“အဂွမ်းဇယားတွေနဲ့လွင့်သွားတဲ့ကံစမ်းမဲ” တစ်ချို့လူတွေက ပစ္စည်းကိုမက်တာမဟုတ်ပေမယ့်ကံစမ်းမဲပေါက်ဘူးချင်တာ။ မဲပေါက်တယ်ဆိုတာ ကံကောင်းမှပေါက်တယ်လို့ယူဆထားတာကိုးဗျ။ ကျနော်သိတဲ့တစ်ယောက်ဆို ကံစမ်းမဲပေါက်ချင်လွန်းလို့ မဲပါတယ်လို့ဆိုတဲ့ပစ္စည်းမှန်သမျှ ဝယ်စား ဝယ်သုံးလုပ်ပါတယ်။ ကောင်းကောင်း မကောင်းကောင်းမဲပါတဲ့ ဆပ်ပြာမူန့်ကိုဝယ်သုံးပါတယ်။ အနံ့ကြိုက် ကြိုက် မကြိုက်ကြိုက် ကံစမ်းမဲပါတယ်ဆို တဲ့ ကိုယ်တို်က်ဆပ်ပြာကို ပြောင်းသုံးပါတယ်။ သူ့မိန်းမက သူ့ကို ချစ်စနိုးနဲ့ “မောင်ကဲ” လု့ိခေါ်ပါတယ်။ သူကတော့ အဟုတ်တွေမှတ်လို့ ဟိုက ရွှဲ့ပြီး သူကို့ “မဲကောင်”လို့ခေါ်တာ သူမသိရှာဘူး။ စက်ဘီးပါတယ် TV ပါတယ်ပန်ကာ ပါတယ်ရွှေဆွဲကြိုး ပါတယ် မီးပူ ပါတယ်ငွေသား ပါတယ်လို့ပြောတာနဲ့ သူ့မှာဝယ်လိုက်ရတဲ့နေကြာစေ့ထုပ်စားလိုက်ရတာလဲပါးစပ်တွေတောင်ပေါက်လို့။ တစ်ခါတစ်လေများ သူမစားချင်ရင်တောင်မှ ကလေးတွေကို ဝယ်ပေးပြီး ကလေးတွေက နေကြာစေ့စား သူက ကံစမ်းမဲယူပေါ့။ အဲလောက်တောင် ဇွဲကြီးရှာတာပါ။ သူ့မှာ ခြင်းတောင်းနဲ့တစ်လုံးအပြည့် သိမ်းထားပါတယ်။ “ကျေးဇူးတင်ပါသည်”အိပ်မက်လှလှမက်ပါစေ”တို့ […]


8လပိုင်းရဲ့ပထမရက် မိုးလင်းစနံနက် လမ်းလျှောက်အထွက် နေကတော့မထွက်သေးဘူး ဒါပေမယ့် အလင်းစက်တွေကတော့ မြေကမ္ဘာပေါ်စတင်လို့ရောက်လာပါပြီ။ ခါတိုင်းမှတော့ ဒီအချိန်ဆိုမူံမဲမဲ။ ဒီနေ့တော့ အလင်းသိပ်မရောက်သေးပေမယ့် အပြာထဲမှာ ပန်းနုစွက်လှပတဲ့စုတ်ချက်ကိုတွေ့လိုက်ရတော့။ အနောက်ဘက်ခြမ်းကို အရင်မြင်လို့မှတ်တမ်းတင်အပြီး အရှေ့ဘက်ကောင်းကင်ကိုကြည့်လိုက်တဲ့အခါ မူန်ရီမိူင်းနေတဲ့ကောင်းကင်ထဲမှာ ပုဇွန်ဆီသွေးထနေတဲ့ ဆေးအခြယ်ခံထားရတဲ့ ကောင်းကင်ကို မြင်လိုက်ရပါတယ်။ ခဲရောင်ကောင်းကင်ကြားမှာအပြာနု သူ့အောက်မှာ အမည်ပေးဘို့ခက်တဲ့အရောင်စုံပက်ကြဲ အောက်ဖက်က အလင်းမရတဲ့သစ်ပင်ကတော့မှောင်မဲမဲ။ ဒါနဲ့ဘဲရှေ့ဆက်လျှောက်လိုက်တော့………….. ရေပြင်ကျယ်ရင်ခွင်ထဲကို အရောင်စုံနေတဲ့ ကောင်းကင်ကြီးက တိုးဝင်နေပုံက အံ့ဩစရာကောင်းလောက်အောင်လှပ………….. အဝေးကိုလှမ်းကြည့်တော့ ထန်းပင် ရေပြင် ရောင်စုံကောင်းကင် မြင်ရခဲ့တဲ့မြင်ကွင်းမို့ မှင်သက်မိလို့ငေးမော…………. ထန်းပင်တွေဖက်ကို ဆက်လျှောက်ရင်း တောင်ဘက် လမ်းမပေါ်အရောက် ရေပြင်ကိုငုံ့အကြည့် မြင်လိုက်လို့အပေါ်ပြန်အမော့ တော်တော်နဲ့ကို အကြည့်ကိုလက်စမသပ်နိုင်အောင်ငေးမောမိနေပါတယ်။ ဒီရူ့ခင်းလေးကို မြင်မိတော့ အင်မတန်မှကို ပြီးပြည့်စုံတဲ့အလှတရား မွေးဖွားလာတယ်လို့ ထင်မိပါတယ်။ လှပတဲ့အလင်းစက်တွေက ခဏလေးအတွင်းမှာပျောက်မလိုဖြစ်နေတုန်းပန်းပင်လေးကြားကနေ ရိုက်ထားတဲ့ပုံလေးပါ။ […]


နေဝင်ချိန်တိမ်တောက် အရုပ်သူတောင်လှတယ်ဆိုတဲ့အချိန် မနေ့ညနေ ထမင်းစားပြီးအိမ်အပြင်ထွက်ကြည့်တော့ လှပသောမြင်ကွင်းကိုအတွေ့…………… သိပ်မကွာခြားတဲ့အချိန်မှာ တစ်နေရာထည်းကရို်က်တော့ ပုံလေးတွေကသိပ်တော့မကွာပါဘူး။ ကောင်းကင်ကို ကြည့်ရမြင်ရတာ တကယ့်ကိုလှပါတယ်။ ဒါပေမယ့်လောကမှာ ဘာမှအကုန်ကောင်းတယ် ပြည့်စုံတယ်မရှိဘူးဆိုတာကို သက်သေပြလိုက်သလို အောက်ကိုုငုံ့ကြည့်မိတဲ့အခါမှာတော့ အပေါ်ကလှသလောက်အောက်က မြေပြင်မှာတော့ အမိူက်တွေရှုပ်ပွ………… အပေါ်ကလှသလောက်အောက်ကတော့ ညစ်ပတ်နေတဲ့မြင်ကွင်းကို တွေ့လိုက်ရပါတယ်။ ဒါလောက ရဲ့ သစ္စာတရားပါဘဲလို့ဆိုချင်ပါတယ်။ ကောင်းတာလဲပါ ဆိုးတာလဲရှိဆိုတဲ့သဘောလေးပေါ့


“အလန်းဇယားတွေ ဖွင့်လို့ ပွင့်သွားတဲ့ကံစမ်းမဲ” အဲဒီနေ့က စိတ်တွေအတော်ကိုလေသွားတာ။ တကယ့်ကို ရိုးရိုးသားသား မဟုတ်မခံပုံစံ နဲ့လူကြီးက လာကွိုင်တာဗျာ။ သူပြောတဲ့အတိုင်းများ မရရင် တကယ်ဆော်မယ့်ပုံ။ ေနောက်ဒေါကြီးမာန်ကြီးနဲ့ “ဒါက မင်းတို့ ဆီက ထုတ်ပေးထားတဲ့လက်မှတ်လေ….မင်းတို့တာဝန်ယူရမှာပေါ့။ ရက်လွန်တာ မလွန်တာလာမပြောနဲ့ ငါမသိဘူး ။ မင်းတို့စာရွက်ထဲမှာ ပါတဲ့အတိုင်းပေးမှာလား မပေးဘူးလား ဒါပဲပြော။ကျန်တာလာမပြောနဲ့ မကြားချင်ဘူး” ဆိုတာကိိုဘဲထပ်ခါထပ်ခါပြော ပြောနေတော့ ကြောက်တာပေါ့ဗျာ။ ဒါလေးက ကိုအောင်မောင်းက သူအလုပ်ထဲမှာ တစ်ခါက ကြုံခဲ့တာလေးကို ပြန်ပြောပြနေတာပါ။ ” နောက်ဘယ်လိုပြီးသွားလဲဗျာ”လို့မေးလိုက်တော့ “လူကြီးတွေရောက်လာတော့ မှ သူပေါက်ထားတဲ့ ကံစမ်းမဲနဲ့ ညီမျှတဲ့ပိုက်ဆံအလျော်ပေးလိုက်ရတာပေါ့”လို့ပြန်ဖြေပါတယ်။ ဖြစ်တာက ဒီလိုပါ ကိုအောင်မောင်းတို့ ကုမ္မဏီက ထုတ်တဲ့ပစ္စည်းအသစ်ကို ကံစမ်းမဲတွေထည့် လို့အရောင်းမြှင့်တင်ရေးလုပ်ပါသတဲ့။ အဲဒီကံစမ်းမဲကာလကို ခြောက်လ အတွင်းဆိုပြီးရက်တွေဘာတွေသတ်မှတ်လို့ထည့်ပေးလိုက်ပါသတဲ့။ ကံစမ်းမဲပေါက်လို့လာထုတ်တဲ့အချိန်က သတ်မှတ်ထားတဲ့ရက်တဲ့ […]


မိုးကုတ်ကိုရောက်တဲ့နောက်မနက်မှာတော့ လမ်းလျှောက်ဘို့အပြင်ထွက်လာတာချိန်တွေ့ရတဲ့မြင်ကွင်းကလူကို အတော်လေးမှင်သက်မိသွားစေပါတယ်။ ဒီပုံလေးကတော့ကျနော်တည်းတဲ့မိုတယ်ရဲ့ဘေးက ဘောလုံးကွင်းကနေအနောက်ဘက်ကတောင်တွေကိုမြင်ရတဲ့တောင်ခိုးတွေဝေနေတဲ့ပုံလေးပါ။ ဒီပုံလေးကတော့ မိုတယ်ရှေ့က ဘုရားလေးရဲ့အထက်ကတောင်ပေါ်မှာ တောင်ခိုးတွေဝေနေတဲ့ပုံလေးပါ။ တောင်ခိုးတွေလွှမ်းနေတာ တောင်တစ်တောင်လုံးကိုတောင်မမြင်ရအောင်ပါဘဲ။ မြို့မြောက်ဘက်ခြမ်းကတောင်ကိုတောင်မမြင်ရအောင် မြူတွေဆိုင်းနေတာကလွမ်းစရာ။ ချမ်းသာကြီးဘုရားရဲ့နောက်ကတောင်ပေါ်မှာမြင်ရတဲ့လွမ်းစရာ့……………. ဒါကတော့အပေါ်ပုံနဲ့တင်နေတဲ့မြင်ကွင်းပါ ဒါကတော့ဘေးဘက်ကတောင်တွေပေါ်ကတောင်ခုးိတွေဝေနေတဲ့ပုံ ဘောလုံးကွင်းထဲကမြင်ရတဲ့ တောင်ခိုးဝေနေတဲ့ပုံလေးပါ…………… ဟိုအဝေးကတောင်ကို တောင်ခိုးတွေဖုံးနေတာ…………..အဲဒီတောင်ပေါ်မှာဘုရားလေးတွေရှိတယ် မြို့ရဲ့အနောက်တောင်ဘက်ခြမ်းကို တွေ့ရတဲ့မြင်ကွင်းလေးပါ………………


မိုးကုတ်ကိုရောက်တော့ မနက်အိပ်ယာထလို့လမ်းလျှောက်တဲ့အချိန် ကျနော်တည်းတဲ့မိုးကုတ်မိုတယ်ရဲ့ အရှေ့ဘက်က တောင်ပေါ်မှာ အလွန်သပ္ပါယ်လှတဲ့စေတီကို တွေ့ရပါတယ်။ ပတ္တမြားစေတီဖြစ်ပါတယ်။ အဲဒီတောင်ရဲ့တောင်စောင်းမှာ လူနေအိမ်ကလေးတွေဆောက်ထားတာကို ချစ်စဖွယ်တွေ့ရပါတယ်။ အောက်ခြေမြေပြင်ကနေစလို့ တစ်ဆင့်စီတစ်ဆင့်စီမြှင့်ပြီး အိမ်လေးတွေတည်လို့ထားပါတယ်။ အိမ်လေးတွေက အုဌ်ခံအိမ်လဲပါတယ်။ ထရံကာသွတ်မိုးရောပျဉ်ကာသွတ်မိုးရော။ တစ်ထပ်အိမ်ရော နှစ်ထပ်အိမ်ပုံစံအမျိုးမျိုးပါဘဲ။ တစ်အိမ်နဲ့တစ်အိမ်ဆင့်စီပြီးဆောက်ထားသလိုပါဘဲ။ ဒါကတော့အောက်ခြေကနေ အိမ်တွေပေါ်ကိုတက်ဘို့လမ်းအဝင်တံတားလေး။ ဒါလေးကတော့ အဆင့်ဆင့်မြင့်တက်သွားတဲ့အိမ်လေးကို သွားရာ အုဌ်လှေခါးလေးပေါ့။ အိ်မ်တွေရဲ့အပေါ်မှာတည်ထားတဲ့ဘုရားလေးပါ။ ဒါကတော့ မိုးကုတ်မြို့အနောက်တောင်ဘက်ခြမ်းမှာရှိတဲ့ ဖောင်တော်ဦးဘုရားပေါ်ကနေမြင်ရတဲ့မြင်ကွင်းပါ။ အဲဒီဘက်မှာလဲ အိမ်ကလေးတွေက တောင်နံရံမှာအနီမ့်အမြင့်စီလို့ဆောက်ထားတာ လှတပတ။ ဒါကတော့မြို့အနောက်မြောက်ဘက်ခြမ်းကအိမ်လေးတွေပေါ့. သူတို့ကလဲတောင်ကုန်းပေါ်မှာပါဘဲ။ မြို့ရဲ့မြောက်ဘက်ခြမ်းကို ဖောင်တော်ဦးဘုရားပေါ်ကနေစီးမြင်ရတဲ့ပုံလေးပါ။ မိုးကုတ်မြို့ကတောင်ပါတ်လည်ဝိုင်းတဲ့မြို့လေးဖြစ်တော့ တောင်စောင်းအဆင့်ဆင့်မှာ လူနေအိမ်တွေဆောက်လို့နေကြပါတယ်။ သူတို့နေတဲ့အိမ်အထက်မှာတော့ တောင်ရှိပြီး တောင်ပေါ်မှာတော့ ဘုရားစေတီတွေကို တည်ထားပါတယ်။ စေတီတွေတောင်ပေါ်တည်တော့ ဘာလုပ်မှာလဲလို့ အငေါ်တူးပြီး မေးလို့ရပေမယ့်။ ကျနော့်အမြင်ပြောရရင် စိတ်ကြည်နူးစရာကောင်းတယ်လို့ခံစားရပါတယ်။ လူတစ်ယောက်မှာအဓိကအကျဆုံးအချက်ကတော့ စိတ်ကြည်နူးတယ်ဆိုတာလဲ တစ်ခုပါဝင်ပါတယ်။ […]


မိုးကုတ်မြို့ကိုမရောက်ခင် ဒယ်အိုးလိုပုံစံနဲ့ မြို့တည်ထားတယ်လို့သိရပါတယ်။ တည်းတဲ့မိုတည်မှာလဲ ချိတ်ထားတဲ့ဓါတ်ပုံထဲက ဒယ်အိုးပုံမြို့လေးပေါ့။ အဲဒါနဲ့ မြို့ကိုအပေါ်စီးကကြည့်ချင်တော့ မြို့အနောက်ဘက်မှာရှိတဲ့ ချမ်းသာကြီးဘုရားရှိတဲ့တောင်ပေါ်ကိုတက်ခဲ့ပါတယ်။. အဲဒီအပေါ်လဲရောက်ရော……………… ဘုရားပေါ်ကမြင်ရတဲ့မိုးကုတ်မြို့မြောက်ဘက်ခြမ်း ဒီပုံလေးကလဲမြို့မြောက်ဘက်ခြမ်း အဝေးကတောင်ပေါ်မှစေတီလေးတွေတန်စီလို့ပေါ့။ တဖြည်းဖြည်းတောင်ဘက်ကို တိုးပြီးရိုက်ထားတဲ့ပုံပါ။ အဝေးမှာတော့ တောင် တောင်ပေါ်မှာတော့ စေတီလေးတွေ မြို့တောင်ဘက်ခြမ်းကတော့ ရေအိုင်ပါတ်ပါတ်လည်မှာအိမ်တွေရှိနေပါတယ်။ ဒါပေမယ့်ကန်ထဲမှာရေနည်းနေပါတယ်။ ဘုရားဒုတိယအဆင့်ကမြင်ရတဲ့ပုံ ရေကန်လေးတောင်တွေ့နေရတယ် မြို့မြင်ကွင်းကတော့ကြည့်လေလှလေရှူ့မငြီးစရာပါ မြို့တောင်ဘက်ခြမ်းမှာရေကန်လေးရှိပါတယ်။ ရေကန်ပါတ်ပါတ်လည်မှာအိမ်တွေပေါ့ အိမ်တွေရဲ့အထက်မှာတော့ တောင်။ တောင်မှန်သမျှမှာစေတီလေးတွေတည်ထားပါတယ်။ အဲဒါလှပသော ရတနာမြေ မိုးကုတ်ပါဘဲ။


မိုးကုတ်ကို ရောက်တော့ ညပိုင်းအပြင်ထွက်တဲ့အခါ မိုးရွာနေတာရယ်၊ နောက်ညပိုင်းအပြင်ထွက်ရင်ကင်မရာ မပါတာရယ်ကြောင့် ညပုံလေးတွေ့လက်ဆောင်မပါခဲ့ပါဘူး။ ဒါပေမယ့် ဒါကတော့ လမ်းလျှောက်နေရင်းရိုက်လိုက်တော့ သိပ်တော့ မပီပြင်ပါဘူး ။ ဒီပုံလေးကတော့ ကျနော်တည်းတဲ့တည်းခိုးခန်းပေါ်ကနေ လှမ်းရိုက်ထားတဲ့ပုံ။ သူကတော့ မြို့တောင်ဘက်ခြမ်းက ပုံလေးပေါ့။ မပီ့တပီ မီးနီနီလေးတွေကလဲ ဘုရားလေးတွေပါဘဲ။ ဒါကတည်းခိုးခန်းပေါ်ကရိုက်ထားတာလေးပါ။ တကယ်ပြောရင် ညရူ့ခင်းလေးတွေကို အရင်ပုံတွေလောက်စိတ်တိုင်းမကျပါဘူး သိပ်မပီပြင်လို့ပါ။ ဒါပေမယ့် ကိုယ့်ငါးချဉ် ကိုယ်ချဉ်မယ်ဆိုရင်တော့ လှတယ်လို့ထင်မိတာကြောင့်…………………


မိုးကုတ်မြို့ကို ရောက်ခဲ့တဲ့တစ်ရက် လမ်းလျောက်ထွက်တဲ့အချိန် ကန်ရေပြင်ထဲမှာ ဘုရားအရိပ်လေးက ကျနေပါတယ်။ဒီပုံလေးကတော့ ဘုရားအရိပ်ကလေးက ကျတယ်ဆိုရုံလေး ဒီပုံလေးက တော့ ဘုရားစေတီအားလုံးနီးပါးလောက်အရိပ်ရေထဲမှာမြင်နေရပါတယ်။ရြေ့ပင်မှာအရိပ်ထင်နေတာကို သေချာကြည့်လိုက်တော့ စေတီပုထိုးတွေနဲ့အိ်မ်တွေကိုတွေ့ရပါတယ်။ဘုရားအပေါ်ကို မော်ကြည့်လိုက်တော့ ………………. ဘုရားအထက်မှာစိမ်းမှောင်ညို့မိူင်းနေတဲ့ သစ်ပင်တွေကို တွေ့ရပါတယ်။ တောင်ရဲအထက်ကိုမော်ကြည့်တော့ စာအုပ်ထဲမှာသာ ဖတ်ဘူးတဲ့တိမ်ခိုးတွေကို တွေ့ရပါတယ်။ သာယာတဲ့ နေရာလေးလို့ ယူဆတဲ့အတွက် မျှဝေပေးလိုက်ပါတယ်။ နောက်ထပ်တင်ပေးစရာတွေကျန်ပါသေးတယ်။ စိမ်းမှောင်တဲ့တောင်အထက်မှာတော့ တိမ်ခိုးတွေအုံ့မိူင်းလို့နေပါတယ်။


(5)ဘုရားရဲ့တောင်ဘက်ခြမ်းမှာတော့ သီတာခုနှစ်တန်ဘုရားနဲ့ ကျိုက်ထီးရိုးပုံစံတူဘုရားတွေရှိပြီး ဒီနေရာတွေကတော့ အရင်ကတရားကျင့်သူများနဲ့ စည်ကားတဲ့နေရာတွေဖြစ်ပါတယ်။ ကျိုက်ထီးရိုးဘုရားအောက်က ဂူထဲမှာတရားကျင့်ကြပါတယ်။ ဂူထဲက ဘုရားကလဲ သပ္ပါယ်လှပါတယ်။ ဒါကတော့ကျိုက်ထီးရိုးတရားကျင့်တဲ့ဂူနဲ့ ဂူထဲက ဘုရား သီချင်းထဲကလိုညောင်ရွက်သံတရှဲရှဲပေးတဲ့အပင်ကြီးတွေပေါ့။ ကြီးမား ကျယ်ပြန့်တဲ့ဘုရား ပုရဝုဏ်အတွင်းမှာ အင်္ဂလိပ်လက်ထက်ကအမျိုးသားအရေးအရ သမိုင်းဝင်ဘုရားဈေးကိုဖွင့်လှစ်ခဲ့ပေမယ့် 1978ခုနှစ်ပါတ်ဝန်းကျင်မှာတော့ နိုင်ငံတကာ ကလာတဲ့ “လေဘေးထည် “တွေကို အကြီးအကျယ်ရောင်းချတဲ့ဈေးကြီးအဖြစ် ရောက်ခဲ့ဘူးပါတယ်။ နောက်တော့မသင့်တော်ဘူးဆိုတဲ့အမြင်တွေနဲ့ ဒီဈေးကြီးကိုဖျက်သိမ်းခဲ့ပါတယ်။ ဒါကတော အရှေ့တောင်ဒေါင့်ကညောင်ပင် သူကတော့ အနောက်တောင်ဒေါင့် အခုတ်ခံထားရတဲ့ညောင်ပင် ဒါကတော့အလည်မှာရှိတဲ့ညောင်ပင် ဒါကတော့ မသုံးတော့တဲ့ရှေးကဇရပ်ဟောင်း ပုရဝုဏ်အတွင်းကရှေးဇရပ်ကြီးများနဲ့နံရံထက်မှာချိတ်ဆွဲထားတဲ့ပန်းချီကားများ ဘုရားရှေ့က သပိတ်တော် ဘုရားရှေ့က သပိတ်တော် စောင့်ရှောက်သူမဲ့နေတဲ့အရုပ်တွေ မြောက်ဘက်မုဒ်က နဂါးရုံဘုရားနဲ့ နံရံထက်က ပန်းပုရုပ်လုံးများ အရှေ့ဘက်ခြမ်းမှာရှိတဲ့တံခွန်တိုင် သွားဘို့လဲလွယ်ကူ ရောက်ဘို့လဲမခက် နားမယ်ဆိုရင်လဲ အေးအေးလူလူ နားနေစရာ ဇရပ်ကြီးတွေရှိတာကြောင့်။မန်းလေးရောက်ရင်တော့ ဝင်ဖူးစေချင်ပါတယ်နော်။


“လေပြေဆော်လာရင် ညောင်ရွက်သံတရှဲရှဲ ဆည်းလည်းသံညံစီစီ အော်တွေးမိပြီ တွေးပြီ လောကရံသီ အိမ်တော်ရာစေတီ ဘုရားဈေး ပြေးလို့မြင်နိုင်သည်…………” ဆိုတဲ့ မန္တလေးမြို့မ အသင်းကအဆိုတော် မတင်တင်မာရဲ့သီချင်းလေးကတော့ “မဟာလောကရံသီ ဘွဲ့အမည်ရပေမယ့် ဘုရင့်ယာယီစံမြန်းခဲ့တဲ့အိမ်တော်နေရာမှာတည်ထားခဲ့တဲ့ဘုရားမို့ အိမ်တော်ရာဘုရားလို့အရပ်ကခေါ်တဲ့ ဘုရားအကြောင်းကု ိစပ်ဆိုထားတဲ့သီချင်းလေးဖြစ်ပါတယ်။ အိမ်တော်ရာကဘုရားကတော့ မန်းလေးဈေးချိုတော်ရဲ့အနောက်ဘက် (27လမ်းနဲ့29လမ်းကြား)(87လမ်းနဲ့89လမ်းကြား)မှာတည်ရှိတဲ့ ဘုရားဖြစ်ပါတယ်။ ဘုရားပုရဝုဏ်က တပြပါတ်လည်နီးပါး ကျယ်ဝန်းပါတယ်။ တောင်ဘက်မုဒ်အဝင်ကတော့ ဘုန်းကြီးကျောင်းများနဲ့မြောက်ဘက်ကလာရင် 26ဘီလမ်းကနေတည့်တည့်ဝင်လာရင်ဘုရားကို ဒုတ်ဒုတ်ထိရောက်ပါတယ်။ အရှေ့ဘက်ကလာမယ်ဆိုရင် 86လမ်းဈေးချိုရဲ့အနောက်ဘက် “ဆင်တံတား” ကနေဝင်လာရင်ရပါတယ်။ အိမ်တော်ရာဆင်တံတားလို့ အမည်ရတဲ့တံတားအစမှာဆင်ရုပ်ကြီးနှစ်ကောင်ကအခန့်သား၊ တံတားတစ်လျောက်မှာတော့ သင်္ကန်းပရိက္ခရာ အရောင်းဆိုင်များက ဘေးတစ်ဘက်တစ်ချက်။ တံတားအဆုံးမှာတော့ အိမ်တော်ရာဘုရားအရှေ့ပေါက်ကိုရောက်ပါတယ်။ ဘုရားမြောက်ပေါက်ကတော့ 27လမ်း၊ တောင်ဘက်မုဒ်အဝင်ကတော့ ဘုန်းကြီးကျောင်းများနဲ့မြောက်ဘက်ကလာရင် 26ဘီလမ်းကနေတည့်တည့်ဝင်လာရင်ဘုရားကို ဒုတ်ဒုတ်ထိရောက်ပါတယ်။ ဘုရားအနောက်ပေါက်ကထွက်ရင် 89လမ်းပေါ်ရောက်။ ဘုရားရဲ့အနောက်ဘက်လမ်းမှာတော့ ရှေးကတည်းကရှိခဲ့တဲ့ ဘုန်းတော်ကြီးကျောင်းများက အစီအရီ။ တောင်ဘက်နည်းနည်းသွားရင် […]


“ကိုပေါက်လမ်းသလားနေသည် အပိုင်း(7)” (ရွာသားများနှင့်တွေ့ဆုံခြင်း) တရားရိပ်သာက ထွက်လာတဲ့အချိန် မိုးကတော့ တဖွဲဖွဲရွာနေဆဲ။ ဒါပေမယ့်လဲ ဒီအထိတောင်ရောက်လာပြီးမှ ကျောက်တန်းရေလည်ဘုရားကို ရောက်အောင်သွားမယ်ဆိုပြီး ဆက်သွားကြပါတယ်။ ဟိုးငယ်ငယ်က တစ်ခေါက်ရောက်ဘူးပေမယ့် အခုချိန်မှာတော့ ဘယ်ကနေဘယ်လို့သွားမယ်ဆိုတာ မသိတော့ပါဘူး။ အခုတစ်ခေါက်ရောက်မှသိလို်က်တာကတော့ သံလျင်က သတ်သတ်တစ်မြို့ ၊ ကျောက်တန်းက သတ်သတ်တစ်မြို့ဆိုတာကိုပါ။ ရိပ်သာကနေထွက်လာတော့ဖြောင့်ဖြူးတဲ့လမ်းလေး အတိုင်းလာ ၊ ရှုပ်ထွေးစည်ကားတဲ့ဈေးတန်းလေးကို ဖြတ်အပြီးမှာတော့ ရေပြင်ကြီးရဲ့အလည်မှာရှိနေတဲ့ ဘုရားကို ဘွားကနဲတွေ့လိုက်ရပါတော့တယ်။ ငယ်ငယ်က ရောက်ခဲ့စဉ်တုံးက ဈေးတန်းလေးရှိတယ်ဆိုတာရယ် ရေစပ်က နွံပြင်ကြီးပေါ်မှာငါးပြန်လေးတွေ ဖလန်းဖလန်းထနေတယ်ဆိုတာကလွဲလို့ မမှတ်မိ၊ အခုအချိန်မှာတော့ ရေပြင်ကို သံပန်းတွေနဲ့ခြားထားတော့ အန္တရာယ်ကင်း၊ လမ်းနံဘေးနားက ဆိုင်တွေကလဲ သူ့နေရာနဲ့သူ သပ်သပ်ရပ်ရပ်။ အရှေ့ဘက်ဘေးမှာတော့ ရွှေရောင်တွေဝင်းလက်နေတဲ့မြတ်စောညီနောင်ဘုရား။ မိုးလေးက တိတ်လိုက်ရပ်လိုက်၊ ဘုရားဖူးလာကြတဲ့သူများ အရမ်းမစည်ကားပေမယ့် အဆက်မပြတ် ကျနော်တို့အဖွဲ့လဲ လှေဆိပ်မှာလက်မှတ်ဖြတ်လို့ […]


“ဘယ်လောက်ပေးမလဲ?” ဘဌေးညတရေးနိုးတော့ ဟိုဘက်နားလေးက ကာရာအိုကေဆိုသံတွေတိတ်နေပြီ။ ဒီတော့ ညသန်းခေါင်ကျော်ပြီဆိုတာသိလိုက်ပါတယ်။ ပါးစပ်ထဲကချဉ်လာတာနဲ့ ညကကျန်နေတဲ့ဆေးပေါ့လိပ်အတိုလေးဖွာ၊ လူကအိပ်ရေးမဝတော့ မူးမူးဝေဝေ၊ ဒါပေသိစိတ်ထဲမှာအရက်ထပ်သောက်ချင်စိတ်ကပေါက်လာ၊ ညကလက်ကျန်ပုလင်းကိုလိုက်ရှာ ကျန်တာလေးပုလင်းလိုက်မော့၊ ပြီးတော့မှရေတစ်ခွက်နောက်ကလိုက်မှ နေသာထိုင်သာရှိသွားပါတယ်။ ထိုင်နေရာတာကြာပြီ ဆိုရင် ခြင်ကိုက် အဲတော့ တစ်ခါပြန်အိပ်၊ အဲဒီမှာ အမက်ခြင်ဆုံးအိပ်မက်ကို မက်လိုက်ရတာပါဘဲ။ လင်းခါနီးမက်တဲ့အိပ်မက်ဆိုတော့ ချက်ခြင်းလက်ငင်းအကျုးိပေးမယ်လို့ အနက်ကောက်သပေါ့ဗျာ။ တကယ်ပြောရရင် ဘဌေးအလုပ်ကမယ်မယ်ရရ မရှိပါဘူး။ ဘူတာကြီးအရှေ့ဘက် 31လမ်းနားက အဆောက်အဦးအပျက်ကြီးနားမှာအိပ်မယ်။ ပိုက်ဆံလိုက်တောင်းမယ်။ ရရင် အရက်သောက်မယ်။ ဗိုက်ဆာတဲ့အခါ ပိုက်ဆံရှိရင်ဝယ်စား မရှိရင်တော့ တောင်းစားမယ်ပေါ့။ အဓိကကတော့ အရက်မှန်မှန်သောက်ရဘို့ပါဘဲ။ ဘဌေးအသက် လေးဆယ်ကျော်လို့တော့ပြောကြ ပေမယ့် ဘဌေးကိုယ်တိုင်တောင် အတိအကျမသိပါဘူး။ ဒီဘူတာကြီးနားမှာရောက်နေတာဖြင့် ဟိုအရင်ဘူတာအဟောင်းဘဝ သူခပ်ငယ်ငယ်ကတည်းက။ အမေကဘူတာကြီးထဲမှာ”ရေကုသု်ိလ်”အမည်တပ်ထားတဲ့ ရေတို့ ရေနွေးကြမ်းတို့ရောင်းတဲ့အလုပ်လုပ်တယ်။ အဖေက ကြုံရာကျပန်းကုန်ထမ်းတယ်။ တရားဝင်ခန့်ထားတဲ့ […]