“ငယ်ငယ်တုန်း ခေါင်းလောင်းသံ အပိုင်းလေး” (ဟိုပြောင်း  ဒီခုန်)   အဲဒီနေ့က ကျနော်အဖွားတွေက အဖေနဲ့အမေကိုလာကွိုင်ကြတာပါ။ ဒီလောက်ငယ်ငယ်လေးကို မီးရထားစီးပြီးနေ့တိုင်းကျောင်းလာခိုင်းရသလားပေါ့။ တကောင်ကြွက်မှ မဟုတ်တာဘာညာသာရကာပေ့ါလေ။ အမေတို့ကလဲ အဘိုးတို့အိမ်မှာနေဘို့အဆင်ပြေမယ်ထင်လို့  ကလေးကိုကျောင်းပြောင်းလိုက်တာပါပေါ့။ လူကြီးတွေဘယ်လိုညှိနုိုင်းပြီး ဘယ်လိုဇာတ်သိမ်းတယ်တော့ကျနော်မသိပါဘူး။ နောက်နေ့မနက်မှာအမေ့ဘက်က အဖွားတို့နေတဲ့ တောင်ပုလင်းဝင်းကို အထုပ်ဆွဲပြီးကျနော်လိုက်ခဲ့ရတာပါဘဲ။ ကျုံးထိပ်က အိမ်က ကျနော့်ကိုကျောင်းလိုက်ပို့ဘို့လူမရှိ။ အိမ်နဲ့ကျောင်းက အရှေ့ထိ်ပ်နဲ့အနောက်ထိပ်။ အဲတော့ အမေ့ဘက်ကအဖွားအိမ်မှာဘဲနေခိုင်းပါတယ်။ အဲဒီအိမ်က ကျောင်းနဲ့အိမ်နဲ့တော့နီးသွားပြန်ပါတယ်။ အိမ်နီးပေမယ့်လဲ  ထမင်းချိုင့်ကတော့ မနက်သွားကတည်းကယူသွားရတာပါဘဲ။ အဖိုးနဲ့အဖွားက ဟိုတောင်ဘက်က ဘီလူးမညောင်ပင်ဈေး(အခုတော့ပြည်ကျော်ဈေး) နားမှာဆိုင်သွားဖွင့်တော့ မနက်ဆို သူတို့လဲထမင်းထုပ်ကျနော်လည်းထမင်းထုပ်။ ညနေကျောင်းဆင်းပြန်လာရင်တော့ အိမ်နားက အမျုးိမကင်းတဲ့ မဝင်းတို့အိမ်ကနေ အဖိုးအဖွားတို့ပြန်အလာကိုစောင့်ရပါတယ်။ နောက်မဝင်းတို့အိမ်ကစောင့်ရတာပျင်းတော့ အိမ်ကဘဲစောင့်ပါတော့တယ်။ အဖိုးနဲ့အဖွားကလဲအိမ်ငှားနေကြတာပါ။ အရင်က အမေတို့နေမယ်လို့စီစဉ်တဲ့အိမ်က အမေ့ အမေရဲ့အဖေ့အိမ်ပါ။ အဲဒီအိမ်မှာ အမေ့မောင်နေပါတယ်။ ဒါပေမယ့် […]


“ငယ်ငယ်တုန်း ခေါင်းလောင်းသံ အပိုင်းသုံး” (မီးရထားနှင့်ကျောင်းတက်ခြင်း) (အရင်ကတော့ ဒိုင်အိုနောက်တော့ အ.ထ.က ၁၀)   ကျောင်းတွေဖွင့်တဲ့အချိန်ရောက်တဲ့အခါ ကျနော့်အဖေက ကျနော်ကို မန်းလေးက “သံတဲကျောင်း(ခ)ဒိုင်အိုစီဇင်ကျောင်း”မှာသွားပြီးကျောင်းပြောင်းပြိင်္းနေရမယ်လို့ပြောပါတယ်။ ရှေးတုံးကတော့ ဒိုင်အိုကျောင်းလို့ခေါ်ကြပါတယ်။ ပြည်သူပိုင်သိမ်းပြီးတဲ့နောက်ပိုင်းမှာ တော့ အမှတ်(10)အ.ထ.ကလို့ပြောင်းခေါ်ပါတယ်။ မန်းလေးကျောင်းနာမယ်တွေနဲ့ပါတ်သက်ပြီးထူးခြားတာလေးကို ကျနော်မှတ်မိသလောက်လေးပြောပြချင်ပါသေးတယ်။ မန်းလေးကကျောင်းတွေက သီးသန့်နာမယ်တွေနဲ့ရှိနေတာလေးကိုပါ။ ဟိုအရင်ပြည်သူပိုင်မသိမ်းမီကာလမှာ ခရစ်ယန်သာသနာပြုကျောင်းတွေကလဲ သူတို့ရဲ့ ဘုန်းတော်ကြီးတွေရဲ့ နာမယ်တွေနဲ့။ ကျနော်တို့မြန်မာတွေထောင်တဲ့ကျောင်းတွေကလဲ မြန်မာနာမယ်တွေနဲ့ရှိခဲ့ကြတာပါ။ သာသာနာပြုကျောင်းတွေဆိုရင် “စိန့်ဂျိုးဇက်ကော်ဗင့်”  ၊”ဖားသားလဖုန်း    “၊၊” ဝက်စလီ   “၊” စိန့်ဪဂတ်စတင်   “ ”   စိန့်ဇေးဗီးယား  “၊”  စိန့်ပီတာ  “၊” ဒိုင်အိုစီဇင်   “ဆိုတဲ့နာမယ်တွေရှိသလို၊ ကျနော်တို့မြန်မာကျောင်းတွေမှာလဲ “နေရှင်နယ်ကျောင်း”၊”အမျိုးသားကျောင်း    “၊” နေပြည်တော်“၊”သျှန်ကျောင်း” “ပွဲကုန်းကျောင်း”၊”ခရေပင်ဝိုင်းကျောင်း”၊ဦးတင်ဦးကျောင်း”၊”အိုဗာစီးကျောင်း” “တိုင်းချစ်ကျောင်း”ဆိုပြီးကျောင်းတွေကိုနာမယ်တွေနဲ့ဖွင့်ခဲ့ကြပါတယ်။ ဒါပေမယ့် ပြည်သူပိုင်းသိမ်းပြီးတဲ့အခါမှာတော့ မူလတန်းကျောင်း ၊အလယ်တန်းကျောင်း၊အထက်တန်းကျောင်းဆိုခွဲခြားပြီး […]


“နံနက်ခင်းစိတ်ရွှင်(အပိုင်းငါး)” (မိုးဥတုမဟုတ်တဲ့မိုးနံနက်ခင်းနဲ့ ဆောင်းဝင်စနံနက်ခင်း) “နံနက်ခင်းစိတ်ရွှင်(အပိုင်းငါး)” (မိုးဥတုမဟုတ်တဲ့မိုးနံနက်ခင်းနဲ့ ဆောင်းဝင်စနံနက်ခင်း)   ပုံမှန်ဆိုရင်သီတင်းကျွတ်နဲ့နီးနေတဲ့အောက်တိုဘာလဆိုတာ မိုးကုန်ပါပြီ။ ဒီနှစ်ကတော့ အောက်တိုဘာထဲမှတောင်မိုးရွာလို့ကောင်းတုန်းပါဘဲ။ မိုးကောင်းတဲ့နှစ်မှာမှ မိုးများတဲ့ ရှမ်းပြည်တောင်ပိုင်းကိုခရီးသွားရပါတယ်။ စက်တင်ဘာလ 30ရက်နေ့မှာ တောင်ကြီးကို အောင်ပန်းကနေပြန်အလာလမ်းမှာတောင်ကြီးမြို့အတက်လမ်းမှာ လှပတဲ့ရူ့ခင်းတွေရယ် ရေတံခွန်ရယ်မြင်ခဲ့ရပါတယ်။ နောက်နေ့တော့ တောင်ကြီး ကနေအေးသာယာသွားတဲ့လိုင်းကားကိုစီး။ လမ်းခုလတ်မှာဆင်းပြီး အခုမြင်ရတဲ့ပုံတွေလက်ဆော့ပါတယ်။ လမ်းမှာလူတစ်ယောက်မှ မရှိ။ တစ်ခါတစ်လေဖြတ်သွားတဲ့ ဆိုင်ကယ်တစ်စီးတစ်လေ။ အရှိန်ပြင်းပြင်းနဲ့ဆင်းသွားတဲ့လိုင်းကားတွေဘဲ။ ပြန်ရောက်မှ တွေးပြီးကြောက်မိပါတယ်။ ဒါပေမယ်လဲ ကိုယ်ရိုက်ထားတဲ့ပုံလေးတွေမြင်တော့ အမောကိုပြေလို့။   မန်လေးရောက်တော့လဲမိုးမကုန်သေးပါဘူး။ ဒီတော့လဲမနက်ခင်းလမ်းလျှောက်ရင်းလက်ဆော့။ ထူးထူးခြားခြားကြိုက်မိတဲ့ပုံလေးကတော့ နေထွက်လာတာင် အိမ်မပြန်ချင်သေးတဲ့လမင်းလေးပါ။ ပန်းနုရောင်ကောင်းကင်နဲ့လိုက်ဖက်လှပါတယ်။ လက့်ဆော့သမျှ တင် ကြည့်ဘို့သာပြင်ကြပေတော့ မိတ်ဆွေတို့ရေ……………………….   ကိုပေါက်ရဲ့စနက်ရှော့ မဟုတ်တဲ့လက်ဆော့။ (15-12-2011)


“နံနက်ခင်းစိတ်ရွှင်(အပိုင်းလေး)” (အဝေးကနံနက်ခင်း)   “နံနက်ခင်းစိတ်ရွှင်(အပိုင်းလေး)” (အဝေးကနံနက်ခင်း)   မထင်မှတ်ဘဲဒီနှစ်မှာခရီးတွေထွက်ရပါတယ်။ နေ့ချင်းပြန်ခရီးလောက်ကလွဲပြီးအဝေးကို မသွားရဘဲ နှစ်အတော်ကြာကြာ မန်းလေးမှာဘဲနေခဲ့ရပါတယ်။ ရောက်တဲ့မြို့တိုင်းမှာ လဲ မနက်စောစောထုံးစံမပျက်လမ်းလျှောက်ထွက်ခဲ့ပါတယ်။ မရောက်ဘူးတဲ့ဒေသလဲဖြစ်ပြန်၊ နောက်ဘယ်တော့ မှာပြန်ရောက်မယ်ဆိုတာလဲမသိတော့ ရောက်လေရာရာ လက်ဆော့ မိပါတယ်။ ဒါကတော့ ရှမ်းပြည်တောင်ပိုင်းအောင်ပန်းနဲ့ လွိုင်ကော်အသွားလမ်းက ပုံလေးတွေပါ။ တစ်ချို့ပုံတွေက သွားနေတဲ့ကားပေါ်ကရိုက်တော့ သိပ်တော့ မကြည်လင်ပါဘူး။ မှတ်တမ်းတစ်ခုအနေနဲ့ပါ။ တောင်းပန်ချင်တာလေးကတော့ တင်ပြီးသား မြင်ပြီးသားဖြစ်နေရင်ခွင့်လွှတ်ပေးဘို့ရယ်။ လိပ်ကော်နက်ရှင်ကြောင့် ကြည့်သူလဲအဆင်ပြေ ကျနော်လဲသက်သာအောင် ပိုစ်တစ်ခုကို ဓါတ်ပုံ(10)ပုံဘဲတင်ပါတော့မယ်။     ကိုပေါက်ရဲ့စနက်ရှော့ မဟုတ်တဲ့လက်ဆော့။ (15-12-2011)  


“နံနက်ခင်းစိတ်ရွှင် ကန်တော်ကြီးတစ်ခွင်”(အပိုင်းသုံး) (ယာယီနဲ့ ချည်တိုင်) ဒီနှစ်မန်းလေးမှာမိုးတွေကြီးပါတယ်။ အဲတော့ကျနော်နေတဲ့ရပ်ကွက်တင်မဟုတ်ဘူးနေရာတိုင်းမှာ ရေဝင်ပါတယ်။ ခါတိုင်းနှစ်ထက်ရေပိုဝင်တော့ အိမ်မှာလဲမနေချင်။ ဒီတော့ မြို့သစ်က အဒေါ်အိမ်မှာသွားနေဖြစ်ပါတယ်။ ထုံးစံအတိုင်းမနက်လမ်းလျှောက်ဖြစ်တော့။ 73လမ်းအတိုင်းတောင်ကနေမြောက်လာ။ သိပ္ပံလမ်းရောက်။ အရှေ့တက်တော့ ဗိုလ်ချုပ်ရွာ။ အဲဒီကနေ 89လမ်းဘက်သွား။ နောက်မနော်ဟရီဘက်ပြန်လာ။ မိုးတွေဆက်တိုက်ရွာတဲ့နေ့တွေဖြစ်တော့ ကောင်းကင်ကအုံ့မိူင်းရီနေတတ်ပါတယ်။ နံနက်ခင်းလေးကလဲ မိုးသားကိုလိုက်ပြီး ကာလာတွေပြောင်းသွားတတ်ပါတယ်။ ကောင်းကင်တော်နဲ့ တိမ်မင်းသားကလဲ တစ်နေ့တစ်မျိုးမရိုးအောင် အဆင်တွေပြပါတယ်။ နောက်အချိန်တန်တော့လဲကိုယ့်အိ်မ်ကိုယ်ပြန်ရောက်ရပါတယ်။ ထုံးစံအတိုင်းမနက်လမ်းလျောက်ဖြစ်တော့ ုကန်တော်ကြီးရဲ့တူပေမယ့် မတူတဲ့ မြင်ကွင်းတွေကို မရိုးနိုင်အောင်ပါဘဲ။ ဒီတော့လဲ လက်ဆော့ မိ။ လက်ဆော့ပြီးတော့ လဲ ပြန်မျှဝေချင်စိတ်ပေါက်လာပြန်တော့………………………     ကိုပေါက်ရဲ့စနက်ရှော့ မဟုတ်တဲ့လက်ဆော့။ (14-12-2011)


“နံနက်ခင်းစိတ်ရွှင်အပိုင်း(နှစ်)”(နေရာ အနှံ့က နံနက်ခင်း) 2 မိုးဥတုနံနက်ခင်းမှာရေးဆွဲထားတဲ့တိမ်ပန်းချီ 20 သဘာဝ ပန်းချီဆရာရဲ့အရောင်စုံလှတဲ့လက်ရာ နံနက်ခင်းလေးတစ်ခုမှာပေါ့ “နံနက်ခင်းစိတ်ရွှင် ကန်တော်ကြီးတစ်ခွင်”(အပိုင်းနှစ်) (နေရာအနှံ့က နံနက်ခင်း)     2009ခုနှစ်ကစလို့ ကျနော် ကျန်းမာရေးအရ မနက်ပိုင်းမှာလမ်းလျှောက်ပါတယ်။ ဟိုအရင်ကျုံးဘေးမှာနေတုန်းကလည်းမနက်လမ်းလျောက်ဖြစ်ပေမယ့် ဟိုနားပြောင်းလိုက်ဒီနားပြောင်းလိုက်ဆိုပြန်တော့ လမ်းမလျောက်ဖြစ်တော့ပါဘူး။ ဒါပေမယ့် သိပ်ဝလာတော့ ဝိတ်မတက်အောင်မဖြစ်မနေလျှောက်ရပါတော့တယ်။ လမ်းလျောက်တာရဲ့အကျုးိကျေးဇူးကတော့ လူက မနက်စောစောထတော့ စိတ်ကြည်လင်ပါတယ်။ အရင်ဆို ရနာရီလောက် ကမန်းကတန်းထ အလုပ်မှီအောင်ပြေး၊ လမ်းပိတ်နေရင် စိတ်တွေတို၊ အလုပ်ရောက်တော့ မောနေပါပြီ။ မိုးလင်းကတည်းက စိတ်အနားမရသလို။ အခုမနက် 5း15လောက်ထလမ်းလျောက်။ တိတ်ဆိတ်ခြင်းရဲ့ဂီတ၊ အေးမြခြင်းရဲ့အထိအတွေ့၊ သာယာခြင်းရဲ့ အနှစ်သာရကို ခံစား။ 6း30ဆိုပြန်ရောက်။ ရေချိုးအလုပ်သွားဆိုတော့ အချိန်တွေရတော့ စိတ်ကလဲ မလောတော့ပါဘူး။ နောက်လမ်းလျှောက်တဲ့အကျင့်ရသွားတော့ သူများမြိုရွာကို အလည်ရောက်နေ ရင်လည်းလမ်းလျျောက်ဖြစ်ပါတယ်။ […]


“ငယ်ငယ်တုန်း ခေါင်းလောင်းသံ”(အပိုင်းနှစ်) (သုံးကျောင်းပြောင်းသောရှင်……………)   ကျနော်ဦးလေးရဲ့စက်ဘီးနဲ့လျှောက်လည်        ကြတဲ့အခါ လမ်းမှာတွေ့သမျှဆိုင်းဘုတ်ကို လိုက်ဖတ်လေ့ရှိပါတယ်။ အစကတော့ တစ်လုံးခြင်းစာလုံးပေါင်းဖတ်။ နောက်တော့ ဦးလေးက ဗွေရင် စိတ်ထဲမှာပေါင်းဖတ်ပြီးမှအသံထွက်လို့သင်ပေးပါတယ်။ မှားရင်သူက ပြင်ပေးပါတယ်။ ဒါနဲ့ဘဲကျနော်က စာဖတ်ရင်စိတ်ထဲမှာဘဲစာလုံးပေါင်းတဲ့အကျင့်လေးရသွားပါတယ်။ အဲဒီကျောင်းသွားအပ်တဲ့နေ့ကဆရာကြီးရဲ့ခုံပေါ်က သတင်းစာလေးကောက်ဖတ်မိတာက ကျနော်အတွက် ဖိုးကံကောင်းဖြစ်သွားပါတယ်။ နောက်ဆရာကြီးက ဖတ်စာအုပ်ထုပ်ပြီးဖတ်ခိုင်းတော့လဲကျနော်က မကြောက်မရွှံ့ဖတ်ပြပါတယ်။ အဲဒါနဲ့ဘဲဆရာကြီးကစိတ်ပြောင်းသွားပြီး ကျနော်ကိုနှစ်တန်းကျောင်းသား အဖြစ်ပညာသင်ခွင့်ပေးလိုက်ပါတယ်။   1 မြစ်ငယ်မြို့ မူလတန်းကျောင်း အလယ်ကျာင်းဆောင်(ရှေ့ဖက်) 2 မြစ်ငယ်မြို့ က မူလတန်းကျောင်း(ကျနော် 2တန်းကျောင်းသားဘဝကနေခဲ့တဲ့ကျောင်း) 3 မြစ်ငယ်မူလတန်းကျောင်း ဘေးဘက်မြင်ကွင်း 4 ပြိုပျက်နေတဲ့ ကျနော်ငယ်ငယ်ကကျောင်းကလေး အဲဒီတုန်းကကျနော်တို့နေတာက မြစ်ငယ်မီးရထားစက်ရုံကြီးရဲ့အနောက်ဘက်မှာရှိတဲ့ ဝန်ထမ်းလိုင်းအိမ်တွေမှာပါ။ မီးရထားစက်ရုံအုတ်တံတိုင်းကြီးဘေးကဖုံထူထူမြေနီလမ်းလေးအတိုင်းမြောက်ဘက်ကို လျှောက်သွား ရင်ကျနော်တို့နေခဲ့တဲ့ “သဇင်ရပ်ကွက်”6လိုင်းကိုရောက်ပါတယ်။ အိမ်လေးတွေက ပုဆစ်တုပ် ပျဉ်ပြားအကြီးတွေနဲ့ကာ အမိုးကအုပ်ကြွပ်မိုး။ […]


“အောင်ပင်လယ် လယ်ပြင်အလယ် က လမ်းကလေး”   ဒီနေရာလေးက အတော်လေးကိုသာယာပါတယ်။ အရှေ့ဘက်မှာ မိူင်းပြာမူံလဲ့ပြီး ညို့ဆိုင်းနေတဲ့ရှမ်းရိုးမ။ ပါတ်ပါတ်လည်မှာစိမ်းဝါနေတဲ့လယ်ကွင်း။ လယ်ကွင်းနံဘေးမှာချောင်းချောင်းနံဘေးမှာ ဖြောင့်တန်းနေတဲ့လမ်းမ။ တောင်ထဲကို ထိုးဖောက်ဝင်သွားသလို။ သူ့နံဘေးအနားသတ်ကတော့ အစိမ်းရောင်အပင်တန်းများ။ နံဘေးက လယ်ကွင်းထဲမှာတော့ လယ်သူမများက လုပ်ငန်းခွင်ထဲမှာ။ ဟိုးအဝေးမြောက်ဘက်မှာ မူံပြပြမန်းလေးတောင်။ လယ်ကွင်းတွေကြားထဲမှာမြင်ရတဲ့ ရန်ကင်းတောင်နဲ့ရှမ်းရိုးမအလှက ကြည့် မဝ။ အစိမ်းထဲမှာ မှည်ခါနီးလို့ အဝါစွက်နေတဲ့ လယ်ကွင်း။ စိမ်းမှောင်နေတဲ့တောင်စဉ်တောင်တန်း။ မြင်ရင် ………………………………………………….   ဆရာတင်ရဲ့ အောင်ပင်လယ်သီချင်းကို သတိရမိပါတယ်။ “တကယ်တောအစစ်မို့လို့ အခုတော့ လယ်ကောဖြစ်လို့မို့ ကောင်းဘို့ရွယ်သော ခေတ်ကို အထူးသဖြင့်မျှော်မိတယ်”               အစိမ်းထဲမှာရင့် မှည့်ခါနီးလို့ အဝါစွက်နေတဲ့ လယ်ကွင်း။ […]


“ငယ်ငယ်တုန်း ခေါင်းလောင်းသံ”(အပိုင်းတစ်)   (ဦးတင်ဦး နှင့်စိန်ပီတာ)   (10-12-2011)  မနက်ပိုင်းမှာရွှေကျီးမြင်ဘုရားကိုရောက်တော့ အရှေ့ဘက်စောင်းတန်းနံရံမှာချိတ်ထားတဲ့  ဗုဒ္ဓဝင်ပန်းချီကားတွေကို လျှောက်ကြည့်ရင်းကနေပြီး စောင်းတန်းအထွက်ပေါက်ထိရောက်သွားပါတယ်။ စောင်းတန်းအထွက်ပေါက်ရောက်လို့ အရှေ့ဘက်လှမ်းအကြည့်မှာ ငယ်ငယ်က ကျောင်းအပျော်တက်ခဲ့တဲ့” ဦးတင်ဦးကျောင်း”ကိုမြင်လိုက်တော့ ကျောင်းသားဘဝလေးကို ပြန်အမှတ်ရ လိုက်ပါတယ်။ နေ့လည်ဘက် 22စီလမ်းဘက်ကိုအသွား 86လမ်းပေါ်ကနေလာမိတော့ငယ်ငယ်က နေခဲ့တဲ့ စိန်ပီတာ(ခ) အမှတ်ကိုးအ.ထ.က ရှေ့ကနေဖြတ်အလာမှာ ကျောင်းဝင်းကြီးက တံခါးဖွင့်ထားတာတွေ့လိုက်ရပါတယ်။ မနက်က သတိရတဲ့ အရှိန်မသေတော့ ကျောင်းဝင်းထဲကို အလိုလိုဝင်မိသွားပါတယ်။ ကျနော်တို့ငယ်ငယ် က အရှေ့ဘက်အပေါက်က သစ်သားတံခါး။ အခုတော့သံပန်းတံခါး။   ဝင်ဝင်ခြင်းမုန့်ဆို်င်တန်းတွေရှိတယ် ဆိုင်တွေပေါ်မှာ အမိုးလေးလုပ်ပေးထားတယ်။ ခေါင်မိုးလဲမရှိတော့ ဘူး။ မုန့်ဆိုင်တွေလဲ မရှိတော့ ဘူး။ ရှေ့တည့်တည့်မှာ ကျနော်တို့ ဆော့ခဲ့တဲ့ဘော့လုံးကွင်း။ ကျနော်တို့ အမောဖြေရင်းနားခဲ့တဲ့ ကုက္ကိုပင်ကြီး အသက်ကြီးသွားပေမယ့်မတ်မတ်ရပ်နိုင်နေဆဲ.။ […]


“ရန်ကင်းတောင် ပါတ်ပါတ်လည်က အောင်ပင်လယ်” ရန်ကင်းတောင် အရှေ့ဘက်ကကျောက်လမ်းလေးအတိုင်းလိုက်သွားရင် ဆည်တော်ကြီးကနေလာတဲ့ရေတွေကိုလွှတ်ထားတဲ့မြောင်းကိုရောက်ပါတယ်။ အဲဒီမြောင်းကလေးမရောက်ခင် လမ်းအနောက်ဘက်မှာတော့ စိုက်ပြီးသမျှကို ပြန်ရိတ်သိမ်းနေကြတဲ့လယ်သူမတွေကို တွေ့ရပြန်ပါတယ်။   မြောင်းကိုကျော်လိုက်ရင်တော့ အမ်အိုင်တီခေါ်တဲ့မန်းလေးစက်မူ့တက္ကသိုလ်။ အဲဒီမြောင်းဘောင်က တောင်တည့်တည့်သွားရင် ပြင်ဦးလွင်ကို သွားတဲ့လမ်းနဲ့သွားဆုံပါတယ်။ အဲဒီမြောင်းဘောင်ရဲ့ အရှေ့ဘက်မှာတော့ စိမ်းစိုနေတဲ့ သစ်ပင်တွေ။ ဟိုးအဝေးမှာတော့ ရေတံခွန်တောင်နဲ့ရှမ်းရိုးမ။ လမ်းဘေးမှာရှိနေတဲ့မန်းကျီးပင်အိုကြီးရဲ့အသက်က သိပ်တော့ငယ်မယ်မထင်ပါဘူး။ ဒီမြောင်းကြီးက ရှမ်းရိုးမနဲ့အပြိုင်ဖောက်ထားတဲ့လမ်းမကြီးပါဘဲ။ တောင်ဘက်ကို တည့်တည့်ဆက်သွားနေရာက ကွေ့ ချိုးသွားတဲ့လမ်းလေးအတိုင်း အနောက်ဘက်ကို ဆင်းလိုက်တော့ ကြီးမားလှတဲ့ လယ်ကွင်းပြင်ကြီးရဲ့အလယ်ကိုရောက်သွားပါတယ်။ အခုချိန်မှာတော့ ရင်မှည့်စပြုနေတဲ့ လယ်ကွင်းပြင်ရော နောက်ထပ်စိုက်ဘို့ အတွက် အသင့်ပြင်နေတဲ့ထွန်ယက်ထားတဲ့ လယ်ကွင်းတွေရော တွေ့ရပါတယ်။ ဒီနေရာက ကြည်ရင် မူံပြပြ မန်းလေးတောင်ကို မြူတွေကြားထဲကနေ မပီမသလေးမြင်နေရပါတယ်။ သာယာလှတဲ့နေရာလေးတစ်ခုပါ။ မန်းလေးများရောက်ခဲ့ရင်သွားကြည့်သင့်တဲ့နေရာလေးတစ်ခုပါဘဲ။   ကိုပေါက်ရဲ့စနက်ရှော့ မဟုတ်တဲ့လက်ဆော့။ […]


ဒီဇင်ဘာဆောင်းမနက်မှာ ဘယ်သွားရရင်ကောင်းမလဲလို့တွေးမိတော့ အောင်ပင်လယ်ဘက်  နဲ့ ရန်ကင်းတောင်အရှေ့ဘက်ကို မရောက်တာ ကြာပြီဆိုတာကို သတိရလိုက်ပါတယ်။ အဲဒါနဲ့ဘဲ 26ဘီလမ်းအတိုင်းအရှေ့တက် အောင်ပင်လယ်အနောက်ဘက်ကန်ဘောင်ရိုးကိုရောက်လာပါတယ်။ ဆောင်းမနက် မြူမူံခပ်ဝဲဝဲဆိုတော့ အရှေ့ဘက်က ရန်ကင်းတောင်ကလဲ မသဲမကွဲပါဘဲ။ ဒါနဲ့ဆိုင်ကယ်ကို မြောက်ဘက်ဦးတည် လို့ 19လမ်းအရောက်မှာ အရှေ့တည့်တည့် ကို သွားလိုက်တော့ ရန်ကင်းတောင်ကြီးကိုလှမ်းမြင်နေရပါတယ်။ အရင်က ကြာပွင့်ကြီးတွေရှိခဲ့တဲ့ ကြာကန်မှာတော့ ကြာပင်တွေမရှိပါဘူး။ အရင်ကဒီ ကန်လည်လို့ ခေါ်တဲ့အောင်ပင်လယ် လယ်ကွင်းတွေနဲ့လမ်းကို ခြားထားတဲ့ ချောင်းကို ဖြတ်တဲ့တံတား မရှိပါဘူး။ အခုတော့ တံတားလေးခင်းထားတာတွေ့တော့ အဲဒီတံတားလေးကိုဖြတ်ပြီး တောင်ဘက်လယ်ကွင်းထဲကိုဝင်လို့ ရန်ကင်းတောင်ကိုရော ရွှေဝါရောင်သန်းနဲ့အစိမ်းရောင်ရောယှက်နေတဲ့လယ်ကွင်းကိုရော မှတ်တမ်းတင်မိပါတယ်။     အဲဒါနဲ့မန်းကျည်းပင်လေးတွေကို လွန်တော့ လမ်းမြောက်ဘက်မှာ ချောင်းကလေး။ ချောင်းနံဘေးမှာ တမာပင်ကောက်ကွေးကွေးလေးတပင်တည်းက မူနွဲ့နွဲ့နဲ့နေတတ်တဲ့ မော်ဒယ်ဂဲလေးလို အလှတွေပြနေတာကို တွေ့တော့ […]


  သူကြီးရေ……………   ဟိုလွန်ခဲ့သောရက်များက ကျနော် နဲ့ တပ်မ77 တို့ “ရွာသားများနဲ့ငြင်းခုန်ခြင်း”ဆိုတဲ့ကဗျာကိုအကြောင်းပြုပြီးညိခဲ့ကြပါတယ်။ တစ်ရက် မန်းလေးကန်တော်ကြီးက နှင်းမူံထဲက ကရိဝိတ်ပုံကိုတင်လိုက်တော့ သူက “နှင်းမဟုတ်ဘူး မြန်မာပြည်မှာ နှင်းမကျဘူး”လို့ရေးလာပါတယ်။ နိုင်ငံခြားကလူတွေရဲ့ snow က အတုံးအလိုက်အခဲလိုက် အဖတ်လိုက်ကြီးကျတာကိုးဗျ။ ကျနော်တို့ မြန်မာပြည်က နှင်းလို့ သတ်မှတ်ထားတာကတော့ အဖြူရောင်တံတိုင်းလေး ဖြစ်သွားရုံလောက်လေးကြပါတယ်။ အခု မမ ရဲ့ sweet December ပို့စ်ထဲမှာ သူကြီး က snow ကိုနာမည်အသစ်ပေးရအောင် အကြံပေးလာပါတယ်။ အဲတော့ ကျနော်လဲ နှင်းပါတဲ့စကားလုံးတွေကို လက်လှမ်းမှီသမျှ ကိုယ်အနီးမှာရှိတဲ့ရှေးစာအုပ်တေရှေးွကဗျာတွေထကရှာရတာပေါ့။ အဲဒီမှာဘာသွားတွေ့လဲဆိုတော့ မြန်မာပြည်က နှင်းကျတဲ့ကာလက မြန်မာလိုပြာသို ဘိုလိုဆိုရင် ဇန်နဝါရီလမှာကျတယ်ဆိုတာသွားတွေ့ရပါဘဲ။ နှင်းနဲ့ပါတ်သက်လို့ သုံးထားတဲ့စကားလုံးလေးတွေကတော့   1.(ဆီးရည်ကျရွှမ်း တောတောင်မွှမ်းမျှ […]


“နံနက်ခင်းစိတ်ရွှင် ကန်တော်ကြီးတစ်ခွင်”(အပိုင်းတစ်)   မနက်လမ်းလျှောက်ထွက်အချိန်တိုင်းမှာ သာယာတဲ့ရူ့ခင်း အေးမြလတ်ဆတ်တဲ့လေ တိတ်ဆိတ်ငြိ်မ်သက်တဲ့ အရသာကိုခံစားရမိတိုင်း မြို့မဆရာငြိမ်းရဲ့ ကျော်ကြားတဲ့ လူချွန်လူကောင်းဆိုတဲ့သီချင်းလေးထဲက “နံက်ခင်းစိတ်ရွှင် လန်းကြစေအမြဲပင် ဥဩသံတွဲ့ နာပျော်စေချင်” ဆိုတဲ့စာသားလေးကိုသတိရမိပါတယ်။ ကျနော်နေ့စဉ်မနက်တိုင်းမှာ မန်းလေးကန်တော်ကြီးလို့ ခေါ်တဲ့ တက်သိမ်းအင်း ကန်ပါတ်လမ်းမှာလမ်းလျောက်လေ့ရှိပါတယ်။ 2010မှာ ကင်မရာလေး တစ်လုံးလက်ထဲရောက်လာတော့ အရုပ်အသစ်ရတဲ့ ကလေးတစ်ယောက်လို လက်ဆော့မိပါတယ်။ (မောင်ပုပြောခဲ့ဘူးသလိုခြောက်လုံးပြူးမရောက်တာတော်သေးတာပေါ့) လှပတဲ့မြင်ကွင်းတွေကလဲ လက်မဆော့ဘဲမနေနိုင်အောင်ဆွဲဆောင်ပါတယ်။ နောက်ရိုက်လာတဲ့ပုံလေးတွေကွန်ပြူတာထဲထည့်ကြည့်တဲ့အခါ အပြင်မှာ မလှဘူးထင်တဲ့ပုံလေးတွေက ဓါတ်ပုံထဲရောက်တော့ ပိုလှ၊ တစ်ချို့အပြင်မှာလှတာတွေကတကယ်ဓါတ်ပုံဘဝရောက်တော့ မလှဆိုတဲ့ သဘာဝကိုပြန်ရောက်တဲ့အခါ သဘာဝကပေးအပ်ထားတဲ့ မျက်ဝန်းအစုံရဲ့ တကယ့်အမြင်နဲ့ထပ်ဆင့်မှတ်တမ်းတင်ပေးတဲ့မှန်ဘီလူးတို့ရဲ့ခြားနားချက်တွေကိုလည်းတွေ့လာရပါတယ်။       အခုရက်မှာ လက်ဆော့ထားတဲ့များပြားလှတဲ့ပုံတွေကို သိမ်းဆည်းရင်း တူညီတဲ့နေရာလေးတွေမှာ ရာသီအမျိုးမျုးိမှာ မှတ်တမ်းတင်ခဲ့တာလေး တွေကို ပြန်လည်စုစည်းပြီးတင်ပြချင်စိတ်ပေါ်လာခဲ့ပါတယ်။ ဒီတစ်ခါတော့ ကင်မရာနဲ့ထိတွေ့စမှာလက်ဆော့ခဲ့တဲ့ပုံလေး တွေကို […]