“သီချင်း ငှက်ကလေးတစ်ကောင်နှင့်……………..……” တစ်ရက် အိမ်ရှေ့မှာထို်င်နေုတန်း ဟိုးခပ်ဝေးဝေးကနေ ဖွင့်ထားတဲ့သီချင်းလေးကခပ်သဲ့သဲ့လေးပျံ့လွင့်လို့လာပါတယ်။ “အဝေးမိုးကောင်းကင်ထက်မှာ ငါ့အလွမ်းငှက်ငယ်လေးတစ်ကောင်……………… အလင်းရောင်လေးရေ ဘယ်ဆီမှာ မင်းလင်းလက်လို့နေလဲ အဝေးက မင်းလေးရဲ့ခေါ်သံ ခြေရာခံရင်းတွေ့တဲ့ ထိရှာမယ်” ဒီသီချင်းလေးကိုကြားမိတော့ ကမ္ဘာမြေကို ပြန်မလာနိုင်တော့တဲ့ သီချင်းငှက်ကလေးတစ်ကောင်ကို သွားသတိရမိပါတယ်။ သတိရတယ်ဆိုလို့ သူနဲ့ကိုယ်နဲ့တွေ့ဘူးသလားဆိုတော့လဲမဟုတ်သေးပါဘူး။ သိလားဆိုရင်တော့ မသိဘူးပေါ့။ မသိဘူးလားဆိုရင်လဲ သိတယ်လို့ဘဲဖြေရပါမယ်။ သိလဲသိတယ် မသိလဲမသိဘူးပေါ့။ အဲဒီအလွမ်းငှက်ကလေးနဲ့ကျနော်ရဲ့ ဆုံတွေခြင်းအစကိုပြန်စဉ်းစားမိတော့…………………… 1985 တက္ကသို်လ်နောက်ဆုံးနှစ်အပြီး မှာတော့ ကျနော်မနှစ်သက်ပေမယ့်လဲ မိသားစုအလိုကျအောင့်အည်းလို့ လေးနှစ်လောက်နေခဲ့ရတဲ့နေရာဌာနကြီး ကိုကျောခိုင်းထွက်ခဲ့ပါတော့တယ်။ ကျနော်အဖေ့ဘက်က မိသားစုအားလုံးက ကျောင်းဆရာ ဆရာမ စာရေးစာချီအစရှိတဲ့ဝန်ထမ်းမိသားစုပါ။ နေ့စဉ် မှန်မှန်ရုံးတက် ရိုးရိုးကုပ်ကုပ်နေ ရလာတဲ့ဝင်ငွေကို တစ်လစာဝေပုံချလို့သုံး၊ ရှုပ်ရှုပ်ထွေးထွေးမရှိ၊ အပြောင်းအလဲမရှိသောဖြတ်သန်းမူ့နဲ့ဘဝကိုတည်ဆောက်လို့ထားကြပါတယ်။ ကျနော်ကတော့ အပြောင်းအလဲအသစ်အဆန်းနှစ်သက်သူ။ ဂီတကိုနှစ်သက်လို့ စာဖတ်ခြင်းကို စွဲမက်သူတစ်ယောက်။ ဆယ်တန်းအောင်စဉ်ကာလ […]


“ဘယ်လိုခွဲမလဲ……………?” ပြီးခဲ့တဲ့ ဥပုဒ်နေ့ကပြင်ဦးလွင်ကိုသွားတော့ ပြင်စာအလွန်လောက်ရောက်တော့ ဆွဲကြိုးလေးတစ်ကုံး လမ်းပေါ်မှာကျနေတာတွေ့ရပါတယ်။ ကျနော်တို့အဖွဲ့ထဲက ကလေးတစ်ယောက်ကဆိုင်ကယ်ရပ်ပြီး ဆင်းကောက်ပါတယ်။ အသွားအလာကလဲရှင်းတယ်လို့လဲသူ ကောက်ရဲတာပါ။ လူဆိုတာ ဒီအတိုင်းပါဘဲ ကိုယ်လုပ်တာ ကို သူများမသိရင် မမြင်လောက်ဘူးထင်ရင် ဘာဖြစ်ဖြစ်လုပ်ရဲကြတာများပါတယ်။ ဆွဲကြိုးဆင်းကောက်တဲ့ကောင်လေး ကျနော့်ဆိုင်ကယ်ကိုမှီလာတော့ “လေးပေါက်ရေ တောင်ပြုန်း တောင်ပြုန်း”လို့ ရီကျဲကျဲနဲ့ ပြောတော့ ကျနော်သဘောပေါက်သွားပါတယ်။ ဒါနဲ့ဘဲဆက်ပြီး စီးလာလိုက်ကြတာ ပြည်တော်ချစ်ဘုရားကို အရင်ဝင်ဖူး၊ ပြီးတော့မှ သူအောက်မှာရှိနေတဲ့ ပွဲကောက်ရေတံခွန်ကိုဆင်းကြပါတယ်။ တနင်္ဂနွေနဲ့ဥပုဒ်နေ့တိုက်တာရယ် နယ်က ဘုရားဖူးတွေကတောင်ပြုံးပွဲကိုလာကြရင်း ပြင်ဦးလွင်ကိုဆက်တက်လာကြတော့ နေရာအနှံ့ လည်ပတ်သူတွေနဲ့စည်ကားလို့နေပါတယ်။ (ကျနော့်တို့မန်းလေးသားမှန်ရင် ဘယ်သူမှ” ပြင်ဦးလွင်သွားမယ်”လို့မပြောပါဘူး၊ “မေမြို့တက်မယ်”လို့ဘဲပြောလေ့ရှိပါတယ်။ ဒါလေးက ကြုံလို့ ပွားလိုက်တာပါ။) ပွဲကောက်ရေတံခွန်ကိုတော့ ငယ်ငယ်လေးကတည်းက BE FALL(ဘီးအီးဖော)လို့ နုတ်ကျိုးနေပြန်ပါတယ်။ ရေတံခွန်က ရေတွေတဝေါဝေါကျနေတာမြင်တော့လူကြီးလူငယ် မိန်းမယောက်ျားအတော်များများက ရေဆင်းကူးကြပါတယ်။ […]


ပြင်ဦးလွင်ရောက်တော့ အပွင့်ပွင့်တဲ့ပန်းပင်ရော မပွင့်တဲ့အရွက်ရောင်စုံပင်တွေကို တွေ့ရပါတယ်။ လှပသော ဒီဇိုင်းလေးတွေနဲ့ပေါ့။ ပြင်ဦးလွင်က အမျုးိသား ကန်တော်ကြီးဥယျာဉ် က ပန်းပြပွဲလေးပါ။ ပန်းအလှတော့ ကို မျက်စေ့ပသာဒဖြစ်အောင်လည်း ပုံဖော်ထားက အလွန်လှပပါတယ်။ ပန်းခင်းလေးပေါ်မှာ သစ်ပင်လေးကို စီးရိုးလုပ်ထားတာက မြွေလိမ်မြွေကောက် ပန်းမဟုတ်တဲ့ခရမ်းရောင်လေးတွေပို ပုံဖော်ထားတာ ချစ်စရာ ပန်းအဖြူလေးတွေကို စကြာပုံဖော်ထားတာပါ ပန်းခြံဝင်ဝင်ခြင်းဘဲတွေ့နိုင်ပါတယ်။ အပွင့်စုံအရောင်စုံလှနေအောင်ပုံဖော်ထားပါတယ်။ အနီရောင် ပန်းမွမွလေးတွေ ပုံဖော်ထားတာပါ ပန်းခင်းနဲ့စည်းရိုးတမျိုးလှနေပါတယ်။ ပန်းခင်းအဆုံးမှာတော့ ထင်းရူးပင် အနီရောင်ပန်းခင်းကလေးကတော့ကွေ့ကွေ့ကောက်ကောက် အစိမ်းနဲ့ပုဇွန်ဆီမတူညီပေမယ့် လှနေပါတယ်။ အနီရောင်ပန်းခင်းလေးက ကောက်ကွေ့ကွေ့လှတော့လှတယ်နော် ပုစွန်ဆီရောင်ပန်းပင်စုစုလေးပေါ့။ အဖြူနဲ့ခရမ်း သူကတော့အနီရောင်ပန်းခင်းလေးပါ ပန်းရောင်စုံအခင်းလိုက်ကြီးပါ။ လှပတဲ့ပန်းခင်းဒီဇိုင်းလေးပါ၊ အဝါရောင်ပန်းခင်း အစိမ်းထဲမှာပုန်းနေတယ်။ မခို့တရို့နဲ့ရောင်စုံဖြာ အမွှေးပွကော်ဇော်ကြီးအတိုင်းဘဲနော်။ ကတ္တီပါအနီရောင်စုံပန်းခင်းလေးပါ။ ပန်းရောင်စုံ အကုန်လှ ပုံဖော်ထားတာကလဲလှ အရောင်တွေစုံနေအောင်ဘယ်သူများ အရောင်ခြယ်ထားလဲမသိ အနီးကပ်က ပိုလှတယ်။ […]


ပန်းကလေးတွေ ရှိတယ်ဆိုရင် ပျားလေးတွေလာမယ်။ လိပ်ပြာလေးတွေလဲလာမယ် ။ အခုဒီပန်းလေးတွေကြားမှာလဲ လာနေဆဲ ပျံနေဆဲ နားနေဆဲ ပျားလဲရှိတယ် လိပ်ပြာလဲရှိတယ်။ ရှာကြည့်နော်……………………… ပြင်ဦးလွင်သွားတော့ ပန်းကလေးတွေပေါ်ကို လိပ်ပြာလေးတွေလာတော့ လက်ဆော့မိပါတယ်။။ ပန်းပွင့်ကြားမှာပျားကလေးရှိတယ်။ ပန်းလေးက နီညိုညိုလေး မပွင့်ဘူးထင်ပေမယ့် လိပ်ပြာကတော့ ကြိုက်မှကြိုက်တဲ့။ ကင်မရာကိုင်ပြီးလျှောက်သွားနေရင်း အမှတ်တမဲ့ဖျတ်ကနဲ့တွေ့တော့တာပါဘဲ။ ပျံနေတုန်းပါဘဲ။ ပျံနေတုန်းပါဘဲ ပျံလို့ကို မဝနိုင်သေးဘူးဗျာ ညောင်းတယ်ထင်တယ်နားတော့မလို့ တော်တော်ညောင်းတယ်နဲ့တူပါရဲ့နားပြီတဲ့။ နားတော့နားခါစလေး အဖြူလေးဗျာတွေ့လား အဝါလေးနားနေတယ် သူလဲအဝါလေးဘဲနော် ကိုကိုလိပ်ပြာရယ် အို…………အို ထိတ်စရာကွယ်တဲ့ မေဆွီဆိုခဲ့တာလေ….. ကဲ ပုန်းနေတဲ့လိပ်ပြာလေးတွေတွေ့ပါသလား?


ပြင်ဦးလွင်ရောက်တဲ့ရက် မြင်ရသမျှပန်းရောင်စုံကလှပနေတော့ လက်ဆော့မိပါတယ်။ ဒီပန်းလေးကတော့ ပြည်တော်ချစ်ဘုရား ပါတ်ပါတ်လည်က အုဌ်ခုံနားကပန်းဝါဝါ ပန်းကလေးတွေက မွစိမွစိ အရောင်အသွေးလေးကလည်း လှ၏ လှ၏။ အရွက်ကအစိမ်း အရွက်နဲ့တူတဲ့အပွင့်ကရောင်စုံ..ဆန်းတော့လဲဆန်းတယ်။ ခရမ်းရောင် ပန်းလေးတွေကလဲ သဘာဝအတိုင်း လှမှလှ…….. အဖြူရောင်ထဲမှာအဝါ လှလိုက်တာ သဘာဝဖန်တီးတာ လူလိုက်လို့မမှီနိုင်ပြန်ပါဘူး။ မတူတာလေးတွေစုနေတာကလည်း တစ်မျုးိလှပါသဗျာ။ ပေါက်ပေါက်ရှာရှာ ဘယ်သူလာပြီး ဆေးဆိုးသွားတယ်မသိဘူးနော်။ ပန်းကလေးကတော့ ရဲရဲစိုစို နဲ့အလှတွေပိုနေလိုက်တာ………. ပုံစံတူလေးပါ တယ်တော်တဲ့အရောင်စပ်တဲ့သူဘဲနော် ရဲရဲစိုနေတာလေးက အဝါနှောလို့ တွဲလွဲလေးခိုနေပါတယ်။ အခုလက်ဆောင်ပေးတဲ့ ပန်းလေးတွေကို ရွာသူများ က ဘုရားလဲတင် ပန်လဲပန် ရွာသားတွေက တော့ ယူသွားပြီး လက်ဆောင်ပေးနော်…………………


ရတနာမြေက ပြန်တဲ့ရက်မှာ မိုးကလေးကတဖွဲဖွဲ။ တောင်ခိုးတောင်ငွေ့တွေက ဝဲလို့လာပါတယ်။ မြို့အထွက်လမ်းကလေးရောက်တော့…………. အဝေးကတောင်မှာ မိုးကြောင့်တောင်ခိုးတွေဝေ ရေတွေစိုရွှဲနေတဲ့ မြေနီလမ်းလေးက အပြန်ခရီးအတွက်လွမ်းစရာ။ တောင်ခိုးတွေဝေနေတဲ့တောင်ကြီးအောက်မှာတော့ လုပ်လက်စလုပ်ကွက်ကလေး မြေနီလမ်းလေးကနေဝင်သွားရင် ဟိုးအဝေးမှာအိမ်လေးတွေနဲ့ခရစ်ယာန်ဘုရားကျောင်းလေးရှိပါတယ်။ အဝေးမှာတော့ တောင်မြင့်မြင့်ကြီး။ ကျပ်ပြင်မရောက်ခင်လမ်းမှာတွေ့ရတဲ့ ရွှေလိပ်ပြာကြီးလေ……….. သူ့အောက်မှာတော့ မြို့လေးတစ်မြို့ ကားပေါ်ကမြင်ရတဲ့ အဝေးက တောင်တန်းနဲ့အိမ်. မိုးကုတ်-ကသဲ ပြီးတော့ကျပ်ပြင် အဲဒီမြို့လေးကအထွက်ပေါ့ ကျပ်ပြင်မြို့ရဲ့အထွက်က တောင်ပေါ်မှာတော့ စေတီ………… ခဏနေတော့ မိုးကုတ်မြို့အထွက်ကို မြူခိုးတောင်ခိုးတွေကြားထဲကနေဖြတ်လာကြပါတယ်။ တစ်ခါတစ်လေဆိုရင် တောင်ခိုးတွေမိူင်းနေရင် ရှေ့ဘာကိုမှ မမြင်ရပါဘူးတဲ့။ စိမ်းစိုတဲ့ ကားလမ်းကလေး………. သတိထားရှေ့မှာလမ်းကွေ့လေးရှိတယ်။ ဟိုးအဝေးမှာအိမ်ကလေးတွေ တောင်တွေကြားထဲမှာပါ။ ကားသွားနေရင်းရိုက်တာဆိုတော့မပီမသ…… မိုးရိပ်တွေဆင်နေတဲ့ကောင်းကင်အောက်က တောင်တန်းမူံရီ ဒါကတော့ ကားဆရာပြောတဲ့နောက်ဖောက်တဲ့လမ်းတဲ့ သူ့ဘေးနားမှာလမ်းဟောင်းပြိုကျသွားတယ်ဆိုဘဲ ဒါကတော့နောက်ကနေမြင်နေရတဲ့တောင်ကမ်းပါးယံမှာမေးတင်ဆောက်ထားတဲ့အိမ်ကလေးတွေ ရွှေညောင်ပင်မှာနားတော့မြင်ရတဲ့အိ်မ်ကလေးတွေ စိမ်းစိုနေတဲ့ သစ်ပင်များနဲအဝေးကတောင်စဉ်တန်း တိမ်လေးတွေကတော့အပြာ့ ပြန်အဆင်းလမ်းကလေး သူ့ညာဘက်ဘေးက […]


ကျနော်တို့ မိုးကုတ်ရောက်တဲ့ည ကျတော့ ညနေစာ ထမင်းစားထွက်ရင်းတည်းခိုးခန်းနားလေးမှာရှိတဲ့ညဈေးလေးကို လမ်းလျှောက်ကြပါတယ်။ လမ်းဒေါင့်နားလေးမှာ အင်တာနက်ဆိုင်လေးတစ်ဆိုင်ရှိတယ်။ အဲတော့လဲ ရန်ကုန်သွားတုန်းကလို့ မနက်စောစော အင်တာနက်ဆိုင် ထိုင်လို့ရနိုင်တယ်ပေါ့။ နောက် ပူရီ တိုရှည် ချပါတီရတယ်လို့ စာရေးထားတဲ့ အိန္ဒိယ စားသောက်ဆိုင်လေးကိုတွေ့တော့ မနက်လာစားမယ်ဆိုပြီး စိတ်ကူးထားကြပါတယ်။ မနက် ခြောက်နာရီလောက် အိပ်ယာထ လမ်းလျှောက် 7နာရီထိုးခါနီးလောက် ညကတွေ့တဲ့ဆိုင်လေးကို မုန့်စားဘို့လာတော့ ဆိုင်ကမဖွင့်သေးပါဘူး။ ကိုးနာရီကျော်လောက်မှ ဖွင့်မယ်လို့သိရပါတယ်။ အဲဒါနဲ့ဘဲ လမ်းဒေါင့်နားက ရတနာကောင်းကင်စာပေနဲ့မျက်နှာခြင်းဆိုင်မှာရှိတဲ့ လက်ဖက်ရည်ဆိုင်လေးမှာဘဲ မနက်စာ စားလိုက်ကြပါတယ်။ အဲဒါနဲ့ညကတွေ့လိုက်တဲ့အင်တာနက်ဆိုင်လေးကိုကြည့်လိုက်တော့ သော့ပိတ်ရက်သား။ သူလဲကိုးနာရီဘဲနေမှာလို့တွေးမိတော့ ခြေဦးတည့်ရာလမ်းလျှောက်လို့လာခဲ့ကြပါတယ်။ မနက်7နာရီကျော်ပေမယ့် မနက်စောစော ကားဟွန်းသံမရှိ ၊ ကလေးငိုသံမရှိ၊ ဟန်းဖုန်းမြည်သံမရှိ မြိုု့လေးက ပကတိ တိတ်ဆိတ်ငြိမ်သက်။ လမ်းပေါ်မှာရှိနေတဲ့ အနည်းငယ်သောလူတွေကလဲ အေးအေးဆေးဆေး။ ကားတွေကလဲအေးဆေး၊ […]


“လိုအပ် တောင့်တ ……..မျှော်လင့်…….ကြောင့်ကျ” 2011 ဇူလိုင်26 ကျနော်နဲ့ကိုအောင်မောင်း အလုပ်ကိစ္စနဲ့မိုးကုတ်ကို တက်ခဲ့ကြပါတယ်။ ရတနာမြေ ဒယ်အိုးထဲက မြို့ကလေး ဓါတ်ပုံတွေထဲမှာသာ ငေးခဲ့ရပေမယ့်တစ်ခါမှတော့မရောက်ဘူးခဲ့။ အကွေ့ပေါင်း 999 ကွေ့ရှိတယ်လို့ ကြံကြံဖန်ဖန်မှတ်သူက မှတ်ထားပါသေးတယ်။ မန်းလေးမြို့မြောက်ဘက် မန်းလေးတောင်ကြီးကိုပတ်လို့ထွက်၊ အိုးဘို ရွှေကျင်ကို ကျော်လိုက်ပြီဆိုတာနဲ့ ရိတ်သိမ်းချိန်နီးနေတဲ့အဝါရောင် စပါးခင်းတွေမှာတွေ့ရတာ စိတ်ကြည်နူးစရာကောင်းလှပါတယ်။ မန္တလေးမြို့မြောက်ဘက်ကိုထွက်တဲ့လမ်းဘက်ကို မရောက်တာ ကြာပြီလို့ဆိုနိုင်ပါတယ်။ ကြာနီကန်သုဿန်ကို နာရေး လိုက်ပို့တာကလွဲရင် သူ့ရဲ့မြောက်ဘက်ကိုကျော်လွန်လို့မသွားဖြစ်ခဲ့ပါဘူး။ တဖြည်းဖြည်းနဲ့မြို့ပြင်ကိုရောက်လေ ကျယ်ပြန့်လွတ်လပ်တဲ့မြင်ကွင်းတွေကို တွေ့ရလေပါဘဲ။ မတ္တရာကိုကျော်တာနဲ့အရှေ့ဘက်မှက တောင်စဉ်တန်း တွေ၊ အနောက်ဘက်မှာတော့ စိမ်းတချို့ဝါတစ်ချို့စပါးခင်းတွေထဲမှာနေပူတာတောင်ဂရုမထားနိုင်အားဘဲလုပ်ငန်းခွင်ဆင်းနေကြ။ ကားလေးက မြောက်ဘက်ကိုသွားရင်း ဟိုး အနောက်ဘက်ဝေးဝေးမှာဖြူဖွေးနေတဲ့ကျောက်ဆောင်ကြီးတွေ့လို့မေး ကြည့်တော့ “ စကျင်တောင်”လို့ဖြေပါတယ်။ မျက်စေ့တစ်ဆုံးရှိနေတဲ့လယ်ကွင်းတွေရဲ့အလွန်မှာ ထီးထီးကြီးရှိနေတဲ့ဖြူဖွေးမြင့်မားတဲ့တောင်ကြီးမြင်ရတာတမျိုးလှပ၊ တဖြည်းဖြည်းနဲ့နီးလာမှ ဖြူဖွေးနေတဲ့စကျင်ကျောက်တွေကိုထမ်းထားတဲ့အကြီးအသေးတန်းစီနေတဲ့ တောင်ကြီးလေးလုံးကိုမြင်ရပါတယ်။ ဟိုငေးဒီငေးနဲ့လိုက်သွားလိုက်တာ 11နာရီလက်ပန်လှရောက်တော့ထမင်းစား။ […]


မိုးကုတ်သွားမယ်ဆိုတဲ့ရက်မှာမ အမြဲပူတဲ့မန်းလေးက မိုးတွေရွာပြနေပါတယ်။ ဒါနဲ့ဘဲမိုးထဲလေထဲ ခရီးထွက်ခဲ့ရပါတယ်။ ဟောလမ်းရောက်တော့ မိုးတွေတိတ်လို့သာသာယာယာ။ ဒီတံတားလေးက တော့ နာမယ်ကျော်တံငါတံတား။ အရင်ကလမ်းဖြတ်သန်းခအရမ်းများတယ်လို့ နာမယ်ကျော်တာပါ။ အခုတော့ လွဲပြောင်းယူလိုက်လို့ ပုံမှန်ထိုက်သင့်တဲ့ဖြတ်ခဘဲပေးရတယ်လို့ကားဆရာတွေကပြောကြပါတယ်။ အရင်ကမိုးကုတ်မန်းလေးအသွားအပြန် ဖြတ်သန်းခဂိတ်ကြေး သောင်းဂဏန်းကနေခုထောင်ဂဏန်းဘဲကုန်တော့ ကားခလဲလျှော့ယူတယ်လို့ပြောပါတယ်။ ဒါကတော့လမ်းဘေးမှာအရိပ်ရသစ်ပင်စိုက်နေတဲ့လုပ်သားကြီးတွေပါ။ ဟိုးအဝေးမှာတော့ အဖြူရောင်စွက်နေတဲ့ စကျင်တောင်ကြီးကိုတွေ့ရမှာပါ။ အကြောင်းများမသိရင် နှင်းဖုံးနေတဲ့တောင်တွေလိုလိုပေါ့။ ဒါတော့ အစိမ်းထဲမှာအဝါနှောနေတဲ့လယ်ကွင်းလေး အဝေးကစကျင်တောင် လမ်းဘေးမှာတော့ တဲအိမ်လေးတစ်လုံး။ လမ်းမှာတွေ့ရတဲ့သစ်ပင်တွေနဲ့ အုပ်ဆိုင်းလို့စိမ်းမှောင်နေတဲ့တောင်တန်း။ သူ့ဘေးမှာတော့ နေချင်စဖွယ်တဲအိမ်လေးကလေးတွေရှိပါတယ်။ တဲအိမ်လေးတွေစုနေတဲ့ရွာကလေးကလဲသာသာယာယာ။ သွားနေတဲ့ကားပေါ်ကနေရိုက်ရတယ်ဆိုတော့ သိပ်တော့မပြတ်သားပါဘူး။ ဒီလမ်းလေးမှာရွာဆက်ကတော့မပြတ်ပါဘူး။ တဲအိ်မ်စုစုလေးတွေပေါ့။ ဒါလေးကတော့ တောင်ကျချောင်လေး။ သေးတယ်ဆိုပြီးတော့လျှော့မတွက်လိုက်ပါနဲ့။ သူတကယ်ရေဆင်းလာရင်ဘယ်ကားမှဖြတ်မရပါဘူးတဲ့။ လမ်းအနောက်ဘက်ဘေးက တနိုင်စိုက်ထားတဲ့စပါးခင်းလေးက စိမ်းမြယိမ်းကနေတာ မြင်ရတော့ ကြည်နူးစရာ၊ လမ်းအနောက်ဘက်ဘေးက တနိုင်စိုက်ထားတဲ့စပါးခင်းလေးက စိမ်းမြယိမ်းကနေတာ မြင်ရတော့ ကြည်နူးစရာ၊ ရေဝင်နေတဲ့လယ်ကွင်း၊အစာကောက်တဲ့ဗျိုင်း၊ ပြာလွင်သောကောင်းကင်မြင်ရတာ့ […]


ညောင်ပင်တွေက အသက်ရှည်တာများပါတယ်။ နောက်ထူးခြားတာကတော့ ပင်စည်ကနေအမြစ်ဖြစ်တာပါဘဲ။ ဒီနေရာကလူတွေကတော့ ညောင်ပင်က ကျနေတဲ့အမြစ်ပွားတွေကို အောက်ကနေခြင်းနဲ့ခံထားပါတယ်။ ကျနော်မြင်ရတာတော့ တွဲလောင်းကျနေတဲ့ညောင်မြစ်က စုစုပေါင်း 5ခု သဘာဝက ဖန်တီးတဲ့အလှက လူသားတွေတည်ဆောက်တာထက်အပုံကြီးသာပါတယ်။ ဒါကတော့ ဘေးဘက်ကမြင်ကွင်း။ ဒါလေးကတော့ ရှေ့တည့်တည့်က မြင်ရတဲ့ မြင်ကွင်းလေးပေါ့။ ဒါကတော့ အပေါ်ပိုင်းက လှပစွာ သဘာဝက ဖန်ဆင်းထားတာလေးပေါ့။ ဒါလေးကလဲအပေါ်ပိုင်း ပင်စည်တွေဖြာနေတဲ့ပုံပါဘဲ။ ဒါကတော့ ဘေးဘက်က အနီးကပ်။ ဒါကတော့ ရှေ့တည့်တည့်အနီးကပ် ဒီအပင်တွေကအပေါ်ဆုံးအပင်က မိုးကုတ်မှာတစ်ပင် မိုးကုတ်အသွားလမ်းက ရွှေညောင်ပင်ဆိုတ့နေရာ မှာတွေ့ရသပေါ့။ ဒီအပင်ကတော့ ဆပ်သွားဖူးပင်တဲ့ဗျာ။ အမြင့်ကြီး အသီးတွေတောင်ရှိနေသေးတယ်။ ဒီလောက်မြင့်တဲ့ ဆပ်သွားဖူးပင် ဒီတစ်ခါဘဲမြင်ဘူးသေးတယ်။ မထူးပေမယ့်လှတယ်ထင်လို့တင်ပေးလိုက်ပါတယ်။


နေသိပ်တော့လဲမပူ မိုးလေးခပ်အုံအုံရှိနေတဲ့တစ်ရက်မရောက်တာအတော်ကြာတဲ့အောင်ပင်လယ်ဘက်ကိုထွက်ခဲ့ပါတယ်။ 35လမ်းအတိုင်းလာ ပြင်ဦးလွင်သွားတဲ့လမ်းအတိုင်းအောင်ပင်လယ်ကန်ဘောင်ပေါ်တက်၊ နည်းနည်းလေးသွားလိုက်တော့ရေတံခွန်တောင်ဂေါက်ကွင်းသွားတဲ့လမ်းအတိုင်းလိုက်လာခဲ့ပါတယ်။ လမ်းကလေးကိုချုးိကွေ့လိုက်တယ်ဆိုတာနဲ့ စိမ်းမြနဲ့နေတဲ့လယ်ကွင်းတွေကိုမြင်ရတာနဲ့တင်စိတ်ကကြည်လင်လို့လာပါတယ်။ မျက်စေ့တစ်ဆုံးအစိမ်းရောင်စပါးခင်းရဲ့အလွန်မှာတော့ တောင်တန်း ၊ တောင်တန်းရဲ့အထက်မှာတော့ ပြာလဲ့နေတဲ့မိုးကောင်းကင်အောင်မှဖြူလွနေတဲ့တိမ်ပန်းချီ၊ ဟိုးအဝေးမှာတော့မူံပြပြ ကြွက်နဖားတောင်၊ လယ်ကွင်းရဲ့အလယ်လောက်မှာတော့နေချင့်စဖွယ်တဲ့ကလေးတစ်လုံး။ ဘေးတစ်ဘက်တစ်ချက်မှာသစ်ပင်တွေကအုပ်ဆိုင်းလို့လမ်းမလေးကို မလုံ့တလုံနဲ့ အုပ်မိုးပေးထားတာက လဲကဗျာဆန်ဆန်။ လမ်းကလေးရဲ့တောင်ဘက်ခြမ်းကိုဖဲ့ဆင်းလိုက်ရင် အေးဆေး တိတ်ဆိပ်တဲ့လယ်ကွင်းကြားမှာနေချင်စဖွယ်အိမ်လေးကတစ်လုံး အရှေ့ဘက်ကိုမျှော်ကြည့်တော့ စိမ်းညိုနေတဲ့ရှမ်းရိုးမနဲ့စိမ်းမြတဲ့ကောက်ပင်တွေကိုမြင်ရတာ အတော်လေးအေးချမ်းပါတယ်။ မြေလမ်းကလေးအတိုင်းဝင်သွားမယ်ဆိုရင်တော့သစ်ပင်အုပ်ကလေးတွေကြားမှာဆောက်ထားတဲ့အိမ်လေးတွေကို တွေ့ရမှာဖြစ်ပါတယ်။ အရှေ့ဘက်ခြမ်းမှာတော့လယ်ကွင်းတွေကြားက ရန်ကင်းတောင်……….. လယ်ကွင်းကြီးရဲ့အနားသတ်ကတော့ ရှမ်းရိုးမတောင်စဉ်တန်း ဒီလမ်းလေးအတိုင်းဆက်သွားမယ်ဆိုရင်တော့ ဆည်တော်ကြီးကနေရေတွေလွှတ်ထားတဲ့ရေမြောင်းကြီးဆီကိုရောက်သွားမှာပါ။ တောင်ဘက်ဘေးမှာတော့စိမ်းစိုနေတဲ့လယ်ကွင်းနဲ့ရေနီမြောင်းကလေး……………. မင်ရတဲ့နေရာတိုင်းက စိမ်းစိုလို့ အမြင်အေးစေတာလဲအမှန်ပါဘဲ။ မင်ရတဲ့နေရာတိုင်းက စိမ်းစိုလို့ အမြင်အေးစေတာလဲအမှန်ပါဘဲ။ မြောက်ဘက်ခြမ်းကတော့ အဝါနှောတဲ့လယ်တော အဝေးမှာရန်ကင်းတောင်နဲ့လွမ်းမောစရာမြင်ကွင်း ကျယ်ပြန့်တယ် လွတ်လပ်တယ် လေကောင်းလေသန့်ရတယ် တိတ်ဆိတ်အေးချမ်းတယ် စိမ်းစိုလှပတယ်။ မျက်စေ့အေးတယ်၊ ဒီတော့အားများအားရင်တစ်ခေါက်လောက်ဒီဘက်ကိုအလည်သွားကြည့်လိုက်နော်။


တက်သိမ်းအင်း ကန်တော်ကြီးရေပြင်က သိပ်မနက်ပါဘူး။ လှေကလေးတွေကတော့ မနက်ဆို ငါးအရှာထွက်တတ်ကြပါတယ်။ လှေကလေးသုံးစင်းက ရေထဲမှာ ကိုယ့်ဦးတည်ရာနဲ့ ကိုယ်ပေါ့။ ဒါကတော့ဆောင်းမနက်က လှေကလေးပေါ့ မြူမူံမူံထဲမှာ ဝမ်းစာရှာနေတာပေါ့ မချမ်းမစီး… ဟိုအဝေးက ရှမ်းရိုးမကလဲ မပီဝိုးတဝါးမြူမူန်ကြားမှာ ငြိမ်နေတဲ့ကရိဝိက်ဖောင်နဲ့ရွှေ့နေတဲ့လှေကလေး မြောက်ဘက်ကနေ တောင်ဘက်ကို အရွှေ့ ပြိုင်ဘက်မရှိတစ်စင်းတည်းလို့ထင်နေပါမှ ဖျတ်ကနဲ့ကြည့်ရင် လှေနှစ်စင်း တကယ်သေချာကြည့်ရင်တော့………….. လှေကလေးက သုံးစင်းမြင်အောင်ကြည့်နာ် ွှ


နံနက်ခင်းတစ်ရက် နေရောင်က ကမ္ဘာမြေကိုလာဘို့အချိန်တန်ပေမယ့် အပျင်းကြီးစွာ မိုးတိမ်တွေနောက်မှာပုန်းနေရာကနေ………… ရေပြင်ပေါ်ကိုတော့ တလက်လက်ထနေတဲ့ ရွှေရည်စက်တွေကျဲပက် တူသလိုမတူသလိုနဲ့ အဝေးကရှမ်းရိုးမက တောင်စဉ်တောင်တန်းကြားထဲမှာ တောင်ခိုးတွေက ဆိုင်းလျက် တူသလိုလိုနဲ့ နည်းနည်းစီကွာသွားတဲမြင်ကွင်း မန်းကန်တော်ကြီးအနောက်ဘက်နေ့ ဟို့အရှေ့ဘက်က ရှမ်းရိုးမကိုမြင်နေရတဲ့မြင်ကွင်းပေါ့ ဘယ်ဘက်ခြမ်းက မဲမဲလေးကတော့ အပန်းဖြေစားသောက်ဆိုင်တွေ အဝေးမှာတော့ မဟာမုနိဘုရား က မူံဝါးဝါး