“မန္တလေးက အိမ် တံဆိပ်ကပ်တဲ့အိမ် ဒါပေမယ့်ရှေးရှေးကအိမ်” ကျနော်တို့မန်းလေးမှာ အိမ်တွေကို ညွှန်းရင်  အိမ်နံပါတ်ကိုပြောတာထက် ထူးခြားထင်ရှားတဲ့သင်္ကေတလေးတွေနဲ့နံမယ်ပေးလေးရှိကြပါတယ်။ အဲဒီအိမ်လေးတွေရဲ့ထူးခြားတဲ့သင်္ကေတလေးတွေကလဲ အများခေါ်စရာနာမယ်လေးတွေ၊ ဒါမဟုတ်ဘတ်စကားမှတ်တိုင်နာမယ်လေးတွေဖြစ်သွားပါတယ်။ ဥပမာပြောရရင် 78လမ်း တောင်ဘက် မြို့အထွက် အခုကမ္ဘောဇဘဏ်ရှိတဲ့အကွေ့လေးကို “ခင်စောမူကွေ့”လို့ခေါ်ပါတယ်။ အဲဒီနားမှာ ခင်စောမူဆီစက်ရှိလို့ပါ။ နောက်တမ္ပဝတီနားရောက်ရင် ဘိုဆန်ဆန်အိ်မ်လေးရှိတဲ့နေရာလေးကို “ဘိုအိမ်” အစရှိသဖြင့်နာမယ်ပေးကြပါတယ်။ နောက်ထူးခြားတာက အိမ်တွေမှာ အမှတ်တံဆိပ်ကပ်ကြတာပါဘဲ။ (ဒေါင်းတိုက်) ပထမဆုံးတွေ့ရတဲ့ပုံလေးကတော့ 1967ခုနှစ်ကဆောက်ထားတဲ့ “ဒေါင်းတိုက်”လို့အမည်ပေးထားတဲ့အိ်မ်လေးပါ။ 25လမ်းနဲ့83လမ်းဒေါင့်မှာ လှပတဲ့ ဒီဇိုင်းပုံစံဆန်းဆန်းလေးနဲ့အိမ်လေးပါ။ အဲဒီအဆောက်အဦကြိးက အကြီးကြီးခန့်ခန့်ငြားငြား။ ဒီအထဲမှာ မိသားစုတွေအများကြီးနေထိုင်ကြပါတယ်။ အခုထိမပျက်မစီးရှိနေပါတယ်။     (ကာတစ်တိုက်) ဒီကာတစ်တိုက်ကတော့ အသိများပါတယ်။ 26ဘီလမ်းနဲ့83လမ်းဒေါင့်မှာရှိပါတယ်။ ဒီတိုက်က ဆေးရောင်းတဲ့တိုက်ဆိုတော့ ဆေးထောင်းတဲ့ငရုတ်ဆုံလေးကို သူတိုက်ဒေါင့်မှာချိတ်ထားပါတယ်။ အဲဒီခေတ်က မိန်းကလေးရဲ့တင်ပါးကို ဒီဆုံလေးနဲ့တင်စားပြီး “ကာတစ်”ဆိုတဲ့ဗန်းစကားလေးက တွင်ကျယ်ခဲ့ပါတယ်။ ဟိုတစ်လောက […]


“တိမ်းနွယ် ယိမ်းဖယ် စိမ်းလွယ်”(အပိုင်းလေး) (??????????????????????????)   “တင်ဇာနွယ်” “မင်းမင်း”ကိုစတွေ့တဲ့အချိန် ကတည်းက သူူကျမရင်ထဲကိုအလိုလိုရောက်သွားတာပါ။      ယောက်ျားတွေသာအလာများတဲ့ကျောက်ဝိုင်းမှာ အဖေနဲ့အတူ  ငယ်ငယ်ကတည်းက လုပ်ကိုင်စားသောက် လာခဲ့တဲ့ သူဆိုတော့လဲ ယောက်ျားဆိုတာလုပ်ဘော်ကိုင်ဘက်ထက်ပိုသဘောမထားတာလဲအမှန်ပါဘဲ။                     တစ်ခုတော့ ရှိပါတယ် ဘယ်သူကိုမှလဲအလုပ်သဘောထက်မပိုခဲ့သလို ဘယ်သူနဲ့မှလဲ နီးနီးကပ်ကပ်မနေခဲ့                       တဲ့အတွက် ကျမရဲ့ ရင်ခုန်သံလေးတွေမမြန်ခဲ့တာလဲဖြစ်နိုင်ပါတယ်။                                                                 တချို့သော ပါးစပ်ပေါ့တဲ့သူများက သွေးတိုးစမ်းချင်ပေမယ့် ကျမရဲ့မတင်းလွန်းမလျော့လွန်းတဲ့ဆက်ဆံရေး ကြောင့် သိပ်တော့လဲ လွန်လွန်ကဲကဲ မလုပ်ရဲကြပါဘူး။                                                                    မင်းမင်း နဲ့စတွေ့ချိန်မှာတော့ တည်ကြည်တဲ့သူစိတ်ဓါတ်လေးကို နှစ်သက်မိတာအမှန်ပါဘဲ။                                      ကျမထိခိုက်သွားတဲ့အချိန်မှာ သူ တယုတယပြုစုပေးခဲ့တာက ကျမရဲ့ငြိမ်သက်နေတဲ့နှလုံးသားကို ပုတ်နိုးလိုက်သလိုပါဘဲ။ ဖြစ်ချင်တော့ဒေါ်လေးရဲ့စီမံမူ့တွေကြောင့် မင်းမင်းနဲ့ ကျမပိုနီးစပ်ဘို့ သံယောဇဉ်တွေ တွယ်ညိဘို့ ဖြစ်လာပါတယ်။   အတူသွားအတူလာနေမိပြန်တော့ အခွင့်အရေးမယူတတ်တဲ့ အလိုက်သိလွန်းတဲ့ သူ့ကိုလေးစားချစ် ချစ်ရပြန်ပါတယ်။ သူနဲ့ကျမ မေတ္တာတရားနဲ့ဝေးတာချင်းတူပေမယ့် […]


                                    “အေးအေးငြိမ်းငြိမ်း”   တစ်ခါတစ်လေပျင်းတဲ့အခါ မေးခွန်လေးမေးကြည့်မိပါတယ်။ “ကျနော်တော်တို့ဘာလို့လူဖြစ်နေကြရတာလဲ”ဆိုတဲ့မေးခွန်းလေးပါ။ ဒီမေးခွန်းလေးက ခပ်ကြောင်ကြောင်နိုင်ပေမယ့် ကျနော်လို့ ဉာဏ်ပညာသိပ်မရှိတဲ့သာမန်လူအတွက်တော့ အဖြေကို မတွေ့ပါဘူး။ ကျနော်တို့နေစဉ်ကျင်လည်နေတဲ့လူဘဝကြီးမှာ လူတိုင်းလူတိုင်းမှာ ဆန့်ကျင့်ဘက်ခံစားမူ့တွေကို တစ်လှည့်စီရယူရင်း နောက်ဆုံး နှလုံးသွေးရပ် တဲ့အချိန်ကို ရောက်မှန်းမသိရောက်သွားပါတယ်။ ပျော်တယ်       စိတ်ညစ်တယ် လွမ်းတယ်       ကြည်နူးတယ် ပင်ပန်းတယ်     သက်သာတယ် ဆိုတဲ့ ဆန့်ကျင်ဘက်တွေနဲ့ဘဲ နပန်းလုံးရင်းပေါ့။ ၁-ဘာတွေများ ဒီလောက်စိတ်ဝင်စားနေပါလိမ့်နော်   ဆရာစိုင်းခမ်းလိတ်က ရေးပြးီ ဘိုထီးဆိုခဲ့ပါတယ်။ ပျောက်ဆုံးသောနိဗ္ဗာန်ပါတဲ့။ လွမ်းစရာကောင်းလိုက်တဲ့သီချင်းလေး။ “ငယ်စဉ်က ကလေးတို့ဘဝမှာ ပျော်ပါးဘို့ရာ လွယ်ပါတယ်တဲ့” ဒီသီချင်းကို လွှမ်းမိုးက ဟော်လိုဂစ်တာလေးတီးပြီးဆိုတော့လဲ ကောင်းပြန်တာပါဘဲ။ အဲတော့ စိတ်ညစ်တိုင်း မပြေလည်တိုင်း ကလေးဘဝလေးကို ပြန်သတိရမိတယ်။ အဲတော့ ကလေးတွေကို သတိထားမိတိုင်း […]


“တိမ်းနွယ် ယိမ်းဖယ် စိမ်းလွယ်”(အပိုင်းသုံး) (စိမ်းလွယ်……………….) “ကဲအခုဘယ်လိုလုပ်မလဲ……………………………”တဲ့ “မောင်ရယ် ……….နင် မေးတတ်လိုက်တာနော် “လို့ဘဲပြောချင်ပါတယ်။ သူနဲ့အတူနေနိုင်ဘို့အတွက်ကျမဘက်ကကြိုးစားခဲ့၊ မလိုချင်တဲ့ဘဝကြီးထဲမှာ နှစ်မြုှပ်ပြီး ပေးဆပ်ခဲ့တဲ့အချိန်တွေ ရင်းနှီးခဲ့ရတာတွေအတွက် ကျမရလာတဲ့ရလာဒ်က”ဒီမေးခွန်းလေးလားဘဲ မောင်” လို့ သူ့ရင်ကို ထုထုပြီးမေးလိုက်ချင်ပါတယ်။ “မောင်”နဲ့ဝေးနေချိန်တုန်းက အခက်အခဲတွေ စိတ်ညစ်စရာတွေကြုံချိန်မှာစိတ်ဓါတ်တွေလဲပြို မသွားအောင် “မောင်နဲ့အတူလက်တွဲနိုင်ဘို့အတွက်”လို့အားတင်းပြီးရှေ့ဆက်ရတာတွေ၊ “မောင်နဲ့အတူနေကြတဲ့အခါ”ဆိုပြီးတွေးတွေးပြီးပျော်ခဲ့ရတာတွေ၊ သူ့ဆီက ဒီစကားလဲကြားရောကျမစိတ်ကူးအိပ်မက်တွေတစ်စစီ ပြိုကွဲသွားသလိုပါဘဲ။ ပြောရမယ်ဆိုရင်တော့အရှည်ကြီး။ ဟိုလွန်ခဲ့တဲ့လေးနှစ်ကလောက်ဘဲဆိုကြပါစို့။ ကျမတို့အရင်နေခဲ့တဲ့ ၃၂လမ်း မလွန်ကြက်သွန်တန်း ဘက်ကနေ မောင်တို့ နေတဲ့ နန်းတော်ရာကွက်သစ်ဘက်ကို ကျမတို့ပြောင်းလာခဲ့ပါတယ်။ မောင်တို့ကတော့ ကျမတို့အရင်ရောက်နှင့်နေခဲ့သူပေါ့။ ကျမတို့အဖိုးအဖွားတွေလက်ထက်က ဘိုးဘွားအမွေဆိုပြီးချန်ထားခဲ့တဲ့ မြို့လည်ခေါင်က မြေကွက်ကို သူ့သားသမီးတွေလက်ထက်မှာဆက်မထိမ်းသိမ်းနိုင်။ အဲတော့ မြို့ခံနဲ့ နယ်ကလာတဲ့ ဧည့်သည် ပိုင်ဆိုင်တဲ့မြေနေရာကို လူချင်းချိန်းကြတဲ့ ဇာတ်လမ်းတွေထဲမှာ ကျမတို့ ဆွေမျုးိစုကြီးလဲ အပါအဝင်ပေါ့။ […]


“ထမီချွတ်၏ မချွတ်၏” ပြီးခဲ့တဲ့ဥပုဒ်နေ့က ကျနော်တို့ ကြီးမိုက်ကြီးတွေ လက်ဖက်ရည်ဆိုင်မှာဆုံကြတော့ ဟိုရောက်ဒီရောက်ပေါက်တတ်ကရပြောကြတာပေါ့ဗျာ။ အဲဒီကနေသီချင်းအကြောင်းရောက်သွားပြန်ပါတယ်။ ရှေးက သီချင်းရေဆရာကြီးတွေရဲ့စာသားတွေက ဒီနေ့ထိခေတ်မှီတဲ့နေအကြောင်း လေးနက်တဲ့စာသားတွေကိုသေသေချာချာခံစားပြီးရေးကြတဲ့အကြောင်းတွေပြောရင်းကနေ ပြည်လှဖေဆိုထားတဲ့  “ဇွဲ”သီချင်းအကြောင်းရောက်သွားပါတယ်။ အဲဒီအထဲက မခံချင်စရာကောင်းတဲ့စာသားလေးပါ ပါတယ်။ “ဆော်ဒါလင်မနစ်ရည် ဖောက်လိုက်ရင်မြည်သတဲ့ ဘာသာခြားနဲ့ကုလားကဆိုပြန်သည်” စာသားလေးပါဘဲ။ ကျနော်တို့မြန်မာတွေက ဘုန်းတန်ခိုးတို့ဘာတိုကို ပြောတတ်တာကိုးဗျ။ အဲတော့ မြန်မာမင်းတွေမှာ ဘုန်း ရှိတယ်လို့ပြောတော့ အဲဒါကို အင်္ဂလိပ်တွေက နှိမ့်ချတဲ့အနေနဲ့ဘုန်း ဆိုတာ ဘိလပ်ရည်ပုလင်းဝထိပ်က ဖန်သီးလေးကို ဖောက်ထုတ်လိုက်ရင် ဖုန်း ဆိုမြည်တာနဲ့အတူတူဘဲလို့ နှိမ်ပြီး ပြောလိုက်တာပါ။ အဲဒီ ဖုန်းကနဲမြည်တဲ့အသံအကြောင်းကိုပြောရင်းကနေယောက်ျားတို့ ဘုန်းအကြောင်းရောက်သွားပါတယ်။ ယောကျာ်းတို့ ဘုန်းလက်ရုံး လိုပပေါ့လေ။ အဲဒီမှာ ဘုန်းနိမ့်တဲ့အကြောင်းကိုရောက်သွားပြန်ရော။ အကျီတန်းအောက်ဝင်ရင် ဘုန်းနိမ့်တယ်။ ညာဘက်လက်ရုံးကို မိန်းမခေါင်းအုံးအိပ်လိုက်ရင်ဘုန်းနိမ့်တယ်။ မိန်းမထမီလို့ ဟာမျိုးအောက်ရောက်ရင် ဘုန်းနိမ့်တယ်လို့ တစ်ယောက်ကတင်ပြလာပါတယ်။ […]


ဒီဘုရားပုရဝုဏ်ကအတော်လေးကျယ်ပြန့်ပါတယ်။ ကျနော်ရောက်တဲ့နေ့ကနေလဲသာဆိုတော့ ကောင်းကင်ကြီးကပြာပြာ စေတီတော်ရွှေရောင်ဝင်းဝင်းအင်မတန်ကိုလှပပါတယ်။ ပုရဝုဏ်ကနေအရှေ့ဘက်ကိုကြည့်လိုက်တော့ စိမ်းစိုတဲ့လယ်ကွင်းတွေနဲ့သစ်တောအုပ်အုပ် ကမြင်သူမျက်စေ့အေးစရာ။     ဘုရားတောင်ဘက်ခြမ်းမှာတော့ ခြေတော်ရာ။ ပိုသဘောကျမိတာကတော့ သစ်တစ်လုံးထဲကိုဖြတ်ထားတဲ့ ခြေတော်ရာကိုတင်ထားတဲ့ခုံကြီးကိုပါဘဲ။     ဒီဘုရားကိုထီးတော်အသစ်ပြန်တင်ထားတာ သိပ်မကြာသေးဘူးလို့ပြောပါတယ်။ ဘုရားပြိုပျက်သွားတုန်းက ရလာတဲ့ဌာပနာပစ္စည်းတွေကို စေတီတော်ထဲပြန်ထည့်မယ်ဆိုပြီး စေတီတော်ဖောင်းရစ်လောက်မှာဖောက်လိုက်တာ အထဲမှာ ထီးတော်တွေ့လို့ ဆက်မဖောက်တော့ဘူးလို့ ဘုရားထဲကလူတစ်ယောက်ကပြောပြပါတယ်။ ဟုတ်ပါ့ သေချာကြည့်မှာစေတီတော်မှာလေးထောင့်အကွက်ကလေး တွေ့လိုက်ရပါတယ်။   ဒီဘုရားမှာတော့ နေရာတော်တော်များများကပြန်ပြင်ထားတာကိုတွေ့ရပါတယ်။ ဘုရားပါတ်ပါတ်လည်မှာလည်းဇရပ်အကြီးကြီးတွေ တွေ့ရပါတယ်။ ဘုရားတောင်ဘက်ခြမ်းမှာတော့ ကျောက်စာတစ်ချပ်တွေ့တော့ ရသလောက် မှတ်တမ်းတင်မိပါတယ်။ သူ့အနောက်ဘက်မှာတော့ ဂူလေးတစ်ခု။ အထဲဝင်ပြီး အပေါက်သေးသေးလေးရှိတဲ့ဘက်လှမ်းကြည့်တော့ ဟိုဘက်မှာတော့ အဆင့်ဆင့်ဆင်းတုတော်။ နောက်တစ်ဖက်ကိုဝင်ကြည့်တော့ ကျောက်ဆင်းတုအသေးလေးတစ်ဆူ။ မြောက်ဘက်ခြမ်းမှတော့ ရွှေချထားတဲ့ဆင်းတုတော်။       (11 စေတီတော်ရဲ့အောက်ထဲမှာရှိတဲ့ ရှေးလက်ရာ ဆင်းတုအသေးလေး) […]


“ဌာပနာတော်များ” ဘုရားအရှေ့မှာရှိတဲ့အဆောက်အဦထဲကိုဝင်လိုက်တော့ မြောက်ဘက်ခြမ်းကမှန်ကောင်တာထဲမှာ ပစ္စည်းအတော်များများထည့်ထားတာတွေကိုတွေ့ရပါတယ်။ အလုံပိတ်ကာထားတာတွေကိုဖွင့်လိုက်တော့ ဒီဌာပနာထားတဲ့ပစ္စည်းတွေကို တွေ့ရတာပါ။ အရှေ့ဆုံးကောင်တာမှာတော့ အဦးဆုံးမြင်ရတဲ့ဘုရားကိုတည်ခဲ့သူ ရသေ့ကြီးဦးခန္တီ(မန်းလေးတောင်ကိုပြုပြင်စောင့်ရှောက်ခဲ့သူ)လှူဒါန်းထားတဲ့ ရေတကောင်းတွေ သပိတ်တွေကိုတွေ့ရပါတယ်။ တကယ့်ရှေးဟောင်းလက်ရာဆိုတော့ တန်ဘိုးရှိလှပါတယ်။ (ပိဿချိန်ဈေးနဲ့တွက်ပြီး အကဲဖြတ်လို့တော့ မရပါဘူး။) ် ဌာပနာတော် အဲဒီမှန်ကောင်တာထဲမှာတော့ ပစ္စည်းအစုံကိုတွေ့လိုက်ရပါတယ်။ လူတစ်ယောက်ကတော့ မှန်ကောင်တာကိုမီးထုးိပြီးလာရှင်းပြပါတယ်။ ဒါပေမယ့် ကျနော်က ဓါတ်ပုံတွေဘဲအသဲအသန်ရိုက်နေတော့ နားထဲမရောက်။ ဖန်ကြုပ်လေးနဲ့ထည့်ထားတဲ့လက်ဝတ်ရတာနာလေးတွေကိုတွေ့လို့မေးကြည့် တော့ အနော်ရထာမင်းတရားလှူထားတယ်လို့ ယူဆရပါတယ်လို့ ဖြေပါတယ်။   ဒီမှန်ကောင်တာထဲမှာ ကျိုးပျက်နေတဲ့ဆင်းတုတော်တွေလဲအများကြီးပါ။ သိမ်းဆည်းလို့ရသမျှကို ပြန်လည်စုဆောင်းထားတာဖြစ်ပါတယ်။   ဘုရားနံရံ အနောက်ဘက်တန်းမှာတော့ ဆင်းတုတော်တွေကို ဖူးမြင်ရပါတယ်။ တစ်ဆူကတော့ ထူးခြားတာလေးကတော့သွားဖြီးပြနေတဲ့အရုပ် ကြီးတစ်ခုထဲမှာ ဘုရားပုံတော်ထည့်ထားတာပါဘဲ။ ဘုရားဆင်းတုတော်တွေအများကြီးတန်းစီထားပါတယ်။ မှန်ဘီးလူးထဲမှာထည့်ပြီး ထောင်ပြထားတဲ့အထဲမှာတော့ လက်စွပ်လို ဆွဲကြိုးလိုပစ္စည်းတွေ တွေရပါတယ်။ သစ်သားနဲ့ထွင်းထုထားတဲ့အရုပ်တွေက တစ်ပိုင်းတစစီ။ ဘယ်လိုဘဲပြောပြော […]


“အဆင့်ဆင့် အထပ်ထပ်” (ကိုစိန်သော့ရဲ့နောက်ကလိုက်ခြင်း………….အပိုင်း၂) ဝင်ဝင်ခြင်းတွေ့ရတဲ့ဆင်းတုကြီးအောက်ကနေကြည့်လိုက်တဲ့အခါ အထဲမှာစေတီတော်ကိုမြင်ရပါတယ်။ အထပ်ထပ်ငုံတည်ထားတဲ့ဘုရားဖြစ်ပါတယ်။ အခုအတွင်းထဲမှာမြင်ရတဲ့ဘုရားကို အရင်က အခုလိုမတွေ့ခဲ့ရပါဘူး။ ဒီဘုရားပလ္လင်တော်နဲ့ကွယ်ထားတာဖြစ်ပါတယ်။ တစ်ရက်ဘုရားသန့်ရှင်းရေးလုပ်ရင်း ဆင်းတုနောက်ဘက်ကနေ လင်းနို့တစ်ကောင်ထွက်လာတာကိုမြင်ကြရပါသတဲ့။ အဲဒါနဲ့လင်းနို့ထွက်တဲ့အပေါက်ကနေ ချောင်းကြည့်တော့ အခုမြင်ရတဲ့ ဓါတ်ပုံထဲကစေတီတော်ကိုမြင်ရပါတယ်တဲ့။ (ဒီပုံကတော့သူများပုံကို ကူးပြီးတင်ပေးတာပါ) ဘုရားလာဖူးသူတွေကိုဒီဘုရားရဲ့ရာဇဝင်ကိုမမောနိုင်မပန်းနိုင်ရှင်းပြနေတဲ့ သူရဲ့ပုံပါ။ လင်းနို့ထွက်လာတဲ့အပေါက်က အတော်လေးမြင့်တဲ့နေရာမှာရှိပါတယ်။ အပေါ်ဆုံးမှာမြင်ရတဲ့ဘုရားက အတွင်းထဲမှာရှိတဲ့တစ်ဆူုကိုငုံပြီးတင်ထားတာပါ။ ဒီဆင်းတုတော်တွေထူးခြားချက်က တစ်ဆူပြီး တစ်ဆူငုံပြီးတည်သွားကြတယ်လို့ဆိုပါတယ်။ အောက်ဆုံးမှာရှိတဲ့ဘုရားကတော့ အနော်ရထာဘုရားတည်ထားခဲ့တယ်လို့ပညာရှင်များက အကဲဖြတ်ကြပါသတဲ့။ နောက်ဒီဘုရားကိုတွေ့တဲ့ မင်းများက နုဂို်ရ်ကိုငုံပြီး အထပ်ထပ်တည်သွားခဲ့တဲ့အတွက် အခုလို့အဆင့်ဆင့်ဖြစ်နေတာပါ။ ပထမတစ်ဆင့်ကတော့ အလွယ်တကူဖော်လို့ရလိုက်ပါတယ်။ ပထမတစ်ဆင့်ပြိုကျသွားတော့အောက်မှတစ်ဆူထပ်ပေါ်လာပါတယ်။ ဒါနဲ့ဘဲအထဲမှာရှေးဘုရားရှိတော့ အပေါ်ကဆင်းတုတော်အောက်က ပလ္လင်ကိုဖျက်လိုက်တဲ့အခါ အထဲမှာ ဆင်းတုတော်ကိုတွေ့ရပါတယ်။ အဲဒီဆင်းတုတော်ကိုတွေ့တော့ ဖုန်တွေပိတ်ဆိုနေတာကိုရှင်းကြရင်း အထဲမှာကြွက်ဆွဲလို့ ရောက်နေတဲ့ပန်းခြောက်တွေကို ဖယ်လိုက်တဲ့အခါ ဆင်းတုရဲညာဘက်ခြမ်းက ပြိုကျသွားပြန်ပါတယ်။ အဲဒီအခါမှာ မှ ပထမမြင်ရတဲ့ဆင်းတုထဲမှာနောက်ထပ်ဆင်းတုတွေရှိတာကိုမြင်ရပြန်ပါတယ်။ အပေါ်ဆုံးမှာမြင်ရတဲ့ဘုရားက […]


ကိုစိန်သော့ရဲ့နောက်ကလိုက်ခြင်း………….(ရှင်ပင်ဆပ်သွား)” ပြီးခဲ့တဲ့အောက်တိုဘာတစ်ရက်မှာ မထင်မှတ်ဘဲ ကျောက်ဆည်က တမုတ်ဘုရားကိုရောက်ခဲ့ပါတယ်။ အဲဒီသွားတဲ့ရက်က သွားရင်းနဲ့လမ်းမှာဆိုင်းဘုတ်တစ်ခုဖတ်မိပါတယ်။ “ရှင်ပင်ဆပ်သွား”ရှေးဟောင်းဘုရားလို့ရေးထားပါတယ်။ တောင်းကြီးခေါင်းရွက်လာတဲ့အမေကြီးတစ်ယောက်ကလဲ “ဒီတည့်တည့်ဝင်သွား မဝေးဘူးရယ်”လို့ပြောပါတယ်။ ဒါပေမယ့် အဝင်ဝမှာဖတ်လာတဲ့ တမုတ်ဘုရားက အတွင်းကိုခြောက်မိုင်ဝင်ရမှာ။ အခုလာတာ လေးမိုင်လောက်ဘဲဝင်ရသေးတော့ ကျနော်သွားချင်တဲ့ သုံးဆင့်ဘုရား မဟုတ်ဘူးဆိုမဝင်ခဲ့မိပါဘူး။ နောက်အပြန်ဝင်မယ်လုပ်ပြန်တော့ မိုးရွာမယ်ထင်တာနဲ့မဝင်ခဲ့။ နောက်ရက်တွေမှာတော့ မန်းလေးမှာရေတွေကြီးလို့ အဲဒီဘက်ကို သွားမရ။ ရေကျတော့ ကျုနော်က မအား။ အဲဒီကပြန်လာတုံးကတော့ ဒီတမုတ်ရွှေအင်ပင်ကို ထူးပေးဆန်းပေးသည်ဆိုပြီးတင်ပေးလိုက်ပါတယ်။ ရှင်ပင်ဆပ်သွားကိုတော့ ထပ်သွားဘို့ကြိုးစားပေမယ့် အချိန်မရ။ ဒီကြားထဲမှာ ကိုစိန်သော့က တမုတ်ရွှေအင်ပင်နဲ့ရှင်ပင်ဆပ်သွားကို ပို့တင်ပေးလိုက်ပါတယ်။ အဲဒီလထဲမှာဘဲ မဂ္ဂဇင်းတစ်ခုထဲမှာ တမုတ်ရွှေအင်ပင်အကြောင်းပြည့်စုံစွာပါလာပါတယ်။ ဒီနေ့တော့ ပျင်းတာရယ် အချိန်ရတာရယ်ကြောင့် ရှင်ပင်ဆပ်သွားဘုရားကိုရောက်ခဲ့ပါတယ်။ ကိုစိန်သော့နောက်ကလိုက်တယ်လို့ ဆိုချင်ဆိုလိုက်ပါတော့ ။ ကျနော်မြင်တာလေးကိုတော့ တင်လိုက်ပါအုံးမယ်နော်။ သေချာတာက ကိုစိန်သော့ တို့ကပုံတင်ရင် သုတေသနပါတယ်။ […]


“တောင်ဘက်ကို မျှော်ကြည့်ခြင်း” ဟိုတစ်ရက်ကတော့ ယူနီဗာစ်ဟိုတယ်ခေါင်မိုးကနေ မြောက်ဘက်နဲ့အရှေ့ဘက်ကို လှမ်းကြည့်ခဲ့ပါတယ်။ နောက်နေ့တော့ ပိတ်ထားတဲ့တံခါးလေးကိုဖွင့်ပြီး သိပ်မလင်းတဲ့နေ့လေးမှာ မြို့တောင်ဘက်ခြမ်းကို လှမ်းကြည့်မိပါတယ်။ ဟိုးအနောက်ဘက်ဒေါင့်လေးမှာအရောင်လက်လက်ကလေးမြင်လို့သေချာကြည့်တော့ မြစ်မင်းဧရာကို တစွန်းတစ်မြင်ရတာပါ။ သူ့ဘက်ကနေ အနောက်ဘက်ကို စောင်းကြည့်တော့ မင်းဝံတောင်ရိုးကို တစ်ဝက်တစ်ပျက်မြင်ရပါတယ်။ ဒီဟော်တယ်ကအရင်ကတော့ အမြင့်ဆုံးလို့1997လောက်ကဖြစ်ခဲ့ပေမယ့် အခုအချိန်မှာတော့ ပုသွားပါပြီ။ တောင်ဘက်တည့်တည့်မှာတော့ မဟာမုနိဘုရားကြီးရှိပါတယ်။ ညနေစောင်းနေဖြစ်တဲ့အတွက်အနောက်ဘက်နေရောင်က ဆလိုက်ထိုးထားသလိုရှိနေပေမယ့် ဆောင်းညနေခင်းမြူမူံမူံဆိုပြန်တော့ မြင်ကွင်းက မထင်မရှား။ ပြွတ်သိပ်ပြည့်ကျပ်လာတဲ့ ရတနာပုံရွှေမန်းလေးမှာ အိမ်ခြေတွေကများများ။ ဒါပေမယ့်မြို့ခံအရင်လူကတော့ မရှိသလောက် အသစ်အသစ်ကိုကြိုက်တတ်တယ် လို့ယူဆရတဲ့မန်းလေးသားတွေက မြို့သစ်ကို စည်ကားအောင်ပြောင်းလို့နေကြ ပါတယ်။ ၂၈လမ်းဘက်ငုံ့ကြည့်လိုက်တော့ မြင်ရတာမူံတိမူံမွှား။ သေချာတာကတော့ ဆိုင်ကယ်စီးလာသူများကဦးထုပ်ဆောင်းမထားတာပါဘဲ။ အပေါ်ဘက်က အသံကြားလို့မော့ကြည့်လိုက်တော့ ခိုလေးတစ်ကောင်။ မန္တလေးရှေးဟောင်းမြို့ရဲ့အခင်းအကျင်းတွေကတော့ ၁၉၈၄ ဦးကျားကြီးမီးအပြီးမှတော့ အပြောင်းလဲကြီးပြောင်းလဲလို့သွားပါတယ်။ အဆောက်အဦး ပုံစံလဲသွားသလို ပိုင်ရှင်တွေလဲပြောင်းလဲလို့သွားပါတယ်။ မမြဲသောအကြောင်းတရားဆိုတာ […]


“ မ ………..မီဒီယာ…………. တည်ကြည်ပါ” ပြီးခဲ့တဲ့ရက်က ဒေါက်တာခင်ရွှေနဲ့မီဒီယာတွေကြား အဖုအထစ်လေးတွေဖြစ်ခဲ့တာဖတ်ရ။ အများစုကတော့မီဒီယာသမားဘက်ကရပ်တည်။ ကျနော်တို့ငယ်ငယ်ကတော့ တိုင်ထဲမှာပုန်းနေတတ်တဲ့တောက်တဲ့အသံကြားရင် မိုးလားလေလား အော်ခဲ့ကြ။ တစ်ခါတစ်လေတောက်တဲ့က တိုင်အခေါင်းထဲကထွက်လာရင် အထူးအဆန်းအနေနဲ့ကြည့်ကြ။ ကျနော်စိတ်ထဲမှာတော့ တောက်တဲ့ ဆိုတာအိမ်မြောင်အကြီးစားလို့ထင်။ လူကြီးတွေကတော့ အနားမကပ်ဘို့အော်။ ဗိုက်ကပ်သွားရင်ခွာမရဘူးလို့ခြောက်ထားတော့ အတော်လေးကိုကြောက်ခဲ့ရပါတယ်။ ဒါပေမယ့်တစ်ရက်မှတော သုံးပေခွဲလောက်ရှိတဲ့ တောက်တဲ့ကြီးကို လူကပွေ့ထားတဲ့ဓါတ်ပုံကြီးပါလာ။ ငယ်ငယ်က လူကြီးတွေပြောတာပြန်ကြားမိတော့ တောက်တဲ့ကြီးပွေ့ထားတဲ့သူ ခွာမရရင် အခက်လို့ တွေးမိသေး။ အဲဒီပွေ့ထားတဲ့အကောင်ကြီးက မြန်မာငွေ သိန်းပေါင်းတစ်သောင်းကျော်ဆိုဘဲ။ အခုတစ်လော တောက်တဲ့ဈေးကောင်းရတဲ့သတင်းတွေပလူပျံ။ ဘာကောင်းမှန်းရေရေရာမပြောနိုင်ဘဲဈေးကောင်းရနေတာကတော့ မောင်ကောင်းစံလင်းနဲ့တောက်တဲ့ပါဘဲ။ ဟောသိပ်မကြာပါဘူး ဂျာနယ်မျက်နှာဖုံးမှာပါတဲ့တောက်တဲ့သတင်းက သတင်းမှားကြီးပါတဲ့။ အတွင်းစာမျက်နှာမှာ ပါလာပါတယ်။ ဟောပြီးခဲ့တဲ့ရက်က ကလေးမလေးတစ်ယောက်ကားတိုက်ခံရတဲ့သတင်းလေးပါလာပြန်ပါတယ်။ ကလေးမလေးရဲ့ ဓါတ်ပုံတွေနဲ့ပါလာတာပါ။ ခက်တာက ဂျာနယ်ထဲက အရေးအသားအချက်အလက်တွေက သဘာဝနဲ့ကင်းကွာ။ ကလေးမလေးက ကားအောက်ရောက်တော့ အိပ်ဇောပိုက်ကို […]


“မှောက်ချည် လှန်ချည်” တစ်ခါ တစ်ခါ ပျင်းရိနေတဲ့အခါ အိပ်ယာပေါ်မှာ မှောက်ချည်လှန်ချည်နဲ့နေရင် အတော်လေးကို အရသာရှိပါတယ်။ တစ်ရက်ခပ်ပျင်းပျင်းရှိတာနဲ့………………………………………….               ကိုပေါက်လက်ဆောင် ပုံစာတွဲ (23-11-2011)


“တိမ်းနွယ် ယိမ်းဖယ် စိမ်းလွယ်”(အပိုင်းနှစ်) (ယိမ်းဖယ်……………….) “မမနွယ်….…. …. …. …. …. …. …. “ ကျနော် မမနွယ်ကို ဒီစကားလေးပြောဘို့အတွက်နေ့ပေါင်းများစွာ ညပေါင်းများစွာစဉ်းစားခဲ့ရပါတယ်။ မမနွယ်ရဲ့ သူငယ်ချင်းအရင်းကြီးတွေနဲ့စကားတွေအကြိမ်ပေါင်းများစွာပြောပြီးသူတို့ ထင်မြင်ချက်တွေကိုအများကြီးနားထောင်ခဲ့ရပါတယ်။ တကယ်တမ်းပြောကြေးဆိုရင် မမနွယ် နဲ့ဆုံတွေ့ခဲ့ခြင်းကို ကျနော့်ဘဝနဲ့ချီပြီးပြောရရင် ပျောက်ဆုံးသွားပြီး ပြန် မရနိုင်တော့ဘူးလို့မှတ်ထင်ထားတဲ့ရတနာပစ္စည်းလေးကို မထင်မှတ်ဘဲပြန်ရလိုက်သလိုပါဘဲ။ တကယ်တော့ မမနွယ်ရောကျနော်ပါ ဘဝတူတွေပါ။ လူမှန်ရင် အဖေရှိမယ် အမေရှိမယ် ညီအကိုမောင်နှမရှိမယ်။ ကံကောင်းရင် အဖေ့ဖက်က အဖုးိအဖွား အမေ့ဘက်က အဖိုးအဖွားရှိမယ်။ ဒီထက်ပိုကံကောင်းရင် ဦးလေးတွေ အဒေါ်တွေရှိမယ်။ ထပ်ကံကောင်းတဲ့သူက မောင်နှမဝမ်းကွဲတွေနဲ့သိုက်သိုက်ဝန်းဝန်းနေရမယ်။ အဖေရှိတယ်အမေမရှိဘူး။ အမေရှိတယ်အဖေမရှိဘူး။ တစ်ခုလိုနေမယ်။ အတူဆော့စရာ တိုင်ပင်စရာ ညီအကိုမောင်နှမမရှိဘူး။ ချစ်ခင်ယုယမယ့် ကိုယ်နွဲု့ဆိုးဆိုးလို့ရမယ့် အဒေါ်တွေဦးလေးတွေမရှိဘူး။ အဖိုးတွေအဖွားတွေနဲ့သိုက်သိုက်ဝန်းဝန်းမနေရဘူး။ ကျနော်တို့လို […]