“သုံးပန်လှ တောင်သမန်” တောင်သမန်အင်းရဲ့အလှကို နွေအလှ မိုးအလှ ဆောင်းအလှ ဆိုပြီးသုံးပန်လှလို့တင်စားခဲ့ကြဘူးပါတယ်။ မိုးရာသီမှာ အင်းကြီးတစ်ခုလုံးရေတွေပြည့်မောက် လှိုင်းတွေက ဘောင်ဘင်ခတ်။ တံတားပေါ်လမ်းလျှောက်ရင်တောင်မှ လှိုင်းပုတ်တော့ လှုပ်ပဲ့ပဲ့ အသဲယားစရာ။ နွေမှာဆိုရင်တော့အင်းအလယ်လောက်မှာဘဲရေရှိ။ နံဘေးမှာတော့ စိုက်ခင်းတွေဖြစ်လို့ပေါ့။ ဆောင်းဆိုရင်တော့အင်းကြီးတစ်ခုလုံးစိုက်ခင်းတွေဖြစ်လို့။ နှင်းမူံ့(တကယ်တော့ မြူမူံ)ကြားမှာ မြင်ရချက်ကလွမ်းစရာ။ အဲဒီမြင်ကွင်းက တောင်သမန်းအင်းကြီး ရေလှောင်ကန်ဘဝကိုမရောက်သေးခင်ကပေါ့၊ နိုဝင်ဘာဆောင်းဦးတစ်ရက်တောင်သမန်ဘက်အရောက် သစ်ပင်နှစ်ပင်ကြားမှာလှေကလေးမြင်တော့ မရိုက်ဘူးသေးတဲ့ပုံစံလေးနဲ့ရို်က်ကြည့်မိပါတယ်။ ခါတိုင်းလက်ဆော့မယ်ဆိုရင်ကိုယ့်ရှေ့မှာဘာမှ မရှိအောင်ထားပြီး ရိုက်တာကိုး။ ဒီတစ်ခါတော့ အပင်ကြားကနေမြင်ရတဲ့ လှေကလေးတစ်စင်း၊ ထွန်လက်စ ယာခင်း။ စိမ်းစိုနေတဲ့ ကောက်ပင် မြင်ရတာအေးချမ်းပါတယ်။ မုးိတွင်းကာလဖြစ်တဲ့ ဩဂုတ်လတစ်ရက်မှာတော့ ကောင်းကင်ကလဲမိုးတိမ်တွေနဲ့အုံ့မိူင်း။ မြင်မြင်ရာနေရာမှာလဲရေအပြည့်။ အင်းကြီးတစ်ခုလုံးကလဲရေအပြည့်။ ဗိုက်တင်းလို့ဝနေတဲ့လူတစ်ယောက်ကိုမြင်ရသလိုပါဘဲ။ အရင်က ကွင်းပြင်ကြားမှာရှိနေတဲ့ဘုရားလေးကလဲရေထဲမှာ။ ဖုံထူထူမြေလမ်းလေးဘေး သူ့အောက်မှာစားသောက်ဆိုင်ခန်းလေးတွေကို ဆွဲသွင်းထားတတ်တဲ့မယ်ဇယ်ပင်ကြီးအောက်မှာတော့ ရေအပြည့်။ ညစ်ပတ်တယ်ထင်လို့ရေဆင်းချိုးနေတဲ့မယ်ဇင်ပင်ကြီးကလဲအရွက်ဖားဖား။ ညစ်ပတ်တယ်ထင်လို့ရေဆင်းချိုးနေတဲ့မယ်ဇင်ပင်ကြီးကလဲအရွက်ဖားဖား။ အရင်တုံးကတော့ လယ်ခင်းတွေကြားမှာရှိလို့ […]


“ကဗျာချစ်သူများရဲ့ ကထိန်အလှူတော်” 20-11-2011 အမျိုးသားနေ့မှာ အမရပူရ မြို့ (မန်းလေးသားအခေါ်တောင်မြို့) တောင်သမန်အင်းစောင်းက ဆရာတော်ဦးပညာသီတင်းသုံးနေတဲ့ တောင်လေးလုံးကျောင်းမှာ “ကဗျာချစ်သူများ”ကစုပေါင်းလို့ကထိန်ပွဲလေး ကျင်းပခဲ့ပါတယ်။ ဒီကဗျာချစ်သူများက အဖွဲ့ဝင်များရဲ့ သာရေးနာရေး လူမူ့ရေးဆောင်ရွက်ဘို့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ထူးခြားချက်ကတော့ ဘယ်လိုပွဲလမ်းမျုးိဘဲကျင်းပကျင်းပ ဖိတ်စာတွေတကူးတက မပို့ဘဲ မြန့်မာကျေးလက် က ရွာဆန်ဆန် ဗျို့ဟစ်ပြီးအကြောင်းကြားတဲ့အတွက် တစ်ယောက်စကားတစ်ယောက်နား ကြားသူတိုင်း လာရောက်ခွင့်ရှိတဲ့ အစီအစဉ်လေးဖြစ်ပါတယ်။ အခုပုံလေးတွေကတော့ တောင်လေးလုံးကျင်းမှာ ဒီနေ့မနက် တွေ့မြင်ရတဲ့ပုံလေးတွေပါ။ ကထိန်အလှူတော်မှာ လာရောက်တဲ့မိ်တ်ဆွေများကို ရိုးရာမပျက် ဝက်သားကသဲချက် ၊ခရမ်းချဉ်သီးချက်၊ပဲနှပ်၊ချဉ်ရေဟင်းတွေနဲ့ထမင်းကျွေးပါတယ်။ မြင်ကွင်းလေးတွေက ကြည်နူးစရာ။ ဆရာတော်ဦးပညာကိုဖူးမြင်ရတာ မောပန်းနွမ်းနယ်နေသလိုပါဘဲ။ တရားနာပရိတ်သတ်ကလဲအဆင့်သင့်။ တရားနာနေတဲ့ပ သီလပေးအပြီးမှာ ဆရာတော်က ဝမ်းသာအားရနဲ့ နောင်နှစ်တွေလဲ ဒီလိုလေးလာကျင်းပပေးဘို့မှာကြား။ ဆရာတော့ကျောင်းမှာ ပွဲမကျင်းပဖြစ်တာကြာပြီလို့သိရပါတယ်။ ဆရာဥက္ကာကျော်က ဟံသာဝတီဦးဝင်းတင်က ပို့ပေးတဲ့သဝဏ်လွှာကိုဖတ်ကြားသွားပါတယ်။ ဆရာတော်ကို […]


“တိမ်းနွယ် ယိမ်းဖယ် စိမ်းလွယ်”(အပိုင်းတစ်) (တိမ်းနွယ်……………….) အခုလိုဆောင်းဝင်စတစ်ရက်မှာကျမတို့သူငယ်ချင်းတစ်တွေ မင်းကွန်းဘက်ကိုသွားကြဘို့ အကြောင်းဖန်လာပါတယ်။ အဝေးမှာရှိနေတဲ့မိတ်ဆွေတစ်ယောက်က မင်းကွန်းမှာသီလရင်ဝတ်နေတဲ့ သူ့မိတ်ဆွေဆီကို အလှုငွေနဲ့ ပစ္စည်းတချို့ကိုသွားပို့ခိုင်းတာပါ။ မင်းကွန်းဆိုတဲ့အရပ်မှာလူကြုံဘို့ဆိုတာကမဖြစ်နိုင်တာရယ် ကိုယ်တိုင်ကလဲမရောက်တာကြာလို့ သွားချင်နေတာရယ်ဆိုတော့ အလုပ်ပိတ်ရက်ဖြစ်တဲ့ဥပုဒ်နေ့တစ်နေ့မှာ ကျမရယ် မိုးစနလို့ခေါ်တဲ့ မိနှင်းရယ် ၊နာမယ်ရင်း အိအိတုန်ဆိုတဲ့ နာမည်ပျောက်သွားလောက်အောင် စွာလွန်းတဲ့ ဂွဲဂွဲ ရယ်သုံးယောက်သား မင်းကွန်းသွားဘို့ အစီအစဉ်တွေဆွဲခဲ့ကြပါတယ်။ ဆိုင်ကယ်နှစ်စီးနဲ့သွားကြမယ်။ ဆိုင်ကယ်ကိုမရမ်းခြံဆိပ်က အသိအိမ်ကိုထားခဲ့မယ်။ ပြီးရင်အများသွားတဲ့မော်တော်လေးနဲ့လိုက်ကြမယ်။ ဟိုရောက်ရင် အရင်ဆုံးမင်းကွန်းဆရာတော်ကြီးရဲ့ကျောင်းကိုလှည်းငှားပြီးသွားမယ်။ ပစ္စည်းပါးလိုက်တဲ့ သီလရှင်ချောင်ကိုသွားမယ်။ အဲဒီကပြန်လာမှ ပုထိုုးတော်ကြီး၊မင်းကွင်းခေါင်းလောင်း၊မြသိန်းတန်စေတီကိုသွားမယ်။ အစီအစဉ်တွေကတော့ ဟုတ်လို့ပါဘဲ။ ဒါနဲ့မနက် ရှစ်နာရီလောက်မှာ ရေဆိပ်ရောက်လို့ သာယာလှတဲ့ မြစ်တွင်းက မြင်ကွင်းကိုခံစားရင်း မင်းကွန်းဘက်ရောက်တော့ ဆွဲထားတဲ့အစီအစဉ်အတိုင်းသွားကြပါတယ်။ ဥပုဒ်ရက်ဖြစ်တာကြောင့် မင်းကွန်းဘက်မှ လူကတော့ အသင့်အတင့်စည်ပါတယ်။ ဒါနဲ့ဘဲ မင်းကွန်းခေါင်းလောင်းနံဘေးက အကြော်ဆိုင်မှာအကြော်တွေစားပြီး မြသိန်းတန်ဘုရားဘက်ကို […]


“မန်းလေးကို ငုံ့အကြည့်” တစ်ရက် မန္တလေးမြို့မှာရှိတဲ့ ဟိုတယ်ကြီးတစ်ခုရဲ့အပေါ်ဆုံးထပ်ကို မထင်မှတ်ဘဲအရောက် မန်းလေးမြို့ကြီးကို ငုံ့ကြည့်ခွင့်ရလိုက်ပါတယ်။ ခွင့်ပေးသလောက် မြင်ခွင့်ရသလောက်လေးကို မှတ်တမ်းတင်မိပါတယ်။ ကျနော်ရောက်နေတဲ့နေရာက အရင်တုးံကတော့ အတော်မြင့်တယ်လို့ပြောနိုင်ပေမယ့် အခုတော့သူထက်သူလူစွမ်းကောင်းတွေပေါ်လာတော့ သူလဲပုသွားသလိုပါဘဲ။ ပြူတင်းပေါက်ကနေ အနောက်မြောက်ဘက်ကိုကြည့်လိုက်တော့ အဝေးမှာ မင်းဝံ။ သူ့ရှေ့ကဖြူဖွေးဖွေးကဧရာဝတီ။ အနီးမှာတော့ စုပြုံကျပ်ညှပ်နေတဲ့တိုက်အိမ်တွေ။ အနီးမြင်အသက်ရှူမဝ။ အဝေးမြင်ရမှာ စိတ်ပေါ့ပါး။ အရှေ့မြောက်ဘက်ခြမ်းအောက်ငုံ့ကြည့်ရင်တော့ တိုက်အသစ်တွေက ထိုးထိုးထောင်ထောင်။ အရင်ကဒီအပေါ်ကတက်ကြည့်ရင်အားလုံးကပြားပြားဝပ်နေသလို။။ အခုတော့လဲသူထက်မမြင့်တောင်မှ မင်းလောက်တော့ ငါလဲမြင့်တယ်နော်လို့ အသံတိတ်ပြောနေတဲ့အဆောက်အဦးတွေက များသထက်များ။ အဝေးမှာတော့ မန်းလေးတောင် မူံပြပြ။ အပေါ်ကနေအောက်ငုံကြည့်လိုက်တော့ လူတောင်မူးချင်သလိုလို။ လူကလဲသေးသေးလေး ကားကလဲသေးသေး။ ဒါနေ့လည်မို့လို့ နို့မဟုတ်ရင်ဒီလမ်းမကလဲပြည့်ကျပ်ညှပ်။ အရှေ့တည့်တည့်ဘက်ကြည့်လိုက်တော့ အဝေးမှာ ပြပြလေးမြင်ရတဲ့ရန်ကင်းတောင်။ တစ်မြို့လုံးကိုဆက်သွယ်ပေးနေတဲ့ တာဝါတိုင်ကတော့ မားမားမတ်မတ်။ အရင်ကတော့ ဒီအဆောက်အဦးက အမြင့်ဆုံးပေါ့။ နောက်တော့ သူနဲ့အရွယ်တူ […]


“အထူးလူ – အထူးနေရာ” ၁၉၆၄ခုနှစ် အဲဒီတုန်းက ကျနော် က”သူငယ်တန်းကြီး” ဘဲရှိပါသေးတယ်။ ကျနော်တက်နေတဲ့ကျောင်းကတော့ “စိန့်ပီတာ ခရစ်ယာန်သာသနာပြု ကျောင်း”မှာပါ။ {အခုတော့ အမှတ်(၉)အ.ထ.ကပေါ့။} တစ်ခုသောညနေကျောင်းဆင်းချိန်မှာ ကျောင်းသားမိဘတွေက ကျနော်တို့ကိုအတန်းဝအပေါက်ထိလာကြိုကြပါတယ်။ တစ်ခါမှ လာမကြိုဘူးတဲ့ ကျနော့်အဖေတောင်မှာ ကျနော်ကို လာကြိုတော့ ကျနော်မှာတအံ့တဩ။ ကျနော်တို့မကြားဘူးတဲ့စကားလုံးအသစ်အဆန်းလေးကလဲ ပျံ့လွင့်လို့နေပါတယ်။ “ကျောင်းကို ပြည်သူုပိုင်သိ်မ်းလိုက်ပြီ”တဲ့။ “ဖာသားကြီးတွေ ဘရာသားတွေ တီချယ်တို့ ကို ဒီကျောင်းမှာဆက်မထားတော့ဘူး”တဲ့။ “ဒီကျောင်းကို အစိုးရပိုင်သွားပြီ”ဆိုတဲ့ ကျနော်တို့ လိုက်မမှီတဲ့စကားတွေကိုကလေးဘဝမှာကြားလို်က်ရပါတယ်။ အဲဒါကတော့ မြန်မာနိုင်ငံရဲဆိုရှယ်လစ်ခေတ်ပြောင်းတော်လှန်ရေးအစ အပြောင်းအလဲကို ကျနော်ကလေးဘဝမှာ စတင်လို့ ထိတွေ့လိုက်ရတဲ့အသိလေးပါဘဲ။ စကားလုံးဆန်းဆန်းလေးကဘာမှန်းမသိပေမယ့် ရင်ထဲကိုရောက်လာပါတယ်။ “ပြည်သူပိုင်သိမ်းတယ်” နောက်တော့လဲမူလတန်းအလယ်တန်းအထက်တန်းကျောင်းသားဘဝမှာတော့ တေဇလူငယ်၊ရှေ့ဆောင်လူငယ်၊လမ်းစဉ်လူငယ် ဆိုတဲ့စကားတွေ၊ ကြက်ခြေနီသင်တန်း၊လမ်းစဉ်လူငယ်သင်တန်း၊လုပ်အားပေးဆိုတဲ့စကားလုံးတွေအောက်မှာ ကျောင်းဖွင့်ရက်ကျောင်းတက် ကျောင်းပိတ်ရက်မှာသင်တန်းတက်လို့ကလေးဘဝကိုလွန်မြောက်ခဲ့ကြရပါတယ်။ နောက်လူငယ်ဘဝလွန်မြောက်တဲ့အခါမှာတော့ အရန်ပါတီ ၊တင်းပြည့်ပါတီဆိုတဲ့စကားတွေ၊ လမ်းညွှန်မှု့၊ပါတီဗဟိုကော်မီတီ၊ဥက္ကဌကြီး၊အတွင်းရေးမှူး၊ဗဟိုဦးစီးအဖွဲ့၊ဒေသပါတီကော်မီတီ၊ […]


“ကျန်နေသူ “ သူတို့ကြံဆ နေချိန် ငါကတော့ ဟန်ရေးပြလို့ကောင်းနေဆဲ။ သူတို့တွေးတောစဉ်မှာ ငါကတော့ ငေးမောလို့ကောင်းဆဲ။ သူတို့ဆုံးဖြတ်လို့ပြီးချိန်တိုင်အောင် ငါကတော့တွေဝေနေဆဲ။ သူတို့ အသင့်ပြင်နေချိန်မှာ ငါကတော့ အပြစ်တင်လို့ကောင်းဆဲ သူတို့စသွားချိန်မှာ ငါကတော့ ဗျာများနေဆဲ။ သူတို့ခက်ခဲချိန်မှာ ငါကတော့ အိပ်မက်လို့ကောင်းဆဲ သူတို့ရုန်းကန်ချိန်မှာ ငါကတော့ ဝေဖန်လေကန် လို့ကောင်းဆဲ။ သူတို့………………………….. ငါက………………………………………. သူတို့………………………….. ငါက………………………………………. သူတို့………………………….. ငါက………………………………………. သူတို့………………………….. ငါက………………………………………. ဟော……………အခု သူတို့ ပန်းပန်နေချိန်မှာတော့ ငါက…………….. ………………………… ……………………………….. ကိုပေါက်လက်ဆောင်အတွေးစဉ် (15-11-2011)


တန်ဆောင်မုန်းက လမင်း ကိုအလည်ခေါ်ကြည့်ခြင်း ဒီလို့ပေါက်ပေါက်ရှာရှာလက်ဆော့မှ အိမ်သုံးကင်မရာလေးတွေက သဘာဝကဖန်တီးပေးထားတဲ့ မျက်လုံးကို မမှီသေးဘူးဆိုတာသိရပါတယ်။ အချိန်တန်တာတောင်မပြန်ချင်သေးတဲ့လမင်းအဖြစ်ကလဲသနားစရာ။ ကိုပေါက်ရဲ့ ပုံစာတွဲ


“မန်းလေးလမ်းဘေးက ပုရစ်ကြော်” ပြီးခဲ့တဲ့ရက်က မန်းလေးသူမန်းလေးသားများအကြိုက် မမေ့နိုင်တဲ့ပုရစ်ကြော်အကြောင်း တင်ပေးလိုက်ပါတယ်။ စာသက်သက်ကြောင့် ပုရစ်ပုံလေးတွေကို မြင်ချင်သူများရယ်၊ ပုရစ်ကြော်ကို မမြင်ဘူးတွေကလဲ မြင်ချင်ပါတယ်ဆိုတာနဲ့ မန်းလေး ပုရစ်ကြော်အများဆုံးရောင်းချပေးနေတဲ့ 24-25လမ်းကြား 85လမ်း၊ ရေကြည်ဓမ္မာရုံရှေ့မှာ ရှိနေတဲ့ ပုရစ်ဆို်င်များကို တင်ပေးလိုက်ပါတယ်။ အနီးကပ် ပုရစ်ကြော် စားချင်စရာလေးပါ။ ကိုပေါက်ရဲ့စနက်ရှော့ မဟုတ်တဲ့လက်ဆော့ (14-11-2011)


“ပရောက်ကစ်မယ် ကြော်မယ် ဆွဲမယ် နောက်မှ……………………..” (ပရော်ကျစ် နိဂုဏ်း) ကျနော်ညီမမေးမှ ငယ်က ပုရစ်ကောက်ခဲ့ကြတာကိုပြန်သတိရပါတယ်။ ဟိုအရင် က မန်းလေး မှာ 84လမ်းမ၊လမ်း80၊78လမ်းနဲ့ကျုံးဘေးတစ်လျှောက်မှာ သာ မာကျုရီမီးတိုင်တွေရှိပါတယ်။ ကျန်တဲ့နေရာတွေကတော့ မီးလုံးဝါကျင်ကျင်လေးတွေပေါ့။ ဒီပုရစ်တွေက ပိုးဖလံမျိုးမီးကို တိုးဆိုတဲ့အတိုင်း မာကျူရီမီးရောင်မြင်ရင် မနေနိုင်ဘဲထွက်လာတတ်ကြပါတယ်။ အဲတော့လဲ ပုရစ်က ဒီပြင်နေရာထက်စာရင် မာကျုရီမီးရောင်ရှိတဲ့အရပ်မှာ ပိုအထွက်များပါတယ်။ အဲတော့ ဒီလိုတန်ဆောင်မုန်းရာသီရောက်ရင် ဆောင်းရောက်ရင် မန်းမြေမှာ ပုရစ်လှိုင်လှိုင်ထွက်ပါတယ်။ ကျနော်တို့ငယ်ငယ်ကတော့ ပုရစ်ဆိုတာ ဝယ်စားရတဲ့ပစ္စည်းလို့ မသတ်မှတ်ပါဘူး။ ပုရစ်ထွက်တဲ့ညဆိုရင် အိမ်ရှိလူကုန် အရပ်ထဲရှိသမျှလူကုန် ပုရစ်ထွက်ကောက်ကြတာပါ။ ရှေးမန္တလေးက ဒီလို တန်ဆောင်မုန်းဆိုရင်ကိုအတော်လေးအေးနေပါပြီ။ ဆောင်းအေးအေးမှာ ပြေးလိုက်လွှားလိုက်နဲ့ ချွေးတဒီးဒီးကျအောင်ပုရစ်ကောက်ကြတာပါ။ အဲဒီတုန်းက အခုခေတ်လို လူတွေက ညဉ့်နက်သန်းခေါင်အပြင်သိပ်မထွက်။ နောက်ဆိုင်ကယ်ဆိုတာလဲ သိပ်မရှိကားကလဲ ညဆိုသိပ်မထွက်တော့ပုရစ်ကောက်ထွက်ရင်းကားတိုက်ခံရတယ်ဆိုတာ မရှိသလောက်ပါဘဲ။ […]


“ ပရော်ကျစ် နိဒါန်း” မနေ့က ရန်ကုန်မှနေတဲ့ ကျနော့်ညီမတစ်ယောက်ဆီနေဖုန်းလာပါတယ်။ ပုရစ်ပေါ်ပြီလား? ပေါ်ပြီဆိုရင် ပုရစ်ကြော်ပြီးပို့ပေးစမ်းပါလို့ပြောလာပါတယ်။ ဟိုနေ့ကတော့ ဈေးထဲမှာတွေ့တယ်လို့ဖြေရင်းနင်နဲ့မှ မတဲ့တာလို့ပြောတော့ အကိုကလဲ ဒီအချိန်ရောက်ရင် စတိလောက်တော့စားချင်တယ်လေလို့ပြန်ဖြေပါတယ်။ ပြီးတော့ မှ စားပြီးရင်ဆေးသောက်မယ်လေလို့ ရီသံစွက်ပြီးပြောပါတယ်။ အဲဒါနဲ့ ရရင်ဝယ်ပြီး မြတ်မန္တလာထွန်းနဲ့ပို့လိုက်မယ်လို့ဖြေတော့ ပို့မယ်ဆိုဖုန်းဆက်ပေးလို့ပြောပြီးဖုန်းချသွားပါတယ်။ အဲဒါနဲ့ဘဲနောက်နေ့မနက်ရောက်တော့ မဒမ်ပေါက်နဲ့ ဘုရားကြီးဈေးကိုသွားတော့ ပုရစ်သည်တွေ တွေ့ပါတယ်။ မေးကြည့်တော့ အမခြောက်ထောင် ဂျွန်ငါးထောင်ဆိုတာနဲ့ပြန်လှည့်လာခဲ့ပါတယ်။ အဲလောက်တော့ ဝယ်စားဘို့မတန်ဘူးထင်လို့ပါ။ ဒါပေမယ့်သူများတွေမေးကြည့်တော့၄၅၀ဝထက်တော့ရော့သံမကြားသေးဘူးလို့ပြောကြပါတယ်။ (11-11-11)နေ့မနက်မှာတော့ ရေကြည်ညောင်ပင်(၂၅လမ်းနဲ့၈၅)လမ်းဒေါင့် ပုရစ်တန်းကိုသွားတော့ စောသေးလို့ထင်ပါရဲ့ပုရစ်သည်လေးတွေက တစ်ယောက်စနှစ်ယောက်စဘဲ ဘန်းလေးတွေခင်းရောင်းနေတာကိုဘဲမြင်ရပါတယ်။ ခါတိုင်းဆိုဒီနားလေးမှာ လမ်းဟိုဘက်ဒီဘက် အသည်ချင်းကို ဆက်နေတာပါ။ ဓမ္မာရုံပေါက်မှာထိုင်နေတဲ့ မိန်းမဝဝကြီးရှေ့မှာလူလေးငါးယောက်ထိုင်ရွေးနေပါတယ်။ ၄၅၀ဝ မလျှော့ဘူး သာတမ်းမပေးဘူးလို့ ခပ်တင်းတင်းလေးဆိုပါတယ်။ အဲဒါနဲ့ လမ်းအနောက်ဘက်မှာခင်းထားတဲ့ဆိုင်ကိုသွားမေးတော့ ၃၀၀ဝပါတဲ့။ အကောင်တစ်ရာကိုသုံးထောင်ဆိုတော့ တစ်ကောင်သုံးဆယ်ဆို […]


“စွယ်တော်လမ်း” ကျနော်ငယ်ငယ်တုံးကနေခဲ့တဲ့အိမ်ကလေးရဲ့အဝင်ပေါက်မှာ စွယ်တော်ပင်လေးနှစ်ပင်ရှိပါတယ်။ ဆောင်းဝင်စပြုပြီးဆိုရင်ဒီအပင်က အပွင့်လေးတွေဝေလာပါတယ်။ စစခြင်းမရမ်းရောင်နောက်တော့ ရက်ရင့်လေ အပွင့်လေးတွေက အရောင်ဖျော့လေပါဘဲ။ စွယ်တော်ကအနံ့တော့ မမွှေးပါဘူး။ နောက်တော့ ဒီအိမ်လေးမှာမနေတော့ စွယ်တော်နဲ့ဝေးသွားပါတယ်။ ကျနော်တို့ လူပျိုပေါက်မရောက်ခင်မှာ ဆရာတက္ကသိုလ်ဘုန်းနို်င်ကြောင့် ဒီစွယ်တော်က လူငယ်တွေကြားမှာ အချစ်ရဲ့သင်္ကေတလေးဖြစ်လို့လာပြန်ပါတယ်။ “နှစ်လွှာပေါင်းမှ တစ်ရွက်” လို့ ဆရာက ညွှန်းလိုက်တော့ ချစ်သူတွေအတွက် လှပသော သင်္ကေတလေးဖြစ်သွားပါတယ်။ နောက်ကျနော်တို့ခေတ်က စက်မူ့တက္ကသိုလ်တက်မယ်ဆိုရင် ရန်ကုန်ကိုသွားရပါတယ်။ အဲဒီခေတ်အခေါ်တော့ အာအိုင်တီ ပေါ့။ အဲဒီကျောင်းထဲမှာလဲ စွယ်တော်ပင်တွေရှိပါသတဲ့။ ချစ်သူ့လမ်းလေးဆိုတဲ့နေရာမှာလဲ ဒီအပင်လေးတွေရှိတယ်လို့ အဲဒီကျောင်းတက်နေတဲ့သူငယ်ချင်းတွေက ပြောကြပါတယ်။ နောက်တော့လဲ ကျနော်နဲ့ဒီစွယ်တော် ဝေးသွားပြန်တော့ မေ့မေ့ပျောက်ပျောက်။ ပြီးခဲ့တဲ ဇူလိုင်လက ရန်ကုန်ရောက်တော့ စွယ်တော်ဘုရားဘက်ကိုမနက်မနက်လမ်းလျှောက်သွားတော့ ဒီစွယ်တော်ပင်တွေကို တွေ့ရပြန်ရော။ ဖြစ်ချင်တော့ အပင်တစ်ပင်မှာ တစ်ပွင့်ထဲပေါက်နေတဲ့စွယ်တော်အဖြူလေးကိုမြင်ရတော့ ထူးထူးဆန်းဆန်း။ မန်းလေးမှာ […]


“အင်းဝကဗားကရာ” ကျနော်တို့ရဲ့ မန်းလေးပါတ်ဝန်းကျင်မှာရှေးဘုရင်များကောင်းမူ့ကြောင့် ဘုန်းတော်ကြီးကျောင်းတွေအများကြီးရှိခဲ့ပါတယ်။ တကယ်ပြောရင်တော့ ပြည်သူပြည်သားများရဲ့အခွန်နဲ့ဆောက်ခဲ့တော့ အားလုံးကောင်းမူ့လို့ပြောရင်လဲမမှားနိုင်ပါဘူး။ ဦးဆောင်တဲ့သူရဲ့အမည်ကတော့ တွင်ကျန်ရင်ခဲ့တာပေါ့။ ဒီလိုကျောင်းတိုက်တွေထဲမှာ “ဗားကရာကျောင်းတိုက် “ဆိုတဲ့အမည်တူတဲ့ကျောင်းတိုက်တွေရှိနေတာပါဘဲ။ တောင်မြို့ခေါ်တဲ့အမရပူရမှာရှိတယ်။ အခုအင်းဝမှာလဲရှိတယ်။ အင်းဝသွားတဲ့နေ့က ဒီဗားကရာကျောင်းတိုက်ကိုရောက်အောင်ဝင်ခဲ့ပါတယ်။ ဗားကရာကျောင်းကိုသွားမယ်ဆိုရင် အင်းဝမြို့မြောက်ဘက်ကိုသွားတဲ့လမ်းအတိုင်းလို်က်သွားပါ။ လမ်းအနောက်ဘက်ခြမ်းမှာ သမိုင်းပြတိုက်ကိုဝင်ကြည့်လို့ရသေးတယ်။ ဆက်သွားလို့ အလံတိုင်တွေထောင်ထားတဲ့နေရာရောက်ရင် မြောက်ဘက်ဆက်သွား။ တော်တော်လေးသွားလို့ အနောက်ဘက်ကိုဆင်းတဲ့မြေလမ်းလေးရှိရင် တည့်တည့်လိုက်သွား လမ်းဆုံးရင်ဗားကရာကျောင်းပါဘဲ။ မြေလမ်းကလေးက မညီမညာနဲ့ကြမ်းပေမယ့် သူ့နံဘေးက ရူ့ခင်းကတော့စိမ်းစိမ်းစိုစိုသာသာယာယာ။ ထန်းပင်အုပ်စုလေးတွေကလဲယာခင်းထဲမှာ။ ဗားကရာကျောင်းကတော့ ရေနံချေးတွေဝနေလို့ ညို့မှောင်မှောင် ထုကြီးကြီး ခန့်ထည့်တဲ့အသွင်နဲ့မားမားရပ်။ ကျောင်းအဝင်အုဌ်လှေကားကြီးက ထုံးသုတ်ထားပေမယ့် မိုးလေဒဏ်ကြောင့်ရေညှိတက်။ တောင်ဘက်မှာတော့ နောက်ထပ်လှေကားတစ်စင်း နဲ့မြောက်ဘက်မှာပုံစံတူတစ်စင်း။ စုစုပေါင်းလှေကားသုံးစင်း။ အလယ်လှေကားအတက်မှာ စဉ့်အိုးကြီးနှစ်လုံး။ ကျောင်းပေါ်တက်ကြည်တော့ တစ်ကျောင်းလုံးကို ကျွန်းသားတွေနဲ့ဆောက်လုပ်ထားတာကိုတွေ့ရပါတယ်။ ထောက်တို်င်လုပ်ထားတဲ့ ကျွန်းသစ်လုံးပါတ်တွေက အတော်လေးကြီးပါတယ်။ တောင်ဘက်မှာတော့ စုလစ်မွန်းချွန်တွေနဲ့ကျောင်းတစ်ဆောင်ကသီးသန့်။ တန်းစီနေတဲ့တိုင်လုံးတွေက […]


“ရာဇဝင်ထဲကမယ်နုရဲ့ …………………”(အပိုင်းနှစ်) ဘုရားကျောင်းက နှစ်ထပ်လို့ပြောရင်ရပါတယ်။ မြေပေါ်မှာတစ်ထပ်မြေအောက်တစ်ထပ်။ ကျောင်းအောက်ထဲကို ဝင်ဘု့ိအပေါက်လေးတွေက ကျောင်းလေးဘက်လေးတန်စလုံးမှာရှိပါတယ်။ အရင်ကတော့ နှစ်ထပ်ကျောင်းရဲ့အောက်ခြေက မြေသားဖြစ်တဲ့အပြင်အမိူက်သရိုက်တွေနဲ့ရှုပ်ပွ။ အထဲဝင်လိုက်တာနဲ့ အောက်သိုးသို့အနံ့ရ။ လိုက်ပို့တဲ့သမိုင်းပညာရှင်ကလေးတွေကလဲ ကျောင်းအောက်မှာ လူတွေကိုသတ်ပြိးမြုတ်ထားတဲ့ တွင်းကြီးရှိတယ်ပြောပြန်တော့ မှောင်နေတဲ့အထဲဝင်ရမှာခပ်ကြောက်ကြောက်။ မတော်ခွေနေတဲ့မြွေက တွယ်ထည့်လိုက်ရင်ဆိုတဲ့အတွေးကြောင့် မဝင်ရဲ။ အခုတစ်ခါတော့ အောက်ခြေကို ရှင်းပြီး အင်္ဂတေလမ်းလေးခင်းထားတော့ ရှေးဟာင်းဆိုတဲ့ရသ ပျက်သွားပေမယ့် အတွင်းကိုတော့ ဝင်ရဲသွားပါတယ်။ ကျောင်းအပေါ်ကိုမော့အကြည့် မြင်ရတာလေးပါ။ ဒါပေမယ့် လင်းနှို့ခြေးစော်တွေနံတော့ အသက်ရှုကျပ်လာတာနဲ့ တစ်ဝက်နဲ့ပြန်ထွက်ခဲ့ပါတယ်။ ကျောင်းအပေါ်တက်တဲ့လှေခါးထစ်ကလည်း ထည်ထည်ဝါဝါ။ ကျောင်းပေါ်တက်ကြည့်ရင်တော့ ဘိနပ်ချွတ်ရပါတယ်။ အုတ်နဲ့အခိုင်အမာဆောက်ထားတဲ့ ကျောင်းပေါ်က အခန်းတွေကတော့ကျွန်းသစ်နဲ့ဆောက်လုပ်ထားပါတယ်။ အရင်ကတော့ အတွင်းဆောင်တွေထဲကို ဝင်လို့ရပေမယ့် အခုတစ်ခေါက်ရောက်တော့ တံခါးတွေပိတ်ထားပါတယ်။ လိပ်ဥလာတူးတဲ့ အတွဲတွေကိုကြောက်လို့ထင်ပါတယ်။ ထူးခြားတဲ့ရှေးလက်ရာ မူမပျက် တွေ့မြင်ရတာ ရင်မှာဖော်မပြနိုင်တဲ့ခံစားမူ့တစ်မျုးိရလာပါတယ်။ နည်းနည်းလေးယိုယွင်းစပြုနေတဲ့စင်္ကြန်ကနေတောင်ဘက်ဆက်လျျောက်တော့ တွဲရက်ရှိနေတဲ့ဘုရား […]