“ မကြည့်စကောင်း ကြည့်စကောင်း ငယ်ငယ်တုန်းက ဓါတ်ရှင်အကြောင်း” (ဒုတိယပိုင်း- သီချင်းနဲ့ဓါတ်ရှင်) ၁။ (လူထုကြားက ရုပ်ရှင်သီချင်းများ………..) ဟိုအရင်က လူတွေမှာ နားဆင်ခံစားစရာဆိုုလို့ မနက်(7)နာရီကနေ့ နေ့လည်တစ်နာရီထိတစ်ကြိ်မ်၊ ညနေလေးနာရီကနေ ညကိုးနာရီထိတစ်ကြိမ် တနေ့နှစ်ကြိမ်လာတဲ့ရေဒီယိုရှိမယ်။ မြန်မာသီချင်းတွေကိုပြောတာပါ။ ဓါတ်စက်နဲ့ဖွင့်လို့ရတဲ့ ဓါတ်ပြားရှိမယ်။ တိတ်ရီကော်ဒါရှိမယ်။ နောက် တစ်ပါတ်တစ်ခါ အသစ်လဲတဲ့ ဓါတ်ရှင်ရှိမယ်။ တစ်ခါတစ်လေ ဘုရားပွဲရှိမှကြည့်ရတဲ့ အငြိမ့်တို့ ဇာတ်တို့ရှိမယ်။ ဒါအကုန်ပါဘဲ။ နောက်အိမ်တိုင်းမှာ ရေဒီယိုမရှိ။ ဓါတ်စက်မရှိ။ တိတ်ရီကော်ဒါမရှိ။ ဒီတော့လဲ ဇာတ်တွေ ရုပ်ရှင်တွေက သီချင်းတွေကို မက်မက်မောမောနဲ့နားထောင်ကြရပါတယ်။ ဇာတ်ဆိုတာကတော့ တကြိမ်ထဲဘဲပြတယ်ဆိုတော့ထပ်ကြည့်ဘို့လဲမလွယ် သိပ်မှတ်မိဘို့မလွယ်။ ရုပ်ရှင်ကတော့ တစ်ကားဆိုအကြာကြီးလဲပြ ကြည့်ချင်တယ်ဆိုရင်လဲထပ်ကြည့်လို့ရတာကြောင့် ရုပ်ရှင်ထဲက သီချင်းတွေကို ပိုပြီးလူတွေကစိတ်ဝင်စားကြပါတယ်။ အရင်ကတော့ ရုပ်ရှင်ကားတကားမှာဆိုရင် ဇာတ်ဝင်သီချင်းက တပုဒ်နှစ်ပုဒ်သာပါပေမယ့် နောက်ပိုင်းမှာတော့ သီချင်းတွေများသထက်များအောင်ထည့်လာကြပါတယ်။ […]


တစ်ရက် မဒမ်ပေါက်ကို ရွှေကျီးမြင်ဘုရားကို လိုက်ပို့တုံ့း ကြောင်လေးတစ်ကောင်ထွက်လာတာကိုတွေ့ရပါတယ်။ ကြောင်လေးက အမြီးငုတ်တိုလေးနဲ့။ ခွေးထဲမှာ ဒိုဗာမင်ဆိုတဲ့နိုင်ငံခြားခွေးက အမြီးမပါဘူး။ အရမ်းဈေးကြီးတယ်ဆိုဘဲ။ လောကမှာ အင်္ဂါမစုံတာတွေက တစ်ခါတစ်လေ အထူးအဆန်းဖြစ်ပြီးကြေးကောင်းတတ်ပါတယ်။ ကဲ အမြီးမပါတဲ့ကြောင်ဒိုဗာမင်လေးကို အားပေးလိုက်ကြရအောင်။ နောက်တော့ခုံအောက်ရောက်သွားရော သူက အထဲကိုပိုတိုးတိုးပြီး ဝင်နေတော့ ရိုက်ရခက်နေရော။ အထဲရောက်လေ မှောင်လေ မမြင်ရလေဖြစ်ရော. အဲတော့ သူ့နဲ့နီးအောင်ထပြီးသွားတော့ ဖင်ပေးထားတယ်လေ။ သူ့အနားကပ်သွားတော့ လှည့်ကြည့်တယ်လေ။ ပြီးတော့ မော့ကြည့်ရော မော့ကြည့်ပြီးပြေးဘို့ကြံစည်နေတာလေ ဒီကောင်ပြေးပြီ အပြင်ရောက်ခါနီးပေါ့ ခပ်တည်တည့်နဲ့မော့ကြည့် ဒီဘက်ကနေပါတ်ပြေးတော့တာပေါ့ ဒီကနေအပြင်လုံးဝရောက်သွားရော ဒီပုံလေးကတော့ ကြောင်နောက်လိုက်ရင်း တွေ့တာလေ။ ခလေးကို ကလေးက ပြန်ထိန်းနေတဲ့ပုံလေးပေါ့။ ပုံလေးတွေက မလှပေမယ့်အမှတ်တရ လက်ဆော့ထားမိပါတယ်. အကိုက ညီလေးကို ချီထားရင်း နံရံက ပန်းချီတွေကို စိတ်ဝင်တစားမော့ကြည့်နေတာ။ ကလေးလေးက […]


1 နန်းမြို့ရိုးနဲ့ပြဿဒ်တော် ကျုးံရေပြင်ပေါ် ရေသောက်ဆင်း။ 2ကရဝိက်ပုံသွင် မြူမှုံမသဲမကွဲ ရေပြင်ထဲမှာအရိပ်ထင် 3အာရုဏ်ဦး နေထွက်ချိန် ရေပြင်ထက် ဝိုးတဝါးထင် ပုံရိပ်မြင် 4မိုးရွာလို့ရေအိုင်နေတဲ့အထဲကို ဘေးနားကသစ်ပင်က ဝင်လို့ခိုနေတာပါ။ 5 တကယ်တော့ ချမ်းသာကြီးဘုရားနဲ့ ရေပြင်အဝေးကြီးရယ် ပထမပိုင်းတုံးက တင်တုံးကပုံမှားတင်မိလိုပြန့်တင်ပေးတာပါ။ 6ရေမရှိတဲ့ကန်ထဲမှာ တစ်ပင်ထည်းအဖော်ကွဲနေတာ အရိပ်ကလေးရှိလို့သာအဖော်ရတာရယ်။ 7 ရေပြင်မှာအရိပ်ထင်နေတဲ့ယာယီတံတား နဲ့ကစားစရာ ဘဲရုပ်လှေလေးတွေ 8 မိုးလင်းစနံနက် တစ်ပင်ထဲအဖော်ကွဲလို့အထီးကျနေပါတယ် အရိပ်ကလေးကတော့ မပီတပီ 9 ထန်းပင်စုစုလေးရဲ့အရိပ် မှုံရီရီနေ့လေးဆိုတော့ ကျုံးရေပေါ်ကျတဲ့အရိပ်က မဆိုစလောက်ကလေးရယ် 10 နှင်းမူံတဲ့အာရုံတက် ရေပြင်ထက်မှာ အရိပ်ထင်တဲ့ ပြည်ကြီးမွန် 11 မိုးရွာလို့ရှိတဲ့ရေအိုင် မှာ ခဏဝင်နားတဲ့ ပင်ညီနောင် 12 လှတော့ မလှဘူးလမ်းဘေးရေအိုင်မှာကျနေတဲ့အရိပ် မိုးရွာလို့တင်ကျန်နေတဲ့ရေအိုင်မှာ အရိပ်ထင်နေတဲ့ကုက္ကိုလ်ပင်။ မလှပါဘူး အမှတ်တရပေါ့။ […]


ရိပ်ယောင်ရေထဲ ကျနော်တို့မြန်မာတွေက ရေထဲမှာအရိပ်ထင်ကလေးပေါ်နေရင် အတော်လေးသဘောကျတတ်ကြပါတယ်။ အခုခေတ် ထွန်းထွန်းတို့အဖိုး ပလေးဘွိုင်အုပ်စုရဲ့ ဦးလေး ကိုအံ့ကြီး ဆိုထားတဲ့ စိမ်းလဲ့ကန်သာဆိုတာ သီချင်းမှာရေထဲမှာအရိပ်ကျနေတာကို ရိပ်ယောင်ရေထဲ လို့တင်စားခဲ့ပါတယ်။ စိုင်းထီးဆိုင်ကလဲ ရေကြည်ထဲကလရိပ်လေးရယ်လို့ တင်စားခဲ့ပြန်ပါတယ်။ အခုကျနော်တင်မယ့်ပုံတွေကတော့ နေရာအနှံ့ကျနော်ရောက်လေရာမှာ လက်ဆော့ခဲ့သမျှထဲက ရေထဲမှာအရိပ်ကျနေတဲ့ ပုံလေးတွေကို သီးသန့်စုစည်းလို့တင်ပေးလိုက်ပါတယ်။ ဒီပုံကတော့ အရင်ကတင်ခဲ့ဘူးပေမယ့် လှတယ် လူကြိုက်များတယ်ထင်တာကြောင့် မကြည့်ဘူးသူများ မြင်ရအောင်ပြန်တင်ပေးလိုက်ပါတယ်။ ဒီပုံကတော့မန်းလေးကန်တော်ကြီး နံဘေးက ထန်းပင်ရေထဲမှာ အရိပ်ထင်နေတာလေးကလှလို့ပါ။ ဒါကတော့ စိမ်းမြ ယိမ်းကဆိုပြီးတစ်ခါတင်တဲ့အထဲမှာပါဘူးတယ်လေ။ ဒါကတော့ ရွှေကြက်ယက်ဆိပ်ကမ်း ဧရာဝတီဖြစ်နံဘေးမှာပေါ့။ အဝေးကတိမ်တွေကြားမှာမြင်ရတာ စစ်ကိုင်းတောင်။ ခပ်ရေးရေးလေးတွေ့ရတာက စစ်ကိုင်းတံတားအသစ်။ ဆိုက်ကပ်ထားတဲ့ရေယာဉ်လေးတွေရဲ့အရိပ်က ရေပြင်မှာ တင်နေလေရဲ့။ ဒီပုံကတော့ မကြာသေးခင်မှတင်တော့မြင်ဘူးသူများနိုင်ပါတယ်။ မိုးကုတ်မြို့ ရေကန်ထဲမှာ အရိပ်ကျနေပုံလေးပါ။ ကျနော်ကိုယ်တိုင်နှစ်သက်တဲပုံလေးတစ်ပုံပါဘဲ။ ဒီပုံကလေးကလဲ မိုးကုတ်မှာပါဘဲ။ ဟိုးအဝေးက […]


“ မကြည့်စကောင်း ကြည့်စကောင်း ငယ်ငယ်တုန်းက ဓါတ်ရှင်အကြောင်း ” (ပထမပိုင်း- ကလေးဘဝနဲ့ဓါတ်ရှင်) (၁) (ဓါတ်ရှင်=ဘိုင်စကုပ်=ပစ်ချာ……….ဘယ်လိုခေါ်ခေါ် တကယ်တော့ရုပ်ရှင်) တစ်ရက် ကျနော်နန်းရှေ့ကပြန်လာတော့ မင်္ဂလာတံတားမီးပွိုင့်မှာ မီးနီမိလို့ ခဏရပ်စောင့်နေရပါတယ်။ အဲဒီအချိန်လမ်းဟိုဘက်ခြမ်း ဆိုင်ကယ်နောက်မှာထို်င်နေတဲ့ အမျုးိသမီးတစ်ယောက်က လှမ်းရီပြတာကိုတွေ့ လိုက်တော့ အလိုက်သင့်ပြန်ရီပြလိုက်ပါတယ်။ ခက်တာက သူ့ဘယ်သူဆိုတာ သေသေချာချာမမှတ်မိတာပါဘဲ။ အမြဲတွေ့နေမြင်နေကျ မဟုတ်တာလဲပါပါတယ်။ ဆိုင်ကယ်သာမောင်းနေတာ စိတ်ကတော့ သူဘယ်သူလဲဆိုတာ ပြန်စဥ်းစားနေမိပါတယ်။ အသားလေးက ဖြူဖြူ လူက ပိန်ပိန် မျက်နှာလေးကသွယ်သွယ်။ ပြုံးလိုက်ရင်သွားတက်ကလေးနဲ့။ သွားတက်ကလေးကိုမြင်မှ သူဘယ်သူလဲဆိုတာကိုပြန်သတိရပါတယ်။ ဝင်းလိုက်ရုပ်ရှင်ရုံနားက စက်ဘီးအပ်လက်ခံတဲ့အိမ်က ကောင်မလေးပေါ့။ အခုတော့သူလဲ လူလတ်ပိုင်းအသက်အရွယ်။ လွန်ခဲ့သော နှစ်သုံးဆယ်ကျော်ကျော် အဲဒီတုန်းကတော့ကျနော်တို့ကလူပျိုပေါက်စ သူက ကြီးကောင်ဝင်စအရွယ် ကျနော်တို့တစ်တွေ “ဝင်းလိုက်ရုံ” မှာရုပ်ရှင်ကြည့်တိုင်း 32လမ်းမှာရှိတဲ့သူတို့အိမ်မှာစက်ဘီးအပ်နေကျ၊ သူ့ကိုလဲ မခံချင်အောင်စနေကျ။ […]


နေရာတစ်နေရာထဲမှာပေမယ့် အချိန်ကာလမတူ ရက်မတူတာနဲ့ သဘာဝတရားရဲ့ ဖန်ဆင်းမူ့ကြောင့် အရောင်အသွေးတွေပြောင်းလဲတတ်ပါတယ်။ တစ်ရက် မန်းလေးမြို့သစ်က 73လမ်းဖက်ကို မနက်စောစော(မနက်5း30)လောက်လမ်းလျှောက်ထွက်မိတဲ့တစ်ရက်မှာ မိုးအုံ့ဆိုင်းနေပေမယ့် ပြာလွင်တဲ့ မြင်ကွင်းကို တွေ့လိုက်ရတော့ ထုံးစံအတိုင်းလက်ဆော့မိတာပေါ့။ ဒီပုံလေးကတော့ မြို့သစ် 73လမ်းမရဲ့အနောက်ဖက်ခြမ်းကို လှမ်းရိုက်ထားတာပါ။ မီးနီနီလေးက တော့ မဟာမြတ်မုနိဘုရားပါ။ ဒီပုံလေးကတော့ လမ်းအရှေ့ဘက်က နေ ရှမ်းရိုးမကို လှမ်းမြင်ရတဲ့ပုံပေါ့။ အလင်းရောက်က ထွက်လုဆဲဆဲ မိုးတိမ်မဲကြောင့် မလင်းတလင်းလေးလေ။ နေရာတူပေမယ့်မြင်ကွင်းကတော့ နည်းနည်းလေးကွာမယ်နော်။ ဒါကတော့ နောက်တစ်ရက် မှတ်မှတ်ရရ စက်တင်ဘာလ တစ်ရက်နေ့ပေါ့။ သူကတော့ မြင်ကွင်းကျယ် ရှေ့ဆက်တိုးမရတော့ ဓါတ်ကြိုးကို လွတ်အောင်မရိုက်နိုင်တော့ နည်းနည်းလေးအရုပ်ဆိုးသွားတယ်။ ရှမ်းရိုးမမှာ မြူခိုးတွေဝေနေပါတယ်။ ဒီပုံလေးကတော့ အပြင်မှာ မြင်တုံးက မထူးခြားသလိုနဲ့ ကွန်ပြူတာထဲ ထည့်ဖွင့်ကြည့်လိုက်တော့ ကျနော်ကိုယ်တိုင်ကို အတော်လေးနှစ်သက်တဲ့ပုံပါ။ ဒါကတော့ […]


နဂါးမောက်သီးကတော့ ဒီဘက်နှစ်ပိုင်းမှာ လူသိများလာတဲ့အသီးအနှံထဲမှာပါ ပါတယ်။ မြန်မာလူမျိုုးထုံးစံအတိုင်း ဒီအသီးစားရင် ဘာပျောက်တယ်ညာပျောက်တယ်ဆိုတော့ လဲ ဟုတ်တာမဟုတ်တာ အပထား အများနည်းတူ ခေတ်မီအောင်ဝယ်စားလိုက်ကြတာပေါ့။ စားဆို ဈေးကလဲ သိပ်မကြီး ကျပ်တစ်ထောင်သုံးလုံး တစ်လုံးခြင်းယူငါးရာ ကိုးဗျ။ ကျနော်လဲအစက နဂါးမောက်ပင်မမြင်ဘူးတော့ နာနတ်ပင်လို၊ရေငန်းပင်လို အရွက်တွေကြားကနေ အသီးထွက်တဲ့အပင်လိုထင်မိခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က မြောက်ပိုင်းရှမ်းပြည်ဘက်ကိုအရောက် ကျောက်မဲနဲ့သီပေါကြားလမ်းဘေးကခြံတွေမှာ ကောင်းဘွိုင်ကားတွေထဲမှာမြင်ဘူးတဲ့ ကန္တာရဆူးပင်လိုလို အပင်လေးတွေကို စင်လေးတွေထိုးပြီးစိုက်ထားတာကိုတွေတော့ ဘာပင်တုန်းလို့ စပ်စုလိုက်မှ အော် နဂါးမောက်ပင်ဆိုတာဒါမျိုးကိုးလို့ အဝေးကနေလှမ်းငေးရင်း မှတ်သားလိုက်ရပါတယ်။ ဟိုတစ်လောကက မြို့သစ်က မိတ်ဆွေတစ်ယောက်ခြံကို ရောက်တော့ သူ့အိမ်မှာနဂါးမောက်ပင်စိုက်ထားတယ်။စိုက်ရတာလဲလွယ်တယ်ဆိုတာကို သိပေမယ့်အမှတ်တမဲ့ပါဘဲ။ ဒါပေမယ့် ပြီးခဲ့တဲ့ရက်ကထပ်ရောက်တော့အပင်က အပွင့်တွေပွင့်နေတာမြင်ရတော့ ဓါတ်ပုံရိုက်ပြီးရွာ ထဲကို တင်လိုက်ပါတယ်။ ဟော မနေ့ကထပ်ရောက်တော့ နက်ဖြန်မနက်လာခဲ့ နဂါးမောက်ပင်က အပွင့်အသစ်ပွင့်နေပြီလိုဆိုတော့မှ ကျနော်ပထမရိုက်ပြီးပြခဲ့တဲ့ပုံတွေက ပွင့်ပြီးလို့ […]


ကျနော်ငယ်ကတည်းက စဉ်းစားလို့အဖြေမရတာ တစ်ခုရှိပါတယ်။ သဘာဝအတိုင်း ပွင့်ဖူးနေတဲ့ပန်းကလေးတွေကို လှအောင်ဘယ်သူပုံဖော်သလဲ။ အရောင်တွေစိုနေအောင်ဘယ်သူတွေကဆေးခြယ်သလဲပေါ့။ နောက်လူ့ဘဝနဲ့တိုင်းတာရင် ပန်းခြင်းတူတာတောင်မှ တစ်ချို့က ပိုင်ရှင်ကတယုတယ တစ်ချို့ကျပြန်တော့လမ်းဘေးမှာဖြစ်သလို့။ ဒါပေမယ့် အလိုလို သူနည်းသူ့ဟန်နဲ့လှတာချည်းပါဘဲ။ ဒါကတော့ရွှေဘို နန်းတော်ထဲမှာစိုက်ထားတဲ့ စကားဖြူပင်ကပန်း။ စကားပန်းလေးတွေကတော့လှတော့ ပိုပြီး တင်ပေးချင်ပါတယ်။ စကားပန်းကတော့ ကျနော်နှစ်သက်တဲ့ပန်းမို့လားတော့မသိ ဘယ်လိုကြည့်ကြည့်လှနေပါတယ်. ခြံထဲမှာ တယုတယထားတဲ့သစ်ခွပန်း။ သူကတော့လမ်းနံဘေးနားက ဒေစီပန်း ဒီပန်းခင်းလေးက လမ်းဘေးမှာပေမယ့် ပြုစုယုယတဲ့ပိုင်ရှင်ရှိပုံရပါတယ်။ ဒေစီတော့ ဒေစီ ဒါပေမယ့် သူကတော့ ခရေဇီကာလာနဲ့။ သူကလဲခရေဇီကာလာ ဒါပေမယ့် ပန်းခေါ်မလား အရွက်ခေါ်မလား ဆန်းတော့ အဆန်းသား။ ရွှေဘိုမြို့ က ကျုံးကို ကားထားတဲ့ သံတိုင်တွေအနားမှာတွေ့ခဲ့တာပါ။ ဒီအပွင့်လေးပါပဲ နောက်ထပ်နှစ်ပင်တွဲလေး။ ဒါကတော့ အပင်အစုလိုက်ကြီး ပေါက်နေတဲ့ပုံပါ။ ဒီအပင် ကတော့ ဂမုန်းအမျိုးအနွယ်ထင်ပါရဲ့ […]


“ဘောစမျုးိ၏ ညွှန်ကြားချက်များနှင့် ဆာသော်၏ မဟာဗျုဟာများ” နောက်သိပ်မကြာခင်တစ်ရက်မှာတော့ မိတ်ဆွေတစ်ယောက်ရဲ့အိမ်မှာဝါဆိုပန်းကပ်လုပ်တော့ ဆာသော်နဲ့ကျနော်ထပ်ဆုံကြပြန်ပါတယ်။ အဲဒီကျတော့မှ ဟိုနေ့ကမပြီးသေးတဲ့ “ဘောစမျိုး”တွေရဲ့ဇာတ်လမ်းကိုသိချင်တာနဲ့ထပ်ဗျုးရပြန်ပါတော့တယ်။ ဆာသော်ရဲ့”ဘောစမျိုး”များက ဘယ်လို တွေလုပ်ကြတယ်၊ဘာတွေပြဿနာတက်တယ်၊ ဆာသော်က ဘယ်နည်းဘယ်ပုံဖြေရှင်းပေးရတယ် ဆိုတာလေးကို လည်း ဗဟုသုတရချင်တာလဲပါ ပါတယ်။ သူများဖြစ်ခဲ့လုပ်ခဲ့တာ ကို နားထောင်ထားတော့ ကိုယ့်အလှည့်ကျရင် အချိန်မကုန် အုံးမစား ပင်ပန်းစရာ မလိုဘဲ ဖြေရှင်းလို့ရတာပေါ့နော်။ အလှူရှင်ကကြွေးတဲ့ ဒန်ပေါက်ကို တဝတပြဲစား၊ သူများမထိုင်ချင်တဲ့ ဒေါင့်ကျကျနေရာလေးမှာနှစ်ယောက်သားထိုင် အချိုပွဲအုပ်ရင်း ဆာသော်ရဲ့ မဟာဗျုဟာတွေကို နားဆင်ရပါတော့တယ်။ ဆာသော်ရဲ့ ရင်မောရ စိတ်လေရတဲ့ အတွေ့အကြုံများကတော့…………………………………။ ဒီအလုပ်ကို စရောက်တော့ အရင်ဆုံး လုပ်ရတာက ပါတ်သက်ဆက်နွယ်မူ့လမ်းကြောင်းတွေကို လေ့လာရတာဘဲ။ ဒီလိုမိသားစုအားလုံးဝင်လုပ်တဲ့ အလုပ်တွေမှာ သူတို့ရဲ့ ” ဘေစချစ်”စာရင်းလေးတွေကို သိထားရတယ်။ မသိရင် ဂွမ်းမယ် […]


အပင်ပေါ်မှာ ပန်းလေးတွေပွင့်နေတာမြင်ရင် ကျနော်က အတော်လေးသဘောကျပါတယ်။ ပန်းခြံထဲမှာဖြစ်ဖြစ် အိမ်ထဲမှာအလှစိုက်တာဖြစ်ဖြစ် လမ်းဘေးက အလေ့ကျပေါက်နေတာဘဲဖြစ်ဖြစ် လှတယ်ဆိုရင် ငေးမောကြည့်တတ်ပါတယ်။ ဒါက နဂါးမောက်ပွင်လို့ခေါ်ပါသတဲ့။။. ဒီအပွင့်အရင်းကနေ နဂါးမောက်သီးဖြစ်လာမှာပါ။ ဒီအပင်တွေက သူများခြံထဲမှာစိုက်ထားတာလေ။ ၊ ငုနဲ့ချယ်ရီနဲ့စပ်ထားတဲ့အပင်က တော့ လမ်းနံဘေးက ပိုင်ရှင်မဲ့နေတဲ့ပန်း။ ဘယ်သူစိုက်ထားတယ်တော့ မသိဘူး။ မေလ စစ်ကိုင်းမှာရောက်တုံးက လှလို့ရိုက်ထားတာ။ ရွာထဲမှာတော့ တစ်ခါတင်ဘူးတယ်ထင်တာဘဲ။ အဝါရောင်ပန်းလေး ။ တပွင့်ပန်းလေး အဖြူရောင်ကတော့ စွယ်တော်ဖြူပါတဲ့။ သူကလဲ ရန်ကုန်မှာတွေ့ခဲ့ရတဲ့စွယ်တော်ဖြူ။ အစိမ်းရောင်အရွက်ကြားမှာ အဖြူရောင့်အပွင့်လေးတွေက တွဲလွဲခို။ မိုးကုတ်ရောက်တုန်းက လမ်းဘေးမှာပွင့်နေတဲ့အပင်။ ဘာပင်မှန်းတော့ မသိဘူး။ လှတာနဲ့ လက်ဆော့ထားလိုက်တာ။ ဒါကတော့ သူများခြံထဲက သစ်ခွ အိမ်အလည်သွားရင်းရိုက်ထားတာပါ။ မျိုးရင်းနံမယ်တော့ မမေးမိဘူး။ သစ်ခွုဆိုတာကတော့ သေချာပါတယ်။ တပင်ရွှေထီးတဲ့နော်…………… ဒီပန်းကတော့ ရိုးတံတစ်ခုမှာ […]


ရွှေဘိုမြို့ကို 2005ခုနှစ်မှာရောက်တုန်းက ဈေးအနောက်ဘက်လမ်းကနေဖြတ်သွားခဲ့ပါတဲ့အခါ လမ်းအရှေ့ဘက်မှာ စုလစ်မွန်းချွန်တွေရွှေရောင်တစ်ပြောင်ပြောင်နဲ့လှမ်းမြင်တော့ နန်းတော်နေရာဟောင်းမှာ ပြန်အသစ်ဆောက်ထားတာလို့ပြောပါတယ်။ ဟိုအရင်က နန်းတော် နောက်တော့ အကျဉ်းစခန်း(ထောင်) အခုတော့ မူရင်းမပျက်ပြန်တည်ဆောက်ထားတာသိရပါတယ်။ ဲအဲဒီတုန်းက အချိန်မရလို့ မဝင်ခဲ့ရပေမယ့် ခုတစ်ခေါက်တော့ မရောက်ရောက်အောင်သွားခဲ့ပါတယ်။ အဝင်ဝမှာမြင်ရတဲ့ ကျောက်စာ သံတံခါးပိ်တ်ထားတာရယ် ရေတွေရယ်ကြောင့် ဖတ်တော့ဖတ်ခွင့်မရ။ ဒါကတော့မြောက်ဘက်မိဖုရားအဆောင်တော်ပါ။ အခန်းထဲဝင်ကြည့်တော့သိပ်အကျယ်ကြီးတော့ မဟုတ်ပါဘူး။ မြောက်နန်းဆောင်အနီးကပ် မြက်ခင်းစိမ်းတွေကြားက လှပတဲ့အနောက်စံနန်းဆောင်တော်။ ဒါကတော့ အရှေ့တည့်တည့်ကမြင်ရတာလေ။ အခန်းထဲဝင်ကြည့်တော့မြင်ရတဲ့တိုင်လုံးကြီးတွေ နောက်ဘက်ကကြည့်ရင် တံခါးသုံးပေါက်ရှိပါတယ်။ စကားဖြူပန်းပင်ကြားကမြင်ရတဲ့ တောင်နန်းမိဖုရားအဆောင် အနီးကပ်တောင်နန်းဆောင် အလယ်နန်းမတော် ဒီအထဲမှာတော့ အကြီးဆုံးပါဘဲ နန်းဆောင်ထဲကပလ္လင်တော် ရှေ့တည့်တည့်ကမြင်ရတာလေ ကျောက်စာရုံနဲ့မျက်နှာချင်းဆိုင်မှာတော့ အလောင်းမင်းတရားကြီးရဲ့အုဌ်နန်းပြဿဒ်ရှိပါတယ်။ ပိတ်ထားတော့ အပြင်ကဘဲ ဓါတ်ပုံရိုက်ခဲ့ရတယ် အထဲမှာကျောက်စာတိုင်တစ်ခု ဒါကတော့ ပြတိုက် လေးနာရီကျော်တော့ ပိတ်သွားလို့ အထဲမဝင်ခဲ့ရ ပြတိုက်အဝင်ဝက ကျောက်စာတိုင် […]


ဒီနှစ် မြန်မာပြည်အထက်ပိုင်းမှာလည်းမုးိတွေကြီးပါတယ်။ မနှစ်က သီတင်းကျွတ်ပြီးခါမှ မိုးတွေကြီးလို့ ကန်တော်ကြီး ကရေကြီးပြီးကန်တော်ကြီး အရှေ့ဘက်က ရပ်ကွက်တွေဝင်ပါတယ်။ ကန်တော်ကြီးနဲ့ရွှေတချောင်းကြားမှာရှိတဲ့အရပ်တွေက နှစ်ဖက်ညှပ်လို့ရေတွေဝင်တာကို ခံရပါတယ်။ ဘာတွေဘယ်လိုပြောင်းပြောင်း မပြောင်းတာက ကန်တော်ကြီး ပါတ်ဝန်းကျင်က ရေဝင်တာပါဘဲ။ ဒီနှစ်ရွှေတချောင်းဆယ်တော့ ရေလွတ်ပြီမှတ်ပါတယ်။ ကန်တော်ကြီး(တက်သိမ်းအင်း)အနောက်မြောက်ဘက်ခြမ်းကိုလဲဆည်တယ် မြေတူးတယ်ကန်ပေါင်တွေဖို့ပါတယ်။ အစကတော့ ကန်တခုလုံးလုပ်မယ်ထင်ခဲ့ပေမယ့် တကယ်လုပ်သွားတာကတော့ လူမနေတဲ့ ပန်းခြံဘက်နဲ့တင်ရပ်သွားပါတယ်။ အခုတော့ အဲဒီကန်တစ်ခုလုံး ကမ်းအထိ ရေအပြည့်။ အဲဒီကန်ရဲ့အရှေ့ဘက်မှာတော့ ကန်ပါတ်လမ်းလေးနဲ့လူနေတိုက်ခန်းတွေရှိပါတယ်။ တိုက်ခန်းတွေရှေ့မှာတော့ ရေအပြည့် ဒီတိုက်ခန်းတွေက စည်ပင်သာယာနေပြီး တဲပေါ်ကလူများတိုက်ပေါ်ရောက်ရှိရေးစီမံချက်နဲ့ဆောက်ထားတဲ့တိုက်ခန်းတွေပါ။ အရင်က သုံးနှစ်တကြိမ်ရေဝင်ရာကနေ အခုနှစ်တိုင်းရေဝင်ပါတယ်။ သုံးထပ်အမြင့်တိုက်ခန်းတွဲ (၈)တွဲ ရှိပါတယ်။ အဲဒီအထဲမှာမြောက်ဘက်လှည့် အနောဘက်ခြမ်းနဝရတ်တိုက်ခန်းကတော့ အမြဲရေနစ်ပါတယ်။ တိုက်ခန်းတွေက အိမ်ထဲရေမဝင်အောင် ဒီလိုလေးပိတ်ထားကြတယ်။ ရေအမြင့်က အိမ်ထက်ကျော်နေပြီလေ။ ဒါကတော့ တိုက်ခန်းတွေ့ရှေ့ကအိမ်ကလေးတွေရေမြုတ်နေတာ။ လူသွားလို့ရအောင် ကိုယ်ထူကိုယ်ထ […]


ပြီးခဲ့တဲ့ 25-8-2011နေ့က ရန်ကြီးအောင် ကုန်းဘောင်ခ ငါးမည်ရပါတဲ့ ရွှေဘိုမြို့ကို နေ့ချင်းပြန်ခရီးထွက်ခဲ့ပါတယ်။ ဆားတောင်စံပြကျေးရွာနားအရောက်မှာတော့……….. ဟိုအဝေးကနေလျှံကျလာတဲ့ရေတွေ ပါ ကားတွေကအလှည့်နဲ့ဖြတ်ဘို့စောင့် လူတွေက ကားကူတွန်းပေးဘို့စောင့်နေကြပါတယ်။ ဒါကတော့ ရေလာကြည့်တဲ့ပရိတ်သတ် သက်သက် ဆိုင်ကယ်ကို လူစွမ်းအားနဲ့အောင်မြင်အောင်သယ်လာကြတာက အားပါးတရ မောင်တွဲကာ ခေါ်ပါ့မယ်…………… ကားကြီးတွေကတော့အေးဆေး ကားအလတ်တွေတော့ ကူးချင်ရင် လူနဲ့တွန်း သိပ်စိတ်မပူရသေးဘူး ဘင်ကားနိမ့်နိမ့်လေးတွေကတော့ မြင်တဲ့အတိုင်းပါဘဲ ကျနော်တို့ကားလေးလဲ ဝိုင်းတွန်းပေးကြတော့ ငွေသုံးထောင်နဲ့ ကူညီသူတန်ခိုးကြောင့် ဒီနေရာကလနေလွတ်မြောက်လာပါတယ်။ သိပ်မကြာခင် လမ်းဘေးမှာ သစ်ခြောက်ပင်တွေများလှတဲ့မြင်ကွင်းကို ကြည့်ရင်း ငါးမည်ရတဲ့ရွှေဘိုမြို့ကိုဝင်လာပါတယ်။ ဒါကတော့ လာမယ့် 19-9-2011နေ့မှာ အစည်ကားဆုံးသော နယ်လုံးဆိုင်ရာ ဘုရားပွဲကျင်းပတော့မယ့် နာမယ်ကျော် မြို့ကျက်သရေဆောင် မြို့ဒေါင့်စေတီ ကို အဝေးက ဖူးရတဲ့ပုံပါ။ မြို့တောင်ဘက်ထွက် မဟာဗျူဟာလမ်း(မြစ်ကြီးနားသွားတဲ့လမ်းရောက်တော့ ကျံးဟောင်းကိုတွေ့ပါတယ်။ ဒါကတော့ ကျနော်မဟုတ်တဲ့ကိုပေါက်နဲ့ […]