ရွာဖြစ်သွားတဲ့မြို့

အတုတွေကို
ဗုန်းပေါလဟောထုတ်ရောင်းပြီး
အစစ်တွေကိုဖွက်ထားတဲ့မြို့..။။
မနက်မိုးလင်းကထဲက
ချွေးဒီးဒီးကျပြီး
အင်္ကျ ီမကပ်တဲကမြို့..။။
အိမ်တံခါးတွေပိတ်ပြီး
ပိုးစုန်းကြူး
အလင်းရောင်နဲ့မြူးတဲ့မြို့..။။
သူများတွေ….
ထွန်းကားတာကိုကြည့်ပြီး
မျက်နှာမသာမယာဖြစ်တတ်တဲ့မြို့..။
မီတာခနဲ့
ရေသန့်ဘူးဘိုး
မတတ်နီုင်တဲ့မြို့…။
အရေးမပါတဲ့
အသေးအဖွဲလေးကစ
ဖိတ်စာကမ်းချင်တဲ့မြို့…။။
နေ့ခင်းမှာနှစ်လုံးထိုး
ညကျတော့
ဘောလုံးပွဲလောင်းတဲ့မြို့…။။
ကိုရီးယာကားတွေကြည့်ပြီး
စိန့်တိုင်းထွက်ပစ္စည်းတွေပဲ
ပေါပေါလောလောသုံးတဲ့မြို့….။။
လူကြီးလာမယ်ဆိုမှ
ငါ့အိမ်ရှေ့ကတမာပင်အို
ထုံးလာသုတ်တဲ့မြို့…။။
သူ့ကိုယ်သူ
မြို့တစ်မြို့ဖြစ်နေတာကိုမတင်းတိမ်ပဲ
ကမ္ဘာလိုလည်ချင်နေတဲ့မြို့…။။
သူ့ကျောပေါ်ကို
မြို့ကြီးတွေ
ဟော်တယ်ကြီးတွေ…
ကုန်တင်ကားကြီးတွေ
ပင်လယ်ကူးသင်္ဘောကြီးတွေ
………………………..တွေကိုပိုးပြီး
၂၃.၅ ံတိမ်းစောင်းပြီးတော့
လကိုသူ့အားပတ်စေပြီး
နေကိုလှည့်ပတ်ပစ်ပြီး
သူ့နေ့ညနဲ့သူ
သူ့ရာသီဥတုနဲ့သူ
သူထွက်ကုန်နဲ့သူ
သူ့မုန်တိုင်းနဲ့သူ
သူ့လောင်းကစားမှုနဲ့သူ
သူ့ဘောလုံးပွဲနဲ့သူ
သူ့ဝိရောဓိနဲ့သူ
သူ့…………….
………………နဲ့သူ
သီးခြားမြို့တစ်မြို့……
လည်ပတ်ရင်းလည်ပတ်ရင်းနဲ့
ပူးပေါင်းလာသူတွေလည်းရှိရဲ့
ခွဲထွက်သွားသူတွေလည်းရှိရဲ့
ရှာဖွေတွေ့ရှိတာလည်းရှိရဲ့
ပျောက်ဆုံးကွယ်ပျောက်ကုန်တာလည်းရှိရဲ့
နောက်ဆုံးကျတော့
ကမ္ဘာရွာကြီးနဲကအပြိုင်
ရွာကလေးတစ်ရွာထွန်းကားလာလေရဲ့….။။

နေဝန်းနီ

naywoon ni

နေ၀န်းတော့ နေ၀န်းပဲ..။ ဒါပေမဲ့ ရဲရဲနီနေတဲ့ အရှေ့ဘက်မိုးကုပ်စက်ဝိုင်းကထွက်ပေါ်လာကာစ နေ၀န်းနီ........... CJ # 7272010

This Post Has 6 Comments

  1. မိုက်ကယ်ဂျော်နီအောင်ပု

    ကမ္ဘာကျော်ဦးမယ့်ကဗျာ
    (စိန့်တိုင်း) အဲ့ဒါလေးကို ပြောပြောနေကြတာ မသိလို ့
    ပြောပြပါဦး

  2. naywoonni

    စိန့်တိုင်းဆိုတာက
    အရင်ကတရုတ်ပြည်ကိုခေါ်တာပါ……..
    ကိုဂျော်နီ

  3. မိုက်ကယ်ဂျော်နီအောင်ပု

    အိုက်ဒီ လိုလား
    အင်းအင်းအင်း
    ပြောတော့ပါဘူး
    ပြောတာများနေလို ့ ကိုယ့်ကို ပရိတ်သတ်က သိပ်ကြည်နေကြတာဟုတ်ဘူး
    ပြောဝူး လုံးဝပြောဝူး
    ပြောချင်တာတွေကို ရွာပြန်
    ထန်းပင်ပေါ်တက်ပြီးအော်တော့မယ်

  4. bigcat

    အဲဒီရွာကနေ
    ပုလဲမက်လို့
    ချဲတွက်ခဲ့တယ်၊
    ပဲမထွက်လို့
    ှဆဲတတ်ခဲ့တယ်၊
    မချွဲတတ်လို့
    ခွဲထွက်ခဲ့တယ်၊
    ဒီလိုနဲ့ပဲ
    ကြာပေါ့နှစ်ပေါင်း……..

  5. ဆူး

    ဘကြီးပု.. ရွာပြန်လက်ဆောင် မြန်မာ ချောကလက် (ထညက်ခဲ) ဝယ်ခဲ့နော်

  6. windtalker

    အဲဒီမြို ့ပေါ့
    မြို ့အဝင်လမ်းဟာ
    ဖုတ်တွေနဲ ့
    ခြောက်သွေ ့နေပေမယ့်
    ငါ့ လူ ဘိုနီကြီး
    နှုတ်ခမ်းတွေ စိုစွတ်နေတဲ့မြို ့
    အကြွေးမရောင်းတဲ့
    ဘုံဆိုင်တွေမှာ လူမရှိတဲ့မြို ့
    ဟစ်ဟော့ သီချင်းတွေ
    မကြိုက်တတ်တဲ့ မြို ့
    ကဗျာအကောင်းစားတွေ
    ဘုံဆိုင်ထဲက ထွက်လာတဲ့ မြို ့

Leave a Reply