂယောက်ဂယက် ချောက်အိမ်မက်လို လေပူတစ်ချက် အတွေးကိုဖျက်သွား ကုန်တင်ကားတစ်စီးလိုအဝေးကိုပြေးထွက် သစ်ရွက်ကြွေတွေကိုနှုတ်ဆက်နေ။ စပ်ခါးပူလောင် အာခေါင်မှတစ်ဆင့် ရင်ထဲကမီးစတစ်ချောင်း (အိုး…..) လောကပူဟာမပြောင်းလဲသေးပါကလား။ ပလက်ဖောင်းပေါ်က ပြောင်းလဲသေးတဲ့..အာရုံသိ မစွဲငြိသေးခင်မှာ အချစ်မဲ့..လစ်ဟာသွားခဲ့ရင်မှာ နှလုံးသားထက်ခြမ်းပဲ့ခဲ့။ ရီဝေမူးရစ်အသစ်သစ်ရင်ခုန်သံများကို မကြားသလိုနေ ပြောင်းလဲခြင်းတွေ လျှစ်လျှူရှု…အနာဂါတ်ကိုအံတုဖို့ မတ်လဟာ………… တစ်ခါပြန်ရောက် ရင်ခုန်သံတွေလမ်းလျှောက်မြန်နေ အဲဒါ………… ဒဂုန်တာရာရဲ့နွေ သောမတ်ဟာဒီရဲ့နွေ အားလက်မြို့ကလေးရဲ့နွေ နေဝန်းနီရဲ့နွေ ငါလေ………. ဆေးလိပ်ပြာတွေကိုချွေချမပစ်ရက်ပါဘူး အတွေးစတွေကိုလည်း……. ခြေမွမပြစ်ရက်ခဲ့ပါဘူးလေ။ ။ နေဝန်းနီ


naywoon niOctober 25, 20101min00
နွေဟာ……… ပူတာပါပဲ (ဒါပေမဲ့..) မာနဖမ်းဆုပ် ခြေကုပ်မြဲတဲ့ပိတောက် ပျောက်မသွားနိုင်ဘူး..။ ညှိုးရော်စိုထိုင်း သင်္ကြန်မှိုင်းကြောင့် ပိတောက်ကိုင်းကျိုးပဲ့ (အိုး..)မလုပ်နဲ့အမိ ကြည့်စမ်း………. လမ်းမပေါ်မှာ နင်းပြားခံဘဝ စောစောကလောက်မလှတော့ဘူး….။ နွေနဲ့ရန်ဖြစ်သူ..ဖြစ် ပိတောက်ချစ်သူချစ်ပါစေ…။ ဘယ်အခါမဆိိုု ဘယ်နွေပဲဖြစ်ဖြစ် ငုရွှေဝါလည်းသစ်လွင်တာပဲ နန်းဆန်တဲ့ပိတောက်လည်း သစ်လွင်နေမှာပါပဲ…..။ တစ်ချို့က ငုဝါမှာရင်ခုန် တစ်ချို့ကတော့ ပိတောက်မှာရင်ခုန် တစ်ချို့ကျပြန်တော့ …………….မှာရင်ခုန် ဘာနဲ့ပဲရင်ခုန်ခုန် လူတိုင်းကိုယ်စီကိုယ်စီမှာ နွေတစ်ခုစီတော့……… ရှိကြမှာပါပဲလေ……….။။ #နေဝန်းနီီ


naywoon niOctober 24, 20101min00
♥အချစ်ဆိုတာတစ်ခုထဲနဲ ့ ဘဝကိုတည်ဆောက်လို့မရပေမဲ့ အချစ်ဗလာနဲ ့ဘဝဟာလည်း အချည်းနှီးပဲဖြစ်ပါလိမ့်မယ်။ ♥ဘယ်လိုလူပဲဖြစ်ဖြစ် အချစ်ဆုံးတစ်ယောက်တော့ ရှိခဲ့ကြအသေအချာ……..။ ♥အဲ့……… ငါ့အချစ်ဆုံးက ဘယ်သူဖြစ်မလဲဟ…. လုပ်ကြစမ်းပါဦး အချစ်ဆုံးရှာမရတဲ့အဖြစ် အသေအချာတွက်စစ်ကြည့်တော့မှ အော်………… ဟိုးအဝေးတစ်နေရာက တစ်ခါတစ်လေစိတ်ကောက်ပြီး မချစ်တော့ဘူးပြောတတ်လို့ပြောတတ်တဲ့ သူကတစ်ကယ်ချစ်မချစ်မသေချာတဲ့ ငါ ့ရဲ ့အချစ်ဆုံးညီမလေးတစ်ယောက် ရင်ခွင်ရဲ့……….. ထောင့်ကျဉ်းတစ်နေရာမှာ ရှိနေသေးပါလား………….. ♥နေဝန်းနီ