ပြေးလမ်း

naywoon niNovember 5, 20101min00

မှော်ပညာစက်ဝိုင်းထဲကို
ကဗျာတွေတစ်ပုဒ်ပြီးတစ်ပုဒ်ပစ်သွင်း
loadingတွေအကြိမ်ကြိမ်လုပ်
web pageတွေဖွင့်ဖို့ကြိုးစားနေသလို
proxyတွေပြောင်းလို့လဲမရ
ထွက်လာတဲ့အဖြေက
net work error တဲ့လေ………..။။
ဒီလိုနဲ့ပဲဘဝကို
ရေစုန်မျောပစ်ရမလို
ကုန်သွားတဲ့
အချိန်တွေနှမြောလိုက်တာ
အစားထိုးဖို့အတွက်
ကဗျာတွေပဲ
ရေးပစ်ခဲ့မိတယ်……….။။
ဖွင့်လို့မရတဲ့passwordကိုပဲ
အကြိမ်ကြိမ်  singin လုပ်နေမိတဲ့
browser တစ်ယောက်လို  ပါပဲ
ငါလည်း
ဘဝမာရသွန်ပြေးလမ်းပေါ်မှာ
မောနေအောင်ပြေးခဲ့တာတောင်
ခုထိပန်းတိုင်ဆိုတာကို
အိပ်မက်ထဲမှာတောင်
ယောင်လို့မမက်ခဲ့ဖူးသေးဘူး

နေဝန်းနီ

Leave a Reply

Your email address will not be published.