“ငယ်ငယ်တုန်း ခေါင်းလောင်းသံ အပိုင်းလေး” (ဟိုပြောင်း ဒီခုန်) အဲဒီနေ့က ကျနော်အဖွားတွေက အဖေနဲ့အမေကိုလာကွိုင်ကြတာပါ။ ဒီလောက်ငယ်ငယ်လေးကို မီးရထားစီးပြီးနေ့တိုင်းကျောင်းလာခိုင်းရသလားပေါ့။ တကောင်ကြွက်မှ မဟုတ်တာဘာညာသာရကာပေ့ါလေ။ အမေတို့ကလဲ အဘိုးတို့အိမ်မှာနေဘို့အဆင်ပြေမယ်ထင်လို့ ကလေးကိုကျောင်းပြောင်းလိုက်တာပါပေါ့။ လူကြီးတွေဘယ်လိုညှိနုိုင်းပြီး ဘယ်လိုဇာတ်သိမ်းတယ်တော့ကျနော်မသိပါဘူး။ နောက်နေ့မနက်မှာအမေ့ဘက်က အဖွားတို့နေတဲ့ တောင်ပုလင်းဝင်းကို အထုပ်ဆွဲပြီးကျနော်လိုက်ခဲ့ရတာပါဘဲ။ ကျုံးထိပ်က အိမ်က ကျနော့်ကိုကျောင်းလိုက်ပို့ဘို့လူမရှိ။ အိမ်နဲ့ကျောင်းက အရှေ့ထိ်ပ်နဲ့အနောက်ထိပ်။ အဲတော့ အမေ့ဘက်ကအဖွားအိမ်မှာဘဲနေခိုင်းပါတယ်။ အဲဒီအိမ်က ကျောင်းနဲ့အိမ်နဲ့တော့နီးသွားပြန်ပါတယ်။ အိမ်နီးပေမယ့်လဲ ထမင်းချိုင့်ကတော့ မနက်သွားကတည်းကယူသွားရတာပါဘဲ။ အဖိုးနဲ့အဖွားက ဟိုတောင်ဘက်က ဘီလူးမညောင်ပင်ဈေး(အခုတော့ပြည်ကျော်ဈေး) နားမှာဆိုင်သွားဖွင့်တော့ မနက်ဆို သူတို့လဲထမင်းထုပ်ကျနော်လည်းထမင်းထုပ်။ ညနေကျောင်းဆင်းပြန်လာရင်တော့ အိမ်နားက အမျုးိမကင်းတဲ့ မဝင်းတို့အိမ်ကနေ အဖိုးအဖွားတို့ပြန်အလာကိုစောင့်ရပါတယ်။ နောက်မဝင်းတို့အိမ်ကစောင့်ရတာပျင်းတော့ အိမ်ကဘဲစောင့်ပါတော့တယ်။ အဖိုးနဲ့အဖွားကလဲအိမ်ငှားနေကြတာပါ။ အရင်က အမေတို့နေမယ်လို့စီစဉ်တဲ့အိမ်က အမေ့ အမေရဲ့အဖေ့အိမ်ပါ။ အဲဒီအိမ်မှာ အမေ့မောင်နေပါတယ်။ ဒါပေမယ့် […]
