အင်းလေး ကန်ရောက်တဲ့အခါ အလိုတော်ပေါက်ဘုရားကို လှေသမား ကပို့ပေးလို့ရောက်ခဲ့ရပါတယ်။ လှေပေါ်ကဆင်းပြီး ဘုရားရှေ့ကတံတားပေါ်လဲရောက်ရော ရေအောက်မှာရှင်သန်နေတဲ့အပင်လေးကိုြ့မင်ရပါတယ်။ ဒါကတော့ဆင်တူရိုးမှားနောက်တစ်ပုံ ဒါကတော့ အပင်လေးက ရေအောက်မှာရှင်သန်နေတာပါ.


“တစ်စေ့ တစ်ဆုပ် တစ်မှုတ်တစ်ခွက်” တစ်ရက် ကျနော်အလှူတစ်ခုရောက်တဲ့အချိန်က ဧည့်သည်တွေအတော်လေးကို စည်ကားတဲ့အချိန်လေးဖြစ်နေပါတယ်။ ကျနော်ကလည်း ဒီပြင်ဆွမ်းကျွေးတစ်ခုကို ဝင်နေရသေးတော့ အရောက်နောက်ကျပါတယ်။ အဲတော့လည်း ခါတိုင်းလို ကိုယ့်မိတ်ဆွေတွေရှိတဲ့နေရာကိုတကူးတကလိုက်ရှာမနေနိုင်ဘဲကြုံတဲ့လွတ်နဲ့နေရမှာ ဝင်ထိုင်လိုက်ရပါတယ်။ ကျွန်နော်နဲ့အတူထိုင်ဖြစ်တဲ့သူတွေက ယူနီဖောင်းလေးတွေနဲ့ဆိုတော့ပုဂ္ဂလိကလုပ်ငန်းကဝန်ထမ်းလေးတွေဖြစ်မယ်လို့ဘဲထင်မိပါတယ်။ သူတို့အထဲက နည်းနည်းလေးသွက်လဲသွက်တဲ့ကလေးမလေးက ထမင်းအုပ်ထဲက ဒါန်ပေါက်တွေကို သူနဲ့အတူပါလာတဲ့ သူငယ်ချင်းတွေရဲ့ ပုဂံထဲကိုလိုက်ထည့်ပေးနေပါတယ်။ ပန်းကန်ထဲကို အပြည့်အမောက်ကြီးထည့်ပေးတာပါ။ တစ်ချို့ကလေးက” မကုန်လောက်ဘူးနော် လျှော့အုံး”လို့ပြောတာတောင် သူက ခပ်တည်တည်ပါဘဲ။ တကယ်တမ်းစားတော့လဲ မကုန်တဲ့သူတွေကများပါတယ်။ ဒန်ပေါက်ဆိုတာ နဂိုရ်ကထည်းက အီတဲ့အမျိုး တော်ရုံလူအများကြီးမစားနိုင်တဲ့ အစားအစာကိုးဗျ။ အဲတော့ သူတို့ကုန်အောင်မစားခဲ့တဲ့ ဒါန်ပေါက်တွေက ပုဂံထဲမှာ ပိုးလိုးပက်လက်နဲ့ကျန်နေခဲ့ပါတယ်။ စားသောက်ပြီးတော့အအီပြေသောက်ရအောင်ချထားပေးတဲ့ လိမ္မော်ရည် ကျပြန်တော့လဲ အရင်အတိုင်း။ ခွက်တွေထဲကို အပြည့်ထည့် မသောက်နိုင်တော့ တစ်ဝက်တစ်ပျက်နဲ့ ခွက်တိုင်းနီးပါးလောက်ကျန်နေတာပါ။ ကျနော်မှာအလှူ့ရှင်အစား ကြားထဲကနှမျောနေမိပါတယ်။ နောက်နေ့မနက်ရုံးရောက်တော့ […]


၅“ မကြည့်စကောင်း ကြည့်စကောင်း ငယ်ငယ်တုန်းက ဓါတ်ရှင်အကြောင်း” (အပိုင်းငါး မကြည့်ကြတော့တဲ့ရုပ်ရှင်နဲ့ ပျောက်ဆုံးသွားသောဘဝများ………………) (ဝေဖန်လို့လေကန်ရင်း ဝေးသွားခဲ့တဲ့ရုပ်ရှင်) ကျနော်ငယ်ငယ်ကနှစ်သက်ခဲ့တဲ့သီချင်းလေးတပုဒ်ရှိပါတယ်။ “ရုပ်ရှင်သွားဘို့ အလှပြင်ရန်ပင် မှန်တင်ခုံနှင့်ကျမ မျက်နှာချင်းဆိုင် ကို်ယ်ဟန်ကျော့ကျော့မော့မော့လေးထိုင်…………. တို့ပတ်ကလေးနဲ့ဘီးကလေးတကိုင်ကိုင်………………………. ရုပ်ရှင်ချိန်နီးသည့်အခါတိုင် ကျမကလဲမပြီးသေးပါနိုင်….. လာစမ်းပါအုံးမောင်ရဲ့ ပျို့ချစ်တဲ့သက်ပိုင် သက်ပိုင် အပြာရောင်ဆွယ်တာလေး ရှာပေးစမ်းပါ့ချစ်တဲ့သူကေခိုင်” ရုပ်ရှင်သွားကြည့်ခါနီးအလှပြင်နေတဲ့မိန်းကလေး တစ်ယောက် ရုပ်ရှင်ချိ်န်နီးတာတောင်အလှပြင်မပြီးနိုင်တဲ့အကြောင်းလေးကို လှပစွာဖွဲ့ဆိုထားတဲ့ မြန်မာသံစဉ်သီချင်း လေးပါ။ သီဆိုသူကတော့ မြင့်မြင့်စိန်လို့ထင်မိပါတယ်။ နောက်တပုဒ်က တော့စတီရီယိုသီချင်းနာမယ်ကြီးတာလေးပေါ့၊ “ကြာတယ် ကြာတယ် မြန်မြန်လာကွာ…………………..ပြီးပါပြီ အိုကြာတယ်ကွာ” ဆိုတဲ့ သီချင်းလေးပါဘဲ။ မြန်မာပြည်သိန်းတန်နဲ့ဇာခြည်လင်းတို့ဆိုထားကြတာပါ။ ဒီသီချင်းလေးကလဲရုပ်ရှင်သွားကြည့်ခါနီး အလှတွေပြင်တာကြာလွန်းတာကို သည်းမခံနိုင်တဲ့ယောက်ျားကလောတာပေါ့။ မိန်းကလေးကလဲပြီးပါပြီပေါ့။ အရင်ကခေတ်က မိန်းကလေးများခဗျာမှာအခုခေတ်က မိန်းကလေးများလို ကိုယ်စိတ်ထဲရှိသလိုအပြင်ထွက်ခွင့်မရပါဘူး။ အခုခေတ်မှာတော့လွတ်လွတ်လပ်လပ်စိတ်တိုင်းကျသွားလာခွင့်ရလာပါတယ်။ အဲတော့လဲအပြင်ထွက်ခွင့်ကြုံတဲ့အထဲမှာတစ်ခုအပါအဝင်ဖြစ်တဲ့ ရုပ်ရှင်သွားကြည့်မယ်ဆိုရင် မိန်းကလေးများကလှနေအောင် ရှယ်ပြင်ကြ အလန်းဇယားတွေဖွင့်ကြပါတော့တယ်။ […]


နံနက်ခင်းလေးတွေဟာ လှပတာများပါတယ်။ အထူးသဖြင့် မိုးရာသီနံနက်ခင်းများ ကပိုလှတတ်ပါတယ်။ မိုးတိမ်တွေရဲ့မာယာနဲ့ အရုဏ်အလင်းစက် ပညာခြင်းပြိုင်ချိန်မှာ အလှတစ်ခုဖြစ်ပေါ်လာတတ်လို့ပါဘဲ။ အဲလိုအချိန်မျိုးမှာ ကန်ရေပြင်ပေါ်မှာအလင်းစက်တွေကဆင်းသက် တိမ်တွေက ရောင်စုံတွေဖြာ ကြည့်ရတာရင်အေးလှပါတယ်။ ဒီတက်သိမ်းအင်းအနောက်ဘက်ကန်ရေပြင်မှာ ကျောင်းဆောင်လေးတစ်ခုရှိပါတယ်။ ရေတက်ရင်တော့သူလဲရေထဲမှာစံပယ်ပေါ့။ နေရာတစ်ခုတည်ပေမယ့် ဒီလို အရုဏ်တက်ကလေးတွေက အချိန်ပြောင်းလေ မြင်ကွင်းကလဲပြောင်းသွားလေပါဘဲ။ ဒါကတော့ ကျယ်ပြန့်ပြီး ရှမ်းရိုးမနောက်က တဖြည်းဖြည်းထွက်လာတဲ့နေမင်းရဲ့အရောင်ပါ. တက်သိမ်းအင်း ကန်ရေပြင်ပေါ်ကျနေတဲ့ အလင်းစက် နဲ့ မူံရီနေတဲ့ရှမ်းရိုးမ တိမ်ညိုတွေ မငိုဘဲ ဖြူဖွေးလို့လာပါပြီ/ အင်းရေပြင်မှာသေချာကြည့်ပါ လှေငယ်လေးတစ်စင်းရှိတယ်။ ှ သေချာကြည့်လေလှလေပါဘဲ။ အင်းရေမှာဗေဒါပင်တွေကစိမ်းစိမ်း ဗေဒါပင်ရဲ့အလယ်က ရေစက်ဝိုင်း လှပသောပုံများကို မျှဝေခံစားပေးလိုက်ပါတယ်.။


(20-9-2011)နေ့မနက် 11နာရီ လမ်း80ကနေ 29လမ်းအတိုင်းအနောက်ဆင်းလာတော့ အခုမြင်နေရတဲ့ကားက လမ်းပြောင်းပြန်ကြိးဝင်သွားပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် 26ဘီလမ်းကျုံးလမ်းအတိုင်းအရှေ့ဘက်ကနေ အနောက်ဘက်ကိ ုလာတော့ 78လမ်းမီးပွိုင့်မှာ လမ်းစည်းကမ်းကိုလိုက်နာကြဘ…ို့ ဆော်ဩနေပါတယ်။ အခုလို တိုက်အသစ်ဆောက်နေတာကို အင်္ဂတေလာပို့တဲ့ ကားလမ်းပြောင်းပြန်ဝင်တာကရော သင့်တော်ပါသလား။ ကားသမားကရော ဘယ်သူရဲ့ ခွင့်ြ့ပုချက်နဲ့ဝင်ပါသလဲ။ခွင့်ပြုချက်မရဘဲဝင်တယ်ဆိုရင် ရော စည်းကမ်းအတော်မဲ့တယ် လို့ပြောရင်ရင်ပါတယ်။ ဒီလိုလမ်းပြောင်းပြန်ဝင်လာပေမယ့် အဲဒီကားကို မောင်းလာသူရဲ့မျက်နှာပေးက လမ်းမှန်ကို ဝင်လာနေတဲ့အတိုင်း ခပ်တည်တည်။ ဒါကတော့ အင်္ဂတေချတဲ့ကားလမ်းပြောင်းပြန်ရပ်ထားတာလေ။ သူကတော့ ခပ်တည်တည် ကိုယ့်သဘောနဲ့ကိုယ်ဒီလိုလုပ်တာလား ခွင့်ပြုချက်ယူထားသလားတော့ သူတို့မှသိမှာပါ။ မန်းလေးမှာ ဒီလိုစည်းမဲ့ကမ်းမဲ့တွေများပါတယ်။ တစ်ချိုံလိုင်းကားတွေက ပိုဆိုးပါတယ်။ လူစည်ကားချိန်မှာ လမ်းပြောင်းပြန်ဝင်ပြိး ဇွတ်အတင်းမောင်းကြတာ။ အဲတော့ဒီလို လုပ်ချင်သလိုလုပ်နေတာက ဖြစ်သင့်ပါသလာ။ ဒါကကော လူအခွင့်အရေးလို့ပြောရင်ရပါသလား။ အဝေးကရိုက်တော့ သိပ်တော့မထင်ရှားဘူးလေ အဲတော့ တကယ့်ိကိုစည်းမဲ့ကမ်းမဲ့ဖြစ်နေတဲ့ပုံလေးကို တင်ပေးလိုက်ပါတယ်။ ကောင်းအောင်ဝိုင်းဝန်းလို့ […]


“ မကြည့်စကောင်း ကြည့်စကောင်း ငယ်ငယ်တုန်းက ဓါတ်ရှင်အကြောင်း” (အပိုင်းလေး ခံစားမူ့နှင့်ယှဉ်သော………………) (ခံစားမှု့နှင့်ယှဉ်သော………….) လူငယ်ဘဝ ဆယ်တန်းမအောင်သေးခင်အထက်တန်းကျောင်းသားဘဝနဲ့ဆယ်တန်းကိုလွန်မြောက်လို့ တက္ကသိုလ်ရောက်တဲ့ကာလ ဒီကာလနှစ်ခုမှာ အချိန်ကွာခြားချက်ကသိပ်မကွာပေမယ့် စိတ်ခံစားမှု့ကတော့အများကြီးကွာသွားပါတယ်။ ဆယ်တန်းအောင်လို့ တက္ကသို်လ်ဆိုတာကြီးကို တကယ်မတက်ရသေးတဲ့အချိန်မှာတောင် မြကျွန်းညိုညိုတက္ကသိုလ်တို့ တက္ကသိုလ်တမာတန်း တို့ သစ်ပုတ်ပင်တို့ ဂျဒ်ဆင်တို့ အမိတက္ကသိုလ်တို့ ရေနီမြောင်းတို့ စိန်ပန်းရိပ် တို့ဆိုတဲ့ တက္ကသိုလ်နဲ့ပါတ်သက်တဲ့အသုံးအနုန်းကိုဖတ်ရကြားတာနဲ့တင် ရင်တွေ ခုန်နေပါတယ်။ တက္ကသိုလ်နဲ့ပါတ်သက်တဲ့ အချစ်ဝတ္တုုတွေကို ဖတ်လို့ ခံစားလို့ကောင်းတဲ့အချိန်ပေ့ါ။ အဲဒီအချိန်မှာ မောင်ဝဏ္ဏရဲ့ “ပန်းတွေနဲ့ဝေ”တက္ကသိုလ်နောက်ခံဝတ္တုုကရှပ်ရှင်အဖြစ်ထွက်လာပါတယ်။ မင်းသားက ညွန့်ဝင်း မင်းသမီးက ခင်ယုမေ ဒုတိယမင်းသားကအောင်လွင်။ လူငယ်ဘဝ အတွေးထဲမှာအချစ်တွေနဲ့ထုံမွှန်းနေချိန်ဆိုတော့ အဲဒီကားကြည့်ရတာအတော်လေးကို အရသာရှိပါတယ်။ စစခြင်းအခန်းမှာ ကိုက လွမ်းစရာ။ မိုးတွေအုံ့မိူင်းနေတဲ့တစ်ရက်နဲ့ဇာတ်လမ်းကို အစပြုပါတယ်။ တက္ကသိုလ်ဆရာအဖြစ်သရုပ်ဆောင်တဲ့ညွန့်ဝင်း(အောင်လတ် လို့ထင်ပါတယ်) ကျောင်းသွားဘို့အတွက်ခန်းတံခါးပိတ်လို့အပြင်အထွက်ကောင်းကင်မော့ကြည့် ထီးလေးကို လက်မှာချိတ်လို့ထွက်အလာ […]


အရင်က နေမြင့်မှထခဲ့သူ။ အခုတော့ စောစောမအိပ်ပေမယ့်စောစောထ။ အဲတော့ အရင်ကမတွေ့ဘူးတဲ့အရုဏ်ဦးအလှကရူ့မဝ။ ဒီတော့ မိတ်ဆွေတွေကို ဝေမျှပေးချင်စိတ်က ရုံးကြွ။ သူလိုငါလို ခလုပ်နှိပ်တာထက်တော့ ပိုမတတ်ပါဘူး။ သူများမနိုးသေးတဲ့အချိန်မှာတွေ့ရတာလေးတွေကို ပြန်ပြပေးတဲ့သဘောပါ။ ဒါကတော့ အာရုဏ်တက်စ မလင်းတလင်း။ သိပ်မကွာပါဘူး ငါးမိနစ်လောက်စောင့်လိုက်တာနဲ့ အလင်းစတွေ မြင်ရ ပြာလွင်တဲ့ကောင်းကင်ကလဲ………… ဒါကတော့ပုစွန်ဆီရောင်ကောင်းကင်……….. နေမင်းက ရှမ်းကုန်းမြေမြင့်နောက်ကနေထွက်လာတော့ ရေပြင်မှာ အရိပ်တွေစွန်းထင်းလို့နေပါတယ်။ အလင်းက ပက်ဖျန်းစ လေနုအေးကလဲ တမြမြ လှိုင်းကလေးတွေကြက်ခွပ်ထ သိပ်အနေအထားမကွာပေမဲ့နောက်ခံရှမ်းရိုးကတော့ သဘာဝအလျောက်ဆက်တင်တွေချိန်းပေးထားပါတယ်။. ပုံလေးတွေလှလို့တင်ပေးလိုက်ပါတယ်။


“ မကြည့်စကောင်း ကြည့်စကောင်း ငယ်ငယ်တုန်းက ဓါတ်ရှင်အကြောင်း” ( တတိယပိုင်း……. ခေတ်ကောင်းချိန်နဲ့တောက်ပခဲ့သောကြယ်ပွင့်များ) ကျနော်တို့လူပျိုပေါက်စအရွယ်ရောက်တော့ နောင်တစ်ချိန် မြန်မာရုပ်ရှင်လောကမှာ ဂုရုကြီးတစ်ပါးဖြစ်လာမယ့် ကျော်ဟိန်း ပေါ်လာပါတယ်။ သူ့နဲ့လက်တွဲဖော်ဖြစ်လာမယ့် စန္ဒာနဲ့တွဲဖက်လို့ နုနုငယ်ငယ်နဲ့ဖူးစာလမ်းဆုံဇာတ်ကားက နေအစပြုလိုက်တာ အောင်မြင်လို့ လူကြိုက်ခဲ့ပါတယ်။ ဒါပေမယ့် ဆံပင်ကောက်ကွေးသလို လူကလဲတွန့်လိန်ကောက်ကွေးပြီး သရုပ်ဆောင်တတ်တဲ့ ကျော်ဟိန်းကို လူငယ်များကနှစ်သက်ပေမယ့် လူကြီးအများစုကတော့ သရုပ်ပျက်တယ်ဆိုပြီး ဆန့်ကျင်ခဲ့ကြပါတယ်။ ကျော်ဟိန်းက သီချင်းဆိုတာဝါသနာပါ ပါတယ်။ ဒါပေမယ့်အသံတော့သိပ်မကောင်းဘူး။ “ချစ်သလား မုန်းသလားပြောပါလား မုသားမသုံးနဲ့လေ…. လူသားလကမ္ဘာယောက်တာလဲတစ်ခေါက်မကတော့ဘူး ….”ဆိုတဲ့သီချင်းလေးကို ကိုယ်တိုင်ဆိုလို့သရုပ်ဆောင်ခဲ့တာပေါ့။ ကျော်ဟိန်းငယ်ငယ် က လူက ပိန်ပိန် ဆံပင်ကလဲ တွန့်လိန်လိန် ဒါပေမယ့် တစ်စထက်တစ်စ ရုပ်ရှင်တွေရိုက်လာရပါတယ်။ ဒါပေမယ့် ဒီအချိန်မှာကျော်ဟုန်းက သူနဲ့ခေတ်ပြိုင်တစ်ယောက်ရဲ့နောက်ကဘဲရှိနေခဲ့ပါတယ်။ သူနဲ့ခေတ်ပြိုင်မင်းသားကတော့ မန်းလေးသား။ “မင်းရည်မှန်းသူက မြခဲစိန်ခဲ […]


မန္တလေးမြို့ တောင်ဘက်အထွက် မှာတံခွန်တိုင်အရပ်ဆိုတာရှိပါတယ်။ ရန်ကုန်မန်းလေးလမ်းမကြီး ပေါ်မှာပါ။ အရင်က တံခွန်တိုင်ဈေးကျော်လို့ တောင်ဘက်နည်းနည်းလေးဆက်သွားရင် လယ်ကွင်းပြင်ကျယ်ကြီး တွေ့ရမှာပါ။ အနောက်ဘက်ကြည့်ရင် လယ်ကွင်းတွေဆုံးရင်တောင်သမန်အင်းဘက်ကိုရောက်မယ် မိုးခါဆိုရင်တော့ ရေပြင်ကျယ်ကြီး။ အရှေ့ဘက်ကလဲ ကွင်းပြင် အဝေးမှာ ရှေးဘုရား အပြိုအပျက်တွေရှိခဲ့ပါတယ်။ အဲဒီနားမှာဟိုအရင်က တံတားသေးသေးလေးရှိပါတယ်။ သေးတာမှ ကားတစ်စင်းဘဲဖြတ်ရတော့ စောင့်ပေါ့ တစ်စီးပြိးမှတစ်စီးသွား။ နောက်တော့တံတား အသစ်ဆောက်တဲ့ အခါ အကျယ်ကြီးဖြစ်သွားပါတယ်။ ဟောအခုအခါမှာတော့ လမ်းကျယ်ကနေ သူ့အနောက်ဘက် တောင်သမန်ရွာကနားကဖြတ်လို့ ရန်ကုန်မန်းလေး အမြန်လမ်းမကြီးဖောက်လိုက်တာနဲ့အတူ အဝိုင်းပါတ်ကြီးလည်း အသစ်ဆောက်လိုက်ပါတယ်။ လောလောဆယ် မန်းလေးမှာတော့ အတော်ကြီးတဲ့ အဝိုင်းပါတ်လို့ယူဆရင်ရပါတယ်. ကဲပုံတွေကြည့်လိုက်ကြရအောင်။ ဒါကတော့တောင်ဘက်ကို ရောက်အောင်ပါတ်သွားတဲ့ဘက်ပေါ့ ဒါကတော့ ပန်းပင်တွေစိုက်ထားတဲ့ မုဒ်ဦးအတက် ဒါကတော့ လမ်းအနောက်ဘက်မှာ နောင်အသုံးပြုတော့မယ့် ရန်ကုန်မန်းလေးအမြန်လမ်းမ ကို လှမ်းမြင်ရတာ ဝိုးတဝါး အဝိုင်းပါတ်ကိုတောင်ဘက်ကနေပြန်ဝင်တော့ […]


တောင်မြို့က ငွေတိုက်ရဲ့ တောင်ဘက်ဘေးမှာလဲ တစ်ထပ်တိုက် ဝါဝါကြိးတစ်ခုတွေ့ရပါတယ်။ ရှေးမှတ်တမ်းများအရတော့ မှတ်တမ်းရုံးဖြစ်ပါတယ်။ မြောက်ဘက်ကနေ မြင်ရတဲ့ မှတ်တမ်းတိုက် မှတ်တမ်းတိုက်ကို ဓါတ်ပုံရိုက်ချင်တော့ အမိူက်ပုံပေါ်ကတက်ရိုက်ရပါတယ်။ အနောက်ဘက်ခြမ်းကမြင်ရတဲ့ပုံလေးဖြစ်ပါတယ်။ ခန့်ထည်တဲ့ မှတ်တမ်းတိုက် လမ်းရဲ့အနောက်မြောက်ဘက် ခပ်လှမ်းလှမ်းကနေလှမ်းကြည့်တော့ • ဒါကတော့စာအုပ်ထဲကနေကူးထားတဲ့ရှေးကမူရင်းအဆောက်အဦပုံ ဒီနေရာလေးကို စာအုပ်ထဲမှာဖတ်ဘူးတော့ တစ်ခေါက်ရောက်ခဲ့ပါတယ်။ ဓါတ်ပုံရိုက်ချင်ပေ့မယ့် အကြောင်းကြောင်းတွေကြောင့်မရိုက်ဖြစ်ခဲ့ပါဘူး။ ကျနော်ဒီပုံကို တင်ပေးရတဲ့ရည်ရွယ်ချက်က အဟောင်းတွေကို မက်တဲ့ နိုင်ငံခြားသားတွေကို ဆွဲဆောင်နိုင်စရာနေရာလေးတစ်ခုဖြစ်နိုင်ပါလျက်နဲ့ ခြုံနွယ်ပိတ်ပေါင်းကြားမှာ တိမ်မြုတ်နေတဲ့ သမိုင်းဝင်နေရာလေးတွေကို သက်ဆိုင်သူများ ပြုပြင်ပေးနိုင်စွမ်းသူများ မြင်စေချင် တာရယ် မသိသူများသွားလေ့လာနိုင်အောင်ရယ်ပါ။


ကျနော်မြင်ဘူး ကြည့်ဘူးတဲ့စာအုပ်လေး တအုပ်ထဲမှာ အင်းဝ။စစ်ကိုင်း၊မန်းလေး၊အမရပူရ (မန်းလေးသားကလူတွေက တောင်မြို့လို့ဘဲခေါ်ပါတယ်)နဲ့မေမြို့(အခုတော့ ပြင်ဦးလွင်)မြို့အကြောင်း ရေးထားတာတွေ ပါ ပါတယ်။ (ဘိုလိုရေးထားတော့ လုံးစေ့ပါတ်စေ့တော့နားမလည်ပါဘူး) အဲဒီထဲမှာ ဓါတ်ပုံတွေလဲပါ ပါတတယ်။ ရိုက်ချက်တွေက ကျနော်အခုရိုက်တဲ့ပုံတွေထက်အများကြီးသာတာပေါ့။ အဲဒီထဲမှာ အမရပူရခေတ်က အဆောက်အဦကြီး နှစ်ခုပုံပါ ပါတယ်။ ငွေတိုက်ရယ် မှတ်တမ်းတို်က်ရယ်ပေါ့။ အဲဒီတုံးကတော့အမှတ်တမဲ့ပါ။ တကူးတကလဲသွားမကြည့်ဖြစ်ပါဘူး။ လွန်ခဲ့သောဆယ်နှစ်လောက်က သင်္ကြန်တွင်းရက်တစ်ရက် မိတ်ဆွေတစ်ယောက်ကို အဲဒီဘက်လိုက်အပို့ ဓါတ်ပုံထဲမှာမြင်ခဲ့တဲ့ အဆောက်အဦကြီးကို ခြုံနွယ်ပိတ်ပေါင်းတွေကြားမှာ ဘွားကနဲ့မြင်လိုက်ရတော့ ရင်ထဲမှာ တစ်မျိုးကြီးခံစားရပါတယ်။ ဒါပေမယ့် အဲဒီတုံး ကျနော်မှာကင်မရာ ဆိုတာမရှိတော့ နှလုံးသားနဲ့ဘဲမှတ်တမ်းတင်ခဲ့ပါတယ်။ ကင်မရာရှိလာပြန်တော့ လဲ မသွားဖြစ်။ အခုရက်မှာတော့ အောင်မြင်စွာ မှတ်တမ်းတင်ခဲ့နိုင်ပါတယ်။ ဒါကတော့အနောက်ဘက်ခြမ်းကမြင်ရတဲ့ပုံပါ။ ငွေတိုက်ကိုဘေးတိုက်မြင်ရတဲ့ပုံလေးပါ(မပြုမပြင်ထားတော့ တိုက်ကအရောင်တွေပြောင်းနေပါတယ်။) အဆောက်အဦးတစ်ခုလုံးမြင်ရတဲ့ပုံလေးပါ။   မြောက်ဘက်အနီးကပ်မြင်ရတဲ့ပုံ ထုထည်ကြီးကြီး အနီးကပ်ကပ်(မြောက်ဘက်အောက်ခြေကနေရိုက်ထားတာပါ) […]


မန်းလေးကျုံးဘေးမှာ ထနောင်းပင်တွေများပါတယ်။ အဝါရောင်ပင်စည် အစိမ်းရောင်အရွက်တွေနဲ့အေးမြတဲ့အရိပ်ကိုပေးပါတယ်။ ထူးခြားတာက အပင်ရဲ့ပုံသဏ္ဍန်ပါဘဲ။ အပင်တစ်ပင်နဲ့တပင် လုံးဝမတူတတ်ပါဘူး။ ပင်စည်ကနေအကိုင်းအခက်တွေဖြာထွက်နေပုံက ကဗျာဆန်လို့လှပါ ပါတယ်။ အခုခေတ်လိုပြောရင် ပါဖော့်မင်းကောင်းကောင်းပေးထားတယ်။ အင်စတော်လေးရှင်းလဲကောင်းတယ်လို့ ဆိုနိုင်ပါတယ်။ ဒီထနောင်းပင်ကို အရင်တစ်ခါက တင်ဘူးပါတယ်။ နေရာတူပေမယ့် ပုံမတူပါဘူး။ ပထမတစ်ခါတင်တော့ ရွာထဲက မြင်သူများက တိမ်ပြာပြာနောက်ခံနဲ့ဆိုပိုလှမယ်လို့ အကြံပေးကြတာနဲ့ အခုထပ်တင်ပေးလိုက်ပါတယ် နောက် ကျုံးရေပြင်ကို မေးတင်လို့စိတ်ကောက်ပြီး လှဲနေတဲ့ ထနောင်းပင်ကိုပါ မမြင်ဘူးသူများအတွက် ပြန်တင်ပေးလိုက်ပါတယ်။ စိတ်ကောက်နေတဲ့ ထနောင်းပင်ကို မြင်ဘူးရင်တော့ ခွင့်လွှတ်နော်လို့ဘဲပြောချင်ပါတယ်။ ဒီပုံလေးကတော့ လောလောဆယ်ရိုက်ခဲ့တဲ့ပုံလေးပါ။ ဒါကတော့ အရင်တုံးက ရိုက်ထားတဲ့ပုံ။ အကိုင်းအခက်တွေဖြာထွက်နေတာက လှပ၊ တုပလို့ မမှီနိုင်သလိုပါဘဲ။ အကိုင်းလေးတွေဖြာထွက်နေပုံကတော့……………. အပေါ်အဖျားပိုင်းလေးကပ်ရိုက်ထားတာပါ။ ထနောင်းပင်အင်စတော်လေးရှင်း…………… ဒါကတော့အနောက်ဘက်ယိမ်းနေတဲ့အကိုင်းပေါ့။ လှပစွာဖြာထွက် အပေါ်ပိုင်းဘဲမြင်ရတာလေ။ ဒါကတော့နောက်ဘက်ကတစ်ခြမ်း တစ်ပင်လုံးကို မြင်ရတဲ့ပုံ […]


“ မကြည့်စကောင်း ကြည့်စကောင်း ငယ်ငယ်တုန်းက ဓါတ်ရှင်အကြောင်း” (ဒုတိယပိုင်း- သီချင်းနဲ့ဓါတ်ရှင်) ၁။ (လူထုကြားက ရုပ်ရှင်သီချင်းများ………..) ဟိုအရင်က လူတွေမှာ နားဆင်ခံစားစရာဆိုုလို့ မနက်(7)နာရီကနေ့ နေ့လည်တစ်နာရီထိတစ်ကြိ်မ်၊ ညနေလေးနာရီကနေ ညကိုးနာရီထိတစ်ကြိမ် တနေ့နှစ်ကြိမ်လာတဲ့ရေဒီယိုရှိမယ်။ မြန်မာသီချင်းတွေကိုပြောတာပါ။ ဓါတ်စက်နဲ့ဖွင့်လို့ရတဲ့ ဓါတ်ပြားရှိမယ်။ တိတ်ရီကော်ဒါရှိမယ်။ နောက် တစ်ပါတ်တစ်ခါ အသစ်လဲတဲ့ ဓါတ်ရှင်ရှိမယ်။ တစ်ခါတစ်လေ ဘုရားပွဲရှိမှကြည့်ရတဲ့ အငြိမ့်တို့ ဇာတ်တို့ရှိမယ်။ ဒါအကုန်ပါဘဲ။ နောက်အိမ်တိုင်းမှာ ရေဒီယိုမရှိ။ ဓါတ်စက်မရှိ။ တိတ်ရီကော်ဒါမရှိ။ ဒီတော့လဲ ဇာတ်တွေ ရုပ်ရှင်တွေက သီချင်းတွေကို မက်မက်မောမောနဲ့နားထောင်ကြရပါတယ်။ ဇာတ်ဆိုတာကတော့ တကြိမ်ထဲဘဲပြတယ်ဆိုတော့ထပ်ကြည့်ဘို့လဲမလွယ် သိပ်မှတ်မိဘို့မလွယ်။ ရုပ်ရှင်ကတော့ တစ်ကားဆိုအကြာကြီးလဲပြ ကြည့်ချင်တယ်ဆိုရင်လဲထပ်ကြည့်လို့ရတာကြောင့် ရုပ်ရှင်ထဲက သီချင်းတွေကို ပိုပြီးလူတွေကစိတ်ဝင်စားကြပါတယ်။ အရင်ကတော့ ရုပ်ရှင်ကားတကားမှာဆိုရင် ဇာတ်ဝင်သီချင်းက တပုဒ်နှစ်ပုဒ်သာပါပေမယ့် နောက်ပိုင်းမှာတော့ သီချင်းတွေများသထက်များအောင်ထည့်လာကြပါတယ်။ […]