“သုံးပန်လှ တောင်သမန်” တောင်သမန်အင်းရဲ့အလှကို နွေအလှ မိုးအလှ ဆောင်းအလှ ဆိုပြီးသုံးပန်လှလို့တင်စားခဲ့ကြဘူးပါတယ်။ မိုးရာသီမှာ အင်းကြီးတစ်ခုလုံးရေတွေပြည့်မောက် လှိုင်းတွေက ဘောင်ဘင်ခတ်။ တံတားပေါ်လမ်းလျှောက်ရင်တောင်မှ လှိုင်းပုတ်တော့ လှုပ်ပဲ့ပဲ့ အသဲယားစရာ။ နွေမှာဆိုရင်တော့အင်းအလယ်လောက်မှာဘဲရေရှိ။ နံဘေးမှာတော့ စိုက်ခင်းတွေဖြစ်လို့ပေါ့။ ဆောင်းဆိုရင်တော့အင်းကြီးတစ်ခုလုံးစိုက်ခင်းတွေဖြစ်လို့။ နှင်းမူံ့(တကယ်တော့ မြူမူံ)ကြားမှာ မြင်ရချက်ကလွမ်းစရာ။ အဲဒီမြင်ကွင်းက တောင်သမန်းအင်းကြီး ရေလှောင်ကန်ဘဝကိုမရောက်သေးခင်ကပေါ့၊ နိုဝင်ဘာဆောင်းဦးတစ်ရက်တောင်သမန်ဘက်အရောက် သစ်ပင်နှစ်ပင်ကြားမှာလှေကလေးမြင်တော့ မရိုက်ဘူးသေးတဲ့ပုံစံလေးနဲ့ရို်က်ကြည့်မိပါတယ်။ ခါတိုင်းလက်ဆော့မယ်ဆိုရင်ကိုယ့်ရှေ့မှာဘာမှ မရှိအောင်ထားပြီး ရိုက်တာကိုး။ ဒီတစ်ခါတော့ အပင်ကြားကနေမြင်ရတဲ့ လှေကလေးတစ်စင်း၊ ထွန်လက်စ ယာခင်း။ စိမ်းစိုနေတဲ့ ကောက်ပင် မြင်ရတာအေးချမ်းပါတယ်။ မုးိတွင်းကာလဖြစ်တဲ့ ဩဂုတ်လတစ်ရက်မှာတော့ ကောင်းကင်ကလဲမိုးတိမ်တွေနဲ့အုံ့မိူင်း။ မြင်မြင်ရာနေရာမှာလဲရေအပြည့်။ အင်းကြီးတစ်ခုလုံးကလဲရေအပြည့်။ ဗိုက်တင်းလို့ဝနေတဲ့လူတစ်ယောက်ကိုမြင်ရသလိုပါဘဲ။ အရင်က ကွင်းပြင်ကြားမှာရှိနေတဲ့ဘုရားလေးကလဲရေထဲမှာ။ ဖုံထူထူမြေလမ်းလေးဘေး သူ့အောက်မှာစားသောက်ဆိုင်ခန်းလေးတွေကို ဆွဲသွင်းထားတတ်တဲ့မယ်ဇယ်ပင်ကြီးအောက်မှာတော့ ရေအပြည့်။ ညစ်ပတ်တယ်ထင်လို့ရေဆင်းချိုးနေတဲ့မယ်ဇင်ပင်ကြီးကလဲအရွက်ဖားဖား။ ညစ်ပတ်တယ်ထင်လို့ရေဆင်းချိုးနေတဲ့မယ်ဇင်ပင်ကြီးကလဲအရွက်ဖားဖား။ အရင်တုံးကတော့ လယ်ခင်းတွေကြားမှာရှိလို့ […]
