“မျှော်လင့်ထား၏ မထား၏ အသင့်ဖြစ်၏ မဖြစ်၏”     မနေ့က နယ်ကုန်သည်တစ်ယောက်က သူလွှဲထားတဲ့ကုန်ဘိုးငွေရ မရကို ဖုန်းဆက်မေးပါတယ်။ သူငွေထုတ်ခိုင်းတဲ့ အိမ်မှာ နာရေးရှိနေလို့ မထုတ်ရသေးတဲ့အကြောင်းကို ရှင်းပြရပါတယ်။ ဟော အဲဒီဖုန်းလဲချပြီးရောက် နောက်တစ်ခါ ဖုန်းမြည်လို့နားထောင်လို်က်တော့ မိတ်ဆွေတစ်ယောက်ဆုံးသွားတာကိုလှမ်းသတင်းပေးတဲ့ဖုန်းလေးဖြစ်နေပါတယ်။ “အော် ပျက်ကွက်သွားပြန်ပြီ လူမူ့ရေးတစ်ခု”လို့ တွေးမိပါတယ်။ သူအိပ်ယာထဲက မထနိုင်တော့ဘူးဆိုတာကို ပြီးခဲ့တဲ့ တစ်ပါတ်လောက်က သတင်းကြားရပါတယ်။ ဆေးရုံတက်တာလဲမဟုတ် သူနေမကောင်းတာကလဲကြာပြီဆိုတော့ ကျနော်ကလဲ အလောတကြီးသွားမမေးမိတာပါ။ အခုလိုကိုယ်သတင်းသွားမမေးရသေးခင် ဆုံးသွားပြီဆိုတာကို သိတော့ မဆုံးနိုင်တဲ့နောင်တတွေရပြီး ”်အချိန်ရသေးတယ်ဆိုရင် အချိန်ရွှေ့တတ်တဲ့ အကျင့်ဆိုးကိုပြင်ဘို့သင့်ပြီ” လို့ထုံးစံအတိုင်း ကိုယ့်ကိုကိုယ်သတိပေးမိပြန်တဲ့အခါ  “သတိပေးပေါင်းလဲများလှပြီနော်”လို့ ပြန်ပြောတဲ့အသံလေးကိုကြားမိသယောင်ယောင်ဆိုပြန်တော့ တစ်ယောက်ထဲပြုံးမိပါသေးတယ်။   မှတ်မှတ်ရရ ဒီတစ်ပါတ်ထဲမှာတင်နာရေးသုံးခုဆက်နေပါတယ်။ ပထမတစ်ယောက်က ကျနော်တို့အလုပ်က ကောင်မလေးရဲ့အဖေ။ နောက်တစ်ယောက်က ကျနော်တို့ ကုမ္ပဏ […]


“ကောင်းကင်ပြာပြာ နေသာသာ အင်းရေစိမ်းစိမ်း ” ဟိုအရင် ရှေးကတည်းက မန်းလေးမြို့နဲ့ တောင်မြို့ကြားမှာအင်းကြီးတစ်အင်းရှိခဲ့ပါတယ်။ တမ္ပဝတီအရပ်ကနေ အနောက်ဘက်ကိုဆင်းလိုက်ရင် ကျောက်လမ်းကြမ်းကြမ်း ခပ်ကျဉ်းကျဥ်းလေးထဲကနေဝင်လိုက်ရင် အိမ်ဘုတ်စုလေးတွေတွေ့မယ်။ ကန်စွန်းခင်းတွေတွေ့မယ်။ ပန်းပင်တွေအသီးအနှံတွေစိုက်ထားတဲ့အခင်းတွေကိုတွေ့မယ်။ ခြုံနွယ်တွေနဲ့ရှုပ်ထွေးနေတဲ့ ကန်ရေပြင်ကြီးကိုတွေ့မယ်။ အသွားအလာခက်တော့ ကြားသာကြားဘူးပြီးမရောက်ဘူးသူများပါတယ်။ ဓါတ်ပုံဆရာတွေသာ အရောက်များပါတယ်။ အဲဒီအင်းကတော့ တက်သိမ်းအင်းပါဘဲ။ အများနုတ်ကျုးိနေတဲ့အခေါ်က တော့ တက်သေးအင်းပါ။ ဒီအင်းအလည်လောက်မှာ လှိုင်ထိပ်ခေါင်တင်ရဲ့ အမေ မမြလေးကောင်းမူ့ ရေလည်ဘုရားတစ်ဆူရှိပါတယ်။ ကျနော်တို့တောင် တစ်ခါနှစ်ခါဘဲရောက်ဘူးတဲ့နေရာလေးပါ။ အင်းအကျယ်ကတော့ တမ္ပဝတီအရပ်ကနေ ကပ်ကျော်ဘုရားနားအထိ တောင်မြောက်ရေပြင်ကျယ်ကြီးပါ။     1997 ကန်တော်ကြီးအိမ်ယာစီမံကိန်းနဲ့အတူ ဒီတက်သေးအင်းကို ကန်တော်ကြီးလို့နာမယ်ပြောင်း။ လမ်းတွေကောင်းအောင်လုပ်။ မလွတ်တဲ့အိမ်တွေဖယ်။ အရင်ကျုံးထဲမှာထားတဲ့ ပြည်ကြီးမွန် ကရဝိက်ဖောင်ကို မမြလေးဘုရားနားကိုရွှေ့။ စားသောက်ဆိုင်တွေဖွင့်ပြီးစည်ကားအောင်လုပ်။ အခုတော့ သာယာတဲ့အပန်းဖြေစခန်းတစ်ခုဖြစ်နေပါပြီ။ ဒီကန်မှာ ကျနော်မနက်တိုင်းလမ်းလျောက်ပါတယ်။ ဒီပုံလေးတွေက […]


“အဝေးကမြင်ရတဲ့မန်းတောင်” 1 မန်းလေးမြို့ မြူမူံမူံကြားက ဝိုးတဝါးမန်းလေးတောင်တော်   မန်းလေးတောင်ဆိုတာ ကျနော်တို့မြို့ရဲ့အထိန်းအမှတ်။ ဂုဏ်ယူစရာ ကောင်းသလို ကြည့်မဝရူ့မဝတဲ့မြင်ကွင်းတွေကို ပေးစွမ်းနိုင်သော မန်းလေးတောင်ပါ။                                                                                         ်  စစ်ကိုင်းတောင် ဆွမ်းဦးပုညရှင်ကနေဖြစ်ဖြစ်၊ စစ်ကိုင်း ရွှေတောင်ဦးမော်က ဘဲဖြစ်ဖြစ်၊ မင်းကွင်းလှေဆိပ်ကဘဲဖြစ်ဖြစ်  ၊ လှမ်းကြည့်မယ်ဆိုရင် မူံပြပြလေးမြင်နေရတတ်ပါတယ်။   ကျနော်က နေရာအနှံ့့သွားနေတတ်သူ ခြေဗွေပါသူဆိုတော့ မန်းလေးတောင်ပါတ်ဝန်းကျင်ကို ရောက်တဲ့အခါတို်င်း မန်းလေးတောင်ကို အဝေးကလှမ်းမြင်ရတိုင်းလက်ဆော့မိပါတယ်။ အခုတင်ပေးတဲ့ပုံတွေက မန်းလေးတောင်ရဲ့ အရှေ့တည့်တည့်ကမြင်ရတဲ့ပုံတွေရယ် တောင်ရဲ့ အရှေ့ဘက်ကနေမြင်ရတဲ့ပုံတွေဘဲဖြစ်ပါတယ်။ တောင်ရဲ့မြောက်ဘက် ကမြင်ကွင်းတွေ တောင်ရဲ့အနောက်ဘက်ခြမ်းကမြင်ကွင်းတွေ ကျန်ပါသေးတယ်။ အခုတော့ ဒီလောက်နဲ့ဘဲကျေနပ်မယ်ထင်ပါရဲ့။     ကိုပေါက်ရဲ့စနက်ရှော့ မဟုတ်တဲ့လက်ဆော့။ (8-12-2011)  


“ကုသိုလ်တော်နဲ့စန္ဒာမုနိအဝေးမြင်ကွင်း” ကျောက်တော်ကြီးဘုရားကနေထွက် မန်းလေးဘိုးဘိုးကြီးနန်းရှေ့ကလမ်းကနေ မြောက်ဘက်ကိုသွားရင် ကုသိုလ်တော်ဘုရားဝင်းတဲကိုဝင်တဲ့လမ်းလေးကိုတွေ့နိုင်ပါတယ်။ အနောက်ဘက်ကနေဝင်တဲ့လမ်းလေးရဲ့တဘက်တချက်မှာ သစ်ပင်တွေအုပ်အုပ်ဆိုင်းဆိုင်း။ စန္ဒကူးတောလို့ အမည်ပေးထားပါတယ်။ သမီးရီးစားအတွဲတွေအဆင်ပြေပြေထိုင်လို့ရအောင် အုတ်ထိုင်ခုံလေးတွေတောင်လုပ်ပေးထားပါတယ်။ အတွင်းကိုဝင်လိုက်တာနဲ့ ကုသိုလ်တော်ဘုရား ရွှေရောင်ဝင်းဝင်းကိုဖူးမြင်နေရပါပြီ။ ဥပုဒ်နေ့ဖြစ်နေတာကြောင့်  ကုသိုလ်တော်ဘုရားရဲ့အတွင်းထဲမှာ ဥပုဒ်စောင့်ဘို့သွားနေသူကိုလဲတွေ့ရပါတယ်။   ကုသိုလ်တော်ဘုရားတံတိုင်းအတွင်းမှာတော့ ကျောက်စာချပ်တွေကို ထိန်းသိမ်းထားတဲ့ဂူလေးတွေကို လှမ်းမြင်နေရပါတယ်။ အနောက်ဘက်ကိုလှမ်းကြည့်တော့ ခြုံနွယ်ပင်တွေကြားကမြင်ရတဲ့စန္ဒာမုနိဘုရား။ ဆက်သွားတော့ စန္ဒာမုဏိဘုရား အဝင်ဆိုင်းဘုတ်။ ဘုရားအဝင်ကမှာတော့  ဘုရားသမိုင်းကျောက်စာတိုင်။ ကြီးမားတဲ့ကုက္ကိုပင်ရိပ်အောက်မှာတော့ကျောက်စာတွေသိမ်းထားတဲ့ ဂူဘုရားလေးတွေ။ အဝင်က လှမ်းကြည့်တော့ ပြုပြင်နေတဲ့စေတီ။ ဒီဘုရားထဲမှာ ရှေးဘုရင်မင်းတုန်းမင်းလက်ထက်က ကနောင်မင်းသားအလုပ်ကြံရခံရတဲ့နေရာလေးနဲ့အုတ်ဂူရှိပါတယ်။ ဘုရားမြောက်ဘက်ခြမ်းကိုကြည့်ရင်တော့ မန်းလေးတောင်။ ဒီဂူဘုရားလေးတွေက အတွဲတွေချိန်းလေ့ရှိတော့ ချောင်းသူတွေလဲအပြည့်၊ အဲဒီကနေထွက်လာလို့ အရှေ့ဘက်ထိပ်လမ်းကွေ့လေးကလှမ်းကြည့်တော့ လှပတဲ့ဒီမြင်ကွင်းကို……………………….   ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး (7-12-2011)    


  “မဟာသကျမာရဇိန်(ခ)ကျောက်တော်ကြီး (ပရဝုဏ်မြင်ကွင်း)”     ကျနော်ကနှစ်ပါတ်တစ်ခါလောက်တော့ ဒီကျောက်တော်ကြီးဘုရားကိုရောက်ပါတယ်။ မဒမ်ပေါက်ဘုရား ဝတ်ပြုနေချိန်မှာကျနော်က ဟိုဟိုဒီဒီလိုက်ကြည့်လို့ လက်ဆော့ပါတယ်။ အကြောင်းမသိခင်ကတော့ ဘုရားလူကြီးများက ကျနော်နောက် ကလိုက်လိုက်ကြည့်ပါတယ်။ ဥပဓိရုပ်ကလဲသူတို့ ယုံကြည်လောက်စရာ မဟုတ်လို့ထင်ပါရဲ့။ နောက်အကြောင်းသိသွားတော့လဲ ကျနော်ချောင်ကြိုချောင်ကြားဝင်လဲလိုက်မကြည့်တော့ပါဘူး။ သူတို့စိုးရိမ်တာကိုလဲအပြစ်မတင်ပါ။ ဖျက်လိုဖျက်ဆီးလုပ်သွားတဲ့သာဓကတွေလဲရှိတာကိုးဗျ။   ကျောက်တော်ကြီးဘုရား ပုရဝုဏ်က ကြီးမားကျယ်ပျံ့ပါတယ်။ ဘုရားပါတ်ပါတ်လည်မှာ ဂူလေးတွေနဲ့တည်ထားတဲ့ဘုရားတွေရှိပါတယ်။ နောက်ဘုရားဝင်ပေါက်ကလဲ လေးဘက်လေးတန် ကြိုက်တဲ့ဘက်က ဝင်လို့ရပါတယ်။ အများအားဖြင့်ကတော့ အရှေ့ဘက်အပေါက်က အဝင်များပါတယ်။ ဒီဘုရားကလဲ ကျနော်ဘဝနဲ့သွယ်ဝိုက်သောနည်းအားဖြင့်ပါတ်သက်ပါတယ်။ ကျနော်အမေက ဒီဘုရားပွဲကို နွားလှည်းနဲ့အသွား ပဲတွေများပြီးနောက်ကထို်င်အလိုက်။ ကျနော့်အဖေက လိုက်ပြီး ရော။ ဒါနဲ့ဘဲကျနော်ကိုပေါက်ဖြစ်လာတာပေါ့။ တက္ကသိုလ်ကျောင်းသားဘဝမှာ သူငယ်ချင်းတွေနဲ့ဒီဘုရားကိုအတူလာ မဒမ်ပေါက်ဖြစ်လာမယ့်သူကလေးလဲပါသပေါ့။ စက်ဘီးတွေနဲ့ ဘုရားကအပြန် နန်းရှေ့တံခါးရောက်မှ ပိုက်ဆံအိတ်မေ့ကျန်ခဲ့တယ်ဆိုလို့ပြန်သွားကြည့်တော့ မရှိတော့ပါဘူး။     […]


                    “မဟာသကျ မာရဇိန်{ခ}ကျောက်တော်ကြီး(အတွင်းကဆင်းတုတော်)”   (ကျောက်တော်ကြီးဘုရားက များအံ့လောက်ပေသည် စမ်းကျတဲ့ရေအလျှင်ရွှေကျင်နန်းက ရတနာပုံမြန်းကြွတဲ့ လပုဏ္ဏမီ)လို့ နန်းတော်ရှေ့ဆရာတင်က ရေးဖွဲ့ခဲ့ဘူးပါတယ်။ “မြန်မာဂုဏ်ရည်”လို့အမည်ရတဲ့သီချင်းမှာပါ။ ဒီဘုရားကို မင်းတုန်းမင်း တည်ခဲ့ပါတယ်။ နေရာကတော့ မန်းလေးနန်းတော်ရဲ့မြောက်ဘက် မန်းလေးတောင်ခြေရင်းမှာရှိပါတယ်။ ရတနာပုံမန်းလေးရွှေမြို့တော်ရဲ့မြောက်ဘက် စကျင်တောင် ကနေတူးဖော်ရရှိတဲ့ ကြီးမားတဲ့စကျင်ကျောက်တုံးကြီးကနေ ထုလုပ်ထားတဲ့ဆင်းတုတော်ကြီးပါဘဲ။ 5 မြောက်ဘက်ခြမ်းက ဖူးမျှော်ရတာပါ     အခုခေတ်လိုယာဉ်ကား စက်ကရိယာပေါများ နည်းပညာတွေကြွယ်ဝတဲ့ခေတ်မှာတော့ ဒီဆင်းတုတော်လောက်တော့ ဘာဆန်းလဲလို့ မေးရင်ရပါတယ်။ နည်းပညာမတိုးတက် လူနဲ့လက်ကိုသာအားကိုးလို့ဆောင်ရွက်ရတဲ့ခေတ်မှာတော့ ဟိုးအဝေးကြီးကနေ ဒီလောက်ကြီးတဲ့ ဆင်းတုကို အရောက်သယ်နို်င်ထုဆစ်နိုင်တာက တော့ အံ့ဘွယ်တစ်ပါးပါဘဲ။ ဘွဲ့တော်အရင်းကတော့” မဟာသကျ မာရဇိန်”ဒါပေမယ့် ကျောက်တုံးကြီးတစ်တုံးထဲက နေထုဆစ်ထားတော့ အရပ်အခေါ် “ကျောက်တော်ကြီး” မန္တလေးမြို့ဂုဏ်ဆောင် ဘုရားတစ်ဆူလို့သတ်မှတ်ရင်ရပါတယ်။ ကျနော်ဒီဘုရားကို အကြိမ်ပေါင်းများစွာရောက်ဘူးပါတယ်။ ဒီတစ်ခါတော့ ဆင်းတုတော်ကို […]


“ဆိုင်ရှင်ရှိ၏မရှိ၏ တန်ဘိုးထား၏ မထား၏” ပြီးခဲ့တဲ့ လေးရက်လောက်က ကိုဇော်အေးနဲ့ကျနော် လက်ဖက်ရည်ဆိုင်ထို်င်ရင်းစကားတွေပြောဖြစ်ကြပါတယ်။ အားနေလို့ပြောတာကတော့ တောရောက်တောင်ရောက် ဗျသနပေါင်းစုံပေါ့။ ကျနော်တို့စကားပြောနေတုန်းအသက်သုံးဆယ်ပါတ်ဝန်းကျင်လောက်ဘဲရှိတဲ့လူငယ်လေး တစ်ယောက် ကကိုဇော်အေးကို လာနုတ်ဆက်ပါတယ်။ ထုံးစံအတိုင်းအရောင်းအဝယ်ကောင်းလားဘာလားမေးတော့ အဲဒီကောင်လေးက “အရင်လောက်မဟုတ်ဘူးအကို”လို့ပြန်ဖြေပါတယ်။ “အကိုလဲ ကျနော်ဆို်င်ဘက်ကို မလာတာကြာပြီနော်”လို့ပြောတော့ ကိုဇော်အေးက “ငါလာတော့ လဲ မင်းက ဆိုင်မှာမှမရှိတာ။ဆိုင်လဲကပ်အုံးဟ တစ်ချို့က မင်းနဲ့မှညှပ်ချင်တာကွ”လို့ကိုဇော်အေးက ပြန်ပြောလိုက်ပါတယ်။ အဲဒီကောင်လေးထွက်သွားမှ ကိုဇော်အေးက “အဲဒီကောင်က တော်တယ်ဗျ ဒါပေမယ့်ရေလိုက်လွဲနေတာ”ကအစချီလို့ ကောင်လေးအကြောင်းပြောပြပါတယ်။ “သူ့နာမည်အရင်းတော့မသိဘူးဗျ။ ကျနော်တို့ကတော့ သူ့ကို “အာကြီး”လို့ဘဲခေါ်လိုက်တာကြတာဘဲဗျာ။ သူက အာဆင်နယ်ပရိတ်သတ်စစ်စစ်လေ။ သူ့ကဆံပင်အလှပြုပြင်ရေးလုပ်တာ။ သူနဲ့ကျနော်သိကြတာတော့ဆယ်နှစ်ကျော်ကျော်လောက်တော့ ရှိမယ်ထင်တယ်။ အဲဒီတုန်းက ကျနော်ကလဲမြောက်ပြင်မှာနေတာ။ သူကလဲ ရွာကနေမြို့ရောက်ခါစ။ အဲဒီတုန်းက ဒီကောင်လေးအသက်နှစ်ဆယ် နီးပါးလောက်ရှိပြီထင်တာဘဲ။ ကျနော်ဆံပင်ညှပ်နေကျဆိုင်မှာ “အာကြီး” က ပညာသင်လေးပေါ့။ ဒီကောင် […]


“တူသောနေရာ မတူသောရာသီ တူသောသစ်ပင် မတူသောအမြင်” (အပိုင်းနှစ်) “တူသောနေရာ မတူသောရာသီ တူသောသစ်ပင် မတူသောအမြင်” (အပိုင်းနှစ်) နေ့စဉ် ကျနော်လမ်းလျှောက်တဲ့လမ်းမှာ ဒီထန်းပင်လေးကရှိနေပါတယ်။ အဲတော့ကြုံတိုင်းသတိရတိုင်းခလုပ်နှိပ်လို့လက်ဆော့ဖြစ်နေမိပါတယ်။ ရိုက်ဖြစ်ပြန်ရင်လဲ စက္ကန့်မိနစ်လောက်သာခြားပြီး တစ်နေရာထဲကို ထပ်ခါထပ်ခါရိုက်မိပါတယ်။ အဲတော့ နည်းနည်းလေးဘဲ ကွဲပြားတော့ တူသလိုလို မတူသလိုလို။ ဒါပေမယ့်သေချာကြည့်တော့ မှာ မတူခြားနားတဲ့အလှလေးတွေကို မြင်ရပါတယ်။ နောက်ကျနော်ရိုက်ထားတဲ့ပုံလေးတွေက အရပ်သဘောနဲ့လူပြိန်းကြည့်ကြည့်ရင် တော့လှနေမှာပါ။ ကျနော်ကလဲလက်ဆော့ထားတာကိုးဗျ။ အဲတော့ တတ်သိတဲ့ပညာရှင်များက ကျနော်လိုအပ်ချက်တွေကို အားမနာတမ်းထောက်ပြစေချင်ပါတယ်။ ဒါက တကယ့် စိတ်ရင်းအမှန်နဲ့ပြောပြတာပါ။ ပိုလှတဲ့ ပိုသေသပ်တဲ့ ပိုပြီးကောင်းမွန်တဲ့ပုံလေးတွေ ကျနော်ရိုက်တတ်လာအောင် ဝိုင်းကူညီပေးစေလိုပါတယ်။           အမှတ်စဉ်တစ်ကနေ 24ထိက (3-12-2011)နေ့ မနက်စောစောရယ် နေ့လည်ပိုင်းရယ်မှာရို်က်တဲ့ပုံ။ အမှတ်စဉ် 25ကနေ […]


“တူသောနေရာ မတူသောရာသီ တူသောသစ်ပင် မတူသောအမြင်” (အပိုင်းတစ်)     ဒါကတော့ ဩဂုတ်လ မိုးတိမ်တွေနဲ့ မှောင်နေတဲ့ရက်မှာရိုက်ထားတာပါ။     ဒီပုံလေးက လဲ ဒီနေရာလေး ဒီအပင်လေးကို မတူတဲ့အချိန်မှာမြင်ရပုံပါဘဲ     ကျနော်ကဓါတ်ပုံဝါသနာပါသူ သက်သက်ပါဘဲ။ အရင်ကတော့ ဓါတ်ပုံတစ်ပုံဖြစ်လာဘို့ အဆင့်အတော်များများကိုဖြတ်သန်း ငွေလဲအတော်လေးကုန်ပြီဆိုမှကိုယ်ရို်က်ထားတဲ့ပုံလေးကို မြင်ခွင့်ရပါတယ်။ အဲတော့ ဝါသနာနောက်ကိုလိုက်ဘို့ငွေမသုံးနိုင်တော့ ဝါသနာပါတာတင်မှာရပ်ထားလိုက်ပါတယ်။   အခုဒစ်ဂျစ်တယ်ခေတ်မှာတော့ ခုရိုက် မင်မိုရီကပ်ထဲသိမ်း။ ကွန်ပြူတာထဲမှာဖွင့်ကြည့်။ မကြိုက်ရင်ဖျက်။ ကြိုက်ရင်တင်။ ဒါပေမယ်နေ့ရာတစ်ရောက်ရင် တစ်ဖျပ်ဖျပ်နဲ့ ခလုပ်တွေနှိပ်လာတဲ့ ပုံလေးတွေကို မဖျက်ရက်ပြန်ပါဘူး။ အဲလိုချန်ထားတဲ့ပုံတွေကို အခုပြန်စုတင်ပေးလိုက်ပါတယ်။ ဒီနေရာ ဒီပုံကိုဘဲ နောက်ထပ် ထပ်တင်ပါအုံးမယ်။   ကိုပေါက်ရဲ့ စနက်ရှော့ မဟုတ်တဲ့လက်ဆော့။ (3-12-2011)


 “စွယ်တော်အတွက်ဆင်တော်” ဒီနေ့မနက် မဒမ်ပေါက်ကို ကျောက်တော်ကြီးဘုရားလိုက်ပို့ပါတယ်။ ကျောက်တော်ကြီးကအပြန် ကုသိုလ်တော်ဘုရားဘက်ကနေပါတ်ပြန်ခဲ့ပါတယ်။ ကုသိုလ်တော်ဘုရားအနောက်ဘက်ပေါက်ကနေဝင်လာပါတယ်။ ဘုရားထဲဝင်ခါနီးလေးမှာ ဆင်တွေကို ဆွဲလာတာတွေ့လိုက်ရပါတယ်။ လာမယ့် (8)ရက်နေ့စွယ်တော်ကြွလာတဲ့အခါ ပင့်ဆောင့်မယ့်ဆင်တွေပါတဲ့။ ဆင်နှစ်ကောင ်တိုက်တိုက်ဆိုင်မြင်ရတာမို့ တင်ပေးလိုက်ပါတယ်။   ကိုပေါက်ရဲ့စနက်ရှေ့ာမဟုတ်တဲ့လက်ဆော့ (3-12-20111) 1 ဆင်တွေကုသိုလ်တော်ဘုရား အနောက်ပေါက်ဘက်ကိုထွက်လာတာပါ။


“ကျနော်လဲ တစ်နေ့ ဒီလိုဘဲ………………………….” (3-12-2011)နေ့ ကျနော့်အလုပ်က ကလေးမလေးရဲ့ဖခင်ဆုံးတော့ နာရေးလိုက်ပို့ပါတယ်။ မန်းလေးတောင်အရှေ့ဘက်ကြာနီကန်ကိုသွားပို့တာပါ။ ကြာနီကန်ကိုသွားရတဲ့လမ်းလေးက တစ်လမ်းထည်းရှိတာပါ။ လမ်းလေးက ကျဉ်းကျဉ်းလေး။ နာရေးအခုမှသွားပို့တဲ့ကားရော ပို့ပြီးပြန်လာတဲ့ကားပါရှုပ်ယှက်ခပ်။   လမ်းဘေးမှာတော့ ကလေးတွေက တန်းစီလို့နာရေးမှာကမ်းတဲ့ဆပ်ပြာမူန့်တို့ ရေသန့်တို့ကို ပစ်ချပေးဘို့တောင်းနေကြတာ တစ်လမ်းလုံး။ စိတ်ပျက်စရာ ဘယ်သူစလိုက်တဲ့ အဆင်မှန်းတော့ မသိဘူး။   ဒီနေ့မှ မီးသဂြိုလ်တဲ့နေရာကို ဝင်တဲ့လမ်းက ပျက်နေတော့ အသွားရောအပြန်ရောတစ်လမ်းထဲဆိုတော့လမ်းတွေပိတ်။ ပိုဆိုးတာက နာမူ့တစ်ခုကဒီမှာတင်သရဏဂုံတင်တော့ သူတို့နဲ့ပါလာတဲ့ကားတွေရပ်ထားတော့ ပိုဆိုးသွားပါတယ်၊ အဲတော့ ခါတိုင်းလိုမဟုတ်ဘဲ သချိုင်းကိုကျော်ပြီး အဝေးကြီးမှာကားသွားရပ်။ နောက်မှလမ်းလျောက်ပြီးပြန်လာရပါတယ်။ ခါတိုင်းဆို မီးသဂြိုလ်တဲ့နေရာတင်လှည့်ပြန်။ အခုတစ်ခါမှ သူ့အရှေ့ဘက်ကိုရောက်တော့ ဒီနေရာမှာ မီးသဂြိုလ်စရာနေရာရှိမှန်းတောင်မသိခဲ့ပါဘူး။ ဒီမြင်ကွင်းလေးလိုကြည့် လို့ တစ်နေ့နေ့ မှာ ကျနော်လည်း ဒီလို……………………………….   ကိုပေါက်လက်ဆောင် အတွေးပါးပါးလေး […]


“နေရာအနှံ့က ထန်းရိပ်ညိုကို ပြန်လည်ဖော်ထုတ်ခြင်း” ဟိုတစ်လောက ကျောက်ဆည်ဘက်ကိုရောက်တော့ ရှင်ပင်ဆပ်သွားကိုဆက်ဝင်ဖြစ်ပါတယ်။ လမ်းဘေးဝဲယာမှာ ရင့်မှည့်စပြုနေတဲ့ကောက်ပင်တွေ မြင်တော့ ဆင်းပြီးဓါတ်ပုံရိုက်ပါတယ်။ နောက်မှမြင်မိတာကတော့ အဝေးကထန်းပင်အုပ်စု။ လယ်ကွင်းအဝါရောင် စိမ်းညို့မှောင်ထန်းပင် သဘာဝရဲ့အလှတွေပါဘဲ။ အဲဒီထန်းပင်တွေမြင်တော့ နေရာအနှံ့မှာတွေ့ဘူးတဲ့ ကိုယ်လက်ဆော့ခဲ့ဘူးတဲ့ ထန်းပင်လေးတွေကိုသတိမိတော့ပြန်ရှာမိပါတယ်။ ကျောက်ဆည်ကအပြန် မြစ်ငယ်တံတားကိုဖြတ်ရပြန်ပါတယ်။ မြစ်ငယ်တံတားအနောက်ဘက်ဓါတ်ဆီဆိုင်အလွန်မှာစစ်ကိုင်း တံတားဦးဘက်ကိုသွားတဲ့ လမ်းအသစ်လေးရှိပါတယ်။ တစ်ရက် အဲဒီလမ်းကပြန်လာတာကိုအမှတ်ရမိပါတယ်။ အဲဒိလမ်းဘေးကလယ်ကွင်းတွေထဲမှာထန်းပင်တွေရှိတယ်။ အဲဒီလမ်းတစ်နေရာရောက်ရင် စစ်ကိုင်းတံတားအသစ်က ကုန်းကြီးတွေကို မြင်ရတဲ့နေရာ လေးရှိပါတယ်။ စစ်ကိုင်းဘက်ရွှေကြက်ကျဘုရားကိုလဲမြင်နိုင်ပါတယ်။ ကြုံရင်ဝင်ကြည့်စေချင်ပါတယ်။ ကျနော်တို့မန်းလေးကျုံးပါတ်ပါတ်လည်မှာဆိုရင်လဲနန်းမြို့ရိုးပေါ်မှာထန်းပင်တွေရှိပါတယ်။ အနောက်ဘက်ကျုံးမှာလဲရှိသလို တောင်ဘက်ကျုံးမှာလဲရှိပါတယ်။ ဒီထန်းပင်တွေက နန်းတွင်း အတွင်းဘက်မြို့ရိုးပေါ်မှာပေါက်နေပြီး ကျနော်ထက်အသက်ကြီးပါတယ်။. ကျနော်ကလေးဘဝမှာဒီအပင်တွေက အရွယ်ရောက်နေပါပြီ။ ထန်းပင်ပုံတွေစုပြီးတင်မယ်လို့စဉ်းစားလိုက်တော့ြပြီးခဲ့တဲ့ဇွန်လတုံးကပြင်ဦးလွင်သွားတဲ့လမ်း အုန်းချောကအပြန်မှာ စိမ်းမြနေတဲ့လယ်ကွင်းတွေကြားထဲမှာ အထီးကျန်သလိုမတ်မတ်ကြီးရပ်နေတဲ့ထန်းပင်ကြီးကိုသွားသတိရမိပါတယ်။                                                            သူ့နောက်ဘက်မှာတော့ ဘော်ငွေရောင်တိမ်တိုက်ကြီးကလဲရှိနေပြန်ပါတယ်။                                                                                                                                                                           ဒီထန်းပင်လေးက မေမြို့ပန်းဈေးတန်းနဲ့သိပ်မနီးမဝေးနေရာလေး အတက်လမ်းဘက်မှာရှိတာပါ။   လူ့စိတ်ဆိုတာက အခက်သားလားဗျာ။ […]


“ထန်းရိပ်ညိုညို (ကျောက်တော် တောင်သမန် အဝေးလှမ်းတော့ ဆားတောင်) မြန်မာပြည်အထက်ပိုင်းနေရာတော်တော်များများမှာ ကျနော်မြင်ဘူးတာတော့ ထန်းပင်လေးတွေပါဘဲ။ တစ်ချို့က တစ်ပင်တည်း တစ်ချို့ကအုပ်စုလိုက် တစ်ချိုက သုံးလေးပင်တွဲ။ ထန်းရွက်ကစိမ်းစိမ်း ပင်စည်က မဲမဲ ဒါပေမယ့်ကျနော်တို့ကတော့ ထန်းရိပ်ညိုညိုလို့ပဲ အမည်ပေးလိုက်ကြပါတယ်။ နန်းတော်ရှေ့ဆရာတင်ရဲ့ လက်ရေတပြည်တည်း သီချင်းမှာပါတဲ့ “ ထန်းပင်ထန်းလက် ထန်းရွက်တွေက အသွယ်သွယ်မောင်ရယ် မြရင်တို့ရွာ ရိုးရာဇာတိနွယ် “ လို့ရေးဖွဲ့ခဲ့သလို၊ ရှေးစာဆိုရှင်ကြီး ဝန်ကြီးပဒေသရာဇာရဲ့ “ထန်းတက်သမား “ကဗျာကနေ အဆိုတော်ကိုမင်းနောင်သီဆို လိုက်တော့ အင်မတန်ကျော်ကြားတဲ့ သီချင်းဖြစ်သွားခဲ့ပြန်ပါတယ်။ “နွေဦးကာလ မြူထသောအခါ ယင်းထောင်ယင်းဆွဲ ဆောင်မြဲအိုးလွယ်ကာ” ဆိုတဲ့ကဗျာလေးကို ကျနော်တို့ဆယ်တန်းကျောင်းသားမှာ သင်ကြားရတော့ ထန်းပင်ဆိုတာလေးက  အတွေးထဲမှာ ရောက်နေခဲ့ပြန်ပါလေရော။ေ     1 ရေတံခွန်တောင်ကိုသွားတဲ့လမ်း အောင်ပင်လယ်မှာ တွေ့ရတဲ့ထန်းပင်စုစု ကျနော်ပြီးခဲ့တဲ့သင်္ကြန်တွင်းညနေစောင်းမှာ […]