“ကိုပေါက်လမ်းသလားနေသည် အပိုင်း၂၂ (ဘီလူးချောင်းရင်ခွင်သို့အရောက်………………….) အဝေးကတောင်တန်းများကြားမှာတော့ မြေလွတ်မကျန်ရလေအောင်ကောက်ပင်စိမ်းတွေက နေရာယူထားကြပါတယ်။ သဘာဝပေါက်ပင်ပန်းလေးတွေက လည်းလှတပတ။ မနက်စောစောမှာအိမ်အလုပ်တွေလုပ်နေတဲ့မိသားစုလေးတစ်စုကိုလှမ်းတွေ့တော့ လက်ဆော့ချိန်မှာ ကျနော်နောက်က ခုံမှာထိုင်နေတဲ့အဒေါ်ကြီးက “ရှေ့ကလူလက်ထဲကဘာလေးလဲ “လို့အမေးမှာ “အဲဒါဓါတ်ပုံစက်လေ”လို့ဒေသစကားနဲ့ဘာသာပြန်တဲ့စကားလုံးလေးကိုကြားမိတဲ့အခါ သဘောကျလွန်းလို့ပြုံးမိပါတယ်။ လမ်းတစ်နေရာမှာတော့ ရွှေရောင်ဝင်းနေတဲ့စေတီစုစုလေး။ ဟိုဝေးဝေးကစိမ်းနုရောင်လယ်ကွင်းနောက်မှာတော့ ထုံးဖြူဖြူစေတီအစု။ တိမ်ညိုမိူင်းနေတဲ့ကောင်းကင်တောင်စဉ်တန်းတွေကစေတီကိုထွေးပွေ့ထားသလိုပါဘဲ။ ကျနော်ထိုင်ရတဲ့ကားဆရာနောက်က ညာဘက်ခြမ်းကကြည့်လေလေရာမှာတော့ တောင်တန်းတွေလယ်ကွင်းတွေမြင်ရပြန်တော့ “ရူ့မဆုံးတော့သည်စိမ်းလဲ့လဲ့ကွင်းပြင်” ဆိုတဲ့ မြို့မငြိမ်းရဲ့ “လူချွန်လူကောင်း “သီချင်းက ရင်ထဲကိုတိုးဝှေ့လို့နားထဲမှာအလိုလိုကြားလာရပါတယ်။ လမ်းတစ်လျောက်လုံးမှာလဲ လမ်းလျောက်လို့ကျောင်းကိုသွားကြတဲ့ လန်းဆန်းတက်ကြွနေတဲ့ ကလေးတွေက ထမင်းချိုင့်ကိုယ်စီကိုယ့်အစုနဲ့ကိုယ် မြင်ခဲ့ရပြန်တော့ ဒီသီချင်းလေးက တော်တော်နဲ့ နားထဲကမထွက်ဘူးဖြစ်နေပါတယ်။ အဝါရောင်လမ်းပြမှတ်တိုင်လေး ကားထွက်ခါစတုံးကတော့ ကားပေါ်မှာလူအပြည့်မပါ ပါဘူး။ ခရီးသွားသူတွေကလည်း လမ်းတစ်လျှောက်တက်လိုက်ဆင်းလိုက်နဲ့ပါဘဲ။ စပယ်ယာလိုက်တဲ့ကောင်လေးတွေက လူသစ်ကလေးတွေဆိုတော့ လမ်းကနေတက် လမ်းမှာဘဲဆင်းတဲ့ခရီးသည်တွေရဲ့ ကားခကိုဘယ်လောက်တောင်းရမယ်ဆိုတာမသိကြပါဘူး။ အဲတော့ တစ်ယောက်တက်လာရင် တစ်ခါမေးရပါတယ်။ ဘယ်ကနေဘယ်အထိ လိုက်မှာ […]


“ကိုပေါက်လမ်းသလားနေသည် အပိုင်း၂၁ (ဘီလူးချောင်းရင်ခွင်ထဲသို့…………………….) လွိုင်ကော်ကိုသွားဘို့ကားစုံစမ်းကြည့်တော့ ဈေးလေးနားမှာကားရပ်တယ်။ မနက်5နာရီဆိုရင်ကားတွေထိုးထားတာ တက်လိုက်ရုံဘဲလို့ ပြောကြပါတယ်။ ဒါနဲ့ဘဲ မနက်လေးနာရီခွဲမှာအိပ်ယာထ ဆိုင်ကယ်ကယ်ရီခေါ်၊ မိုးကတစ်ဖျောက်ဖျောက်နဲ့ကြ ဆိုတော့ အထုပ်တစ်ဖက်ထီးတစ်ထက်နဲ့ဆိုင်ကယ်ပေါ်တက်ခဲ့ရပါတယ်။ ကံကောင်းချင်တော့ကားဂိတ်နားရောက်တော့ မိုးတိတ်သွားပါတယ်။ အိပ်ယာမထသေးတဲ့အောင်ပန်းမြို့ကတော့ မှောင်နဲ့မဲမဲ။ ရပ်ထားတော့ ကားတစ်စင်းတွေ့လို့မေးကြည့်တော့ ရပ်စောက် ကိုသွားမှာလို့ပြောပါတယ်။ လွိုင်ကော်ကား ကတော့ ခဏနေရင်ဆိုက်လာမယ်လို့ပြောပါတယ်။ ကားထိုင်စောင့်ရင်မှောင်နေတဲ့ မြို့လေးက တဖြည်းဖြည်းလင်းလို့လာပါပြီ။ ဘေးနားလှမ်းကြည့်လိုက်တော့ ထမင်းကြော်ဆိုင်လေးတစ်ဆိုင်။ ဝင်စားမလို့ မှာထားတုံး ကားလေးတစ်စင်းဆိုက်လာပါတယ်။ လွိုင်ကော်လွိုင်ကော်အော်နေလို့ မှာထားတဲ့ထမင်းကြော် မစားတော့ဘူးလို့လှမ်းပြော ကသောကမျှောနဲ့ကားဆီကို အမြန်ပြေးရပါတယ်။ မနက်ခြောက်နာရီတိတိ။ ကားရောက်တော့ နေရာဦးရပါတယ်။ မထွက်သေးဘူးဆိုတာနဲ့စောစောက ဆို်င်ပြန်သွား ထမင်းကြော်စားပါတယ်။ စားပြီးကားပေါ်ပြန်တက်လို့ထို်င်နေတာတောင်ကားက မထွက်သေး။ ထိုင်နေတုံး လက်ဖက်ရည်ဆိုင်ကလေးတစ်ဆိုင်တံခါးလှပ်တာမြင်တာနဲ့ကားပေါ်ကဆင်း။ လက်ဖက်ရည်သွားသောက်နေပါတယ်။ သိပ်မကြာသေးဘူး ကားစက်နှုးိသံကြားလိုက်လို့ ထွက်မယ်ထင်ပြီးကမန်းကတန်းကားပေါ်တက်၊ နောက်အတော်ကြာကြီးနေမှကားထွက်ပါတယ်။ မနက်ခြောက်နာရီခွဲ တော်တော်လေးလင်းနေပါပြီ။ […]


မနေ့ညက မနက်လေးနာရီလောက်ထိအစည်းအဝေးထုိုင်ရပါတယ်။ အစည်းဝေးထိုင်ရတဲ့အကြောင်းကတော့ မြောက်ဝင်ရိုးစွန်းဒေသမှာရှိနေတဲ့ရေခဲတွေကို အရည်မပျော်အောင် သယ်လာပြီး ကမ္ဘာမှာရေခဲလိုနေတဲ့နေရာတွေကို ပို့ပေးနိုင်မယ်ဆိုရင် ရေခဲအောင်လုပ်ရတဲ့ ကုန်ကျစာရိတ်တွေသက်သာမယ်၊ လျှပ်စစ်စွမ်းအင်တွေ၊နူစွမ်းအင်တွေကို အသုံးပြုရတာ သက်သာမယ်လို့ တင်ပြလာသူရှိတာ သိပ်ကောင်းတဲ့အတွက် ဘယ်လိုပုံစံနဲ့သယ်ရင်ပိုကောင်းမယ်ဆိုတာကို ဆွေးနွေးကြတာပါ။ ဒါပေမယ့် အစည်းအဝေးလုပ်နေတုံး ကျွန်တော်တို့ ခါတိုင်းလို ကေတီဗွီမှာ ကဲနေတယ်ထင်တဲ့ အိမ်က မဒမ်တွေက ဖုန်းဆက်ခေါ်ကြလို့ အစည်းအဝေးကို ရပ်ပြီး အိမ်ပြန်ပြေးကြရတာပါ။ နောက်နေ့က အလုပ်ပိတ်ရက်ဆိုတော့ အေးဆေးဘဲအိပ်လိုက်ပါတယ်။ မနက်ကိုးနာရီအိပ်ယာထတော့ အင်တာနက်ထဲမှာမေးလ်တွေရောက်နေတယ်လို့ အချက်ပြနေတာနဲ့ဝင်ဖတ်လိုက်ပါတယ်။ ဟောဗျာ ရွာထဲက မိတ်ဆွေ အလွယ်ချက်နည်းတွေကို အင်တာနက်ကနေသင်တန်းပေးနေတဲ့ မဝေနဲ့ ဆူးတို့ကနှစ်ယောက်ပေါင်းပြီးဆိုင်ဖွင့်ထားတဲ့ဖိတ်စာလေးကို တွေ့ရပါတယ်။ သူတို့က လူတိုင်းကိုဖိတ်စာပို့မယ်လို့ မထင်ဘူး။ သိရက်နဲ့မသွားလို့ကလဲမဖြစ်ဘူး။ အဲဒါနဲ့ ခရီးသွားအေဂျင်စီကို ရန်ကုန်သွားဘို့ ဟတ်စကီးရမလား နေ့လည်တစ်နာရီမထိုးခင်ရောက်ချင်တာလို့လှမ်းမေးတော့ ရတယ်တဲ့ လေးယာက်ပြည့်ရင်ထွက်ပေးမယ် ဒါပေမယ့် […]


“ရွာကိုပြန်လာကြပါဗျို့း………………” ဟိုအရင် လွန်ခဲ့ပြီဖြစ်တဲ့ ရက်ဟောင်းများမတော့ ၊ ငြင်းကြခုန်ကြ အပြင်မှာ ဖြစ်ခဲ့တဲ့ မကြင်နာအငြိုးတွေနဲ့ ရွာထဲကိုဝင် ဇွတ်အတင်းကို ရန်ပွဲတွေခင်းကြ။ အချိူ့များကြပြန်တော့လဲ သူကြီးစကား ဘာသာပြန်မှားပါလို့ ။ မတူတဲ့အတွေးတွေနဲ့ မရေးဘဲ မတူတဲ့အမြင်တွေနဲ့ ကိုယ်လက်ခံတဲ့ပေတံ၊ကိုယ့်စံတွေနိုင်းလို့ မမောနိုင် မပန်းနိုင် ဘဲ ငြင်းကြ ခုန်ကြ။ စိတ်ပေါက်ပေါက်နဲ့ကိုဟဝှာ ဆဲလိုက်တာကို၊ ရွာပြင်ထုတ်ရေးမထုတ်ရေး အလေးအနက်ကြီးဆွေးနွေး၊ အခုတော့လဲ ကိုအဝှာကလည်းဆဲမြဲ့ပါဘဲ။ ဆဲတယ်ဆိုတာကလဲ မပြင်နိုင်တဲ့သူ့အကျင့် ခွင့်လွတ်လိုက်ရင်တော့လဲပြီးသွားတာပါဘဲ။ အချစ်များ ယာယီ ဆိတ်သုဉ်းချိန်လေးမှာတော့၊ နားရွက်တံတွေးဆွတ်သူကဆွတ်လိုဆွတ် လက်မညောင်းသမျ လက်ခမောင်းထခတ်သူကလဲခတ် တစ်ယောက်နဲ့တစ်ယောက် စိတ်ကောက်ပြ ထိပ်ခေါက်ကြနဲ့ ခဏလေးတော့ ဂယက်ထ အမှိုက်သရိုက်တွေရှိနေသဟာ လေလာတော့ ပွထသွားသလို။ ကျနော်တို့ချစ်ရတဲ့ရွာကလေး…………………………. ယာယီတော့ အရုပ်ဆိုးသွားပါသေးတယ်။ အခုများမတော့ သာယာ ကောင်းသောလာခြင်းနဲ့ရေးဖွဲ့တဲ့ ပို့စ်တွေကလဲ […]


“တစ်သက်မမေ့ခဲ့တဲ့ လက်ဖွဲ့ခုံ” “လာမယ့်ဥပုဒ်နေ့ ကျနော်သား မင်္ဂလာဆောင်ကျရင် ကိုပေါက်တို့အဖွဲ့ က လက်ဖွဲ့ခုံ ထို်င်ပေးနော်”လို့ မိတ်ဆွေတစ်ယောက်က ဖိတ်စာလာပေးရင်းပြောပါတယ်။ လက်ဖွဲ့ခုံထိုင်ကြမယ့် ကျနော်တို့ အဖွဲ့အတွက်လည်း “အကူဖိတ်” လုံချည်တွေယူလာပါတယ်။ မင်္ဂလာဆောင်မှာ သူ့ဘာသာသူ ဝိုင်းဝန်းပြီးကူကြမယ့် မိတ်ဆွေဖြစ်ဖြစ်၊ ကိုယ်ကအကူအညီသီးသန့်တောင်းလို့လိုက်ပြီးဆောင်ရွက်ပေးကြမယ့်သူကိုဘဲဖြစ်ဖြစ် အခုလိုလက်ဆောင်လေးနဲ့ “အကူဖိတ်”တတ်တဲ့ချစ်စရာကောင်းတဲ့ အလေ့အထလေးက ကျနော်တို့မန်းလေးမှာရှိပါတယ်။ အကူဖိတ်အတွက်ပေးတဲ့လက်ဆောင်ကတော့ ကိုယ့်အနေအထားနဲ့ကိုယ် ချင့်ချိန်လို့ပေးတတ်ကြပါတယ်။ လက်ကိုင်ပုဝါ၊စီးကရက်ဘူး၊တစ်ဘက်၊လုံချည်၊အကျီ အဆင်ပြေသလိုပေါ့။ ကျနော်နဲ့သူ ဟိုရောက်ဒီရောက်စကားစမြည်ပြောပြီးခဏနေတေ့ာသူပြန်သွားပါတယ်။ မပြန်ခင် ကျနော်က မင်္ဂလာလက်ဖွဲ့ငွေနဲ့ ပါတ်သက်တဲ့ မေးခွန်းလေးတွေမေးတော့ “အေးဆေးပါ ကိုပေါက်ရဲ့ ဒီမင်္ဂလာဆောင်က ဘာရှော့မှ မရှိပါဘူး”လို့ရီကျဲကျဲနဲ့ပြောပါတယ်။ သူကတော့ လက်ဖွဲ့ခုံနဲ့ ပါတ်သက်လို့ ဖြစ်ခဲ့တာလေးတွေကို ကျနော်ပြောပြထားလို့ သိလဲသိနေတဲ့သူကိုးဗျ။ သူထားခဲ့တဲ့ ဖိတ်စာလေးရယ် သူပေးခဲ့တဲ့လုံချည်လေးရယ်ကိုကြည့်ရင်း မိတ်ဆွေသူငယ်ချင်းတွေရဲ့ မင်္ဂလာဆောင်တွေမှာ ကျနော် ဝိုင်းဝန်းလို့ကူညီခဲ့တဲ့ပွဲလေးတွေထဲက […]


“ကိုပေါက်လမ်းသလားနေသည် အပိုင်း(20)” ( ငါးဖယ်ချောင်းကျောင်း) ကျနော်တို့ဖောင်တော်ဦးကပြန်ထွက်လာတော့ မနက်ဆယ်တစ်နာရီဆယ့်ငါး။ ငါးဖယ်ချောင်းကျောင်းလို့ အမည်နာမရှိပေမယ့် ဒေသအခေါ်ကတော့ ရှေးဟောင်းကျောင်း။ နောက်ထပ်အများသိတဲ့နာမည်ကတော့ ကြောင်ခုန်ကျောင်း။ ဖောင်တော်ဦးဘုရားကနေ ဆယ့်ငါးမိနစ်လောက်အကြာမှာ ဒီရှေးဟောင်းကျောင်းကိုရောက်ပါတယ်။ လှေကလေးက တရွှေ့ရွှေ့လာနေချိန်မှာ လှမ်းမြင်ရတာကတော့ “ငါးဖယ်ချောင်းကျောင်း”လို့ ခန့်ထည်လှတဲ့ မြန်မာစာလုံးရော ဘိုစာလုံးနဲ့ရေးထားတဲ့ဆိုင်းဘုတ်ကြီးကိုပါ။ အမြဲတမ်းဘုရားဖူးသူတွေနဲ့စည်ကားတဲ့နေရာလေးလဲဖြစ်ပါတယ်။ ကျောင်းပေါ်ကိုတက်လိုက်တဲ့အခါမှာတော့ အလင်းရောင်သိပ်မရှိလု့ိနည်းနည်းမှောင်နေပေမယ့် ရှေးလက်ရာမွန်ဘုရားဆင်းတုတော်တွေ တိုင်လုံးတွေ ရုပ်ကြွတွေမြင်ရတဲ့အခါမှာတော့ နဂိုရ်ကမှ ထူးတာလှတာမြင်ရင် အငြိမ်မနေနိုင်တဲ့ကျနော့်လက်မှာ အနားမရအောင်တဖျပ်ဖျပ်။ တစ်ခုခြင်းစီကို လိုက်ရိုက်ထားတာပါ။ တစ်ခုနဲ့တစ်ခု တစ်ဆူနဲတစ်ဆူ ကပ်ရက်ရှိနေတာပါ။ အမှောင်ထဲမှာတောင်ရွှေရောင်တွေဝင်းလက်နေတဲ့ ရှေးလက်ရာတွေပါ။ ဆင်းတုတော်တွေ့ရှေ့ကတန်းမှာတော့ သာသနာ့အလံလေးတွေချိတ်ထား ဘုရားအပူဇော်ခံတဲ့ရက်အတွက် ကြိုတင်ပြင်ဆင်တာပါတဲ့။ ကျောင်းပါတ်ပါတ်လည်တစ်ခုလုံး ရှေးဘုရားတွေနဲ့အပြည့်ပါ။ အထဲမှာနည်းနည်းမှောင်နေပေမယ် ့ ပုံထွက်တော့လှပါတယ်။ ဖြည်းဖြည်းလေးလမ်းလျောက်လို့ ပုံတော် တစ်ဆူခြင်းအမိအရရိုက်လာတာပါ။ <img src="http://myanmargazette.net/wp-content/uploads/2011/10/I ရိုက်လို့ကို မဝနိုင်အောင် […]


“ကိုပေါက်လမ်းသလားနေသည် အပိုင်း(19)” ( ဖောင်တော်ဦးဘုရား) ကျနော်တို့အင်းထဲရောက်တဲ့အချိန်က မနက်ဆယ်နာရီကျော်ကျော်လောက်။ နေကတော့ နည်းနည်းပူပါတယ်။ ထီးကတော့ တစ်လက်ထဲပါတော့ မဒမ်ပေါက်ကို ဦးစားပေးလိုက်ပါတယ်။ ကျနော်ကတော့ နေပူတာတောင် သတိမထားနို်င်လောက်အောင် မြင်ကွင်းတွေက ဆွဲဆောင်နိုင်လွန်းပါတယ်။ အမြဲမြင်နေကျ မွန်းကျပ်ပိတ်လှောင်နေတဲ့ မြို့ပြကနေ ပြာလွင်သောကောင်းကင်ကျယ်၊ အေးမြလတ်ဆတ်သောလေတွေနဲ့သာ ထုံမွှမ်းထားတဲ့ရေပြင်ကျယ်၊ မြင်တွေ့လေရာမှာစိမ်းမြတဲ့ သဘာဝပေါက်ပင်တွေ ကိုင်းတောတွေသစ်ပင်တွေကြောင့် လူက ပိုလန်းဆန်းလာတာကတော့ အမှန်ပါဘဲ။ စိတ်မအားလူမအားနားမအား မျက်စေ့မနားဘဝကနေ အေးချမ်းသာယာတဲ့ နေရာထဲကို ခဏလောက်ပစ်ချခံရတဲ့ယာယီဘဝလေးကတော့ ကျေနပ်စရာအပြည့်လို့ထင်မိပါရဲ့။ ဖောင်တော်ဦးဘုရားကို လှမ်းမြင်နေရပေမယ့် လှေတွေဆိုက်ထားတဲ့နေရာမှာ ဝင်မကပ်ဘဲ ကျနော်တို့လှေကလေးက ကွေ့ကောက်ပြီး ဘုရားကိုပတ်လို့ ဝင်သွားပါတယ်။ ကျနော်တို့ရောက်တဲ့နေကတော့ အင်းလေးဖောင်တော်ဦးက ဆင်းတုတော်လေးဆူ အပူဇော်ခံဘို့အတွက် ဒေသစာရီမကြွ ခင်တစ်ရက်အလိုမှာရောက်တာပါ။ ဒါကြောင့်လဲအဲဒီနေ့မှာကျနော်တို့လို သာမန်ဘုရားဖူးတင်မကဘဲ ဆင်းတုတော်သယ်ယူဘို့အတွက်ဆွေးနွေးကြမယ့် အခြားရွာကလူတွေလဲ ရောက်နေတာကို သိရပါတယ်။ […]


လှေကလေးက လာလမ်းအတိုင်းမဟုတ်ဘဲ ချိုးကွေ့လို့အလာ ဘေးတစ်ဘက်တစ်ချက်မှာ ပြာလွင်ကောင်းကင် စိမ်းမြ ဒိုက်ပင်နဲ့ရေမျောခင်း လေးတွေအလွန် ဟို ခပ်ဝေးဝေးမှာ ကျောင်းအိုစုစုခြံရံထားတဲ့ ရွှေရောင်းအဆင်းနဲ့ စေတီတစ်ဆူကိုလှမ်းဖူးမျှော်လိုက်ရပါတယ်။ “ဘုရားပေါက်” အမည်ခံ “ အလိုတော်ပေါက်ဘုရား “ဖြစ်ပါတယ်။ အင်းထဲကရေပြင်ပေါ်မှာ ကုန်းမော့မော့လေးဖြစ်နေတဲ့ဘုရားတစ်ဆူပါဘဲ။ ဘုရားကိုသွားတဲ့ရေလမ်းခရီးက တကယ်သာယာပါတယ်။ တောင်ပေါ်ရောက်လေ တိမ်ပြာလေသလားလို့တောင်အတွေးတွေပွားမိလောက်အောင်ကို ကောင်းကင်ပြာကြီးကလှပလွန်း နေပါတယ်။ အဝေးမှတောင်စဉ်တောင်တန်း သစ်ပင်စိမ်းစိမ်းတွေ ရေပေါ်ကအိမ်ကလေးတွေ သန့်ရှင်းလတ်ဆတ်တဲ့လေ။ ကျယ်ပြန့်တဲ့မြင်ကွင်း ။ ဘုရားကိုသွားတဲ့ရေလမ်းခရီးက တကယ်သာယာပါတယ်။ တောင်ပေါ်ရောက်လေ တိမ်ပြာလေသလားလို့တောင်အတွေးတွေပွားမိလောက်အောင်ကို ကောင်းကင်ပြာကြီးကလှပလွန်း နေပါတယ်။ အဝေးမှတောင်စဉ်တောင်တန်း သစ်ပင်စိမ်းစိမ်းတွေ ရေပေါ်ကအိမ်ကလေးတွေ သန့်ရှင်းလတ်ဆတ်တဲ့လေ။ ကျယ်ပြန့်တဲ့မြင်ကွင်း ။ မြို့ပြမှာမွန်းကျပ်ခဲ့သမျှ ခဏတာတော့ အေးချမ်းသွားပါတယ်။ ကောင်းကင်ပြာနဲ့ရေပြင်ကြားမှာ ရှိနေတဲ့ကျနော် စိတ်ချမ်းသာလှပါဘိတယ်။ အစက အင်းအလည်ခေါင်မှာကိုယ်ချည်းဘဲရှိလို့ အားငယ်စိတ်တွေကြောက်စိတ်တွေဟာ ဘုရားနဲ့နီးလာတော့လဲအလိုလိုပျောက်သွားပါတယ်။ ကျနော်တို့လိုဘဲ […]


“ကိုပေါက်လမ်းသလားနေသည် အပိုင်း(17)” (အင်းလေးရေကပြင်ကျယ် လှေကငယ်ငယ် ) အရှေ့ဖက်အရပ်လှေရဲ့ ဘယ်ဘယ်ခြမ်းကိုကြည့်လိုက်ရင် အဝေးမှာ တိမ်နှင်းထု သူ့အောက်မှာတော့ မူံပြပြ ဝိုးတဝါးတောင်တန်းနဲ့ မသဲမကွဲအိမ်ကလေးတွေ အဆုံးမရှိတဲ့ နေရာထဲရောက်နေသလို။ အနောက်ဘက်အရပ် လှေရဲ့ ညာဘက်ခြမ်းကြည့်လိုက်မှ ပြာလွင်စိမ်းမြနေတဲ့ ကောင်ကင်နဲ့မြေပြင်ကိုမြင်ရပါတယ်။ ရေပြင်ထဲမှာတော့ လှေကလေးတစ်စင်း။ လှေဦးမှာ ဆောင့်ကြောင့်ထိုင်ရင်းလှော်ခတ်နေတာကတော့ ရေမကူးတတ်တဲ့ကျနော်အဖို့တော့ ပြုတ်များကြလိုက်ရင်ဆိုတဲ့အတွေးနဲ့ရင်ဖိုစရာ။ ပြာလွင်ရေပြင်ရဲ့အနားသတ်မှာတော့ အိမ်ကလေးတွေနဲ့ထုံးဖွေးဖွေးစေတီ။ အစိမ်းရောင်အပင်အုပ်စုလေးတွေရဲ့အဆုံးမှာ တောင်တန်းစိမ်းမှောင်မှောင် သူ့ရဲ့အဆုံးမှာတော့အဖြူရောင်တိမ်တို်က်နဲ့ ပြာလွင်လွင်ကောင်းကင် မြင်ရတာရင်အေးစရာ။ ရေထဲမှာတော့ ကျနော်တို့လိုဘဲ လွင့်လာတဲ့ ဗေဒါတစ်အုပ် သူ့မှာလဲ ဦးတည်ရာပန်းတိုင်ရှိမယ်ထင်ပါရဲ့။ အရှေ့ဘက်ကိုကြည့်မိပြန်တော့ မူံမိူင်းနေတဲ့အင်းရေပြင် ။ သူ့အဆုံးမှာတော့ နှင်းထုတွေအလိပ်လိပ်တက်နေသလိုမြင်ရတဲ့ ရီဝေတဲ့တိမ်ဆိုင်အုပ်။ အရှေ့ဘက်နဲ့အနောက်ဘက် မူံမိူင်းနဲ့ ကြည်လင် မြင်ကွင်းခြင်းကွာတော့ နှစ်ဖက်လှပန်းချီကားအတိုင်းပါဘဲ။ အဆုံးမဲ့နေသလိုထင်ရတဲ့အင်းအရှေ့ဘက်မြင်ကွင်းမှာတော့ မပီမသဝိုးတဝါးနဲ့ရှိနေတဲ့ ဘုရားဖြူဖြူ။ အရှေ့ဘက်ခြမ်းမှာ လှုပ်လှုပ်ရွရွရှိနေတဲ့အမဲစက်ကလေးတွေက […]


“ကိုပေါက်လမ်းသလားနေသည် အပိုင်း(16)” (အင်းလေးကန်ထဲ ဝဲလည်လည်) ခေါင်တိုင်လှေဆိပ်ကိုရောက်တော့ လှေဧည့်ကြိုက ကျနော်တို့စီးရမယ့်လှေဆီကိုလိုက်ပို့ပေးပါတယ်။ နောက်ပြန်ရောက်မှ လှေသမားကိုဘဲ လှေခရှင်းလို်က်ပါလိုလဲပြောပါတယ်။ အဲဒါနဲ့ အိပဲ့ပဲ့ လှုပ်စိစိ လှေပေါ်ကိုတက်ဘို့ပြင်ကြပါတယ်။ လှေအဆင်းမြင်းအတက်ခက်တယ်ဆိုတာကို ဒုတိယအကြိမ်ကြုံရပြန်ပါပြီ။ ပထမအကြိမ်ကတော့ လွန်ခဲ့တဲ့သုံးလလောက်က ရွာထဲကမိတ်ဆွေများနဲ့သံလျှင်ကျောက်တန်းရေလယ်ဘုရားကိုသွားဖူးတုံးကပါ။ အဲဒီတုန်းကတော့ သိုင်းသိုင်းဝိုင်းဝိုင်း တစ်စုတစ်ဝေး တပျော်တပါး။ အခုတော့ မဒမ်ပေါက်နဲ့နှစ်ယောက် ထဲ။ ဒါကြောင့်အတူသွားခဲ့ဘူးတဲ့မိတ်ဆွေတွေများပါရင်ဘယ်လောက်ကောင်းလိုက်မလဲလို့တမ်းတမိပါတယ်။ လှေသမားကလှေကိုထိန်းထားပေးတဲ့အပြင်လှိူင်းမပုတ်တော့ သိပ်မခက်။ ကျွန်တော်တို့အတွက် ကျောမှီပါတဲ့သစ်သားထိုင်ခုံနှစ်လုံးချပေးထားပါတယ်။ ကျနော်တို့သွားရမယ့်ခရီးက အင်းရေပြင် အကျယ် 11 မိုင်ရှိပါသတဲ့။ ဘယ်ကစသွားချင်လဲမေးတော့ ခင်ဗျားအဆင်ပြေသလို အစီအစဉ်တကျပို့ပေးပါလို့ဘဲပြောလိုက်ရပါတယ်။ ကိုယ်မှ မရောက်ဘူးတာနော်။ မဒမ်ပေါက်ကတော့ ရောက်ဘူူးပါတယ်။ ဒါနဲ့လမ်းမရှိတဲ့လမ်းကိုသွားဘို့အတွက် ခရီးစလိုက်ပါတယ်။ ဗေဒါပင်တွေဒိုက်ပင်တွေကြားထဲ့ လမ်းကျဉ်းကျဉ်းလေးထဲကို ဦးတည်ပြီး အင်ဂျင်စက်ကိုနူးိလို့ လှေစအထွက်မှာ လက်ကိုအားကိုးပြီးလှော်နေတဲ့လှေဦးမှာကလေးတစ်ယောက်က အကျအနထိုင်နေတာကို မြင်လိုက်ရပါတယ်။ အရိပ်ကလေးတွေရေထဲကျနေတာကို အမိအရ […]


“ကိုပေါက်လမ်းသလားနေသည် အပိုင်း(၁5)” (အင်းလေးခေါင်တိုင်သို့အသွား) ပြီးခဲ့တဲ့ နှစ်ရက်လောက်က အောင်ပန်းကမိတ်ဆွေတွေနဲ့ ညစာစားရင်းနောက်နေ့ မှာနာမယ်ကျော်အင်းလေးကန်ကို ဘုရားဖူးသွားကြဘို့ တိုင်ပင်ကြပါတယ်။ လာမယ့်လကွယ်နေ့မှာသူတို့လဲဈေးပိတ်တော့ အတူသွားကြဘို့ စီစဉ်ထားကြပါတယ်။ ဒါပေမယ့်အဖိတ်နေ့ရောက်တော့ သူတို့ ထဲက တစ်ယောက်က ကလောကို ရုံးကိစ္စနဲ့ သွားရမယ်၊နောက်တစ်ယောက်ကလဲ အိမ်မှာ ကျန်းမာရေးအတွက်ဆေးကုဘို့ ရွာကနေရောက်လာတဲ့ ဧည့်သည်ကို ဆေးရုံ လိုက်ပို့ရမယ်ဆိုတဲ့အကြောင်းကပေါ်လာပါတယ်။ သူတို့ကကျနော့်ကို ကတိပျက်မှာလဲစိုး ဧည့်ဝတ်မကျေမှာလဲစိုးတော့ သူတို့မှအခက်တွေ့နေတယ်ဆိုတာသိရပါတယ်။ ကျနော်ကလဲ အားနာဘို့မလိုတဲ့အကြောင်းရယ်၊ကျနော်ကို ကားသာငှားပေးလိုက်ပါလို့ပြောရပါတယ်။ ကျနော်က တော့ တကယ်တမ်းပြောရရင် ဘယ်လိုသွားရမယ်ဆိုတာလုံးဝမသိတော့ သူတို့စီစဉ်ပေးတဲ့အတိုင်းသွားရုံပါဘဲ။ ဒါနဲ့သူတို့ငှားသွားနေကျကားငှားတဲ့အိမ်ကို သွားကြတော့ သူ့ကားက ဘရိတ်သိပ်မကောင်းလို့ ကားပြင်စရာရှိတော့ မလိုက်နိုုင်ဘူးဖြစ်နေပါတယ်။သူကဘဲဖုန်းဆက်ပြီးနောက်တစ်ယောက်ခေါ်ပေးတော့ ကျနော်တို့ထက်အသက်နည်းနည်းကြီး တဲ့လူတစ်ယောက်ဗင်ကားလေးနဲ့ရောက်လာပါတယ်။ ကားခဈေးပြောကြတော့ အသွားအပြန်သုံးသောင်းခွဲ လို့ပြောပါတယ်။ တစ်ယောက်က ညောင်ရွှေထိမသွားနဲ့ ခေါင်တိုင်စခန်းကို ဘဲပို့ခိုုင်း အဲဒီမှာကားထားပြီးမှ အင်းထဲကိုသွား […]


“ကိုပေါက်လမ်းသလားနေသည် အပိုင်း(၁၄)” (ကလောမြို့ကိုရောက်တယ်…..ဒါပေမယ့်) မနက်အိပ်ယာထ လမ်းလျှောက်ထွက်ရာက အပြန် ကျနော်တည်းတဲ့နေရာရောက်တော့မနေ့တုံးက ကျနော်ကိုလိုက်ပို့တဲ့ ဆိုင်ကယ် ကယ်ရီသမားလေး ဖိုးလုံးက လမ်းလက်ပြရင်း ကျနော်ဆီကိုလျှောက်လာပါတယ်။ သူ့ကို ကလောသွားချင်တယ်ပြောထားတာကိုး။ အဲဒါနဲ့မနက်ဆယ်နာရီလောက်သွားမယ်လို့သူနဲ့ချိန်းလိုက်ပါတယ်။ မနက်8နာရီလောက်ရောက်တော့ အထက်ဈေးဘက်ကိုသွားလက်ဖက်ရည်သောက်မုန့်စား။ ပြီးတာနဲ့ဈေးထဲက မတွေ့ရသေးတဲ့ မိတ်ဆွေဆိုင်တွေကိုသွား စကားစမြည်ပြော။ ကိုးနာရီခွဲလောက်ရောက်တော့ဈေးထဲကနေတည်းခိုးခန်းကိုပြန်လာခဲ့ပါတယ်။ ရေချုးိမယ်လုပ်တော့ ရေကမလာ။ ကောင်လေးတွေမေးကြည့်တော့မီးမရရင်ရေမတက်ဘူးလို့ပြောပါတယ်။ ကြည့်လိုက်တော့ တည်းခိုးခန်းရှေ့က ဓါတ်တိုင်တွေကြိုးလဲနေတာတွေ့ရပါတယ်။ အဲတော့ အိမ်သာတက်ဘို့တောင်ရေအခက်အခဲရှိပါတယ်။ ခဏနေတော့ ကောင်လေးတွေက ရေချုးိခန်းထဲကို သုံးဘို့ရေ ပလပ်စတစ်ပုံးလေးနဲ့လာထားပေးသွားပါတယ်။ သူတို့ကိုအားနာတာနဲ့အောက်ထပ်မှာဘဲရေဆင်းချိုးတော့ အေးလိုက်တာလွန်ပါရောလို့ဘဲပြောရပါတော့တယ်။ ဆယ်နာရီထိုးတော့ အတူသွားမယ့်ကိုဖိုးလုံးကလဲအဆင်သင့်။ ဒါနဲ့သူနဲ့နှစ်ယောက်အတူ ကလောမြို့ဘက်ထွက်ခဲ့ပါတယ်။ မိုးတိမ်တွေကြားက ထင်းရူးပင်တွေနဲ့ပြည့်နေတဲ့တောင်တန်း တောင်တန်းမိူင်းညို့ညို့ ကြားမှာအိမ်လေးတစ်လုံးက နေချင့်စဖွယ် လမ်းခရီးတော့ တောင်တက်တောင်ဆင်းလမ်းကလေးက သာသာယာယာ။ အဲဒီနေ့ကမိုးလေးအုံ့နေတော့ ပိုပြီးနေလို့ထိုင်လို့ကောင်းပါတယ်။ မန်းလေးမှာဆိုရင်ကျနော်က ဆိုင်ကယ်အမြဲမောင်းပါတယ်။ အခုသူများမြို့ရွာမှာဆိုတော့ […]


“ကိုပေါက်လမ်းသလားနေသည် အပိုင်း(၁၃)” (လမ်းဆုံအောင်ပန်း) နောက်နေ့မနက်အိမ်ယာနိုးတော့ မနက်ငါးနာရီခွဲ။ မန်းလေးမှာဒီအချိန်ဆို ကန်ပါတ်လမ်းမှာ လမ်းလျှောက်နေကြအချိန်။ အဲဒါနဲ့မျက်နှာသစ် ကောင်တာမှာအိပ်နေတဲ့ကလေးကို နှိူးလို့ တံခါးဖွင့်ခိုင်းပြီး လမ်းလျှောက်ထွက်ခဲ့ပါတယ်။ အရုဏ်တက်အလင်းရောင်ထွက်ခါစ ကောင်ကင်က အပြာရောင်နုနုလေးဖုံးလွှမ်းလို့နေပါတယ်။ မနေ့ညက မိတ်ဆွေတွေနဲ့ထမင်းစားသွားခဲ့ကြတဲ့ ဆိုင်လေးရှိတဲ့မြို့မြောက်ဘက်ကိုလျှောက်လာခဲ့ပါတယ်။ လမ်းအရှေ့ဘက်က အမြင့် လမ်းအနောက်ဘက်ကတော့ မြေနိမ့်။ သူ့အောက်ဘက်ချိုင့်ဝှမ်းထဲမှာတော့ အိမ်ကလေးတွေအစီအရီ။ ဆိုင်လေးတွေအိမ်လေးတွေကတော့ တံခါးပိတ်လို့ အိပ်မောကျလို့ကောင်းဆဲ။ လမ်းပေါ်မှာတော့ ကျနော်လို့လမ်းလျှောက်သူတစ်ယောက်စ နှစ်ယောက်စ၊ ကျနော်သိပ်ကြောက်တဲ့ ခွေးတွေကလည်း လမ်းပေါ်မှာဟိုနားတစ်ကောင်ဒီနားတစ်ကောင်။ ခပ်တည်တည်နဲ့လမ်းလျှောက်တော့သူလဲသူ့လမ်းသူသွားကို်ယ်လဲကိုယ့်လမ်းကိုယ်သွား။ လမ်းမှာတွေ့ရတဲ့ လှတယ်လို့ထင်ရတဲ့အိမ်လေးတွေကို ဓါတ်ပုံရိုက်။ ဒါနဲ့ဘဲညကထမင်းစားခဲ့တဲ့ဆိုင်နားရောက်တော့ ပြန်ကွေ့လို့မြို့တောင်ဘက်ကို ပြန်လျှောက်လာခဲ့ပါတယ်။ မြို့တောင်ဘက်ခပ်ဝေးဝေးမှာတော့ တောင်ကုန်းပေါ်မှာစေတီတစ်ဆူကိုဖူးမြင်ရပါတယ်။ နည်းနည်းလေးသွားလိုက်တော့ ဈေးဆိုင်တန်းလေး။ သူကတော့ ကားတွေထမင်းစားနားတတ်တဲ့ချယ်ရီမြိုင်ထမင်းဆိုင်နဲ့အတူတွဲလို့ရှိနေတဲ့ အောင်ပန်းမြို့ထွက်လက်ဆောင်ပစ္စည်းတွေရောင်းတဲ့နေရာလေးပါဘဲ။ အဲဒီနေရာရောက်တော့ ဆက်မသွားဘဲပြန်လှည့်လာခဲ့ပါတယ်။ လမ်းမှာ ရထားသံလမ်းလေးကိုတွေ့တော့ သံလမ်းအတိုင်းအနောက်ဘက်ကိုဝင်သွားလိုက်တော့ ရေစီးသန်တဲ့ချောင်းလေးကိုတွေ့ရပါတယ် ရေနီနီတွေစီးလို့ပေါ့။ […]