“ဆာသော်” နှင့် “ဘောစမျိုး”များတွေ့ဆုံခြင်း……………………. ” တစ်ရက်လမ်း80က ကမ္ဘောဇ ဘဏ်မှာ ငယ်ပေါင်းမိုက်ဖော်မိုက်ဘက် “သော်ကြီး”ကို တွေ့လိုက်ရပါတယ်။ သူက ဘဏ်အပြင်ဘက်မှာရှိတဲ့ အုဌ်ခုံလေးပေါ်မှာ ဂျာနယ်တစ်စောင်ကို ခင်းပြီး ခပ်ခန့်ခန့်ကြီးထိုင်နေတာပါ။ “ဘာစောင့်နေတာတုန်း………ဟ” “ ဟာ ငပေါက် ရုံးကလာကြိုမယ့်ကားစောင့်နေတာ ငွေလာသွင်းတာလေ၊ မင်းကရော…………..“ “ငါက လာထုတ်တာ…………… “ ကို်ယ့်အလုပ်နဲ့ကိုယ်ဆိုတော့ ဒီလောက်ဘဲနုတ်ဆက်ပြီး အထဲဝင်ခဲ့ပါတယ်။ ခါတိုင်း ကိုယ့်လိုဘဲ ဖြစ်သလိုဝတ်စားနေတတ်တဲ့ကောင်က ယူနီဖောင်းနဲ့သပ်သပ်ရပ်ရပ်။ ဆံပင်ကလဲ ဖြီးသင်ထားလိုက်တာသေသေ သပ်သပ် ဒါပေမယ့် တော်တော်လေးတော့ဖြူနေပါပြီ။ မြင်ရတာအရင်” သော်ကြီး”နဲ့တော့ တစ်ခြားစီ။ ငွေထုတ်မယ့်နေရာရောက်တော့ ဖြည့်စရာ ရေးစရာရှိတာရေးပြီးထိုင်စောင့်နေုရင်း “ သော်ကြီး“ အကြောင်းပြန်စဉ်းစားနေမိပါတယ်။ ကျနော်နဲ့သူက တကယ့်ကို ငယ်ပေါင်း။ အိမ်ကလဲ အိမ်နီးနားခြင်း ပြန်တွက်ရင် သားချင်းကလဲ မကင်း […]


မိုးရာသီရဲ့ နေ့တစ်နေ့ မိုးတိမ်တွေရှိပေမယ့်ကောင်းကင်ကတော့ အပြာရောင်အောက်ခံမှာ ဖြူလွတဲ့တိမ်တစ်ချို့လွင့်လို့ပေါ့။ အဲဒီကနော တောင်ဘက်ကိုဆက်အသွားမှာ ကန်တော်ကြီးအလည်ခေါင်လောက်က မီနီဂေါက်ကွင်းကနေ မြောက်ဘက်ကိုကြည့်ရင် ဒီမြင်ကွင်းကို သေချာပေါက်တွေ့နိုင်ပါတယ်။ တောင်ဘက်ကနေမြောက်ဘက်ကို နည်းနည်းလေးရွှေ့ကြည့်တာနဲ့ မတူကွဲပြားတာလေးကို သွားမြင်လိုက်ရပါတယ်။ ကန်တော်ကြီးမြောက်ဘက်ခြမ်းကိုလှမ်းမြင်ရတာလေးတွေပေါ့ တောင်ဘက်ခြမ်းကိုကြည့်တော့ ဗေဒါပင်စိမ်းမြကြားကနေကြည့်ရင် လှပတဲ့တိမ်တောင်တွေရယ် လှိူင်းထတဲ့ရေပြင်ရယ် မြင်ရတာ ဇိမ်ခံလှေကလေးက ရေလယ်မှာ ဗေဒါပင်က ကမ်းစပ်မှာ ဟော ဘဲကလေးတွေကရော…………………… စိမ်းမှောင်နေတဲ့ဗေဒါတော အားပါးတရ ဒီဗေဒါပင်တွေအောက်မှာငါးတွေအောင်းနေသလို မြွေတွေလဲရှိတတ်ပါတယ်။ အပင်က ကွက်ပြီးခြောက်နေလိုက်တာ အရှေ့ဘက်က ဗေဒါတွေကတော့ ထွားကျိုင်းလို့စိမ်းစို


“လမ်းနံဘေးနားကပန်းနဲ့တူသောထမင်းဆိုင်” ဒီနေ့ ညနေစောင်းမှာ အိမ်ရှေ့ဖြတ်သွားတဲ့အချဉ်ပေါင်းသည်လေးဆီက သီချင်းလေးကို နားစွင့်လိုက်တော့”လမ်းနံဘေးနားကပန်းကို မပန်ကြပြီ”ဆိုတဲ့ စာသားလေးပါတဲ့ သီချင်းလေးကို ကြားလိုက်ရပါတယ်။ သွားလေသူအဆိုတော်လွှမ်းမိုးငယ်စဉ်ကာလကဆိုခဲ့လူကြိုက်များခဲ့တဲ့သီချင်းလေးဖြစ်နေပါတယ်။ လမ်းနံဘေးမှာအလေ့ကျပေါက်တဲ့ပန်းများဟာအလွယ်တကူဆွတ်ချုလို့ရနိုင်တော့ လူတွေကတန်ဘိုးမထားတတ်ကြတာလေးကို သီချင်းလုပ်ဆိုထားတာပါ။ လောကမှာ ကောင်းမွန်ပေမယ့်လဲ အလွယ်တကူရတော့ တန်ဘိုးမရှိဘူးထင်ပြီး ဖယ်ထားကြတာတဲ့ ကိစ္စတွေက အများကြီးပါ.။ ဒါလေးနဲ့ဆက်ပြီး တွေးမိပြန်တာက နေ့လည်က မိတ်ဆွေတွေနဲ့အမှတ်မထင်ရောက်သွ ားတဲ့ထမင်းဆို်င်လေးကိုပါ။ (ကျနော့်မိတ်ဆွေက မန်းလေးမြို့နှံ့တယ်ဆိုတဲ့ ကိုပေါက် မရောက်ဘူးတဲ့ဆိုင်ခေါ်သွားမယ်ဆိုပြီးခေါ်လို့ရောက်၊ ကျနော်လဲတကယ်မရောက်ဘူးပါ၊ ညံ့ချက်ကတော့ ကမ်းကုန်ပေါ့) အဲဒီဆိုင်လေးက မန်းလေးမြို့ရဲ့ အထင်ကရထဲမှာလည်းမပါဘူး၊ မန်းလေးလမ်းညွှန်ထဲမှာလဲနာမယ်မပေါက်၊ အထူးအဆန်းအနေနဲ့လူစုပြီးသွားစားကြမယ်ဆိုတဲ့စာရင်းထဲမှာလဲမပါသေးဘူး။ လူသိနည်းသောဆိုင်လေးဖြစ်တော့ ကျွန်တော်တို့အပေါင်းအသင်းတစ်စုကတော့ “မြို့လယ်က တောဆိုင်လေး”လို့အလွယ်ဆုံးနာမည်ပေးလိုက်ကြပါတယ်။ မြို့လယ်လို့ပြောရတာက 83-84ကြားနဲ့23-24ကြားမှာ ဒီဆိုင်လေးက ရှိနေလို့ပါဘဲ။ မန္တလေးမြို့များပြားလှစွာသောဝင်းတွေထဲကဝင်းလေးတစ်ဝင်းထဲမှာရှိပါတယ်။ 84လမ်းအတိုင်းလာ တောင်ဘက်ကလာမယ်ဆိုရင် 23လမ်းဒေါင့်မရောက်ခင်မှာ တွေ့တဲ့အရှေ့ဘက်လမ်းကြားအတိုင်းဝင်လာလိုက်မယ်ဆိုရင် သုံးအိမ်မြောက်လောက်မှာ နှစ်ထပ်ပျဉ်ထောင်အိမ်လေး တွေ့နိုင်ပါတယ်။ (ထုံးစံအတိုင်း […]


အခုတော့ တိမ်ညိုတွေဘယ်ရောက်သွားပါလိမ့် သိပ်အလှကြီးတော့ မဟုတ်ပါဘူး ခဏလေးအတွင်းမှာပြောင်းလဲသွားတဲ့ တိမ်လေးတွေကို မှတ်တမ်းတင်ရင်။ လူတွေရဲ့စိတ်လဲတိမ်လိုပါဘဲ ခုဖြူလိုက် ခုပြာလိုက်။ နောက်ဆုံးတော့လဲ တ်မ်ညိုတွေဖုံးအုပ်သွားသလို သာမန်လူသားတစ်ယောက်ဖြစ်တဲ့ကျနော်လဲ……………………..


ဒီပုံကတော့ 2011 သင်္ကြန်တွင်းတုံးက တောင်သမန်အင်းက အပျော်စီးတဲ့ ငှက်(သမ္ဗာန်)လေးတွေပါ။ မြောက်ဘက်ကမ်းစပ်မှာပါ။ ဒါကတော့ လောလောဆယ်တောင်သမန်အင်း မှာ စီးသူမျှော်နေတဲ့ ငှက်ကလေးတွေ. အရင်ဆို ဒီနေရာမှာရေမရှိဘူး။ ဆိုင်ခန်းတွေရှိတယ်လေ။ အင်းတစ်ပါတ်လောက်လှေစီးရအောင်လေ။ ဧရာဝတီမြစ်ရေကြီးတော့ တောင်သမန်းအင်းကလဲရေအပြည့်ပေါ့။ ဦးပိန်တံတားအနောက်ဘက်က ဘုရားလေးပါ။ အခုတော့ ရေလည်ဘုရားပေါ့။ ဒါကတော့ အေပရယ်နွေညနေခင်းမှာတွေ့ရတဲ့ ဘုရားပါ။ ပါတ်ဝန်းကျင်တစ်ခုလုံးက စိမ်းစိမ်းစိုစို။ အရင်ကတော့ ဒီနေရာမှာ သဘာဝပေါက်ပင်တွေနဲ့စိမ်းစိမ်းစိုစို အခုတော့ရေတွေကဗောင်းလံ ုဆိုင်ခန်းလေးတွေကလဲ ရေမြုတ်လို့ပေါ့. အခုတော့ဗျာ အင်းတပြင်လုံးရေအပြည့် အပင်တွေတောင်ရေထဲမြုတ်လို့ အခုတော့ဗျာ အင်းတပြင်လုံးရေအပြည့် အပင်တွေတောင်ရေထဲမြုတ်လို့။ အရင်ကတော့ ကွင်းပြင်ကျယ်ကြီးဖြစ်ခဲ့ပါတယ်။ အရင်ကတော့ ခန့်ခန့်ထည်ထည် ကန်နံဘေးကဆိုင်ခန်း။ အခုတော့ရေအောက်ကဆိုင်ခန်းလေးပေါ့။ မူံဝါးဝါး တောင်သမန်ရွာ မြင်ကွင်း အရှေ့ဖက်ကပေါ့ သင်္ကြန်တွင်းမူံရီရီကတွေ့ရတဲ့ တောင်သမန်ရွာ ရေအပြည့်နဲ့ဦးပိန် တံတားအစလေး မိုးတိမ်အောက်က တောင်သမန်ရွာ […]


“မတန်စကောင်း တန်စကောင်း (လွတ်လပ်ခွင့်)” တစ်ရက်မှာကျွန်တော်အိမ်နီးနားချင်း ကိုဆွေ ရဲ့ တူလေး ဖိုးကျော်က ကျွန်တော်နဲ့အတူ လက်ဖက်ရည်ဆိုင်လိုက်လာပါတယ်။ ဆိုင်ရောက်တော့ ကိုယ်စားချင်တာ ကိုယ်မှာပြီးတဲ့အခါ ကျွန်တော် မနေ့ညကတည်းက သိချင်တာလေးရှိတော့ ဖိုးကျော်ကိုမေးရပါတော့တယ်။ “မနေ့ညတုံးက ကိုကြီး တို့အိမ်က ဘာတွေ ကွို်င်နေကြတာလဲဟ” “ထုံးစံအတိုင်းပေါ့လေးပေါက်ရာ ကိုကြီးနဲ့သူ့အဖေဘဲပေါ့” “အိမ်ကိုမိုးချုပ်သန်းခေါင်မှပြန်လာတာမျိး “လေးဆွေ” က မကြိုက်ဘူး၊ ကိုကြီးက သူငယ်ချင်းတွေနဲ့ဆုံရင်မိုးချုပ်မှာပြန်လာ ဝင်းထရံကျော်ဝင်၊ လေးဆွေသိတော့ သူခိုးလမ်းပြဆိုပြီး ဆူ၊ အဲတော့ ကိုကြီးကလဲ သူ့ကိုနေရာတကာလိုက် ချုပ်ချယ်တယ်ဆိုပြီး ပြန်ပြော ဖြစ်နေကျ ဇာတ်လမ်းလေးပါ” လို့ရီရီမောမောနဲ့ပြန်ပြောပါတယ်။ ဖြစ်ချင်တော့ ညနေပိုင်းမှာ ကိုကြီးနဲ့ကျွန်တော် လက်ဖက်ရည်ဆိုင်မှာဆုံကြပါတယ်။ ကိုကြီး ကသူ့ သူငယ်ချင်းတွေနဲ့ထိုင်နေရာကနေ ကျနော်ထိုင်တဲ့ခုံဘက်ကို ကူးလာပါတယ်။ ပြောနေကျအတိုင်း သူ့အဖေက သူ့ကိုချုပ်ချယ်တဲ့အကြောင်း၊ဖိုးကျော်တို့အဖေဆို ဖိုးကျော်ကို […]


ဖိုးပေါ်ဘုရားနဲ့ ဖုးိကုလားရဲ့ဘေးနားက ဘုရား ဖိုးကုလားဘုရားထဲကို ဝင်ကြည့်တဲ့အခါ တောင်ဘက်ဘေးမှာလဲဂူဘုရားတစ်ဆူတွေ့ရပါတယ်။ ။ ပြုပြင်ထိန်းသိမ်းမူ့မရှိတော့ ဘုရားပေါ်မှာအလေ့ကျ ပေါက်တဲ့အပင်လေးတွေကိုတွေ့ရပါတယ် အဝင်ပေါက်တည့်တည့်က အရုပ်တစ်ခုကတော့ ကျိုးပြတ်လို့နေပါတယ်။ အနီးကပ်လက်ရာ အနုစိတ်။ လျောင်းတော်မူဘုရား ဂူထဲမှတည်ထားပါတယ်။ နံရံကပ်ဘုရားစင်လေး ဒါကတော့ မြောက်ဘက်ခြမ်းက ဖိုးပေါ်ဘုရား။ အဝင်အုဌ်ရိုးပေါ်မှာ ကန့်တော့ပွဲလေးတစ်ပွဲ။ အဲဒီနေ့ရ ဘုရားပုရဝုဏ်ထဲမှာ သန့်ရှင်းရေးတွေလုပ်နေကြပါတယ်။ ဒီဖိုးပေါ်ဘုရားအတွင်ထဲတော့ ဝင်ကြည့်လို့မရပါဘူး။ အဝင်ဝမှာသော့ခတ်ထားပါတယ်။ အတွင်းကိုလှမ်းကြည့်တော့ လူ့အသုံးအဆောင်ပစ္စည်းတွေကို တွေ့ရပါတယ်။ မှန်းကြည့်ရတာတော့ အထဲမှာလူနေပုံရပါတယ်။ ဖြစ်သလိုသွယ်တန်းထားတဲ့ လျှပ်စစ်မီးကြိုးတွေပါ။ တောင်ဘက်ခြမ်းအနီးကပ်။ ရှေ့တည့်တည့်ကမြင်ရတာပါ။ ဘုရားနှစ်ဆူတွဲ ဒါကတော့ရှေ့အဝင်ပေါက် ဘေးဘက်က မြင်ကွင်း အဝေးကြည့်တော့ပိုလှတယ် မန်းလေးရောက်ရင် သွားနော်


ဖိုးကုလားဘုရား က ပုဂံခေတ်ကတည်ခဲ့တယ်လို့ယူဆနိုင်စရာတစ်ခုတော့ဘုရားနောက်မှာ လျှို့ဝှက်လမ်းကလေးရှိနေတာပါ။ ဒီဘုရားပုံတော်က အရှေ့ဘက်က ဝင်ဝင်ခြင်းဖူးရတဲ့ဘုရား။ ဒီဘုရားရဲ့နံရံနောက်ကို ဒီအပေါက်လေးကနေဝင်ရင်ရပါတယ်။ ဒီအပေါက်ထဲကနေ ဘုရားနောက်ကို ဝင်ခါနီးကလေးတွေကိုရိုက်ထားတဲ့ပုံ သူတို့ကတော့ ဂူနောက်ထဲကို ဝင်ခါနီးပျော်လို့ပါ။ အထဲမှာတော့ ဘာမှ မမြင်ရအောင် မှောင်မဲနေပါတယ်။ ဒီပုံလေးကတော့ဘုရားကို ဘေးတိုက်ဖူးရတာပါ။ စောစောက တောင်ဘက်က ဒါကမြောက်ဘက်က ဘေးတိုက် ဒီဘုရားလျို့ဝှက်ပေါက်က တောင်ဘက်က ဝင် မြောက်ဘက်ကထွက်ရပါတယ်။ ဒါကမြောက်ဘက်အထွက်က ဘုရားလေးတွေပါ စောစောက ပုံက မူံမဲမဲ ဒီပုံကတော့ရှင်းရှင်းလင်းလင်း မြောက်ဘက်ထွက်ပေါက်ဘေးက ဘုရား ဒီအပေါက်လေးက ထွက်ပေါက်လေးပါဟောဝင်သွားတဲ့ကလေးတွေပြန်ထွက်လာပြီ ပြုံးလို့ရွှင်လို့ ပျက်စီးနေတဲ့ခေါင်မိုး ဒါကတော့ ခေါင်မိုးပေါ်က လင်းနို့တွေပါ။ ဘုရားအဝင်ဝက သစ်သားတံခါး ထွင်းထားတာလေးက လှမှလှ ဒါတွေ ကဒီဘုရားထဲမှာရှိတာပါ။ ရွှေစာရံရောက်ရင် ဝင်ဖူးဘို့မမေ့နဲ့နော်……………..


ရွှေစာရံစေတီတော်ရဲ့အနောက်ဘက်တည့်တည့်မှာ ပုဂံခေတ်ကလက်ရာမွန်လို့ယူဆနိုင်တဲ့ ရှေးဘုရား ဘွဲ့အမည်ကတော့ ဖိုးကုလားပါ။ ဒါကတော့ ဖိုးကုလားဘုရားကို အဝေးကမြင်ရတာလေးပါ။ ဖိုးပေါ်ဘုရားမြင်ကွင်းကျယ်ပုံပါ။ ဖိုးကုလားဘုရားဘေးဖက်က ပန်းတမော့လက်ရာ။ ဘုရားတောင်ဘက်ခြမ်းက လက်ရာ တစ်ချို့ဆို ပျက်စီးနေတာ နှမျောစရာကြီးဗျာ။ ဘုရားရှေ့ကျောက်စာတိုင် သုံးတိုင် အလယ်တိုင်က စာ ရသလောက်ရိုက်ထားတာ။ တောင်ဘက်အစွန်ဆုံးတိုင်က စာ။ ေြ့မာက်ဘက်ဆုံးတိုင်က ကျောက်စာ။ စပါပြီလှပသော ရှေးနံရံပန်းချီလက်ရာ ကွာတဲ့နေရာက ကွာကျ အရမ်းနှမျောဘို့ ကောင်းပါတယ်။ နံရံဆေးရေးပန်းချီအနီးကပ်မြင်ကွင်း သူတို့သုံးတာအနီရောင်များပါတယ်။ အခုရေးဆွဲထားတဲ့ပန်းချီလက်ရာများကအရောင်အတော်လေးကို စုံလင်ပါတယ်။ ဒါကတော့ အနီးကပ်မြင်ကွင်းနဲ့နှမြောစရာ ကွာကျလို့ အောက်ခံအုဌ်သားတွေပေါ်နေတာ။ ဒါကတော့ အနီးကပ်မြင်ကွင်းနဲ့နှမြောစရာ ကွာကျလို့ အောက်ခံအုဌ်သားတွေပေါ်နေတာ။ မြောက်ဘက်နံရံထက်က ရှေးဟောင်း ပန်းချီ။ ခေါင်မိုးထက်က ဆေးရေးပန်းချီများပါ။ နံရံထက်က ဘုရားနဲ့ ဆေးရေးပန်းချီ ဒီနံရံဆေးရေးပန်းချီရှေးလက်ရာတွေက ပျက်စီးတာတွေကလဲပျက်စီးကုန်ပါပြီ။ ကျန်နေသေးတဲ့အကောင်းလေးတွေကို ထပ်မပျက်အောင်ထိန်းသိမ်းသင့်ပြီလို့ […]


“စောမွန်လှရဲ့ ရွှေစာရံ” “အသက်မကြီးသေးပါမောင်ရယ် ထန်းရွက်ပုတီးလေးဆွဲလို့ ရွှေစာရံကိုတစ်ခေါက်သွားအုံးမယ်” ဆိုတဲ့သီချင်းလေးကတော့ တော်တော်များများကြားဘူးပေမယ့် ရောက်ဘူးသူလဲရှိသလို မရောက်ဘူူူူးသူများလဲရှိပါမယ်။ မန္တလေးကနေပြင်ဦးလွင်ကို သွားတဲ့လမ်း ကနေသွားရင်ရွှေစာရံဘုရားကိုရောက်ပါတယ်။ မြို့သစ်က သိပ္ပံလမ်းအဆုံးအောင်ပင်လယ်ကန်ဘောင်ရောက်လို့ ဘိုးဘိုးကြီးနန်းကိုကျော်လို်က်တာနဲ့ စောမွန်လှနဲ့ပါတ်သက်နေတဲ့ မြတဘက်ရ ဘုရားကို တွေ့ရမှာပါ။ စောမွန်လှကတော့ ရှမ်းပြည်က လှပတဲ့မင်းသမီးတစ်ပါး။ ပုဂံပြည့်ရှင်ရဲ့ မိဖုယား သူနဲ့ပါတ်သက်နေတဲ့ နာမည်ကျော်ဘုရားကတော့ ရွှေစာရံဘုရားနဲ့ နားဋောင်းကျချောင်းပါဘဲ။ နေပြောက်မထိုးအောင် သစ်ပင်တွေက စီးမိုးလို့အကာအကွယ်ပေးထားတဲ့ အေးမြတဲ့လမ်းကလေးအတိုင်းစီးသွားလု့ိ နားဋောင်းကျချောင်းကိုကျော်တာနဲ့ ပထမဆုံးတွေ့ရတဲ့တောင်ဘက်ကိုသွားတဲ့လမ်းလေးအတိုင်း လိုက်သွားရင် ရွှေစာရံဘုရားကိုရောက်ပါတယ်။ အရင်တုံးကတော့ မြေနီလမ်းဖုံဖုံလေး။ အခုတော့ရွှေစာရံဂေါက်ကွင်းနဲ့ အနုပညာတက္ကသိုလ်(ပန်တျာကျောင်း)ရှိတဲ့အတွက်ကျောက်လမ်းမဖြစ်ပြီး လမ်းကဖြောင့်ဖြူးလို့နေပါတယ်။ ဟိုးဝေးဝေးမှာမြင်ရတာတော့ နာမယ်ကျော် ကျွဲနဖားတောင်နဲ့ ရှမ်းရိုးမတောင်တန်းတွေဖြစ်ပါတယ်။ ရှမ်းရိုးမရဲ့လွမ်းစရာမြင်ကွင်း ထူးခြားတဲ့ပုံသဏ္ဍာန်ရှိတဲ ကျွဲနဖားတောင် လေးကိုမြင်ရတာ ကြည်နူးစရာပါ။ ဒီနားလေးရောက်လို့ခဏနေရင် ရွှေစာရံဘုရားကိုရောက်ပါပြီ။ ထူးခြားတဲ့ပုံသဏ္ဍာန်ရှိတဲ ကျွဲနဖားတောင် လေးကိုမြင်ရတာ […]


ပူလောင်အိုက်စပ် ဖုံထူ ခြင်ကိုက် ဆိုတဲ့မန္တလေးမြု့ိအရှေ့မြောက်ဘက် 41မိုင်လောက်အကွာမှာ အေးချမ်းစိန်းလန်းပြီးသာယာလှပမူ့တွေနဲ့ဖွဲတည်ထားတဲ့ မြန်မာပြည်ရဲ့ဥရောပဆန်တဲ့မြို့လေးကတော့ ရှေးအခေါ်မေမြို့(မြို့ကိုတည်ထောင်သူ “ဗိုလ်မှူးမေ”ရဲ့နာမည်ကိုယူထားတာပါ)။ အရပ်အခေါ် ပန်းမြို့တော် တောင်လှေခါးမြို့တော် ချယ်ရီမြေ အခုလက်ရှိအခေါ် ပြင်ဦးလွင်ကို အလည်တစ်ခေါက်သွားဖြစ်ခဲ့ပါတယ်။ အရင်ကတော့ လမ်းကျဉ်းကျဥ်းလေးကို အသွားအပြန်အသုံးပြုတော့ ကားမောင်း ဆိုင်ကယ်စီး တော်ရုံကျွမ်းကျင်မူ့နဲ့မေမြို့ကိုမတက်နိုင်ပါဘူး။ အခုအချိန်မှာတော့ နှစ်လမ်းမောင်းဖြစ်တဲ့အပြင်လမ်းတွေကလဲကျယ်တော့ ကိုယ်ပိုင်ကား ကိုယ်ပိုင်ဆိုင်ကယ်နဲ့ အလွယ်တကူတက်လို့အဆင်ပြေသွားပါတယ်။. မန္တလေးကနေထွက် ဘိုးဘိုးကြီးနန်းမှာပန်းဆက်(ယုံကြည်သူများကပါ) အုန်းချော ကျောက်မီး ထုံးဘို ရွှေစာရံ စတဲ့နေရာတွေကိုကျော်တာနဲ့တောင်တက်လမ်းစပါတယ်။ တောင်တက်လမ်းက သိပ်မမတ်ဘဲခပ်ပြေပြေလေးတက်သွားတာနဲ့ရောက်နိုင်ပါတယ်။ စတက်တက်ခြင်းမှာနည်းနည်းလေးမတ်တဲ့ အတက်ကလေးကိုကျော်တာနဲ့ ရူ့ခင်းသာဆိုတဲ့ဗျူးပွိုင့်ကိုရောက်ပါတယ်။ ဗျူးပွိုင့်ကနေဆက်သွားလို့ခဏနေရင် ကားတွေအင်ဂျင်အေးအောင်ခဏနား လူတွေကလဲ အစားစားရအောင် ခဏနားတဲ့ နာမယ်ကျော် 21မိုင်ကိုရောက်ပါတယ်။ 21မိုင်အတွက်မှာ သာယာလှတော့ ကျွန်းတောအုပ်ကလေးရှိပါတယ်။ အဲဒီကနေဆက်သွားလို့ပြင်စာဆိုတဲ့နေရာရောက်တာနဲ့ ရာသီဥတုကလုံးဝပြောင်းလို့ အေးမြလတ်ဆတ်တဲ့လေကောင်းလေသန့်(ထင်းရူးတောကိုဖြတ်သန်းလာတဲ့လေအေးအေး) မြေပြန့်မှာ မရနိုင်တဲ့တောရနံ့တောင်ရနံ့ တကယ်ကိုစိတ်ကိုကြည်နူးစေပါတယ်။ […]


ပွဲကောက်ရေတံခွန်ကိုရောက်ရင် အနောက်ဘက် က ရေတံခွန်အသေးလေး။ အဲဒီမှာတော့ ရေဆင်းကူးသူများတယ်။ အရှေ့ဘက်မှာတော့ ရေတံခွန်အကြီး၊ ရေဆော့ရင်းဓါတ်ပုံရိုက်သူများတယ်။ ဒီကြိုးတံတားလေးက ကိုကျော်ပြီးအရှေ့ဘက်ဆက်သွားရင် ရေတံခွန်ကြီးဆီကိုရောက်တယ်လေ။ ဒီဘုရားလေးအောက်ခြေမှာ ရေတံခွန်အစပေါ့။ သူ့အောက်မှာ ပထမအဆင့်စတော့ ရေနည်းနည်းလေးပိုစီးလာတယ်။ ဒီနေရာမှာရေအပြန့်ပိုကျယ်လာပြီး ဒုတိယအဆင့်ကိုစ စီးနေပါပြီ။ ရေစီးလဲပိုသန်လာသလို ရေတံခွန်ဘေး က သစ်ပင်ကောက်ကောက်ကြီး အထီးကျန်နေတော့ မြင်ရတာ လွမ်းစရာ……… အစနေရာလေးကို အပေါ်ကနေစီးကြည့်ထားတာလေ ဒီနေရာမှာရေတံခွန်က အကြီးကြီးဖြစ်ပြီးခွဲဖြာသွားတာ လှမလှ ရေကျသံတွေ တဝေါဝေါနဲ့ကြားနေရပြီ။ ဒီနေရာကတော့ အမြင့်ဆုံးတွေ့ရသလိုရေတံခွန်အားလုံးကိုလည်းမြင်နေရပါတယ်။ ရေတံခွန်နားမှာကောင်လေးနဲ့ကောင်မလေးဘာတွေတိုင်ပင်နေတယ်မသိဘူးနော………. အော်……သူတို့ကဓါတ်ပုံတွေရိုက်နေကြတာကိုး……………. ဒီနားကကြည်ံရင်ရေတံခွန်ကြီးကအလှဆုံးဘဲ။ ရေသံတွေတဝေါဝေါ နဲ့ကြောက်စရာတောင်ကောင်းတယ်။ အမြင့်ကနေအောက်ကိုငုံ့ကြည့်ရတာ တကယ်ကို လှပါပေတယ်။ အဝါရောင်နဲ့ကောင်မလေးက ကိုကိုရေ မီးကို ခေါ်အုံးတဲ့ ဟိုနှစ်ယောက်ကလဲဓါတ်ပုံရိုက်တာမပြီးနိုင် ဟိုးအပေါ်ကနှစ်ယောက်ကလဲခုန်ချမလို့ထင်ပါရဲ့ ဒီနေရာက မြင်ကွင်းကောင်းတယ် ဟိုဘက်ကလူတွေကိုလဲမြင်နေရတယ်။ ဒီနေရာက လည်းရေတံခွန်ရဲ့အဆွယ်လေးပါဘဲ။ […]


ပြင်ဦးလွင်ရောက်ရင်တော့ ပြည်တော်ချစ်ဘုရားကိုရောက်မှာအမှန်ပါဘဲ။ ပြည်တော်ချစ်ဘုရားရောက်လိုမြောက်ဘက်ခြမ်းကနေပြီးအာက်ငုံ့ကြည့်ရင် ပွဲကောက်ရေတံခွန် ရှိတဲ့တောအုပ်လေးကို တွေ့နိုင်ပါတယ်။ ရေတံခွန်မှာ က အနောက်ဘက်မှာတစ်ခု အရှေ့ဘက်မှာတစ်ခု။ ဒါကတော့ အဝင်ဝက ညောင်ပင်ကြီး ဒါကတော့ အနောက်ဘက်ဆုံးမှာရှိတဲ့ရေတံခွန်အသေးလေး။ ရေသိပ်မနက်တော့ ရေကူးလို့ရတယ်။ ဘောကွင်းငှားဆော့လို့လဲရပါတယ်။ ဒါကတော့ တောင်ဘက်ကနေမြောက်ဘက်ကိုမြင်ရတဲ့မြင်ကွင်းလေးပါ။ ဒါကတော့ ရေတခွန်ဘေးနားက နှစ်သက်ရှည်သစ်ပင်ကြီးတွေပေါ့။ အုံ့မိူင်းလို့ အေးစိမ်းနေအောင်အရိပ်တွေပေးထားပါတယ်။ ဒီနေရာလေးကတော့ ရေတံခွန် အစကို ဒီသစ်ပင်ကြားထဲကဝင်သွားရင်ရတယ်ပေါ့။ ဒီနေရာလေးကတော့ ပြန့်ပျူးတဲ့ရေတံခွန်အစနေရာလေးပါ။ လူတွေရေထဲဆင်းမလို့ ပြင်ဆင်နေကြတယ်။ နံနက်စောစောဆိုတော့ လူနည်းတာရယ် ဘယ်သူအရင်ဆင်းမလဲစောင့်နေတာ ဟော တစ်ယောက်တော့ ဆင်းကူးနေပြီ. ဟောတစ်ယောက်လဲဆင်းရော နောက်ကနေလိုက်ဆင်းဘို့ လုပ်ကြရောဗျာ။ ဟောတစ်ယောက်လဲဆင်းရော ဆင်းလိုက်ကြတာ ဘော့ကွင်းတွေငှားပြီးဆော့လိုဆော့ တကယ်ကိုပျော်စရာကြီးရယ်။ ပျော်တာကတော့ ရေထဲဆော့နေသူရော ဘေးကရပ်ကြည့်သူပါပျော်ရတာပါဘဲ။ တဖြည်းဖြည်းနဲ့လူတွေများလာလိုက်တာ ရေတံခွန်နားမှာ လူတွေအပြည့်ပေါ့။ ကဲလူရှင်းတုန်း ဓါတ်ပုံရိုက်ပေးမယ်နော် ဒါကတော့ […]