“ကိုပေါက်လမ်းသလားနေသည် အပိုင်း(၁၃)” (တောင်ပိုင်းလမ်းဆုံ မြို့အောင်ပန်း) တောင်ကြီးကနေ အောင်ပန်းကို သွားမယ်ဆိုတော့ အရင်ဆုံးလိုင်းကားကိုစုံစမ်းရပါတယ်။ အောင်ပန်းကားက မနက် ဆယ့်တစ်နာရီခွဲမှာ စထွက်ပါသတဲ့၊ ကားဂိတ်ကတော့ ဈေးမြောက်ဘက်အဆုံးအနောက်ဖက်ဒေါင့်နားလေးမှာ ကင်းတဲလိုအဆောက်အဦလေးထဲကနေ လက်မှတ်ရောင်းပေးတာပါ။ အဲဒါနဲ့ လက်မှတ်ဖြတ်တော့ ဟိုင်းလတ်ကား ဘဲရှိတယ်။ ရှေ့ခန်းကတစ်ယောက်ရမယ်ဆိုတာနဲ့ဆယ့်တစ်နာရီခွဲထွက်မယ့်ကားလက်မှတ်ကိုဖြတ်လာခဲ့ပါတယ်။ မဒမ်ပေါက်ကရှေ့ခန်းကျနော်ကတော့နောက်ခန်းပေါ့။ အောင်ပန်းကနေ ကလောနဲ့လွိုင်ကော်ဘက်ကိုသွားပြီးမှတောင်ကြီးကိုတစ်ခေါက်ပြန်လာရမှာပါ။ ကားဂိတ်နဲ့တည်းခိုခန်းက မန်းလေးလိုဆိုရင် တစ်ပြကျော်ကျော်လောက်ဝေးပါတယ်။ နီးနီးလေးဆိုတော့လဲ ကားမငှားချင်။ တည်းခိုခန်းကကောင်လေးတွေက တွန်းလှည်းခေါ်ပေးပါတယ် ဈေးကတော့ 1500။ ဈေးနားနီးတော့ တွန်းလှည်းခေါ်ရတာအဆင်ပြေပါတယ်။ အဲဒါနဲ့အထုပ်အပိုးတွေလှည်းပေါ်တင် လူကလမ်းလျှောက် ကားဂိတ်ရောက်တော့ကျနော်တို့စီးရမယ့်ကားက ဟိုင်းလတ်ကားအဖြုရောင်လေး။ ပစ္စည်းတွေကားပေါ်တင်မယ်လုပ်တော့ ကားဆရာနဲ့စပယ်ယာက ခဏလေးဆိုဘေးချထားတော့ သူများအိမ်အရိပ်အောက်မှာသွားခိုနေရပါတယ်။ အဲဒီနေ့မှ နေကလဲ အတော်လေးပူပါတယ်။ ရှေ့ခန်းထို်င်ရမယ့်လူက ပြဿနာမရှိပေမယ့် နောက်ကလိုက်မယ့်သူက ထိုင်စရာပူရပါတယ်။ ကားခေါင်မိုးပေါ်မှာလည်းပစ္စည်းကပြည့်ရုံတင်မက မောက်လျှံလို့နေပါတယ်။ ကားအောက်ခန်းတစ်ဝက်လောက်ကလဲ ပစ္စည်းအပြည့် ။ […]


“ကိုပေါက်လမ်းသလားနေသည် အပိုင်း(12-B)” (တောင်ကြီး မြို့ကရေတံခွန်) စိတ်ထဲမှာ အေးသာယာ စပျစ်ခြံနားရောက်မှ အဆင်းလမ်းနဲ့အတက်လမ်းဆုံတော့မယ်လို့ထင်ပါတယ်။ အဲဒါနဲ့ဓါတ်ပုံရိုက်လိုက်သွားလိုက်လုပ်နေရင်းက တောင်ကျောပေါ်ကနေ ဆိုင်ကယ်တစ်စီးဆင်းလာတာတွေ့တော့ဝမ်းသာ သွားပါတယ်။တောင်ပေါ်ကိုပြန်တက်တဲ့လမ်းတွေ့ရတော့မှာကြောင့်ပါ။ နည်းနည်းလေးသွားလိုက်တော့တောင်ပေါ်ကိုပြန်တက်တဲ့မြေလမ်းလေးကိုတွေ့ရပါတယ်။ လမ်းမှာ ပန်းအနီတွေလှိုင်နေအောင်ပွင့်တဲ့ အပင်လေးကို လှလို့ အားပေးခဲ့ပါသေးတယ်။ ဒါနဲ့တောင်အတက်လမ်းပေါ်ကိုတက်ပြီး တောင်ကြီးဘက်ကိုပြန်လျှောက်လာပါတော့တယ်။ တောင်ကြီးလမ်းမှာတူညီတဲ့ ပါဖော့်မင်းကတော့ နွယ်ပင်တွေက အပင်စောက်ကြီးတွေကို တွဲလွဲခိုစီးနေတာပါဘဲ။ ဆက်လျှောက်နေရင်းက နေအနောက်ဘက်ကိုကြည့်လိုက်တော့ ကျနော်ဓါတ်ပုံရိုက်ချင်လွန်းတဲ့ရေတံခွန်ကို မြင်ရပါတော့တယ်။ ဟို့တောင်ပေါ်အမြင့်ကြီး နီနီရဲရဲတောင်ကမ္ဘားယံကနေ အရှိန်ပြင်းပြင်းနဲ့ခုန်ဆင်းနေတဲ့ရေတံခွန်ကြီးပါဘဲ။ အတော်ဝေးဝေးလေးမှာရှိနေပေမယ့် ရေကျသံတွေကတော့ တဝေါဝေါ တဟဲဟဲ။ ရေလုံးကလဲအတော်လေးကို ကြီးပုံရပါတယ်။ ရေတံခွန်က ဝေးပေမယ့် မြင်ရတာ လှပ တောင်ကြီးမြို့နဲ့သုံးမိုင်အကွာပါ။ တေ ာင်ကြီးရဲ့အောက်မှာတော့ တိမ်ခိုးတွေကြားက မြို့ကလေးရဲ့ အိမ်ကလေးတွေကိုတွေ့ရပါတယ်။ ဆက်လျှောက်နေရင်း မိုးတွေအုုံ့ဆိုင်းလို့ ညိုမိူင်းနေပြီးလူက လဲ မိုးငွေ့ တိမ်ခိုးကြားမှာရောက်နေသလိုခံစားရပါတယ်။ သိပ်မကြာခင်ရေကျသံတွေကြားရပြန်တော့တယ်။ […]


“ကိုပေါက်လမ်းသလားနေသည် အပိုင်း(12-A)” (မြို့အဝင်ရူ့ခင်း) နောက်နေ့နေ့လည်ခင်းမှာ အေးသာယာဘက်ကို အလုပ်ကိစ္စနဲ့သွားခဲ့ပါတယ်။ လိုင်းကားနဲ့လိုက်သွားတယ်ဆိုတော့ ဓါတ်ပုံရိုက်ဘို့ အခွင့်မသာပါဘူး။ မတ်တတ်ရပ်လိုက်ရတော့ပြူတင်းပေါက်ကနေခေါင်းပြူကြည့်ရတာလောက်နဲ့ဘဲကျေနပ်ရပါတယ်။ အဆင်းလမ်းအလယ်လောက်ရောက်တော့ ရေကျသံတွေကြားရပါတယ်။ မိုးတွင်းဆိုတော့ ချောင်းကရေစီးသန်တော့ တောင်အောက်ကိုဆင်းတဲ့ရေသံတွေကိုကြားရတာပါ။ တောင်အဆင်းလမ်းကတော့ စိမ်းစိမ်းစိုစို နဲ့သာယာလှပါတယ်။ လှပစိမ်းစိုတဲ့ အပင်လေးတွေကိုမြင်ရတာ ရင်ထဲမှာအေးမြ တစ်ခါတစ်လေခေါင်းလေးငုံ့ကြည့်တဲ့အခါ ဟိုးအဝေးမှာ အိမ်ကလေးတွေကိုမြင်နေရပါတယ်။ ဒါနဲ့ဘဲ မိတ်ဆွေစောင့်နေတယ်ဆိုတဲ့အေးသာယာ ကလက်ဖက်ရည်ဆိုင်ရောက်တော့ သူနဲ့တွေ့။ သူ့အိမ်မလိုက်တော့ဘဲအလုပ်ကိစ္စကို လက်ဖက်ရည်ဆိုင်မှာတင်ပြီးပြတ်အောင်ပြောပြီး လိုင်းကားစီးလို့ပြန်လာခဲ့ပါတယ်။ မြို့အဝင်နုတ်ခွန်းဆက်တဲ့ဆို်င်းဘုတ်ကြီးကိုလွန်လာတော့ လမ်းရှေ့မှာတောင်အမြင့်ကြီးရယ် တောင်ပေါ်မှာအိမ်တွေရယ်တွေ့နေရပါတယ်။ ဒါကတော့ တောင်ကြီးမြို့ပေါ့။ အပြန်လမ်းမှာတော့ ထိုင်စရာနေရာ ရပါတယ်။ အဲတေ့ာ လမ်းတစ်လျှောက်လုံးကို ငေးလာလို့ရသလို လှပတဲ့မြင်ကွင်းတွေကပေးတဲ့ကြည်နူးခြင်းရသကိုလဲ အပြည့်အဝခံစားလို့ရပါတယ်။အေးသာယာက စပျစ်ခြံကိုလွန်လာတဲ့အခါ ရေကျသံတွေကြားလို့ လမ်းညာဘက်ကို ကြည့်လိုက်တော့ ဟိုတောင်ပေါ်က နေဆင်းလာတဲ့ရေတံခွန်ကြီးတစ်ခုကိုတွေ့ရပါတယ်။ ဒါပေမယ့် ဓါတ်ပုံရိုက်ဘို့လဲအခွင့်မသာ။ ရေတံခွန်က လမ်းညာဘက်ခြမ်းကျနော်ထိုင်က ကားရဲ့ဘယ်ဘက်ခြမ်းဆိုတော့ […]


“ကိုပေါက်လမ်းသလားနေသည် အပိုင်း(11)” (တောင်ပေါ်က စေတီနဲ့ တောင်ပေါ်ရူ့ခင်း) အရှေ့ဘက်ခြမ်းကိုသေချာကြည့်တော့ ရင်ပြင်တော်ကိုစီးမိုးထားတဲ့တောင်ကြီးရဲ့အရိပ်ကြောင့် ပိုပြီးအေးချမ်းသွားသလိုခံစားရပါတယ်။ ရင်ပြင်တော်ကနေလက်ျာရစ် ပတ်ပြီးကြည့်ပြန်တော့ တောင်ကြီးရဲ့အောက်ခြေမှာ အိမ်ကလေးတွေ စီတန်း အဝါရောင်အပွင့်တွေဖုံးနေတဲ့မယ်ဇလီပင်တွေကိုတွေ့ရပါတယ်။ အုံ့မိူင်းနေတဲ့မိုးတိမ်ကြားက အားယူလို့ထွက်လာတဲ့နေမင်းအရောင်က မပြူတပြူဆိုတော့ တတောင်လုံးကလဲ မပီမပြင် ဝိုးတဝါး ၊သစ်ပင်ဝါးပင်တွေနဲ့ညို့ဆိုင်းဆို်င်း၊ သစ်ပင်လေးတွေက တန်းစီလို့နေပါတယ်။ (စေတီနဲ့တောင်ထွတ်) စိမ်းရိပ်ညိုမှောင် တောတောင်အေးရိပ် မပီတပီနေမင်းနဲ့တောင်တန်း ( လှပသောမြင်ကွင်းအစုံ)   မြောက်ဘက်ခြမ်းရင်ပြင်ရဲ့ဘေးမှာရှိနေတဲ့သစ်ပင်ပေါ်မှာတော့ ချစ်ခွန်းဖွဲ့သီနေတဲ့ငှက်မောင်နှံ (စောစောစီးစီး ချစ်တေးသီတဲ့လူမောင်နှံကိုတွေ့ပေမယ့် အဆော်ခံရမှာစိုးလို့ လက်မဆောာ့ရဲပါဘူး) အနောက်ဘက်ခြမ်းမှာ တော့ နေပူစာဘဲလှုံနေတာလား ချစ်ခွန်းဖွဲ့သီဘို့ဘဲဂွင်တွေဆင်နေသလားမသိတဲ့ ငှက်ကလေးကစုစုပေါင်း လေးကောင်။ နောက်တော့ နှစ်ကောင်တစ်တွဲစီဖြစ်လို့သွားပါတယ်။ ဒါတောင်အဖော်ကွဲနေတဲ့ငှက်ကလေးတစ်ကောင်ဘေးမှာတော့ ဘယ်ဆီကိုမသိပျံနေတဲ့ငှက်ကလေးကတစ်ကောင် သစ်ပင်ပေါ်ကငှက်ကလေး ငှက်ကလေးတစ်ကောင်ကတော့ အဖော်မဲ့နေသလို ငှက်ကလေး ကလေးသုံးကောင် နားနေတဲ့ပုံပါ ငှက်ကလေးတွေကလဲ နေပူစာလုှံတယ်ထင်ပါရဲ့ အခုတော့လေးကောင်အားလုံး […]


“ကိုပေါက်လမ်းသလားနေသည် အပိုင်း(10)” (စူဠာမုဏိလောကချမ်းသာစေတီတော်) ကျနော်အခန်းထဲပြန်ရောက်တော့ ရေချိုး (ရေပူပိုက်)ရှိလို့ချိုးရဲတာပါ။ မဒမ်ပေါက်လဲ ပေါင်ပေါင်တွေဘာတွေရိုက်လို့ အလှတွေလဲပြင်ပြီးရော ဗိုက်ဖြည့်ဘို့ အစီအစဉ်ဆွဲရပါတော့တယ်။ ကိုယ်မရောက်ဘူးတဲ့အရပ်ဖြစ်တော့ ဟိုတယ်က ကလေးတွေကို မေးရပါတယ် ဘယ်ဆိုင်က မုန့်ကောင်းပြီး လက်ဘက်ရည်ကောင်းသလဲပေါ့။ ကလေးတွေက ကမ္ဘောဇဘဏ်ရှေ့က “တောင်ကြီး”ကတော့ လက်ဖက်ရည်နဲ့ပေါက်စီကောင်းတယ် ခေါက်ဆွဲစားချင်ရင်တော့ဈေးထဲက “တိုကျို”ကိုသွားလို့ပြောပေးပါတယ်။ အဲဒါနဲ့သူတို့ပြောတဲ့အတိုင်းရှေ့တည့်တည့်ဆက်သွားပြီး လမ်းမကိုကျော်လိုက်ပါတယ်။ လမ်းဘေးမှာ တော့သစ်သီးဈေးတန်းလေးခင်းကျင်းထားပုံက လှတပတ။ ပန်းသီး၊စပျစ်သီး၊မက်မန်းသီးတွေက လတ်လတ်ဆတ်ဆတ်နဲ့အလုံးအထည်ထွားထွား၊ ကောက်ညှင်းပေါင်းလေးတွေကလဲ ပူပူနွေးနွေးနဲ့စားချင်စဖွယ်။ ဈေးလေးရဲ့အနောက်ဖက်ဖျားမှာဖောက်ထားတဲ့ မလွယ်ပေါက်ကလေးက ဝင်လိုက်တော့ ဖက်ထုတ်ကြော်ဆိုင်လေးတွေ့ရပါတယ်။ ဆက်ဝင်လိုက်တော့ “တိုကျို”ဆိုတဲ့ဆိုင်လေးတွေ့ပါတယ်။ သူ့နံဘေးနားက တိုဟူးနွေးဆိုင်လေးကထွက်နေတဲ့ တိုဟူးကျိုတဲ့အနံ့လေးကလဲ သွားရေကျစရာ။ ဒါနဲ့ဘဲအဆာခံအောင်ခေါက်ဆွဲစား ပြီးတော့ မှသိ်ပ်မဝေးတဲ့ ကလေးတွေပြောတဲ့ဆိုင်မှာလက်ဖက်ရက်သောက်ပါတယ်။ လက်ဖက်ရည်အရသာကတော့ ကျွန်တော့အကြိုက်ပါဘဲ။ လက်ဖက်ရည်သောက်ပြီး ဆိုင်အပြင်ထွက်တော့ မိုးဖွဲဖွဲလေးကျနေတာကို မြင်မှ ပါလာတဲ့ထီးကိုသတိရလို့ပြန်ယူ။ မန်းလေးမှထီးဆောင်တာအကျင့်မရှိတော့ […]


“ကိုပေါက်လမ်းသလားနေသည် အပိုင်း(၉)” (ဟိုဘက်ရောက်ဒီဘက်ရောက်လမ်းလျှောက်တဲ့ကိုပေါက်) ကျနော်လမ်းလျှောက်ဘို့သာထွက်လာတယ် ဘယ်ဘက်ကိုသွားလို့ သွားရမှန်းမသိပါဘူး။ အဲဒါနဲ့တည်းခိုခန်းကထွက် အရှေ့ဘက်လမ်းကျယ်ကြီးလဲရှိတောင်တန်းကြီးလဲရှိတဲ့ဘက်ကိုထွက်ခဲ့ပါတယ်။ နောက်မှသိရတာကတော့ အဲဒီလမ်းမကြီးက ပင်မလမ်းမကြီးပါဘဲ။ လမ်းမကြီးကလေးလမ်းသွား ကျနော်ထွက်လာခဲ့တဲ့ နာရီစင်တည့်တည့်လမ်းက မြို့မဈေးကြီးရဲ့တောင်ဘက်ခြမ်း၊ သူ့ရှေ့တည့်တည့်မှာလဲ ထီးတိုင်တွေချထားတဲ့သစ်သီးဈေးလေးတန်းကလေး။ တစ်ယောက်ခြင်းရော သုံးလေးယောက်အုပ်စုလိုက်ရော ကျန်းမာရေးအတွက်လမ်းလျှောက်ထွက်သူတွေရှိပါတယ်။ ကြည့်လိုက်တော့ မြို့တောင်ဘက်ကို လမ်းလျှောက်ထွက်ကြတာကိုတွေ့ရပါတယ်။ သူတို့လိုဘဲတောင်ဘက်ကိုသွားမယ်ဆိုကွေ့လိုက်တော့ ခန့်ထည်တဲ့အဆောက်အဦကြီးတွေ့ရပါတယ်။ “ကမ္ဘောဇဘဏ်”ပါတဲ့ ။ အဆောက်အဦးရှေ့မှတော့ ပန်းခြံတွေနဲ့လှလှပပ။ အဲဒီတောင်ဘက်ခြမ်း ကို မသွားသေးဘဲဆန့်ကျင့်ဘက်အရပ်ဖြစ်တဲ့ မြောက်ဘက်ကိုနည်းနည်းလေးသွားလိုက်တော့ဟိုး အရှေ့ဘက်ကို တက်တဲ့လမ်းမကျယ်ကြီးတွေ့တာနဲ့ အပေါ်ဘက်ကိုတက်ပြီး ဆက်လျှောက်နှစ်ပြလောက်ရောက်တော့ မီးပွိုှုင့်လေးတွေ့ပါတယ်။ မီးပွိုင့်လေးကနေလှမ်းကြည့်တော့ ကိုယ့်ရှေ့တည့်တည့်မှာ သစ်ပင်တွေနဲ့စိမ်းမှောင်နေတဲ့တောင်ကြီး။ ဟိုး…………………အစွန်ဆုံးမှာတော့ တောင်ထွတ်အငူလေး။ ဈေးကြီးကနေလမ်းမကျော်ပြီးအရှေ့တက် မန်းလေးအခေါ် 2ပြလောက်လျှောက်လိုက်တော့ ဒီအရှေ့မြို့ပါတ်လမ်းပေါ်ရောက်သွားပါတယ်။ ကျနော်ရောက်နေတဲ့နေရာလေးကတော့ အရှေ့မြို့ပါတ်လမ်းပါတဲ့။ မနက်စောစောမို့လားမသိဘူးဖြောင့်တန်းညီညာနေတဲ့လမ်းပေါ်မှာလူရှင်းပါတယ်။ နောက်ပြီးစီးသွားကြတဲ့ဆိုင်ကယ်တွေကလဲ အေးအေးဆေးဆေး။ မန်းလေးမှာဆိုရင်တော့ ဒီလိုလူရှင်းတဲ့လမ်းမှာ လီဗာအသားကုန်ဖြဲ […]


“ကိုပေါက်လမ်းသလားနေသည် အပိုင်း(၈)” စက်တင်ဘာလ နောက်ဆုံးအပါတ်ထဲမှာတောင်ကြီးဘက်ကို ခရီးထွက်ဘို့အကြောင်းဖန်လာပါတယ်။ အဲတာနဲ့တောင်ကြီးကားဘယ်အချိန်ထွက်လဲဆိုတာကို 32လမ်းက ကားလက်မှတ်ရောင်းတဲ့နေရာမှာသွားပြီးမေးတော့ အိပ်စ်ပရက်စ် အမြန်ကားကြီးတွေရှိတယ်။ညမှာဘဲထွက်တယ်လို့ဆိုပါတယ်။ “ရန်ကြီးအောင်”ဆိုတဲ့ကားမှာ မှ ကိုယ်ထို်င်ချင်တဲ့နေရာရလုို့ ဝယ်လိုက်ပါတယ်။ ကားခကတော့ တစ်ယောက်ခြောက်ထောင့်ငါးရာ။ ကျွဲဆယ်ကန်ကားကို သွားစီးချင်ရင် ငါးနာရီခွဲအရောက်သွား။ ဂိတ်ကလိုက်ပို့မယ်ကားနဲ့လိုက်မယ်ဆိုရင်လေးနာရီလောက် 32လမ်း 82လမ်းကဒီ ဂိတ်ကိုရောက်အောင်လာလို့မှာပါတယ်။ ကျနော်ခရီးသွားရင် အများအားဖြင့်ရှေ့ပိုင်းက ခုံမှာထို်င်လေ့ရှိပါတယ်။ ဓါတ်ပုံရိုက်ချင်တယ်ဆိုရင်အဆင်ပြေအောင်လို့ပါ။ တစ်ခါမှမရောက်ဘူးသေးတဲ့မြို့ကိုသွားရမယ်ဆိုတော့ ဘယ်လိုဘဲပြောပြော စိတ်လှုပ်ယှားပါတယ်။ အဲဒါနဲ့တောင်ကြီးမှာနေတဲ့မိတ်ဆွေကို လှမ်းမေးရပါတယ်။ သန့်လဲ့သန့် ဈေးလဲသက်သာ သွားလို့လွယ်ကူတဲ့ တည်းခိုခန်းကို တည်းချင်ပါတယ်ပေါ့။ အမှန်ကတော့ တောင်ကြီးရောက်ရင် ဘယ်ကိုပို့လို့ တက်စီသမားကို တန်းပြောချင်တာလဲပါ ပါတယ်။ ဟိုရောက်မှ ဘယ်ကိုသွားရမယ်မှန်းမသိရင်ပိုခက်မှာစိုးလို့ပါ။ တောင်ကြီးကမိတ်ဆွေက ကျနော်တည်းဘို့တည်းခိုခန်းနာမယ်ကိုပြောပေးပါတယ်။ သူကလာကြိုရမလားမေးတော့ မနက်လေးနာရီလောက်ရောက်မယ်ဆိုတာကိုသိထားတော့ သူအလုပ်ရှုပ်မှာရယ် အားနာတာရယ်ကြောင့် လာမကြိုနဲ့လို့ပြောပြီး မနက်ရောက်မှဖုန်းဆက်လိုက်မယ်လို့ဘဲပြောလိုက်ပါတယ်။ ဒါနဲ့ဘဲတောင်ကြီးသွားမယ့်နေ့ရောက်တော့ ညနေငါးနာရီခွဲအရောက်လာပါလို့ […]


အင်းလေးကန်ကို ရောက်တဲ့အခါ လှေသမားက ကျောင်းဟောင်းကို သွားမယ်ဆိုလိုက်ပို့ပါတယ်။ ကျောင်းကြီးထဲမှာတော့ ရှေးလက်ရာ တွေကို တွေ့ရသလို သစ်တစ်ပင်ထဲက ထွင်းထားတဲ့ လက်ရန်းကိုလဲ တွေ့ခဲ့ရပါတယ်။ လှည့်ပါတ်ကြည့်နေတုန်း ကျောင်းတောင်ဘက်ဖျာတွေခင်းထားတဲ့နေရာရောက်တော့ ရေနွေးကြမ်းအိုးတွေ မုန့်ပဲသွားရေစာတွေချထား၊ လူတော်တော်များများလဲဝိုင်းထိုင်နေတာကိုတွေ့ပေမယ့် ကျနော်ကတော့ဓါတ်ပုံလှည့်ရိုက်နေမိပါတယ်။ နောက်မှလှည့်ကြည့်လိုက်တော့ ကြောင်လိမ္မာလေးတွေက ကြိမ်ကွင်းခုန်ပြထားတာကိုတွေ့လိုက်ရ့ပါတယ်။ ကျနော်သွားတော့အတော်လေးကို ပြပြီးနေပါပြီ။ ဒါပေမယ့် မှီသလောက် လေးကို ဗွီဒီယိုရိုက်ထားတဲ့အထဲကပုံလေးတွေကူးတင်ပေးလိုက်ပါတယ်။ ကြောင်ခုန်တာလေးက ချစ်စရာ နည်းနည်းလေးတော့ တစ်ပုံနဲ့တစ်ပုံတူမယ် ကြောင်လေးတွေကတော့ အများကြီး သင်ကြားပေးတယ်ဆိုရင် လိမ္မာယဉ်ကျေး နိုင်တယ်ဆိုတာကို ကျနော်တို့ထက် အသိဉာဏ်နည်းပါးတယ်ဆိုတဲ့ တိရိစ္ဆာန်လေးတွေက သက်သေပြသွားတယ်လို့ ထင်မိပါတယ်။ အဲသင်တာတောင် မယဉ်ကျေးဘူးဆိုရင်တော့……………… ကြောင်တွေကို သင်ပေးထားသူက တစ်ကောင်ခြင်းခေါ်ပြီးခန်ုခိုင်းတာပါ။ အမှတ်စဉ်2 အမှတ်စဉ်3 တစ်ကောင်ပြီးရင်နောက်တစ်ကောင်လာခဲ့ပါ။ တစ်ဆင့်ပြီးတစ်ဆင့်ခုန်တာလေးမြင်ရတဲ့ပုံလေးတွေပါ၊ ငါးအဆင့် အဆင့်6 နောက်ဆုံးအဆင့် နောက်ထပ်တစ်ကောင်အလှည့်ရောက်ပြီလေ […]


ကယားပြည်နယ် လွိုင်ကော်မြို့ကိုရောက်တဲ့ရက် မိုးကရွာလိုက်တိတ်လိုက်၊ ညနေခင်း အရောက် လမ်းလျောက်နေတုံး(လမ်းလျောက်ဆို သူများမြိုရွာဆိုတော့ လမ်းဘဲလျှောက်ရတာပ) ကလေးငယ်လေးတွေကကောင်းကင်ကိုမော့ကြည့်လို့ လက်ညိုးတထိုးထိုးနဲ့အော်နေလို့ သူတို့ကြည့်တာကိုလိုက်ကြည့်လိုက်တော့ ရင်သပ် ရူ့မော ကိုယ်တောင် ကလေးတွေနဲ့ရောလု့ိပျော်သွားမိပါတယ်။ ကဲကြည့်လိုက်ကြရအောင်နော် အောက်ခြေကနေစကြည့်မယ်လေ မြင်ရတာပိုမိုလို့ ထင်ရှားလှပ ဒါကတော့အပြည့် သက်တန့်မြင်ရင် ရင်ခုန်လို့ပျော်ရွှင်ပါသတဲ့ ကောင်မလေးတစ်ယောက်ကပြေဘူးတာလေ တစ်ဝက်တစ်ပျက်သက်တန့်


အဆိုတော်မာမာအေး ငယ်စဉ်က နာမယ်ကြိးခဲ့တဲ့သီချင်းထဲမှာ သက်တန့်ပေါ်မှာကစားမယ်ဆိုတဲ့သီချင်းလေးလဲပါပါတယ်။ စာသားလှလှ သံစဉ်သွက်သွက် ဆိုထားတဲ့သူကလဲ အဆိုပိုင်ပိုင်ဆိုတော့ မြူးကြွလို့ လူတိုင်းရင်ထဲကို ထိရှ အားလုံးပါးစပ်ဖျားမှာရေးပန်းစားခဲ့ပါတယ်။ ကျနော်တို့လဲ ငယ်ကတည်းက သက်တန့်ကို မြင်တာနဲ့ အရူးအမူးအော်ဟစ် လို့ ပျော်မြူးခဲ့ကြပါတယ်။ သက်တန့်ဆိုတာကလဲ ကျနော်တို့လို မိုးနည်းရပ်ဝန်းဒေသမှာ မြင်ရခဲ့မျှမဟုတ်လား။ အခုအသက်အရွယ်ထိ သက်တန့် မြင်ရင် ကြည်နူးစိတ်က မပျယ်သေးပါဘူး။ 2011 စက်တင်ဘာလထဲမှာတော့ တောင်ပိုင်းရှမ်းပြည်ဘက်ကို ခရီးထွက် အောင်ပန်းမြို့ရောက်ခဲ့ပါတယ်။ မူိုးတွေစွေနေတဲ့တစ်ညနေခင်းမှာ အရှေ့ဘက်ကောင်းကင်ကို လှမ်းကြည့်မိတော့ သိပ်မပီသတဲ့သက်တန့်ကိုတွေ့ခဲ့ရပါတယ်။ တိမ်ရောင်စုံပန်းဆီယှက် သက်တန့်လေးကလဲ မရဲတရနဲ့ထွက်လာပါတယ်။ သိပ်တော့ မမြင်ရဘူး သေချာကြည့်ရင်တော့ အောက်ခြေမှာသက်တန့်ရှိတယ်။ ဒါကတော့ မပီမသပေမယ့် တောင်ကြီးမြို့နံနက်ခင်းက သက်တန့် သွားနေတဲ့ ကားပေါ်ကနေ ရိုက်တော့ သိပ်တော့ မြင်ကွင်းမရှင်းပါဘူး။ ရှမ်းပြည်တောင်ပိုင်းမှာ ခဏနေတုန်းတွေ့ခဲ့ရတဲ့သက်တန့်ပေါ့။ […]


အင်းလေးကန်ထဲမှာ တည်ထားကိုးကွယ်တဲ့ ဖောင်တော်ဦးဘုရားမှာ အပူဇော်ခံထားတဲ့ ရှေးဟောင်းဆင်းတုတော်တွေပါ။ ဘုရားငါးဆူကို ကျောင်းဆောင်ပေါ်က ငွေကလပ်မှာတင်ပြီးပူဇော်ထားပါတယ်။ အင်းလေးဖောင်တော်ဦးက ဆင်းတုတော်တွေကို ပါတ်ဝန်းကျင်က မြို့တွေရွာတွေကို ဖောင်တော်နဲ့တင်လို့ အပူဇော်ခံလေ့ရှိပါတယ်။ ဒါပေမယ့် ဒီဆင်းတုကတော့ ဘယ်ကိုမှ ရွှေ့ပြောင်းပင့်ဆောင်လို့မရဘူးလို့ သိရပါတယ်။ ဘေးမှာက လေးဆူ အလယ်မှာတစ်ဆူဖြစ်ပါတယ်။ ဘုရားကိုရွှေသင်္ကန်းကပ်လှူကြတာများတဲ့အတွက် ဘုရားမူလပုံစံတော်မရှိတော့ဘဲ ရွှေအတုံးအခဲကြီးလိုဖြစ်နေပါတယ်။ ဖောင်တော်ဦးက ဒီဘုရားကို ရွှေသင်္ကန်းကပ်သူအလွန်များပြားပါတယ်။ လူတွေရှောင်ပြီးရိုက်ထားတဲ့ပုံလေးတွေဖြစ်ပါတယ်။ ဒီအင်းလေးကဘုရားတွေကို ညောင်ရွှေ ရွှေညောင်အစရှိတဲ့မြို့တွေကို ဒေသစာရီကြွလို့ လှည့်လည်အပူဇော်ခံလေ့ရှိပါတယ်၊ ဒီဆင်းတုကတော့ ဘယ်လို့ မှ ပင့်လို့မရပါဘူးတဲ့။ တစ်ခါသားမှာတော့ ဆင်းတုတော်အားလုံးပင့်သွားတဲ ဒီနေရာလေးအရောက်မှာတော်လေကြီးမိုးကြီးကျပြီး ဒီဆင်းတုတော်နစ်မြုတ်သွားပါသတဲ့။ ဒါပေမယ့် ဘုရားပေါ်ကိုအလိုုလိုပြန်ရောက်နေတယ်လို့သိရပါတယ်။ ဒါလေးက အနီးကပ်မြင်ကွင်းလေးပါ။တုူိင်ပေါ်မှာ ဟင်္သာရုပ်ကလေးနဲ့။ ဒါကတော့ ဆင်းတုတော်သယ်တဲ့ အနောက်ဘက်က ဆင်းတုတော် အရှေဘက်က ဆင်းတုတော် အရှေ့မြောက်ဒေါင့်ကဆင်းတု ဆင်းတုတော်ငါးဆူ […]


“ဖြစ်သင့်တာလေးတွေပြောကြရအောင် အမှတ်တစ်( ယာဉ်ရပ်နားခနဲ့မန္တလေး)” မန္တလေးမှာ 78လမ်း၊လမ်း80၊84လမ်း၊26ဘီလမ်း ၊လမ်း30 ၊35အေလမ်း ဆိုတဲ့လမ်းတွေက အဓိကလမ်းမကြီးတွေဖြစ်ကြပါတယ်။ အဲဒီလမ်းမကြီးတွေပေါ်က သတ်မှတ်ထားတဲ့နေရာတွေမှာမော်တော်ကား တို့ ဆိုင်ကယ်တို့ရပ်တယ်ဆိုရင် ယာဉ်ရပ်နားခကောက်ပါတယ်။ အရင်ကတော့ ဆိုင်ကယ်တစ်စီး တစ်ရာကောက်ပါတယ်။ တကယ်ကောက်ခံတာက မန်းလေးစည်ပင်သာယာကပါ။ ဒါပေမယ့် ပုဂ္ဂလိက ကို ကန်ထရိုက်ပြန်ပေးတယ်လို့ ထင်ပါတယ် ရပ်နားခကောက်ခံသူတွေက ဝန်ထမ်းပုံမပေါက်ဘဲ မိုက်ကယ်ပုံပေါက်နေတာများလို့ပါ။ အဲဒီလမ်းမတန်းမှာရှိတဲ့ စားသောက်ဆိုင် မုန့်ဆိုင် ဘဏ် လက်ဖက်ရည်ဆိုင်တွေမှာလာကြတဲ့သူနဲ့ ကောက်ခံသူကြားမှာ ဒီယာဉ်ရပ်နားခ နဲ့ပါတ်သက်ပြီး မကြာခဏစကားများကြရပါတယ်။ အဲဒီအခါမှာ အချို့သော ဘဏ်တွေ နဲ့ ဆိုင်တွေက ယာဉ်ရပ်နားခကို သူ့တို့ဆီလာတဲ့သူ့ဖောက်သည်က မပေးရအောင်ကြိုတင်လို့ ညှိနိုင်းလို့ဆောင်ပေးလို်က်တော့ အဲဒီနေရာအတွက်က ပြဿနာအေးသွားပါတယ်။ (ဆောင်ထားတဲ့ဆိုင်များကလဲ ဆိုင်လာယာဉ်များအတွက်ရပ်နားခပေးဆောင်ရင်မလိုပါဆိုပြီး စာကပ်ထားတတ်ပါတယ်) ဒါပေမယ့် ယာဉ်ရပ်နားခကို စိုက်မဆောင်တဲ့ဆိုင်အတွက်ကတော့ အဲဒီဆိုင်ကိုလာတဲ့သူနဲ့ကောက်ခံသူကြားမှာပြဿနာကတော့ ဖြစ်မြဲ့ပါဘဲ။ […]


“ မကျစကောင်း ကျစကောင်း” တစ်ရက် ကိုအောင်မောင်းရယ် ကျနော်ရယ် ကိုဆန်းရယ် လက်ဖက်ရည်ဆိုင် အတူထို်င်ဖြစ်ကြပါတယ်။ ကျနော် လက်ဖက်ရည်ဆိုင်ကိုအလာ နေပူပူမှာ မျက်မှန်မတပ်ဘဲဆိုင်ကယ်စီးလာတော့ မျက်စေ့ထဲကိုဖုန်ဝင်တာရော လေတိုးတဲ့အရှိန်နဲ့နေအပူရှိန်ကြောင့်ပါမျက်ရည်ပူတွေကျလာပါတယ်။ ကျနော်မျက်ရည်ကျတာကို လှမ်းကြည့်နေတဲ့ ကိုဆန်းက ပြုံးစေ့စေ့နဲ့ မုတ်ဆိတ်တိုနံ့နံ့ကို ပွတ်နေတာမြင်တော့ သူ့မှာပြောစရာရှိနေပြီဆိုတာကို ကျနော်ရိပ်မ်ိလိုက်ပါတယ်။ သူ့ဘာသာသူဆိုရင် စကားတစ်ခွန်းစဘို့ ခက်ပေမယ့် ပြောပြီဆိုရင် အရှည်ကြီးပြောပြတတ်တဲ့ ကိုဆန်းအကြောင်းကို သိနေတဲ့ကိုအောင်မောင်းက “ကိုဆန်း ဘာတွေများတွေးမိလို့ ပြုံးနေပြန်တာလဲ”လို့မေးလိုက်တော့ ထုံးစံအတိုင်း မေးစေ့လေးကို လက်နဲ့ပွတ်ပြီး “ခင်ဗျားမျက်ရည်ကျတာမြင်တော့ ဒီတစ်ခေါက် ခရီးမှာကြုံခဲ့တာလေးကို သွားသတိရလိုက်လို့ပါ။ ဒီလိုဗျ…………”လို့အစချီပြီး သူ့အတွေ့အကြုံလေးကိုပြောပြပါတော့တယ်။ { ပြီးခဲ့တဲ့လက ကျနော့်ဆရာက အလုပ်တစ်ခုကိုလက်ခံထားလိုက်တယ်။ အလုပ်ကတော့အကြွေးဟောင်းတွေလို်က်တောင်းပေးရတဲ့အလုပ်ဗျ။ ကုမ္ပဏီတစ်ခုက သူတို့ရဲ့နယ်ကုန်သည်တစ်ချို့ဆီက ကုန်ကြွေး မရတာတွေ အတော်လေးများနေတာရယ် ငွေမသွင်းတဲ့ရက်ကြာနေတဲ့ ကုန်သည်တွေလဲ ရှိနေတယ်ဆို […]