“တစ်စေ့ တစ်ဆုပ် တစ်မှုတ်တစ်ခွက်” တစ်ရက် ကျနော်အလှူတစ်ခုရောက်တဲ့အချိန်က ဧည့်သည်တွေအတော်လေးကို စည်ကားတဲ့အချိန်လေးဖြစ်နေပါတယ်။ ကျနော်ကလည်း ဒီပြင်ဆွမ်းကျွေးတစ်ခုကို ဝင်နေရသေးတော့ အရောက်နောက်ကျပါတယ်။ အဲတော့လည်း ခါတိုင်းလို ကိုယ့်မိတ်ဆွေတွေရှိတဲ့နေရာကိုတကူးတကလိုက်ရှာမနေနိုင်ဘဲကြုံတဲ့လွတ်နဲ့နေရမှာ ဝင်ထိုင်လိုက်ရပါတယ်။ ကျွန်နော်နဲ့အတူထိုင်ဖြစ်တဲ့သူတွေက ယူနီဖောင်းလေးတွေနဲ့ဆိုတော့ပုဂ္ဂလိကလုပ်ငန်းကဝန်ထမ်းလေးတွေဖြစ်မယ်လို့ဘဲထင်မိပါတယ်။ သူတို့အထဲက နည်းနည်းလေးသွက်လဲသွက်တဲ့ကလေးမလေးက ထမင်းအုပ်ထဲက ဒါန်ပေါက်တွေကို သူနဲ့အတူပါလာတဲ့ သူငယ်ချင်းတွေရဲ့ ပုဂံထဲကိုလိုက်ထည့်ပေးနေပါတယ်။ ပန်းကန်ထဲကို အပြည့်အမောက်ကြီးထည့်ပေးတာပါ။ တစ်ချို့ကလေးက” မကုန်လောက်ဘူးနော် လျှော့အုံး”လို့ပြောတာတောင် သူက ခပ်တည်တည်ပါဘဲ။ တကယ်တမ်းစားတော့လဲ မကုန်တဲ့သူတွေကများပါတယ်။ ဒန်ပေါက်ဆိုတာ နဂိုရ်ကထည်းက အီတဲ့အမျိုး တော်ရုံလူအများကြီးမစားနိုင်တဲ့ အစားအစာကိုးဗျ။ အဲတော့ သူတို့ကုန်အောင်မစားခဲ့တဲ့ ဒါန်ပေါက်တွေက ပုဂံထဲမှာ ပိုးလိုးပက်လက်နဲ့ကျန်နေခဲ့ပါတယ်။ စားသောက်ပြီးတော့အအီပြေသောက်ရအောင်ချထားပေးတဲ့ လိမ္မော်ရည် ကျပြန်တော့လဲ အရင်အတိုင်း။ ခွက်တွေထဲကို အပြည့်ထည့် မသောက်နိုင်တော့ တစ်ဝက်တစ်ပျက်နဲ့ ခွက်တိုင်းနီးပါးလောက်ကျန်နေတာပါ။ ကျနော်မှာအလှူ့ရှင်အစား ကြားထဲကနှမျောနေမိပါတယ်။ နောက်နေ့မနက်ရုံးရောက်တော့ […]