ရင်ထဲက….နွေ

naywoon niOctober 25, 20101min00

နွေဟာ………
ပူတာပါပဲ
(ဒါပေမဲ့..)
မာနဖမ်းဆုပ်
ခြေကုပ်မြဲတဲ့ပိတောက်
ပျောက်မသွားနိုင်ဘူး..။
ညှိုးရော်စိုထိုင်း
သင်္ကြန်မှိုင်းကြောင့်
ပိတောက်ကိုင်းကျိုးပဲ့
(အိုး..)မလုပ်နဲ့အမိ
ကြည့်စမ်း……….
လမ်းမပေါ်မှာ
နင်းပြားခံဘဝ
စောစောကလောက်မလှတော့ဘူး….။
နွေနဲ့ရန်ဖြစ်သူ..ဖြစ်
ပိတောက်ချစ်သူချစ်ပါစေ…။
ဘယ်အခါမဆိိုု
ဘယ်နွေပဲဖြစ်ဖြစ်
ငုရွှေဝါလည်းသစ်လွင်တာပဲ
နန်းဆန်တဲ့ပိတောက်လည်း
သစ်လွင်နေမှာပါပဲ…..။
တစ်ချို့က
ငုဝါမှာရင်ခုန်
တစ်ချို့ကတော့
ပိတောက်မှာရင်ခုန်
တစ်ချို့ကျပြန်တော့
…………….မှာရင်ခုန်
ဘာနဲ့ပဲရင်ခုန်ခုန်
လူတိုင်းကိုယ်စီကိုယ်စီမှာ
နွေတစ်ခုစီတော့………
ရှိကြမှာပါပဲလေ……….။။

#နေဝန်းနီီ

Leave a Reply

Your email address will not be published.