naywoon niNovember 7, 20101min02
သူမမှာ….. သင်္ဂါရအပြုံးတွေရှိတယ်…..။ သူမမှာ….. လက်သီးဆုတ်နုနုလေးတွေရှိတယ်..။ သူမမှာ………. …………………………………။။။ (ဒါပေမဲ့) သူမရင်ထဲမှာ အအေးဖန်ခွက်တွေရိုက်ခွဲနေတယ် မှောင်မိုက်တဲ့အမုန်းတွေ ငါ့ဆီလွှင့်ထုတ်နေတယ် နေဝန်းနီ


naywoon niNovember 7, 20101min03
လောကဇာတ်ခုံ   ..အဖုံဖုံမှာ မျိုးစုံဇာတ်လမ်း..အခန်းများစွာ ကံဇာတ်ဆရာ..သူသာဖန်တီး အသီးသီးကို………..။။ ငါ..သင်..သူတို့ ပူဆွေးငိုယို…ဝမ်းနည်းဝမ်းသာ သာယာနှစ်သက်..ဒေါသထွက်ခြင်း အဆင့်ဆင့်ဂုဏ်…အလုံးစုံကို ရီဟာဇယ်မလို မှားယွင်းမှုကင်း…လွဲခြင်းစင်စွာ အရာရာဖြစ်………။ အကြောင်းမူကား ငါသင်သူအကုန် အလုံးစုံသည် ကံဇာတ်ဆရာ..ကြိုးဆွဲရာလှုပ်ရှား ရုပ်သေးရုပ်များပင်တည်း………….။။။ နေဝန်းနီ


naywoon niNovember 7, 20101min010
ဆရာစွမ်းရေ……. ဒီစကားလုံးကလေးကိုတော့ယူသုံးခွင့်ပြုပါ…… ဒီစကားလုံးဟာမြန်မာစာအသုံးထဲမှာဆရာစသုံးခဲ့တယ်ထင်လို့ပါ “မြန်မာစာပေဘာလဲ.?..ဘယ်လဲ? ဆိုတဲ့ဆရာ့ဝေဖန်ရေးစာအုပ်မှာပထမဆုံးတွေ့ဖူးတာမို့ပါ။ ဒီစာအုပ်ကိုကျွန်တော်ဖတ်ခဲ့ရတာက 1985-86မန္တလေးတက္ကသိုလ်ပထမနှစ်ကျောင်းသား ဘဝမှာဖြစ်ခဲ့ရတာပါ……။ ကျွန်တော်ကစာရေးစာဖတ်ဝါသနာပါသူဖြစ်လေးတော ့ဆယ်တန်းကို15နှစ်နဲ့ဇွတ်အတင်းကြိုးစားပြီးအောင်လာရတာပါ…..။ အဲဒိအချိန်ကကျောင်းသားတွေသိပါလိမ့်မယ်..။ ခိုးချတယ်ဆိုတဲ့ဝေါဟာရဟာနှစ်ဟောင်းကျောင်းသားကြီးတွေသာလုပ်ရဲတဲ့ကိစ္စပါ…။ ကျွန်တော်ဘာကြောင့် ဒီလောက်ကြိုးစားခဲ့ရသလဲဆိုတော့ စာရေးခြင်းအတတ်ပညာကိုတက္ကသိုလ်မှာကျယ်ကျယ်ပြန့်ပြန့်လေ့လာသင်ယူချင်လို့ပါ..။ တက္ကသိုလ်ကျောင်းသားလည်း ဖြစ်ရောကိုယ့်ကိုကိုယ်ကဗျာသမားအဖြစ်ခံယူပြီး စာသမားပေသမားတွေနဲ့ပဲပေါင်းဖြစ်ပါတယ်။ ဆရာသိတဲ့အတိုင်းပဲမန္တလေးမြို့တော်မှာစာသမားတွေပေါများ တာက……။ဒါပေမဲ့အဲဒိထဲမှာကျွန်တော်ကအသက်အငယ်ဆုံး..ဖြစ်နေတာ။ ပြီးတော့မဟုတ်မခံတတ်တဲ့အကျင့်ဆိုးကလည်းပါလိုက်သေး။ ဒီတော့ကျွန်တော်ဆရာ့စာအုပ်တွေအပါအဝင်…န်ိုင်ငံရေးစာအုပ်တွေ.. ဘာသာပြန်စာအုပ်တွေ.. စာပေအပေါင်းအသင်းတွေနဲ့တက္ကသိုလ်ကျောင်းသားဘဝကိုဖြတ် သန်းလာခဲ့တာ1987ဒုတိယနှစ်စာမေးပွဲအထိပါပဲ……။ ဒီနေရာကိုဘာလို့ဖြတ်လိုက်ရသလဲဆိုတော့1987မှာစာမေးပွဲတန်းလန်းန ဲ့ကျောင်းတွေပိတ်လိုက်လို့ပါပဲ နိုင်ငံရေးသိပ္ပံဘာသာရပ်နဲ့မြန်မာစာဖြေပြီး ကျောင်းပိတ်လို့အိမ်ပြန်ပြေးခဲ့ရတာပါ..။မပြေးလို့လဲမရပါဘူး။ ဇွတ်အတင်းရထားပေါ်တင်ပေးလိုက်တာလေ…….. ကျွန်တော့်ကျောင်းသေတ္တာထဲမှာကျောင်းစာအုပ်တစ်အုပ်မှမပါခဲ့ပါဘူး…။ အပြင်စာပေတွေနဲ့ပြည့်နေလို့အဆောင်မှာချန်ထားပစ်ခဲ့တာပါ နောက်လေးလလောက်နေလို့ စာမေးပွဲပြန်ဖြေခိုင်းတဲ့အခါရောက်တော့စာကူးချတာ ခောတ်စားလာပါပြီ။ခိုးမချရင်ပဲခောတ်မမှီတော့သလိုဖြစ်နေပါပြီ တော်တော်ပြောင်းလဲသွားတာပါ…. ကူးချဖို့စာရွက်တွေကိုသူငယ်ချင်းတွေကဟိုဟိုဒီဒီ ထည့်ပေးလိုက်ပေမဲ့မထုတ်ရဲတာနဲ့ပဲစာမေးပွဲအကျခံလိုက်ပါတယ်…။ ကျွန်တော်သူငယ်ချင်းတွေကေတော့အပြောင်းအလဲကို အလွယ်တစ်ကူလက်ခံလိုက်ပြီးစာမေးပွဲအောင်သွားကြပါတယ်..။ သူတို့လည်းကျွန်တော့လိုပဲစာအုပ်ရှိသူများ မဟုတ်ကြပါ…။ နောက်စာမေးပွဲအောင်စာရင်းလေးသာထွက်လာပြီးကျောင်းပိတ်လိုက်တာကတော့ 3နှစ်လောက်ပါပဲ..။ ကျွန်တော်ကတော့ဝမ်းမနဲခဲ့ပါ ကျွန်တော်ပါလာခဲ့တဲ့စာအုပ်တွေအပြန်ပြန်အလှန်လှန် ဖတ်ရင်းနဲ့နောက်စာအုပ်အသစ်တွေစုလို့ပေါ့…။ စာအုပ်တွေကလည်းဈေးချိုပါတယ်။မဂ္ဂဇင်းအဟောင်း တစ်အုပ်မှနှစ်ကျပ်သုံးကျပ်ပါ..။ ဆရာတို့ရေးခဲ့တဲ့သုံးကြောင်းကဗျာတွေကိုအကြောင်းအရာပြောင်းပြီး ပြန်ရေးကြည့်ခဲ့ပါတယ်။ ဒီဆိုဒ်မှာတင်ခဲ့တဲ့သုံးကြောင်းကဗျာ(ရင်ခုန်သံ)ဟာ1990မှာရေးခဲ့တာပါ။ နောက်တော့ဆရာမောင်သာနိုးရ ဲ့ထင်းရူးပင်ရိပ်စာအုပ်ကိုဖတ်ခဲ့ရပြီးမော်ဒန်ကဗျာ ဘက်ကိုရောက်သွားပါတယ်…။ […]


naywoon niNovember 7, 20101min03
နာရီတွေလည်နေတာ ပန်းတွေပွင့်နေတာ နေဝင်တာနေထွက်တာ လပြည့်တာ-လကွယ်တာ အားလုံးပုံမှန်ပါပဲ………..။ ငါ့မှာသာ………… နှစ်ဦးသားချစ်နေပါလျှက်နဲ့ ပေါင်းစည်းဖို့မဖြစ်နိုင်ဘူးဆိုတဲ့ ချစ်သူရဲ့စကားတစ်ခွန်းနဲ့ ရင်ခွင်ကိုပြောင်းဆန်နေခဲ့……..။ ငါ့မှာ… နေမဲ့-လမဲ့ အနာဂါတ်ဆိုတာလဲပျောက်ဆုံး အသက်ရှူမှုတွေတောင်မေ့လျော့လို့……..။ ဒါတွေကိုလျှစ်လျူရှုပြီး အဆင်ပြေရဲ့လားတဲ့ ချစ်သူရဲ့အမေးစကားကို ငါဘယ်လိုဖြေလိုက်ရပါ့..။ &နေဝန်းနီ


naywoon niNovember 7, 20101min00
လေလွင့်သူတဲ့ ကဲ့ရဲ့မှုရဲ့လှံသွားဟာ (ငါ့ရဲ့)လွတ်လပ်မှုနှလုံးသားကို အညှိုးကြီးစွာထိုးနှက်နေကြရဲ့။ ။ တွေ့ရပြန်ပြီ နီရဲတဲ့ကောင်းကင်အောက်က သိုးပေါက်စတွေ နေရာအနှံ့ ့အပြားမှာ သဘာဝတရားကပက်ကြဲထားတယ်။ ။ နားထဲဝင်ရောက်ထိုးဖောက် အတ္တရဲ့စိတ္တဇအော်သံဟာ အိပ်မောကျနေတဲ့ညကိုလန့်နိုးစေတယ်။ ။ ပြန့်ကျဲနေတဲ့ပြာစများ ကွာဟမှုနေရောင်အောက်မှာ အရိပ်ရှာနေကြ။ ။ ( အလို ) နေကျဲကျဲအောက်မှာ ငါတစ်ယောက်ထဲပါလား။ ။ @ @ နေဝန်းနီ


naywoon niNovember 6, 20102min04
ကြာခဲ့ပြီလေ.. နွေရာသီအိုတစ်ခုကပေ့ါ ပျော့ပျောင်းတဲ့နှလုံးသားတစ်ခု အချစ်ကိုုယုယဆဲမှာ ကြွေခဲ့ရဖူးတယ်။ ။ မင်းပျော်မယ်ဆိုရင် မင်းရဲ့အနားမှာ တို့ဟာပုဝါဖြူတစ်စ ချရစ်လို့ထားခဲ့ပါရစေ။ ။ ကျောမခိုင်းလိုပါဘူး ရေကန်ကူးတံတားလေးပေါ်မှာ ငါ……… အပြစ်ကင်းစွာ မင်းရဲ့ရန်သူတွေကိုရှင်းလင်း ရယ်မောရင်းပေါ့။ ။ မမှားပါဘူး မင်းရဲ့အကြည့်ထဲမှာကူးဖြတ် မင်းရဲ့အခက်အခဲတွေဖြေရှင်းပေးဦးမယ်။ ။ မင်းရဲ့……….. နူးညံ့တဲ့နှလုံးစားအောက်မှာ ရေနီမြောင်းဟာ ရင်ခုန်ခဲ့ရတာပေါ့။ ။ မင်းရဲ့အိပ်မက်တစ်ခု နိုးလာရင်မေ့သွားမှာပါ အဲဒိအချိန်မှာ ငါဟာ…… လောကရဲ့တေးဆိုသူဖြစ်နေမယ်။ ။ ဝေးဝေးမသွားပါဘူး အပြေးလာခဲ့မယ် နွေးထွေးတဲ့မင်းရဲ့… အသက်ရှူသံအောက်မှာ အမောတွေပြေမယ်ထင်တယ်။ ။ စမ်းရေအစစ် အချစ်တွေပေ့ါ မင်းအတွက်ဖြစ်စေရမယ်။ ။ ငါ့ဘဝဟာကန္တာရ မင်းကအိုအေစစ်လေးမှန်ရင် မကြင်ရင်လဲနေ မြင်နေရရင်ပဲ ငါ………… ဆက်လက်ရှင်သန်နေဦးမယ်။ ။ #နေဝန်းနီ


naywoon niNovember 6, 20101min04
ကောင်မလေးရေ…………. ငါဟာ.. လိုချင်တာတွေလည်းရခဲ့ဖူးလှပြီ မလိုချင်တာတွေနဲ့လည်းကြုံခဲ့ဖူးပေါ့ အခုအချိန်မှာတော့ ငါလိုချင်တောင့်တဆုံးဟာ မင်းရဲ့အချစ်ပါပဲ ငါမလိုချင်ငြင်းဆန်ချင်တာကတော့ မင်းရဲ့အမုန်းတွေပါပဲ..။ ဘဝမှာ…. ကဲ့ရဲ့တာတွေလည်းခံရဖူး ချီးမွမ်းတာတွေလည်းရှိခဲ့ဖူးတာေပါ့။ လူတွေကိုလည်း လက်ညှိုးညွှန်ခဲ့ဖူး သူများတွေရဲ့တံတွေးခွက်မှာလည်း ပက်လက်မျောခဲ့ဖူးတာပေါ့။ ဒါပေမဲ့ ငါမတုန်လှုပ်ခဲ့ပါဘူး..။ မင်းရဲ့အချစ်ကိုမရမှာ….. မင်းရဲ့အမုန်းကိုခံရမှာကိုပဲ တုန်ချောက်ချားမိပါရဲ့…….. နေဝန်းနီ


naywoon niNovember 5, 20101min00
မှော်ပညာစက်ဝိုင်းထဲကို ကဗျာတွေတစ်ပုဒ်ပြီးတစ်ပုဒ်ပစ်သွင်း loadingတွေအကြိမ်ကြိမ်လုပ် web pageတွေဖွင့်ဖို့ကြိုးစားနေသလို proxyတွေပြောင်းလို့လဲမရ ထွက်လာတဲ့အဖြေက net work error တဲ့လေ………..။။ ဒီလိုနဲ့ပဲဘဝကို ရေစုန်မျောပစ်ရမလို ကုန်သွားတဲ့ အချိန်တွေနှမြောလိုက်တာ အစားထိုးဖို့အတွက် ကဗျာတွေပဲ ရေးပစ်ခဲ့မိတယ်……….။။ ဖွင့်လို့မရတဲ့passwordကိုပဲ အကြိမ်ကြိမ်  singin လုပ်နေမိတဲ့ browser တစ်ယောက်လို  ပါပဲ ငါလည်း ဘဝမာရသွန်ပြေးလမ်းပေါ်မှာ မောနေအောင်ပြေးခဲ့တာတောင် ခုထိပန်းတိုင်ဆိုတာကို အိပ်မက်ထဲမှာတောင် ယောင်လို့မမက်ခဲ့ဖူးသေးဘူး နေဝန်းနီ


naywoon niNovember 5, 20101min013
ခုတစ်လောကွန်နက်ရှင်ကမကောင်းဘူး။ ဘာပဲဖြစ်ဖြစ်ပါငတ်တစ်လှဲ့ပြတ်တစ်လှဲ့ကွန်နက်ရှင်လေးရနေတာကိုပဲကျေးဇူးတင်ပါတယ်……..။ မနေ့ကဆိုရှီသမျှဆိုင်သာကုန်ရောဘယ်မှာမှမရဘူး…။ ဒါနဲ့သူငယ်ချင်းနှစ်ယောက်လ္ဘက်ရည်ဆိုင်မှာထိုင်ရင်းအင်တာနက်ပေါ်မှာတွေ့ကြုံကြရတာလေးတွေပြောမိကြတယ်။ ဒီလိုပြောမိကြရင်းနဲ့ကျွန်တော်တို့တစ်တွေအမှုမဲ့အမှတ်မဲ့စည်းကမ်းမဲ့ကြတာလေးတွေပြောဖြစ်ကြတယ်………။ ကျွန်တော့်သူငယ်ချင်းကကျွန်တော်ပြောတာကိူဝေဖန်ပေါ့…..။ကျွန်တော်ရေးသမျှစာတွေကိုလည်းသူ့ကိုဒီလိုနှုတ်တိုက် ပြောမိတာတွေချည့်ပါပဲ..။သူ့ကကောင်းတယ်ဘယ်ဟာလေးကဘယ်လိုဆိုမှကျွန်တော်ကစက်ပေါ်ရောက်တဲ့အခါစာစီပြီး တင်ခဲ့တာချည့်ပဲ။ကျွန်တော်တို့အမှုမဲ့အမှတ်မဲ့စည်းကမ်းမဲ့ကြတာလေးတွေကဒီလိုပါ…….. (မှားနေခဲ့ရင်လိုအပ်တာရှိရင်ပြင်ပေးဖြည့်ပေးကြပါ) ၁။ကွမ်းတံတွေးစည်းကမ်းမဲ့ထွေးတာပါ ကျွန်တော်လည်းအရင်ကကွမ်းစားပါတယ်။ဒါပေမဲ့နောက်ကျန်းမာရေးအရ..စီပွားရေးအရ…..ဖြတ်ထားလိုက်တာပါ။ ဟုတ်ပါတယ်။ကွမ်းယာစားပြီးအချိုသွားစားမိရင်ကျောက်တည်တတ်ပါတယ်။မယုံရင်ထုံးရည်ထဲသကြားထည့်ကြည့်ပါ….။ စီးပွာရေးအရဆိုတာကတော့ကွမ်းတောင်းစားတဲ့သူများလာလို့ပါ။ကွမ်းဈေးကလည်းသိတဲ့အတိုင်းတစ်ကျပ်ဖိုး6ယာ…. 7ယာကလေနေခုဆို100ကျပ်ဖိုး3/4ယာပဲရတော့တယ်…..။အဲကွမ်းဈေးဘယ်လောက်ကြီးကြီးကွမ်းယာဆိုင်တွေကလျော့ မသွားပဲတိုးလို့ချည့်လာနေပါတယ်။ဒါကကျွန်တော်တို့ရဲ့ငွေကြေးဖြုန်းတီးမှုကိုပြနေတာပါ..။သူတို့ဖသာရှာနိုင်လို့ဇြုန်းတာ ကျွန်တော်နဲ့မဆိုင်ပါဘူး။ခုပြောမှာကကွမ်းသွေးကိစ္စပါ……။။ကျွန်တော်ကွမ်းစားခဲ့တာကကွမ်းယာကိုဝါးကာစတစ်ကြိမ်းပဲ ထွေးပြီးကျန်တာကိုမြိုချပစ်တာပါ။ခုတော့မောင်မင်းကြီးသားများကဒီလိုမဟုတ်ကြဘူး။ကွမ်းလည်းစားချင်သေးတယ်…… သေမှာလည်းကြောက်သေးတယ်……။ကွမ်းသွေးကိုစည်းမရှိကမ်းမရှိထွေးထုတ်နေကြတာပါ။စက်ဘီးပေါ်ကလည်းထွေးတာပဲ ဆိုင်ကယ်စီးရင်း…..ကားပေါ်ကနေရှေ့မကြည့်နောက်မကြည့်ထွေးကြပါတော့တယ်။ကွမ်းသွေးဆိုတာပါးစပ်ထဲကနေဝါးထုတ် လိုက်တဲ့ပိုင်ရှင်တောင်မလိုချင်တော့တဲ့စွန်ပစ်ပစ္စည်းပါ။တစ်စုံတစ်ယောက်ကိုသွားစင်မှာ…။နံရံပေါ်မှာညစ်ထေးသွားမှာ.. မစဉ်းစားတော့ပါဘူး..။ပြီးတော့မိုးတွင်းဆိုပိုဆိုးပါတယ်။ရေဗွက်တွေထဲကိုထွေးသွားလိုက်တာ။ဒီစာကိုဖတ်နေသူတွေတော့ မသိဘူး။လောကမှာရွံစရာပြပါဆိုရင်ကျွန်တော်ကတော့ကွမ်းသွေးကိုပြမှာပဲ…။ပြီးတော့ကွမ်းယာထုတ်တဲ့ပလစ်စလစ်အိတ်တွေ မိုးတွင်းရေတင်တဲ့နေရာတေေွမှာရှောင်လို့မလွတ်ပါဘူး။။နောက်ရှိသေးတယ်…..စောစောကကွမ်းယာထုတ်ပေးလိုက်တဲ့အိတ်ခွံ ထဲကိုကွမ်းသွေးပြန်ထွေးထဲပြီးလမ်းပေါ်ပစ်တဲ့ကိစ္စ…..တစ်စုံတစ်ယောက်ကိုများသွားမှန်လိုက်လို့ကတော့ဖြေရှင်းလို့ပြီးမှာမဟုတ် နောက်နံပါတ်(၂) ၂။ဆေးလိပ်တိုလွင့်တဲ့ကိစ္စ ဆေးလိပ်သောက်သူတွေပါ…….။ဆေးလိပ်လေးတိုသွားပြီဆိုရင်မီးမငြိမ်းပဲလမ်းပေါ်ပစ်တတ်ကြပါတယ်။ နဲနဲပါးပါးစည်းကမ်းရှိသူေတွေကတော့ခြေထောက်နဲ့နင်းခြေခဲ့ပါသေးတယ်။သူကတော့လမ်းပေါ်မှာဆေးလိပ်တိုအဖြစ်သာအမှိုက်တင် ကျန်ခဲ့တာမို့ကွမ်းသွေးလောက်တော့မဆိုးဘူး။ဒါပေမဲ့ပြင်ရမှာပဲ…။ ၃။အမှိုက်လွင့်ကြတာတွေ ကျွန်တော်တို့ဆီမှာလမ်းတိုင်းအမှိုက်ပုံးမရှိပါ…။ရှိတဲ့လမ်းတွေမှာလည်းအမှိုက်တွေပြည့်လျှံနေတတ်ပါတယ်။ထိုအမှိုက်ပုံးဘယ်သူ လာချသွားပြီးဘယ်သူပြန်သိမ်းမယ်ဆိုတာတစ်ခါတစ်လေပိုင်ရှင်မပေါ်တတ်ပါ…။ကျွန်တော်တို့နယ်တွေမှာကကိုယ့်အမှိုက်ကိုယ်တာဝန်ယူ ဖြေရှင်းရပါတယ်…။ဒီလိုပါ….အိမ်ဝင်းထဲကထောင့်တစ်ထောင်မှာပုံထားပြီး…ဒါမှမဟုတ်အိမ်ရှေ့ကွက်လပ်မှာမီးရှို့ဖျက်ဆီးလိုက်ကြရပါတယ်။ ဒီလိုမလုပ်ချင်တဲ့သူေတွေကဘာလုပ်သလဲသိလား။လူမရှိတဲ့အိမ်ဘေးမှာသွားပုံတာမျိုးပါ………။ ၄။မွေး    မြူရေးကိစ္စတွေ……. ဒါကတော့မြို့ပြတွေမှာမရှိနိုင်ပါဘူး..။နယ်တွေမှာပါ….စီပွားဖြစ်မွေးမြူထားတဲအကောင်ပလောင်တွေလွှတ်ထားတာမျိုးပါ။ ပြီးတော့ဝက်တွေကြက်တွေမွေးထားပြီးအညစ်အကြေနံ့တွေဟောင်နေတာမျိုးပါ….။မိုးရွာထားရင်တော်တော်နံ့အနံ့အသက်ကမကောင်းတော့ ပါဘူး..။မွေးထားတဲ့သူတွေကတော့စီင်္းပွားရေးအတွက်ဆိုတော့အနံ့ရင်ပါးနေကြပုံပါ။ဘေးအိမ်တွေကစိတ်အနှောက်အယှက်ဖြစ်စရာပါ ကျွန်တော်ကတော့ပြင်သင့်တယ်လို့တွေးမိတာလေးတွေပါ လိုနေရင်ဖြည့်ပေးကြပါဦး မလိုဘူးထင်ရင်လည်းပြောနော် နေဝန်းနီ


naywoon niNovember 3, 20101min00
မနက်ဖြန်ဘာဖြစ်မလဲတဲ့ ငါ့လာမမေးနဲ့ နင့်နတ်သွားမေးပါလားလို့ နတ်ကတော်ကိုအော်လိုက်မိ….။ အဲဒါဘာလဲတဲ့ လက်ထဲကဆေးကဒ်လေးနဲ့ လာမေးတဲ့သူကိုလည်း ဆေးဆိုင်ပြန်မေးပါလားလို့ အော်ငေါက်လက်မိ….။။ ကိုယ့်ဟာကိုယ်တောင်မှ ဘာမှန်းမသိတဲ့ဟာ ဘာတွေလဲမသိလာလာမေးနေကြ ငါမသိ…… ငါမသိ….. မနက်ဖြန်ဘာဖြစ်မယ်ဆိုတာလဲမသိ ဘာဖြစ်ရင်ဘာဆေးသောက်ရမယ်ဆိုတာလည်း မသိ မသိ မသိ နေဝန်းနီ


naywoon niNovember 3, 20101min07
ကျန်တဲ့နေရာတွေမှာတော့မသိဘူးနော် နေပြည်တော်ဒေသကြီးမှာတော့ယနေ့ည3-112010နဲ့ 4-11-201နေ့တွေမှာည9း00နာရီနောက်ဆုံးထားပြီး လမ်းဘေးဆိုင်တွေပိတ်ပေးဖို့ညွှန်ကြားထားပါတယ်….။ 5-11-2010နဲ့6-11-2010ရက်တွေမှာညနေ6း00နာရီ နောက်ဆုံးထားပြီး လမ်းဘေးဆိုင်တွေပိတ်ပေးဖို့ညွှန်ကြားထားပါတယ်….။ နောက်နေ့မှာတော့ဘယ်နှစ်နာရီထုတ်မလဲမသိသေးပါဘူး..။ ဒီနေ့ပို့စ်ေတွေလိုက်ကြည့်ပြီးမတွေ့သေးလို့တင်လိုက်တာပါ။။


naywoon niNovember 2, 20101min02
ခင်ဗျားတို့……. စုန်းကဝေကိုယုံကြည်ကြပါသလား ဟုတ်ကဲ့ ကျွန်ုပ်တို့နတ်မကိုးကြပါ….။။ နေပူူပူမှာ (ကျွန်တော်တို့တစ်တွေ) ရေနွေးကြမ်းပူပူသောက်ကြပါတယ်…။။ လ္ဘက်ရည်ပေါ့ကျသောက်ကြတယ်..။။ သီချင်းပူပူ(မြူးမြူးကြွကြွ)နားထောင်ကြတယ်..။။ အရိပ်အာဝါသမရှိတဲ့ လမ်းမပေါ်မှာအဆောင်းမပါပဲ လမ်းသလားကြပါတယ်…။။ တစ်ခါတစ်ခါချုပ်တည်းထားရတဲ့ မကျေနပ်မှုတွေကို ဟာသဝတ္ထုတွေဖတ်ပြီး ဒေါသတွေကိုဖောက်ခွဲပစ်ကြတယ်…။။ အမှန်တရားဆိုတာထက် ပိုမှန်မဲ့အဖြေကိုဖော်ထုတ်ချင်ကြတယ်…..။။ ကဗျာဆန်မှုဟာ… ကဗျာသမားရဲ့အမူအရာ စကားလုံးများနဲ့စိတ်အေတွေးများပါပဲ… သိပ်မထူးဆန်းကြပါ….။။ ရာသီအိုများသေဆုံးရင် ရာသီအသစ်နဲ့ကဗျာရေးမှာပေါ့ ပကာသနကိုမုန်းကြတယ် ဂုဏ်ဆိုတာကိုရွံ့ရှာကြတယ် ဟန်ဆောင်မှုကိုစက်ဆုပ်ကြတယ် ဝမ်းနဲစရာကိုလည်းရယ်မောပစ်တတ်ကြတယ်…။။ အဲ…. ပြီးတော့…စစ်ကို ငြိမ်းချမ်းရေးလုပ်ပြီး အချစ်ကို ကြေညာ…ရာဇဝင်မှာ စာတင်ရဦးမယ်..။။။ နေဝန်းနီ


naywoon niNovember 2, 20101min00
ဘာပဲညာပဲ အက်ကွေဲကြွေကျလာတဲ့ အင်္ဂတေစကားသံတွေကြားမှာ ငါ………. မွန်းကြပ်ကာ မေ့မျောမတတ်ပါပဲ……။။ ဘာလဲညာလဲ ထိုးဖောက်ထွက်လာတဲ့ သံမဏိမေးခွန်းတွေအောက်မှာ ငါ ကြပ်တည်းစွာနဲ့ ဝိဉာဉ်ချုပ်ငြိမ်းမတတ်ပါပဲ….။ ကဲ………….. လွန်ဆွဲနေတဲ့ မိုးခေါင်ရေရှားအရပ်တွေမှာ နွေဟာ ချုပ်ငြိမ်းဖို့ကောင်းပါပြီ…….။။ ♥♦နေဝန်းနီ