“အလိုရှိသည်” အနံကြီးကွင်းကျယ်သူကို မကြိုက်တဲ့ ချစ်လူမိုက်က အရင်ရောက်လာပါတယ်။ “မပန်းရယ်မငိုနဲ့” လို့ချော့တတ်တဲ့ “တပင်ထဲရင်ထဲကနွယ်”ဆိုသူလဲပါရဲ့။ ဆိုးပေမိုက်လို့ နံပြားကြိုက်တဲ့သူက ဘုန်းကြီးပါစေ အသက်ရှည်စေလို့ ဆိုရင်းအရောက် ကျနော်သွားတော့မယ်လို့ တရားဝင်နှုတ်ဆက်တဲ့ မျှားဘုရင်ကလဲ ဧရာဝတီလို့ငိုညည်းရင်းဝင်အလာ “မအေးကိုချစ်လို့ပါကွယ်”ဆိုပြီး မှပန်းနုရေလိုတမ်းတသူကလဲ မထင်မှတ်ဘဲရောက်ခဲ့။ ဟင်္သာတို့ရဲနန်းတော်ရှေ့ကနေ “မိဖူး”ကိုတမ်းတနေသူ အမှောင်ညကိုစွန့်သွားသူနဲ့အဉ္စလီ ဒဏ္ဍာရီသီချင်းကို အတူညည်းနေကြမလား။ ချစ်ခြင်းအားဖြင့်လို့ ဆိုသူနောက် တေးမြုံငှက်ပိုင်ရှင်ကလဲ ရောက်အလာ ဂစ်တာလေးကိုဗိုက်ကြီးပေါ်တင် တင်တီးတတ်တဲ့ ကြက်ခြံထဲကလွမ်းတဲ့သူ။ ဟိုင်းဝေးစတားလို့အော်ရင်း ဘေ့စ်ဂစ်တာကို လက်စွမ်းပြတဲ့ကိုတော်မီ။ ရေးသူ ဆိုသူ လူတော့စုံနေပြီ ကီးဘုတ်ကိုစီးချက်နဲ့တီး ဒရမ်ကြီးကိုခပ်ပြင်းပြင်းနှက်မယ့်သူ နှစ်ယောက်တော့လိုနေပြီ ကဲ ဘယ်သူအရင်လာမလဲ? ? ? ကိုပေါက်လက်ဆောင် အတွေးစဉ် 9-11-2011)
