“အလိုရှိသည်” အနံကြီးကွင်းကျယ်သူကို မကြိုက်တဲ့ ချစ်လူမိုက်က အရင်ရောက်လာပါတယ်။ “မပန်းရယ်မငိုနဲ့” လို့ချော့တတ်တဲ့ “တပင်ထဲရင်ထဲကနွယ်”ဆိုသူလဲပါရဲ့။ ဆိုးပေမိုက်လို့ နံပြားကြိုက်တဲ့သူက ဘုန်းကြီးပါစေ အသက်ရှည်စေလို့ ဆိုရင်းအရောက် ကျနော်သွားတော့မယ်လို့ တရားဝင်နှုတ်ဆက်တဲ့ မျှားဘုရင်ကလဲ ဧရာဝတီလို့ငိုညည်းရင်းဝင်အလာ “မအေးကိုချစ်လို့ပါကွယ်”ဆိုပြီး မှပန်းနုရေလိုတမ်းတသူကလဲ မထင်မှတ်ဘဲရောက်ခဲ့။ ဟင်္သာတို့ရဲနန်းတော်ရှေ့ကနေ “မိဖူး”ကိုတမ်းတနေသူ အမှောင်ညကိုစွန့်သွားသူနဲ့အဉ္စလီ ဒဏ္ဍာရီသီချင်းကို အတူညည်းနေကြမလား။ ချစ်ခြင်းအားဖြင့်လို့ ဆိုသူနောက် တေးမြုံငှက်ပိုင်ရှင်ကလဲ ရောက်အလာ ဂစ်တာလေးကိုဗိုက်ကြီးပေါ်တင် တင်တီးတတ်တဲ့ ကြက်ခြံထဲကလွမ်းတဲ့သူ။ ဟိုင်းဝေးစတားလို့အော်ရင်း ဘေ့စ်ဂစ်တာကို လက်စွမ်းပြတဲ့ကိုတော်မီ။ ရေးသူ ဆိုသူ လူတော့စုံနေပြီ ကီးဘုတ်ကိုစီးချက်နဲ့တီး ဒရမ်ကြီးကိုခပ်ပြင်းပြင်းနှက်မယ့်သူ နှစ်ယောက်တော့လိုနေပြီ ကဲ ဘယ်သူအရင်လာမလဲ? ? ? ကိုပေါက်လက်ဆောင် အတွေးစဉ် 9-11-2011)


“မန်းလေးကပန်းဈေး” ဟိုအရင်အချိန်ကာလများမှာ ကျနော်တို့မန်းလေးမှာ စီးစရာယဉ်နည်းပါးပါတယ်။ အဲတော့ မြို့အနီးပါတ်ဝန်းကျင်က ထွက်ကုန်တွေဖြစ်တဲ့ အသီးအနှံတွေပန်းတွေ ကို မန်းလေးအရောက်ပို့ဘို့ဆိုတာ နည်းနည်းလေးတော့ ကရိကထများတဲ့အလုပ် ဖြစ်နေပါတယ်။ ကိုယ့်ခြံထွက်ကို ကိုယ်တိုင်သွားမပို့နိုင်တော့ ကြားလူက စားပါတယ်။ စိုက်ပျုးိသူက ဈေးကွက်ဆီကိုအရောက်မပို့နိုင်တော့ ရသင့်သလောက်မရ။ သူပေးတဲ့ဈေးနဲ့သာကျေနပ်နေရပါတယ်။ ဟိုရှေးရှေးကတော ့ ပန်းဈေးကွက် ကဈေးချိုတော်က ပန်းတန်းမှာပါ။ နောက်တော့ ဈေးချိုထဲမှာ အဆင်မပြေပြန်တော့ နေရာရွှေ့ကြပါတယ်။ 85လမ်း 31-32ကြား မဟာ သကျသီဟဘုရားတောင်ဘက်လမ်းမှာ မနက်သုံးနာရီလောက်ကစတဲ့ ပန်းဈေးပွဲတော်ကြီးက မနက်(7)နာရီခွဲရင်ဈေးကွဲသွားပါပြီ။ နောက်ပိုင်းမှာတော့ ဒီပန်းဈေးပွဲကို 26ဘီလမ်း ဧရာဝတီမြစ်တာရိုးနားက မရမ်းခြံဆိပ်ဘက်ကိုတရားဝင်ရွှေ့ပေးလိုက်ပါတယ်။ အဲတော့ သွားရလာရတာ နည်းနည်းတော့ လမ်းခုသွားပါတယ်။ မန်းလေးမြို့ကိုပန်းတော်ဆက်တဲ့မြို့တွေကတော့ ပြင်ဦးလွင်ကိုသွားတဲ့လမ်းကရွာစဉ်တွေပါဘဲ။ ပြင်စာ အနီးစခန်း ပြင်ဦးလွင် အားလုံးပန်းထွက်ကောင်းတဲ့မြေတွေကိုပိုင်ဆိုင်ထားကြတော့ သူ့တို့ထွက်သမျှပန်းတွေက မန်းလေးကိုရောက်လာပါတယ်။ အရင်ကတော့ […]


“ရာဇဝင်ထဲကမယ်နုရဲ့ …………………”(အပိုင်းတစ်) မြန်မာရာဇဝင်အကြောင်းပြောမယ်ဆိုရင် အင်းဝ ကိုချန်ထားလို့မရပါဘူး။ အင်းဝ ပါမယ်ဆိုရင် သာမန်အရပ်သူကနေ မိဖုရားဖြစ်ခဲ့တဲ့မယ်နု မပါလို့မရပါဘူး။ မယ်နုပါမယ်ဆိုရင် သမိုင်းမှာ ပယ်ဖျက်လို့ မရခဲ့တဲ့ အမဲစက်တွေစွန်းပေနေတဲ့ မယ်နု ရဲ့ အုဌ်ကျောင်းမပါလို့မရပါဘူး။ သမိုင်းမှာ ဘယ်လိုဘဲ ဖြစ်ခဲ့ဖြစ်ခဲ့ မြန်မာ့အနုပညာလက်ရာတွေနဲ့ထုံမွှမ်းနေတဲ့ လှပတဲ့အဆင်တန်ဆာတွေနဲ့ရှိနေတဲ့ ဒီကျောင်းလေးကိုတော့ ဘယ်နှစ်ခေါက်ရောက်ရောက် ကြည့်စရာ မကုန်သလိုပါဘဲ၊။ ဒီကျောင်းကိုရောက်ပြီဆိုတာနဲ့ ရှေးရှေးတုန်းကဆိုတဲ့အတွေးဝင်လာရင် မယ်နုနဲ့ပါတ်သက်တဲ့ သူ့ဘဝအကြောင်းလေးတွေကို ပြန်သတိရမိတာအမှန်ပါဘဲ။ မယ်နုအကြောင်းတော့ ဖတ်ဘူးကြားဘူးကြမယ်ထင်တဲ့အတွက် ပြန်မပြောတော့ပါဘူး။ မရောက်ဘူးသူများအတွက် ပုံလေးတွေတင်ပေးလိုက်ပါမယ်။ ဟိုအရင်တုံးက “အင်းဝ” ကို မန်းလေးဘက်ကနေသွားမယ်ဆိုရင် အမရပူရ(တောင်မြို့)ကိုဖြတ် စစ်ကိုင်းတံတားနားရောက်ရင်စစ်ကိုင်းဘက်မသွားဘဲ တောင်ဘက်ကိုသွားတဲ့လမ်းလေးအတိုင်းလိုက်။ သာယာတဲ့တောတန်းလေးလိုဖြစ်နေတဲ့သစ်ပင်တွေအရိပ်အောက်မှာ ပါလာတဲ့စက်ဘီးတို့ ဆိုင်ကယ်တို့ကားတို့ ကိုအပ်။ ပြီးတာနဲ့လှေဆိပ်ကိုဆင်း။ ဒုဌဝတီမြစ်ကိုဖြတ်။ အင်းဝဘက်ရောက်တာနဲ့မြင်းလှည်းလေးတွေကအဆင်သင့်။ အခုခေတ်မှာတော့ တံတားဦးမြို့မှာလေယာဉ်ကွင်းပေါ်လာတော့ လမ်းအသစ်လဲဖောက်လိုက်ကြပါတယ်။ တောင်မြို့ကိုဖြတ် […]


“အသစ်အသစ်သော…………” တစ်ရက်မှာတော့ ကိုကြီးဆီက ဖုန်းဝင်လာပါတယ်။ မေမေကြီးကို မြို့တော်ဆေးရုံ မှာတင်ထားရတယ်ဆိုတာကိုလှမ်းပြောတာပါ။ ကျမကိုလာပါလို့ ကိုကြီးက မခေါ်ပေမယ့် စကားပြောတဲ့လေသံကိုကြည့်ရတာလာစေချင်သလိုပါဘဲ။ ကိုကြီးနဲ့ပြောနေတုန်း “ကိုကို ပြီးရင်လင်းပြောမယ်နော်”ဆိုတဲ့အသံလေးကြားရတော့ ကျမ ရင်တွေခုန်သွားပါတယ်။ ကိုကြီးကို “အလုပ်တွေဖြတ်ပြီးဆင်းလာခဲ့မယ်”လို့ပြောလိုက်တော့မှ “မေမေကြီးက သမီးငယ်လို့ ပါးစပ်လှုပ်ပြီးနင့်ကိုတနေတာဟ”လို့ကိုကြီးကပြောလိုက်တော့ ရင်ထဲမှာလှိုက်ကနဲဖြစ်သွားပြီး မျက်ရည်တွေတောင်လည်လာပါတယ်။ ခဏနေတော့ “ပိုပို ညည်းနွေးသီးလေးရဲ့အသံနားထောင်လိုက်အုံး”လို့လင်းလင်းပြောတဲ့အသံ အဆုံးမှာ “မေပို မေပို”လို့ခေါ်လိုက်တဲ့ချစ်စရာ့အသံလေးကြားလိုက်ရပါတယ်။ နောက်မှ “လင်းကရော မေမေကြီးကရော ပိုပိုဓါတ်ပုံကိုပြပြီး မေပိုခေါ်ရမယ်လို့သင်ပေးထားတာလေ” လို့ပြောသံလဲကြားရော ကျမရှိုက်ကြီးတငင်ငိုမိပါတယ်။ ဝမ်းလဲသာတယ် ဝမ်းလည်းနည်းတယ်။ “လင်းရေ နက်ဖြန်ဆင်းလာမယ်”လို့ပြောလိုက်တဲ့ကျမရဲ့ငိုသံပါကြီးကို ဟိုဘက်ကနားထောင်ရတဲ့သူ့အဖို့ဘလုံးဗထွေးနဲ့ ုဖြစ်နေမှာအမှန်ပါဘဲ။ ဒါနဲ့ဘဲကျမ မိသားစုနဲ့တိုင်ပင်ရပါတယ်။ တိုင်ပင်တယ်ဆိုတာထက်အသိပေးတယ်ဆိုရင်ပိုမှန်ပါမယ်။ ကျမတာဝန်ယူထားတဲ့အလုပ်တွေကိုလွှဲသင့်တာလွှဲမှာသင့်တာမှာပေါ့။ မေမေကတော့ကျမကို ဟိုမှာသုံးဘို့ပိုက်ဆံလုံလောက်အောင်ယူသွားဘို့မှာပါတယ်။ မေမေက “သမီးမေမေကြီးနေကောင်းရင်တော့ပြန်လာခဲ့နော်”လို့မှာပါတယ်။ “ပြန်လာမှပေါ့ မေမေရယ် ဒီကအိမ်ကမှ ပိုပိုအိမ်အစစ်လေ” ပြန်ဖြေတော့ […]


(တောင်ပေါ်ကမြင်ရတဲ့ သီတဂူ) ပြီးခဲ့တဲ့ဒေဝါလီနေ့က စစ်ကိုင်းဘက်ကမိ်တ်ဆွေတစ်ယောက်က ကျနော်ကို စစ်ကိုင်းက သီတဂူဗုဒ္ဓတက္ကသိုလ်ကိုရောက်ဘူးလားလို့မေးတော့ ရှက်ရှက်နဲ့ဘဲမရောက်ဘူးဘူးလို့ဖြေရပါတယ်။ စစ်ကိုင်းတောင်ပေါ်ကိုသာအကြိမ်များစွာရောက်မိပါတယ်။ တောင်တက်လမ်းအစမှာရှိတဲ့ သီတဂူကိုမဝင်မိတာအမှန်ပါဘဲ။ တောင်ပေါ်ကနေဓါတ်ပုံရိုက်တဲ့အခါမှာ တောင်ခြေမှာရွှေတောင်ကြီးပုံထားသလို ရွှေရောင်တွေဝင်းနေတဲ့ ဆန်ချီ စေတီတော်ကြီးကိုမြင်မှသာ သီတဂူကိုသွားဘို့သတိရ။ ဒါပေမယ့်လဲတောင်အဆင်းလမ်းကနေပြန်တယ်ဆိုပြန်တော့ ထပ်မရောက်ဖြစ်။ (26-10-2011)နေ့မှာတော့ ကြိုတင်ရည်ရွယ်မထားဘဲရောက်သွားပါတယ်။ ကျနော်တို့ရောက်သွားတော့ မနက်(10)နာရီကျော်ကျော်။ နေတော့အတော်လေးပူနေပါပြီ။ နေပူနေတော့ အဝင်မုဒ်ဦးကို အထဲရောက်မှဘဲဓါတ်ပုံရိုက်ဖြစ်ပါတယ်။ ကောင်းမူ့တော်စေတီလို့ လုံးဝိုင်းဝိုင်းသဏ္ဍန်ရှိတဲ့ဂူဘုရားပုံစံဖြစ်ပါတယ်။ တံတိုင်းနှစ်ထပ်ရှိပါတယ်။ ပထမတစ်ထပ်ကအဝင်မှာ ဆင်းတုတော်တွေအများကြီး ဖူးမျှော်ရပါတယ်။ အတွင်းတံတိုင်းအတွင်းမှာတော့ မြောက်ဘက်ခြမ်းမှာစေတီတော်တွေရှိပါတယ်။ တံခွန်တိုင်က မားမားမတ်မတ်။ စေတီတော်ရဲ့အတွင်းမှာတော့ ဂူဘုရား။ ဂူဘုရားအတွင်းမှာတော့ သံဃာတော်များစာသင်ကြားတဲ့ခန်းမ။ အင်မတန်မှ သေသပ်တဲ့သစ်သား ပန်းပုလက်ရာများနဲ့ လှပတဲ့မီးပန်းဆိုင်းများကတော့ ကျနော်တို့ရဲ့ခေါင်းပေါ်က ခေါင်မိုးပေါ်မှာ။ စာသင်ခန်းမထဲမှာရှိတဲ့ ကျွန်းခုံများကလဲသေသေသပ်သပ်။ နံရံကပ်ကျွန်းပန်းပုလက်ရာကလည်း သေသပ်လှပ။ ဆရာတော်ကိုယ်တိုင် စနစ်တကျ ဒီဇိုင်းရေးဆွဲလို့တည်ဆောင်ထားတယ်လို့သိရပါတယ်။ နံရံမှာတော့ […]


“အင်းဝမြို့ဟောင်းကကျောင်းတော်ကြီး” ပြီးခဲ့တဲ့ ဥပုဒ်အလုပ်ပိတ်ရက် သွားစရာနေရာစဉ်းစားတော့ မရောက်တာကြာတဲ့အင်းဝမြို့ကို သွားဘို့စိတ်ကူးပေါ်လာပါတယ်။ အရင်က သိပ်မကျယ်တဲ့လမ်းက အခု ကွန်ကရစ်လမ်းကြီးဖြစ်လို့။ အသွားလမ်းအပြန်လမ်းသတ်သတ်စီ။ လမ်းပေါ်လဲရောက်ရော မြို့ထဲမှာ ထိန်းချုပ်လို့ဆိုင်ကယ်မောင်းနေရာကနေ စိတ်ရှိသလောက် လွှတ်စီးလို့ရတဲ့လမ်းမပေါ်ရောက်တော့ စိတ်တွေတောင်ပေါ့ပါးသွားပါတယ်။ အင်းဝမြို့ထဲကိုဝင်လာရင်းလမ်းအကွေ့လဲရောက်ရှေးဟောင်းနဲ့ပြန်လည်ပြင်ဆင်ထားတာတွေရေနေတဲ့ စေတီပုထိုးတွေကိုတွေ့ရပါတယ်။ အဲဒါနဲ့ မဟာမုနိဆိုတဲ့ ရွှေတွေဝင်းအိနေတဲ့ဘုရားကိုဝင်ဖူးပြီးလို့ အပြင်ဘက်လှမ်းအကြည့်မှာ ပြိုပျက်နေတာကို တပိုင်းတစပြင်ထားတဲ့ကျောင်းကြီးကိုတွေ့ရပါတယ်။ကျောင်းဝိုင်းကြိးကတော့ ကျယ့်ပြန်သလို့ ကျောင်းတော်ကြီးကလဲကြီးမားလှပါတယ်၊ ဒါပေမယ့်ခြုံနွယ်ပိတ်ပေါင်းတွေအပြည့်နဲ့ပါ။ သေချာသာရှင်းထားမယ်ဆိုရင် နိုင်ငံခြားသားများအထဲထိဝင်ပြီးလေ့လာနိုင်မယ်လို့ထင်မိပါတယ်။ ဒီထက်ပို့ပြီး မှတ်တမ်းတင်ချင်ပေမယ့် နေပူတာရယ် ပါလာတဲ့အဖော်တွေက မယ်နုအုဌ်ကျောင်းကိုဘဲဦးတင်ချင်နေတာကြောင့် စိတ်တိုင်းကျမရိုက်ခဲ့ရပါဘူး။ ကျနော်လဲဒီအဆောက်အဦကြီး က ဘာလဲဆိုတာကျနော်မသိပါဘူး။ မြင်ရတဲ့မြင်ကွင်းကတော့ မင်းကွန်းက ပုထိုးတော်ကြီးက အုဌ်ဖိနပ်ကြီးကိုတွေ့ရသလို ကိုယ်က သူ့အောက်မှာပြားပြားဝပ်သွားသလိုခံစားရပါတယ်။ ပြန်ရောက်မှမေးကြည့်တော့ ညောင်ရမ်းမင်းတရားကြီးရဲ့ကောင်းမူ့ကျောင်းတော်ကြီးလို့ အမည်တွင်တယ်ဆိုတာကိုသိရပါတယ်။ အပြန်မှာထပ်ရိုက်မယ်စိတ်ကူးတော့ အဲဒီဘုရားမှာလူတွေကားတွေပြည့်နေပါတယ်။ ရုပ်ရှင်ရိုက်နေတာပါ။ ည ရွာထဲဝင်ကြည့်တော့ ကိုစိန်သော့ရဲ့ ဓါတ်ပုံအမှတ်(2)မှာဒီပုံလေးမြင်ရပါတယ်။ […]


“မုိုးညှင်းသမ္ဗုဒ္ဓေ” လွန်ခဲ့တဲ့ လေးလ လောက်က မုံရွာကိုနေ့ခြင်းပြန်သွားတော့ ငယ်ငယ်က မကြာခဏရောက်ဘူးတဲ့ “သမ္ဗုဒ္ဓေ”ဘုရားကို ဝင်ဘို့စိတ်ကူးရပါတယ်။ ဒါပေမယ့်အဲဒီနေ့ မုံရွာက ပြန်ထွက်လာတော့ ည(7)နာရီ ကျော်နေတော့ မဝင်ခဲ့ရပြန်ပါဘူး။ ဗောဓိတစ်ထောင်စေတီကြီးကို အခုတစ်ခေါက်သွားမှ ဖူးရပါတယ်ဆိုရင် ကျနော်မရောက်တာ အတော်ကြာပြီလို့ တွက်လို့ရနို်င်ပါတယ်။ မန်းလေးကအသွား လမ်းမြောက်ဘက်ခြမ်းမှာ ကြီးမားတဲ့ရပ်တော်မူ ရုပ်ပွားတော်ကြီုးကို ဖူးမြင်ရတာပါ။ သိပ်မကြာခင်“သမ္ဗုဒ္ဓေ”ကိုဝင်တဲ့လမ်းကလေး ကိုချိုးဝင်လိုက်တော့အရင်လွန်ခဲ့သောအနှစ်(၂၀)လောက်က ချောင်းဦးမှာရှိတဲ့သူငယ်ချင်းဆီကိုလာရင်း မြင်းလှည်းကလေးနဲ့ ဒီဘုရားကိုလာခဲ့ကြတာကိုပြန်သတိရမိပါတယ်။ ဒီကြားထဲမှာမုံရွာကို အကြိမ်ပေါင်းများစွာသွားခဲ့ပေမယ့် “သမ္ဗုဒ္ဓေ”ကို မဝင်ဖြစ်ခဲ့တာပါ။ ဟိုအရင်ကျနော် ၁၆နှစ်လောက်တုန်းက အရပ်ထဲကလူတွေနဲ့ကားစုငှား ပြီး ဖိုဝင်တောင်ရွှေဘတောင်ဖက်ထိ ခရီးစုသွားကြတော့ ဒီ“သမ္ဗုဒ္ဓေ”ရင်ပြင်တော်ပေါ်မှာ ကျနော်တို့ ဘုရားဖူးအဖွဲ့တွေဖျာတွေခင်းပြီးအိပ်ခဲ့ကြတာ ဒီဘုရားထဲမှာရှိတဲ့ငါးကန်ထဲကိုခြေချော်ကျမလိုဖြစ်တာတွေကို အတိအကျမဟုတ်ပေမယ့် ခပ်ရေးရေးမှတ်မိနေသလိုပါဘဲ။ အခုတစ်ခေါက်ကျနော်ရောက်တော့ အတော်လေးကိုမှောင်နေပါပြီ။ အချိုးကျနဲ့လှတဲ့ဆင်ရုပ်ကြီးနှစ်ကောင်က အရင်အတိုင်းမပြောင်းမလဲ။ တောင်ဘက်က ဆင် မြောက်ဘက်ကဆင် ဘုရားထဲဝင်တော့ […]


“ကြားကောင်းရုံသက်သက်” အရင်းကိုမဖြတ် အဖျားဘဲသပ်တော့ အရွက်ဖားဖားဝေသတည်း။ အရင်းမဖယ် အဖျားဘဲပယ်တော့ ရွက်နုများများ ဝေသတည်း။ အရင်းမနုတ် အဖျားဘဲခုတ်တော့ ရွက်နုအဆုပ်ဆုပ်ထွက်သတည်း။ အရင်းမတူး အဖျားဘဲခူးတော့ ရွက်နုများများမြူးသတည်း။ “ကိုပေါက်လက်ဆောင်အတွေးစဉ်ကဗျာ” (3-11-2011)


“ြ? က် =ဘာလဲ ?” အခုရက်မှာဗျာ ပက်ပက်စက်စက်ကိုလမ်းသလား ရတနာပုမ်ရွှေမြို့တော်မန္တလေးက ရှစ်ဆယ့်လေးဆိုတဲ့ “မီးဗလာ”လမ်းမကြီးမှာ အမှောင်တောင်မခိုတော့ပါဘူး ဗြောင်ကျကျဘဲဆိုပါစို့ 36နဲ့38ကြား ခပ်ကဲကဲလေးနေကြတဲ့သူတွေပေါ့။ အသားဖြူ အသားမဲ အသားညို အသားပြာ အသားဝါ အသားလတ် ပေါင်ဖြူ ပေါင်ညို ပေါင်တိုပေါင်ရှေ ကြည့်ချင်သလိုကြည့်ဘို့ အခွင့်ပေး ဘောင်းဘီတိုတိုလေးတွေကိုယ်စီနဲ့ပေါ့။ မျက်နှာကရောင်စုံဖြစ်လို့ဖြစ် ပါးကွက်ကြားနဲ့ရိုးပုံဖမ်းလို့ဖမ်း မျက်ဝန်းတွေကတော့ပြီတီတီ ရီဝေဝေလူကိုမျှော်ရင်း အတင်းဝင်အတင်းထွက် လမ်းမထက်မှာ ဆိုင်ကယ်ကိုယ်စီနဲ့ယန္တယားခတ် နေရာမှာတင်ဈေးညှိ။ အိုကေပြီဆိုရင်ခေါ်သွား “ဘိ”ကလဲအဆင်သင့် ကိစ္စပြီးရင်တော့ပြန်လာ၊ နောက်တစ်ခါအတွက် ဈေးပြန်ခင်း ရောင်းသူခြင်းညှိတဲ့အခါညှိ အဝေမတဲ့လို့ ညိတဲ့အခါညိ တစ်ခါတစ်ခါ ရန်တွေဖြစ် စိတ်ညစ်စရာ ဘယ်သူ့မှထည့်တွက်စရာမလိုတဲ့ပုံ ညနေခင်းမှောင်တာနဲ့ နေ့စဉ်မြင်ရတဲ့မြင်ကွင်း တရားဝင်ဈေးခင်းကြီးလိုပါဘဲ။ အဲသဟာ ဘယ်သူတွေလဲ …… ? အသံထွက်တော ့တူ စာလုံးပေါင်းကလဲတူ […]


“ကိုပေါက်လမ်းသလားနေသည် အပိုင်း၂၅” (တမိုးတမြေအောက်က တောင်ကွဲစေတီ) ညနေလေးနာရီခွဲကျော်ကျော်လောက်မှာကျနော်မိတ်ဆွေရဲ့ကားလေးနဲ့ တောင်ကွဲစေတီဘက်ကိုသွားခဲ့ပါတယ်။ ဟိုးအရင်ကတည်းက သီချင်းထဲမှာကြားခဲ့လို့ရောက်ဘူးချင်ခဲ့တဲ့နေရာလေးလဲဖြစ်ပါတယ်။ ဒါပေမယ့်သွားဘို့မကြုံတော့ မဆုံခဲ့ရပါဘူး။ အခုမှမထင်မှတ်ဘဲရောက်ခဲ့ပြန်တော့ အိပ်မက်လိုပါဘဲ။ မိတ်ဆွေရဲ့ကားလေးက တောင်ကွဲစေတီနဲ့မျက်နှာချင်းဆိုင်အရပ်ကနေလာနေတော့ တရွှေ့ရွှေ့နဲ့ နီးနီးလို့လာသလိုပါဘဲ။ ဘုရားအဝင်ဝရောက်တဲ့အခါကျနော်ကားပေါ်ကဆင်းလိုက်ပါတယ်။ အနီးကပ်မြင်ရတဲ့ကျောက်တောင်ကြီးကိုအံ့ဩငေးမောရင်းနဲ့ပေါ့။ တောင်ပေါ်ကနေမြင်ရတဲ့ မြို့မြင်ကွင်းကတော့ လှပပါတယ်။ အောက်ကနေလှမ်းကြည့်တဲ့အခါ တောင်ပေါ်မှာတော့ ရွှေရောင်းဝင်းနေတဲ့စေတီလေးတွေက အစီအရီ။ ဘုရားအရှေ့ဘက်ကနေပါတ်သွားပြီးကြည့်လိုက်တဲ့အခါမှာတော့ မဲနက်နေတဲ့ကျောက်တောင်ပေါ်ကိုတက်ဘို့လှေခါးထစ်ကလေးတွေကအစီအရီ။ မော်ကြည့်လိုက်တဲ့အခါမှာတော့ ကွဲနေတဲ့တောင်ခြမ်းနှစ်ခုကို စလက်ပြင်လောင်းထားတဲ့အပေါ်မှာ အဆောက်အဦတွေကိုမြင်နေရပါတယ်။ အသေအချာကြည့်တော့ တောင်အကွဲပေါ်မှာ ဇရပ်ကလေးဆောက်ထားပါတယ်။ နောက်မှနှစ်ယောက်သားဓါတ်လှေကားဘက်ကိုသွားလို့ တောင်ပေါ်တက်ကြပါတယ်။ ဓါတ်လှေကားနဲ့ဘုရားဘက်ဆက်ထားတဲ့ စင်္ကြံလမ်းကနေလျှောက်ရင်း ဘေးတစ်ဖက်တစ်ချက်ကို လှမ်းကြည့်တဲ့အခါအတော်လေးသာယာတဲ့မြင်ကွင်းကိုတွေ့လိုက်ရပါတယ်။ ကောင်းကင်မှာမိုးတိမ်ညိုတွေရှိနေတာကြောင့်အဝေးကတောင်တန်းမှာနေရောင်ရှိတဲ့နေရာကရှိ အလင်းရိပ်ကျတဲ့နေရာက ကျလှပလွန်းလှပါတယ်။ တောင်ရဲ့အောက်ဖက်ကိုငုံ့ကြည်မိမှ အတော်မြင့်တယ်ဆိုတာ သိလာရပါတယ်။ တောင်ခြေမှာမြင်နေရတဲ့ ကိုရင်လေးတွေကို သေးသေးလေးဘဲမြင်ရလို့ပါ။ တောင်ပေါ်မှာတော့ရွှေရောင်ဝင်းတဲ့စေတီ။ ကျောက်တောင်တွေကလဲအထစ်ထစ်နဲ့ ကြမ်းရှရှ။ တောင်ပေါ်ကိုတက့်တဲ့လှေခါးထစ်ကလေးတွေကလဲ ခပ်မတ်မတ်။ တကယ်လို့များ […]


“နွေးသီး” ကျမလွိုင်ကော်ကနေ အောင်ပန်းကို ပြန်တဲ့နေ့က “ဆောင်းပြောင်း”ဈေးနေ့နဲ့ဆုံနေတော့ကားက လူအရမ်းကျပ်ပါတယ်။ လွိုင်ကော်တောင်ကြီး မနက်စောစောထွက်တဲ့ကားဆိုတော့လည်း တစ်လမ်းလုံးတက်လိုက်ဆင်းလိုက်နဲ့ လူပြတ်တယ်လို့ကိုမရှိပါဘူး။ ဒါတောင်ပါလဲတဲ့ ဒေသထွက်အသီးအနှံတွေ၊ပန်းတွေက ကားဗိုက်ထဲမှာထည့်ထားလို့တော်သေး တယ်ပြောရမှာပါ။ မိုးဗြဲရောက်တော့ ကားတံခါးဝမှာ တစ်နှစ်ခွဲလောက်ရှိတဲ့ ကလေးကိုချီထားတဲ့သားအမိကိုတွေ့ရပါတယ်။ ကလေးအမေက ဘေးမှာပါလာတဲ့အဖော်နဲ့စကားတွေပြောလာတော့ ကလေးကတော့ ဟိုငေးဒီငေးလုပ်လိုက်၊ အိပ်ငိုက်လိုက်ပေါ့။ ကားပေါ်ကိုခရီးသည်တွေက တက်လိုက်ဆင်းလိုက်လုပ်နေတော့ တိုးရင်းခွေ့ရင်း ကလေးသားအမိက ကျမထို်င်တဲ့ခုံနား ကိုရောက်လာပါတယ်။ ကျမနားရောက်တော့ အစကတော့ ကျမလဲအမှတ်တမဲ့ ။ “ဝူးဝူူး ဝါးဝါး”အသံကြားလို့ သတိထားကြည့်မှ ကလေးလေးက သူ့အမေအပေါ်ကနေအသံတွေပေးရင်း ကျမကို ပြုံးပြုံးပြနေတာ တွေ့ရပါတယ်။ အဲဒါနဲ့မတ်တတ်ရပ်နေတဲ့ကလေးအမေဆီက ကလေးကို ကျမချီထားပေးမယ်လို့ပြောပြီးလက်လှမ်းလို်က်တော့ ကလေးလေးက ကျမလက်ထဲကို အသာတကြည်ဘဲရောက်လာပါတယ်။ ကလေး လေးကိုပွေ့ထားရင်းက မန်းလေးမှာကျန်နေခဲ့တဲ့ “နွေးသီး”လေးကို သတိရလို့လာတော့ ကျမမှာမျက်ရည်များတောင် လည်လာပါတယ်။ “နွေးသီး” […]


“ကိုပေါက်လမ်းသလားနေသည် အပိုင်း၂၄ ထမင်းဆိုင်လေးရဲ့နောက်ကတောင်မှာတော့ မိုးငွေ့တွေထောင်းထောင်းထနေပါတယ်။ 9နာရီထိုးတော့ ကားကလေးက ဟွန်းသံပေးလို့ခေါ် ပြီးခရီးဆက်ခဲ့ကြပါတယ်။ မိုးရေသောက်လို့ဝနေတဲ့ ပါတ်ဝန်းကျင်ကြီးကတော့ စိမ်းစိမ်းစိုစို။ လမ်းဘေးတစ်နေရာမှာတော့ ရေညှိတွေတက်နေတဲ့သစ်ပင်အခင်းလေးတွေကို မသိလို့မေးကြည့်တော့ သစ်တော်သီးပင်ပါတဲ့။ သစ်တော်ပင်လေးတွေက အခင်းလေးတွေအဖြစ်ရှိနေသလို၊ တစ်နေရာမှာတော့ခြံစည်းရိုးလိုကာထား၊ နောက်တစ်နေရာမှာတော့ သစ်တော်ပင်လေးတွေကြားထဲမှာအိမ်ကလေးတစ်လုံး။ မြင်ရတာကဗျာဆန်ဆန်။ သွားရင်းသွားရင်းနဲ့ဘဲ စိမ်းမြတဲ့လယ်ကွင်းလေးတွေကပေါ်လာလိုက် ပျောက်သွားလိုက်။ ရွာလေးတွေအဝင်မှာ အုတ်နဲ့အခိုင်အမာဆောက်ထားတဲ့အိမ်ကလေးတွေကလဲအစီအရီ။ အပြန်ခရီးမှာတော့ ကားကျပ်လှပါတယ်။ လူအပြည့်ကားအပြည့်။ ကလေးအမေလေးတစ်ယောက်တက်လာတော့ ထိုင်နေတဲ့အမျိုးသမီးတစ်ယောက်က နေရာဖယ်ပေးလိုက်တဲ့မြင်ကွင်းလေးက ကြည်နူးစရာ။ နေရာမရလို့ အပေါက်ဝမှာမတ်တပ်ရပ်နေသူတွေရဲ့လက်ထဲကပစ္စည်းကို နီးတဲ့သူကယူလို့ပေါင်ပေါ်တင်ထား ပေးတဲ့မြင်ကွင်းက မြို့ပေါ်မှမတွေ့နိုင်တဲ့မြင်ကွင်း။ ကိုယ့်လက်ထဲက ပစ္စည်းကို သူများဆီမှာစိတ်ချလက်ချမထားနိုင်သလို သူများပစ္စည်းကိုလည်းအလုပ် ရှုပ်ခံပြီး ယူမထားချင်ဘူးဆိုတာ မြို့ဆန်တဲ့စိတ်လို့ဘဲပြောရတော့မယ်ထင်ပါရဲ့။ လမ်းဘေးတစ်နေရာမှာတော့ ရွာထဲကထွက်လာနေတဲ့ပအိုဝ့်မကြီးတစ်ယောက်ကိုမြင်တော့အသွားတုံးက ဓါတ်ပုံမရိုက်လိုက်ရတာကို ပြန်သတိရပြီးနှမျောနေမိပါတယ်။ သွားနေရင်းကနေ ကျောက်စရစ်ခဲပုံကြီးတစ်ခုမြင်လို့ လှမ်းအကြည့် ဟိုးဘက်ကရွာကိုသွားတဲ့လမ်း အသစ်ဖောက်နေတာဆိုတာကိုသိရပြန်ပါတယ်။ လမ်းဘေးတစ်နေရာမှာ […]


“ကိုပေါက်လမ်းသလားနေသည် အပိုင်း၂၃ (ဘီလူးချောင်းရင်ခွင်မှအပြန်……………….) မနက်အိပ်ယထတော့ မိုးကတော့မတိတ်သေးပါဘူး။ တစ်ဖျောက်ဖျောက်နဲ့ကျနေတုံးပါဘဲ။ မျက်နှာသစ်အဝတ်အစားလဲပြီး တည်းခိုးခန်းရှေ့ထွက်ထို်င်တော့ငါးနာရီကျော်ကျော်။ သိပ်မကြာပါဘူး ကားတစ်စီးထိုးဆိုက်လာပြီး အောင်ပန်းလိုက်မယ့်သူလားလို့မေးပါတယ်။ အသေအချာကြည့်တော့မှ အလာတုန်းက ကျနော်စီးလာတဲ့ကားဖြစ်နေပါတယ်။ ကားပေါ်လဲရောက်ရော စပယ်ယာလေးက ကျနော်ကိုမှတ်မိနေတော့ “လေးလေးကချက်ခြင်းပြန်တာလား”နုတ်ဆက်ပါတယ်။ ဒါနဲ့ ကားဂိတ်ရောက်တော့ ကားထိုင်ခုံနေရာကို ကြည့်ရင်း ဓါတ်ပုံရိုက်ချင်လို့ ကားမောင်းသူရဲ့နောက်က နေရာကိုလဲပေးပါဆိုတော့ လွတ်နေတဲ့နေရာတစ်နေရာကို လဲပေးပါတယ်။ ကားမောင်းတဲ့သူနောက်ကလိုက်မှ အပြန်လမ်းမှာ မိုးဗြဲရေကာတာကြီးကိုရိုက်လို့ရမှာဖြစ်ပါတယ်။ ကားဂိတ်ရောက်တော့ မိုးတိတ်သွားပါတယ်။ ကားမထွက်သေးဘူးဆိုတာနဲ့အနားကဆိုင်မှာ ထမင်းတစ်ပွဲမှာလက်ဖက်ရည်သောက်။ ခြောက်နာရီထိုးတာနဲ့ကားထွက်ပါတယ်။ အလာတုံးက ကားလူမပြည့်ပေမယ့် အခုအပြန်မှာတော့ လူအပြည့်ကားအပြည့်။ ကားပေါ်ရောက်တာနဲ့မိုးက အရမ်းကြီးမသဲပေမယ့် တဖွဲဖွဲကျနေတော့ ဓါတ်ပုံရိုက်လို့အဆင်မပြေပါဘူး။ ရိုက်ပြီးပြန်ကြည့်လိုက်တော့ မူံဝါးဝါးနဲ့ စိတ်တိုင်းမကျပါဘူး။ ကားလေးကတော့ မိုးအေးအေးမှာ မှန်မှန်လေးမောင်းလာရင်းနဲ့ ခြောက်နာရီကျော်ကျော်လောက်မှာတော့ မိုးကတိ်တ်သွားပါတယ်။ မိုးလေးအတိတ်မှာ ကံကောင်းထောက်မစွာနဲ့စပါးခင်းအလယ်မှာ အထီးကျန်ဖြစ်နေတဲ့သစ်ခြောက်ပင်ကို သိမ်းထားနိုင်လိုက်ပါတယ်။ […]